Knowledge

ဒိုင္ယာနာ စတင္ ေျပာင္းလဲခဲ့တဲ့ နန္းတြင္းထဲက ဓေလ့ (၅) ခု

အခုခ်ိန္ထိ ဆက္လက္က်င့္သံုးေနတုန္းတဲ့

>>> Zawgyi >>>

မင္းသမီး ဒိုင္ယာနာကေတာ့ လူေသေပမဲ့ နာမည္မေသသူ တစ္ေယာက္ပါ။ ေလထဲက ဖေယာင္းတိုင္ (Candle in the Wind) သီခ်င္း ၾကားတိုင္း ဒိုင္ယာနာကို အျပင္မွာ  မျမင္ဖူးတဲ့ ကိုယ္ေတာင္ ဝမ္းနည္းမိသလို ျဖစ္ရတယ္။ Princess Hours ၾကည့္မိေတာ့ နန္းေတာ္ထဲက စည္းမ်ဥ္းနဲ႕ သာမန္အရပ္သူ ေနသားက်ေအာင္ ႀကိဳးစားရတာ ျမင္တိုင္း ေအာ္…ဒိုင္ယာနာလည္း ဒီလိုပဲ ေနခဲ့ရမွာပါလားေပါ့။ ဘယ္လိုပဲ ေဖာက္ျပန္ခဲ့တယ္ ေျပာေျပာ ဒိုင္ယာနာကေတာ့ ကိုယ္ပြား သားႏွစ္ေယာက္ကို ထားခဲ့ၿပီး ေလာကႀကီးထဲက ထြက္သြားခဲ့ပါၿပီ။ ဒါေပမဲ့လို႔ သူ(မ) ေျပာင္းလဲခဲ့ၿပီး အခုခ်ိန္ထိ ဆက္လက္က်င့္သံုးေနခဲ့တဲ့ အရာေတြကေတာ့…

ကတိျပဳပါတယ္လို႕ မေျပာခဲ့ဘူး

 

မဂၤလာေဆာင္တုန္းက သတို႕သား ၊ သတို႕သမီး ကတိသစၥာျပဳရတဲ့အခါ ကတိျပဳပါတယ္ ဆိုတဲ့ စကားကို ဒိုင္ယာနာတစ္ေယာက္ မေျပာခဲ့ပါဘူး။ ၿဗိတိန္မွာ သတို႕သားကို သတို႕သမီးက တစ္သက္လံုး သစၥာရွိရွိ ေပါင္းမွာျဖစ္ေၾကာင္း ကတိေပးရတာက ၁၆၆၂ ခုႏွစ္ကစၿပီး သတ္မွတ္ထားတာ ျဖစ္ေပမဲ့ ၁၉၈၂ ကစၿပီး ဒါကို ဖယ္ရွားခဲ့ပါတယ္။ ဒါေပမဲ့ ဘုရင္မႀကီး အယ္လိဇဘတ္ အပါအဝင္ ေတာ္ဝင္မိသားစုေတြ အားလံုးကေတာ့ ဆက္လက္က်င့္သံုးေနဆဲ ျဖစ္ပါတယ္။ ဒီလိုဓေလ့ကို ဆန္႕က်င္ျပီး ေနာက္ပိုင္း ေခၽြးမေတာ္ ကိတ္မစ္ဒယ္တန္ နဲ႕ မီဂန္တို႕လက္ထပ္မွာပါ ေျပာစရာ မလိုေအာင္ လုပ္ေပးခဲ့သူကေတာ့ ဒိုင္ယာနာပါပဲ။

ေတာ္ဝင္ခရီးစဥ္သြားတိုင္း ကေလးေတြကို ေခၚသြားတယ္

ခ်ားလ္စ္ မင္းသား ငယ္ငယ္တုန္းက သူ႕မိခင္ ဘုရင္မႀကီးက ျပည္သူ႕အက်ိဳးျပဳ ခရီးစဥ္ေတြသြားတိုင္း သူ႕ကို အထိန္းေတာ္နဲ႕ပဲ ထားခဲ့ပါသတဲ့။ ခရီးစဥ္တစ္ခုမွာ ဆိုရင္ ႏွစ္ဝက္ေလာက္ ၾကာသြားတဲ့အတြက္ ခ်ားလ္စ္ကေတာ့ အေမမရွိဘဲ အထိန္းေတာ္နဲ႔သာ ႏွစ္ပါးသြားခဲ့ရပါတယ္။ ဒါေပမဲ့ ဒိုင္ယာနာ လက္ထက္ ေရာက္ခ်ိန္မွာ ခရီးစဥ္ေတြသြားတိုင္း ကိုးလသားအရြယ္ ဝီလ်ံေလးကိုလည္း ခ်န္မထားခဲ့ဘဲ ေခၚသြားပါသတဲ့။ ဒါေၾကာင့္ မင္းသား ဝီလ်ံကလည္း သူ႕မိခင္ ဒိုင္ယာနာ ေျခရာနင္းၿပီး ဘယ္ခရီးစဥ္မွာ မဆို ကေလးေတြပါ ေခၚသြားတာ ျဖစ္ပါတယ္။

