ကိုယ့္ကိုယ္ကိုယ္ယုံၾကည္မႈရွိေစဖို႔ စိတ္ဓာတ္ျမွင့္တင္ေပးနိုင္မယ့္ နည္းလမ္း(၅)သြယ္

ကိုယ့္ကိုယ္ကိုယ္သူမ်ားနဲ႔ ႏႈိင္းယွဥ္ၿပီး စိတ္ဆင္းရဲေနဦးမွာလား ?

ေယာင္းတို႔ေရ … ဒီေန႔ေခတ္မွာ ဆိုရွယ္မီဒီယာေတြကို က်ယ္က်ယ္ျပန္႔ျပန္႔သံုးလာၾကတဲ့အေလ်ာက္ Stella တို႔ေတြက ကိုယ့္ကိုယ္ကိုယ္ ဆိုရွယ္မီဒီယာေပၚက မိန္းမလွေလးေတြနဲ႔ ႏႈိင္းယွဥ္ၿပီး အားမလိုအားမရျဖစ္လာၾကတယ္။ ဒါ့အျပင္ Stella တို႔ ပတ္ဝန္းက်င္က လူတစ္ခ်ိဳ႕ရဲ႕ အျပဳသေဘာမဆန္တဲ့ ေဝဖန္မႈေတြေၾကာင့္ ကိုယ့္ကိုယ္ကိုယ္ယံုၾကည္မႈေလ်ာ့နည္းလာတာ အမွန္ပါပဲ။ ပိုဆိုးတာက မိန္းကေလးအမ်ားစုဟာ ဒီေဝဖန္မႈေတြရဲ႕ သက္ေရာက္မႈေၾကာင့္ eating disorder ဆိုတဲ့ စိတ္ေရာဂါရလာတာ၊ လူၾကားထဲမတိုးရဲေတာ့တာ၊ စိတ္ဓာတ္က်တာေတြ ျဖစ္လာတာပါ။ ဒါဆိုရင္ Stella တို႔ေတြ ကိုယ့္ကိုယ္ကိုယ္ခ်စ္တတ္ၿပီး အၿမဲယံုၾကည္မႈရွိေနေအာင္ ဘာေတြလုပ္သင့္လဲဆိုေတာ့ …

(၁) ၿပီးျပည့္စံုလြန္းသူမရွိဘူးဆိုတာ သတိခ်ပ္ပါ

ဘယ္သူကမွ ၁၀၀% ျပစ္မ်ိဳးမွဲ႔မထင္တာ မရွိပါဘူး။ ၿပီးျပည့္စံုတယ္ဆိုတာ လက္ေတြ႔ထက္ စိတ္ကူးယဥ္သက္သက္ပဲဆိုတာ သိထားသင့္ပါတယ္။ ၿပီးျပည့္စံုျခင္းကို ေမွ်ာ္လင့္ေနတာက ေယာင္းကို ပိုစိတ္ဓာတ္က်ေစရုံပဲ ရွိမွာပါ။

(၂) ကိုယ္ပိုင္အလွကို တန္ဖိုးထားပါ

ကိုယ္ပိုင္အလွဆိုတာ မေတာင္းဘဲ ျပည့္တဲ့ဆုပါ။ ကိုယ့္ကိုယ္ကိုယ္ ႀကိဳက္တဲ့အခ်က္ေလးေတြကို စာရြက္ေပၚမွာ ေရးခ်ပါ။ စိတ္ပ်က္အားငယ္လာတဲ့အခ်ိန္တိုင္း ခ်ေရးထားတာေတြကို ျပန္ဖတ္ၿပီး အေကာင္းျမင္စိတ္ေမြးပါ။ ကိုယ့္မွာသာရွိတဲ့ ထူးျခားတဲ့လွပမႈေတြကို ရွာေဖြၿပီး ေက်နပ္ႏိုင္ပါေစ။

(၃) သူမ်ားေတြရဲ႕အျမင္ကို ေခါင္းထဲမထည့္ပါနဲ႔

ဝလာတယ္ ပိန္သြားတယ္ အသားမဲသြားၿပီ အရပ္ပုလိုက္တာ စတဲ့ ေဝဖန္ခ်က္ေတြကို ဂရုစိုက္ေနသ၍ ယံုၾကည္မႈဆိုတာ အေဝးႀကီးမွာျဖစ္ေနမွာပါပဲ။ ကိုယ့္ရဲ႕ျဖစ္တည္မႈကို ဘယ္သူ႔ေၾကာင့္မွ မယိုင္လဲပါေစနဲ႔။ လူတိုင္းမွာ အားသာခ်က္ ၊ အားနည္းခ်က္ေတြရွိစၿမဲမို႔ ေဝဖန္မႈတိုင္းကို မတုန္လႈပ္ပါနဲ႔။

Related article >>> Self-esteemလို႔ေခၚတဲ့ ကိုယ့္ကိုယ္ကိုယ္ ခ်စ္ေအာင္ ဘယ္လိုေနၾကမလဲ