Related Article>>> ေ၀လမင္းသမီး ဒိုင္ယာနာ သို႔မဟုတ္ ျဗိတိန္ရဲ႕ေၾကြလြင့္ခဲ့တဲ့နတ္သမီး

ကေလးေတြကို နန္းေတာ္ထဲမွာပဲ စာမသင္ေစဘူး

ခ်ားလ္စ္မင္းသားကေတာ့ အျပင္ေက်ာင္းလည္း တက္တယ္ဆိုေပမဲ့ ရွစ္ႏွစ္အရြယ္ေရာက္တဲ့အထိ နန္းေတာ္တြင္းမွာ လာေရာက္သင္ၾကားေပးေနဆဲ ကိုယ္ပိုင္ ဆရာလည္း ရွိပါတယ္။ ဒါေပမဲ့ ဒိုင္ယာနာနဲ႕ လက္ထပ္ၿပီး သားႏွစ္ေယာက္ကိုေတာ့ နန္းေတာ္ထဲမွာ ဆရာေခၚမသင္ဘဲ မူႀကိဳမွာတည္းက အမ်ားနည္းတူ သြားေရာက္သင္ၾကားေစခဲ့ပါသတဲ့။

ေဆးရံုမွာပဲ သားႏွစ္ေယာက္ကို ေမြးဖြားခဲ့တယ္

အယ္လိဇဘတ္ ဘုရင္မႀကီးနဲ႕ သူ႕ေရွ႕က မိဖုရားေတြအားလံုးက ေတာ္ဝင္အိမ္ေတာ္မွာပဲ ကေလးေမြးဖြားၾကတယ္ ဆိုေပမဲ့ ဒိုင္ယာနာကေတာ့ သားႏွစ္ေယာက္ကို ေဆးရံုမွာပဲ ဖြားျမင္ခဲ့ပါတယ္။ ေခၽြးမႀကီး ကိတ္မစ္ဒယ္တန္ကလည္း ေယာကၡမ ေျခရာနင္းၿပီး ကေလးသံုးေယာက္စလံုးကို ေဆးရံုမွာပဲ သြားေရာက္ဖြားျမင္ခဲ့ပါတယ္။

လက္အိတ္ဝတ္တာကို ရပ္လိုက္တယ္

အယ္လိဇဘတ္ ဘုရင္မႀကီးကို ၾကည့္လိုက္ရင္ ဘယ္ပြဲပဲတက္တက္ လက္အိတ္က အၿမဲဝတ္ထားတာ ေတြ႕ရမွာပါ။ ဒါေပမဲ့ ဒိုင္ယာနာကေတာ့ အၿမဲတမ္း လက္ဗလာပဲ သြားပါတယ္။ ဒီလိုမ်ိဳး မင္းသမီးတစ္ပါးက လက္အိတ္မဝတ္ဘဲ သြားတာကို ေဝဇန္ၾကသူေတြရွိေပမဲ့ ျပည္သူေတြနဲ႕ လက္ဆြဲႏႈတ္ဆက္တဲ့အခါ လက္အသားခ်င္းထိၿပီး ႏႈတ္ဆက္ရတာကို သေဘာက်တဲ့အတြက္ ဒိုင္ယာနာကေတာ့ လံုးဝ လက္အိတ္မဝတ္ခဲ့ပါဘူး။

ေလာကႀကီးထဲက ေစာစီးစြာ ေၾကြလြင့္သြားခဲ့တဲ့ ဒိုင္ယာနာက အိမ္ေရွ႕စံ မင္းေလာင္းႏွစ္ပါးကို ေမြးထုတ္ေပးႏိုင္ခဲ့သူ ျဖစ္ပါတယ္။ သားႏွစ္ေယာက္ကို နန္းေတာ္စည္းမ်ဥ္းေတြၾကားမွာ အေနခက္ေစတာထက္ ျပင္ပေလာကနဲ႕ ထိေတြ႕ခြင့္ေတြ အမ်ားႀကီး ဖန္တီးေပးခဲ့တဲ့ မိခင္ေကာင္းလည္း ျဖစ္ပါတယ္။ ဒါေၾကာင့္ ဒိုင္ယာနာကို လြမ္းဆြတ္ရင္း အားလံုးေကာင္းဖို႕ သူစတင္ေျပာင္းလဲပစ္ခဲ့တဲ့ ဓေလ့ေလးေတြကို ေဖာ္ျပေပးလိုက္ပါတယ္။

With love

Ei Mon (For Her Myanmar)

Reference: rd, AOL,

အခုချိန်ထိ ဆက်လက်ကျင့်သုံးနေတုန်းပါပဲ။ 

>>> Unicode >>>

မင်းသမီး ဒိုင်ယာနာကတော့ လူသေပေမဲ့ နာမည်မသေသူ တစ်ယောက်ပါ။ လေထဲက ဖယောင်းတိုင် (Candle in the Wind) သီချင်း ကြားတိုင်း ဒိုင်ယာနာကို အပြင်မှာ  မမြင်ဖူးတဲ့ ကိုယ်တောင် ဝမ်းနည်းမိသလို ဖြစ်ရတယ်။ Princess Hours ကြည့်မိတော့ နန်းတော်ထဲက စည်းမျဉ်းနဲ့ သာမန်အရပ်သူ နေသားကျအောင် ကြိုးစားရတာ မြင်တိုင်း အော်…ဒိုင်ယာနာလည်း ဒီလိုပဲ နေခဲ့ရမှာပါလားပေါ့။ ဘယ်လိုပဲ ဖောက်ပြန်ခဲ့တယ် ပြောပြော ဒိုင်ယာနာကတော့ ကိုယ်ပွား သားနှစ်ယောက်ကို ထားခဲ့ပြီး လောကကြီးထဲက ထွက်သွားခဲ့ပါပြီ။ ဒါပေမဲ့လို့ သူ(မ) ပြောင်းလဲခဲ့ပြီး အခုချိန်ထိ ဆက်လက်ကျင့်သုံးနေခဲ့တဲ့ အရာတွေကတော့…

ကတိပြုပါတယ်လို့ မပြောခဲ့ဘူး

မင်္ဂလာဆောင်တုန်းက သတို့သား ၊ သတို့သမီး ကတိသစ္စာပြုရတဲ့အခါ ကတိပြုပါတယ် ဆိုတဲ့ စကားကို ဒိုင်ယာနာတစ်ယောက် မပြောခဲ့ပါဘူး။ ဗြိတိန်မှာ သတို့သားကို သတို့သမီးက တစ်သက်လုံး သစ္စာရှိရှိ ပေါင်းမှာဖြစ်ကြောင်း ကတိပေးရတာက ၁၆၆၂ ခုနှစ်ကစပြီး သတ်မှတ်ထားတာ ဖြစ်ပေမဲ့ ၁၉၈၂ ကစပြီး ဒါကို ဖယ်ရှားခဲ့ပါတယ်။ ဒါပေမဲ့ ဘုရင်မကြီး အယ်လိဇဘတ် အပါအဝင် တော်ဝင်မိသားစုတွေ အားလုံးကတော့ ဆက်လက်ကျင့်သုံးနေဆဲ ဖြစ်ပါတယ်။ ဒီလိုဓလေ့ကို ဆန့်ကျင်ပြီး နောက်ပိုင်း ချွေးမတော် ကိတ်မစ်ဒယ်တန် နဲ့ မီဂန်တို့လက်ထပ်မှာပါ ပြောစရာ မလိုအောင် လုပ်ပေးခဲ့သူကတော့ ဒိုင်ယာနာပါပဲ။

တော်ဝင်ခရီးစဉ်သွားတိုင်း ကလေးတွေကို ခေါ်သွားတယ်

ချားလ်စ် မင်းသား ငယ်ငယ်တုန်းက သူ့မိခင် ဘုရင်မကြီးက ပြည်သူ့အကျိုးပြု ခရီးစဉ်တွေသွားတိုင်း သူ့ကို အထိန်းတော်နဲ့ပဲ ထားခဲ့ပါသတဲ့။ ခရီးစဉ်တစ်ခုမှာ ဆိုရင် နှစ်ဝက်လောက် ကြာသွားတဲ့အတွက် ချားလ်စ်ကတော့ အမေမရှိဘဲ အထိန်းတော်နဲ့သာ နှစ်ပါးသွားခဲ့ရပါတယ်။ ဒါပေမဲ့ ဒိုင်ယာနာ လက်ထက် ရောက်ချိန်မှာ ခရီးစဉ်တွေသွားတိုင်း ကိုးလသားအရွယ် ဝီလျံလေးကိုလည်း ချန်မထားခဲ့ဘဲ ခေါ်သွားပါသတဲ့။ ဒါကြောင့် မင်းသား ဝီလျံကလည်း သူ့မိခင် ဒိုင်ယာနာ ခြေရာနင်းပြီး ဘယ်ခရီးစဉ်မှာ မဆို ကလေးတွေပါ ခေါ်သွားတာ ဖြစ်ပါတယ်။

Related Article>>> ဝေလမင်းသမီး ဒိုင်ယာနာ သို့မဟုတ် ဗြိတိန်ရဲ့ကြွေလွင့်ခဲ့တဲ့နတ်သမီး