(၄) ကိုယ့္ကိုယ္ကိုယ္ဂရုစိုက္ပါ

ေလ့က်င့္ခန္းမွန္မွန္လုပ္ပါ။ က်န္းမာေရးကို အေထာက္အကူျပဳတဲ့ အစားအစာေတြ မ်ားမ်ားစားပါ။ ျဖစ္ခ်င္တဲ့ဆႏၵေတြကို ပန္းတိုင္အျဖစ္ထားရွိတာကလည္း ေယာင္းကို ကိုယ္ေရာစိတ္ပါက်န္းမာေပ်ာ္ရြင္ေစႏိုင္ပါတယ္။ လွဖို႔ထက္ က်န္းမာဖို႔ကို အာရုံစိုက္ပါ။ လွၿပီး ခ်ဴခ်ာေနလည္း အလကားပါပဲ။ က်န္းမာျခင္းက လာဘ္ႀကီးတစ္ပါးပါေနာ္။

(၅) ဆိုရွယ္မီဒီယာကို အယံုအၾကည္မရွိပါနဲ႔

အေပၚမွာ ေျပာခဲ့သလိုပဲ ဆိုရွယ္မီဒီယာနဲ႔ ကိုယ့္ကိုယ္ကိုယ္ယံုၾကည္မႈေလ်ာ့နည္းျခင္းက တိုက္ရိုက္အခ်ိဳးက်ပါတယ္။ ဆိုရွယ္မီဒီယာရဲ႕ ေထာင္ေခ်ာက္မွာ နစ္မြန္းၿပီး အေရးပါတာေတြကို ဂရုမစိုက္ႏိုင္ျဖစ္ေနသူေတြထဲမွာ ေယာင္းမပါပါေစနဲ႔။

Related article >>> ထက္ျမက္တဲ့ အမ်ိဳးသမီးေတြ လက္ေတြ႔က်င့္သံုးေနတဲ့ ေပ်ာ္ရႊင္ေအာင္ေနနည္း (၆) နည္း

ကိုယ့္ကိုယ္ကိုယ္ခ်စ္တတ္ဖို႔ဆိုတာ တကယ္ေတာ့ ၿပီးျပည့္စံုျခင္းမဟုတ္ပါဘူး။ ကိုယ္ဟာ ကိုယ္ပါလို႔ လက္ခံႏိုင္ျခင္းဟာ ကိုယ့္ကိုယ္ကိုယ္ခ်စ္တတ္ျခင္းပါပဲ။ ကိုယ့္ကိုယ္ကိုယ္ခ်စ္တတ္လာတာနဲ႔အမွ် ယံုၾကည္မႈျမင့္တက္လာမယ္။ စိတ္ခ်မ္းသာၿပီး ေပ်ာ္ရႊင္လာမယ္။ လုပ္ငန္းခြင္မွာ ေအာင္ျမင္လာပါလိမ့္မယ္။ “Love your own damn self” ပါ ေယာင္းတို႔ေရ …

Stella (For Her Myanmar)

<<<Unicode>>>

ကိုယ့်ကိုယ်ကိုယ်သူများနဲ့ နှိုင်းယှဉ်ပြီး စိတ်ဆင်းရဲနေဦးမှာလား ?

ယောင်းတို့ရေ … ဒီနေ့ခေတ်မှာ ဆိုရှယ်မီဒီယာတွေကို ကျယ်ကျယ်ပြန့်ပြန့်သုံးလာကြတဲ့အလျောက် Stella တို့တွေက ကိုယ့်ကိုယ်ကိုယ် ဆိုရှယ်မီဒီယာပေါ်က မိန်းမလှလေးတွေနဲ့ နှိုင်းယှဉ်ပြီး အားမလိုအားမရဖြစ်လာကြတယ်။ ဒါ့အပြင် Stella တို့ ပတ်ဝန်းကျင်က လူတစ်ချို့ရဲ့ အပြုသဘောမဆန်တဲ့ ဝေဖန်မှုတွေကြောင့် ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုလျော့နည်းလာတာ အမှန်ပါပဲ။ ပိုဆိုးတာက မိန်းကလေးအများစုဟာ ဒီဝေဖန်မှုတွေရဲ့ သက်ရောက်မှုကြောင့် eating disorder ဆိုတဲ့ စိတ်ရောဂါရလာတာ၊ လူကြားထဲမတိုးရဲတော့တာ၊ စိတ်ဓာတ်ကျတာတွေ ဖြစ်လာတာပါ။ ဒါဆိုရင် Stella တို့တွေ ကိုယ့်ကိုယ်ကိုယ်ချစ်တတ်ပြီး အမြဲယုံကြည်မှုရှိနေအောင် ဘာတွေလုပ်သင့်လဲဆိုတော့ …