ကလေးတွေကို နန်းတော်ထဲမှာပဲ စာမသင်စေဘူး

ချားလ်စ်မင်းသားကတော့ အပြင်ကျောင်းလည်း တက်တယ်ဆိုပေမဲ့ ရှစ်နှစ်အရွယ်ရောက်တဲ့အထိ နန်းတော်တွင်းမှာ လာရောက်သင်ကြားပေးနေဆဲ ကိုယ်ပိုင် ဆရာလည်း ရှိပါတယ်။ ဒါပေမဲ့ ဒိုင်ယာနာနဲ့ လက်ထပ်ပြီး သားနှစ်ယောက်ကိုတော့ နန်းတော်ထဲမှာ ဆရာခေါ်မသင်ဘဲ မူကြိုမှာတည်းက အများနည်းတူ သွားရောက်သင်ကြားစေခဲ့ပါသတဲ့။

ဆေးရုံမှာပဲ သားနှစ်ယောက်ကို မွေးဖွားခဲ့တယ်

အယ်လိဇဘတ် ဘုရင်မကြီးနဲ့ သူ့ရှေ့က မိဖုရားတွေအားလုံးက တော်ဝင်အိမ်တော်မှာပဲ ကလေးမွေးဖွားကြတယ် ဆိုပေမဲ့ ဒိုင်ယာနာကတော့ သားနှစ်ယောက်ကို ဆေးရုံမှာပဲ ဖွားမြင်ခဲ့ပါတယ်။ ချွေးမကြီး ကိတ်မစ်ဒယ်တန်ကလည်း ယောက္ခမ ခြေရာနင်းပြီး ကလေးသုံးယောက်စလုံးကို ဆေးရုံမှာပဲ သွားရောက်ဖွားမြင်ခဲ့ပါတယ်။

လက်အိတ်ဝတ်တာကို ရပ်လိုက်တယ်

အယ်လိဇဘတ် ဘုရင်မကြီးကို ကြည့်လိုက်ရင် ဘယ်ပွဲပဲတက်တက် လက်အိတ်က အမြဲဝတ်ထားတာ တွေ့ရမှာပါ။ ဒါပေမဲ့ ဒိုင်ယာနာကတော့ အမြဲတမ်း လက်ဗလာပဲ သွားပါတယ်။ ဒီလိုမျိုး မင်းသမီးတစ်ပါးက လက်အိတ်မဝတ်ဘဲ သွားတာကို ဝေဇန်ကြသူတွေရှိပေမဲ့ ပြည်သူတွေနဲ့ လက်ဆွဲနှုတ်ဆက်တဲ့အခါ လက်အသားချင်းထိပြီး နှုတ်ဆက်ရတာကို သဘောကျတဲ့အတွက် ဒိုင်ယာနာကတော့ လုံးဝ လက်အိတ်မဝတ်ခဲ့ပါဘူး။

လောကကြီးထဲက စောစီးစွာ ကြွေလွင့်သွားခဲ့တဲ့ ဒိုင်ယာနာက အိမ်ရှေ့စံ မင်းလောင်းနှစ်ပါးကို မွေးထုတ်ပေးနိုင်ခဲ့သူ ဖြစ်ပါတယ်။ သားနှစ်ယောက်ကို နန်းတော်စည်းမျဉ်းတွေကြားမှာ အနေခက်စေတာထက် ပြင်ပလောကနဲ့ ထိတွေ့ခွင့်တွေ အများကြီး ဖန်တီးပေးခဲ့တဲ့ မိခင်ကောင်းလည်း ဖြစ်ပါတယ်။ ဒါကြောင့် ဒိုင်ယာနာကို လွမ်းဆွတ်ရင်း အားလုံးကောင်းဖို့ သူစတင်ပြောင်းလဲပစ်ခဲ့တဲ့ ဓလေ့လေးတွေကို ဖော်ပြပေးလိုက်ပါတယ်။

With love

Ei Mon (For Her Myanmar)

Reference: rdAOL

Ei Mon
Ei Mon
For Her Myanmar ရဲ႕တက္သစ္စ ေဆာင္းပါးရွင္ အိမြန္ျဖစ္ပါတယ္။ စာေရးရတာ ဝါသနာ ပါပါတယ္။ ေဆာင္းပါးေတြကတစ္ဆင့္ စိတ္ကူးေလးေတြကို ေယာင္းတို႕ရဲ႕ ရင္ထဲအေရာက္ ပို႕ေပးခ်င္ပါတယ္။ အထူးအားသာတာကေတာ့ အႏုပညာရွင္သတင္းေတြပဲ ျဖစ္ပါတယ္။ အိမြန္ရဲ႕ လက္ရာေဆာင္းပါးေတြကို အားေပးမယ္မွတ္လား…….

Leave a Reply

Your email address will not be published. Required fields are marked *