(၁) ပြီးပြည့်စုံလွန်းသူမရှိဘူးဆိုတာ သတိချပ်ပါ

ဘယ်သူကမှ ၁၀၀% ပြစ်မျိုးမှဲ့မထင်တာ မရှိပါဘူး။ ပြီးပြည့်စုံတယ်ဆိုတာ လက်တွေ့ထက် စိတ်ကူးယဉ်သက်သက်ပဲဆိုတာ သိထားသင့်ပါတယ်။ ပြီးပြည့်စုံခြင်းကို မျှော်လင့်နေတာက ယောင်းကို ပိုစိတ်ဓာတ်ကျစေရုံပဲ ရှိမှာပါ။

(၂) ကိုယ်ပိုင်အလှကို တန်ဖိုးထားပါ

ကိုယ်ပိုင်အလှဆိုတာ မတောင်းဘဲ ပြည့်တဲ့ဆုပါ။ ကိုယ့်ကိုယ်ကိုယ် ကြိုက်တဲ့အချက်လေးတွေကို စာရွက်ပေါ်မှာ ရေးချပါ။ စိတ်ပျက်အားငယ်လာတဲ့အချိန်တိုင်း ချရေးထားတာတွေကို ပြန်ဖတ်ပြီး အကောင်းမြင်စိတ်မွေးပါ။ ကိုယ့်မှာသာရှိတဲ့ ထူးခြားတဲ့လှပမှုတွေကို ရှာဖွေပြီး ကျေနပ်နိုင်ပါစေ။

(၃) သူများတွေရဲ့အမြင်ကို ခေါင်းထဲမထည့်ပါနဲ့

ဝလာတယ် ပိန်သွားတယ် အသားမဲသွားပြီ အရပ်ပုလိုက်တာ စတဲ့ ဝေဖန်ချက်တွေကို ဂရုစိုက်နေသ၍ ယုံကြည်မှုဆိုတာ အဝေးကြီးမှာဖြစ်နေမှာပါပဲ။ ကိုယ့်ရဲ့ဖြစ်တည်မှုကို ဘယ်သူ့ကြောင့်မှ မယိုင်လဲပါစေနဲ့။ လူတိုင်းမှာ အားသာချက် ၊ အားနည်းချက်တွေရှိစမြဲမို့ ဝေဖန်မှုတိုင်းကို မတုန်လှုပ်ပါနဲ့။

Related article >>> Self-esteemလို့ခေါ်တဲ့ ကိုယ့်ကိုယ်ကိုယ် ချစ်အောင် ဘယ်လိုနေကြမလဲ

(၄) ကိုယ့်ကိုယ်ကိုယ်ဂရုစိုက်ပါ

လေ့ကျင့်ခန်းမှန်မှန်လုပ်ပါ။ ကျန်းမာရေးကို အထောက်အကူပြုတဲ့ အစားအစာတွေ များများစားပါ။ ဖြစ်ချင်တဲ့ဆန္ဒတွေကို ပန်းတိုင်အဖြစ်ထားရှိတာကလည်း ယောင်းကို ကိုယ်ရောစိတ်ပါကျန်းမာပျော်ရွင်စေနိုင်ပါတယ်။ လှဖို့ထက် ကျန်းမာဖို့ကို အာရုံစိုက်ပါ။ လှပြီး ချူချာနေလည်း အလကားပါပဲ။ ကျန်းမာခြင်းက လာဘ်ကြီးတစ်ပါးပါနော်။

(၅) ဆိုရှယ်မီဒီယာကို အယုံအကြည်မရှိပါနဲ့

အပေါ်မှာ ပြောခဲ့သလိုပဲ ဆိုရှယ်မီဒီယာနဲ့ ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုလျော့နည်းခြင်းက တိုက်ရိုက်အချိုးကျပါတယ်။ ဆိုရှယ်မီဒီယာရဲ့ ထောင်ချောက်မှာ နစ်မွန်းပြီး အရေးပါတာတွေကို ဂရုမစိုက်နိုင်ဖြစ်နေသူတွေထဲမှာ ယောင်းမပါပါစေနဲ့။

Related article >>> ထက်မြက်တဲ့ အမျိုးသမီးတွေ လက်တွေ့ကျင့်သုံးနေတဲ့ ပျော်ရွှင်အောင်နေနည်း (၆) နည်း

ကိုယ့်ကိုယ်ကိုယ်ချစ်တတ်ဖို့ဆိုတာ တကယ်တော့ ပြီးပြည့်စုံခြင်းမဟုတ်ပါဘူး။ ကိုယ်ဟာ ကိုယ်ပါလို့ လက်ခံနိုင်ခြင်းဟာ ကိုယ့်ကိုယ်ကိုယ်ချစ်တတ်ခြင်းပါပဲ။ ကိုယ့်ကိုယ်ကိုယ်ချစ်တတ်လာတာနဲ့အမျှ ယုံကြည်မှုမြင့်တက်လာမယ်။ စိတ်ချမ်းသာပြီး ပျော်ရွှင်လာမယ်။ လုပ်ငန်းခွင်မှာ အောင်မြင်လာပါလိမ့်မယ်။ “Love your own damn self” ပါ ယောင်းတို့ရေ …

Stella (For Her Myanmar)

No Comments Yet

Comments are closed