Kissing နဲ႕ ပတ္သက္ၿပီး ေယာင္းတို႔မသိေသးတဲ့ အခ်က္(၅)ခ်က္

Kissing ဆိုတာနဲ႔ မ်က္လုံးေတြ အေရာင္လက္သြားတယ္ဟုတ္

ငယ္ငယ္တုန္းကေတာ့ အနမ္းဆိုတာ နဖူးနဲ႔ပါးေပၚပဲ ေႁခြရတယ္ ထင္ေနတာ ။ ႏိုင္ငံျခားကားေတြ ၾကည့္လို႕မ်ား နမ္းတဲ့အခန္းပါရင္ လူႀကီးေတြက ေက်ာ္ပစ္လိုက္တာကိုး ။ ျမဝတီကလာတဲ့  ကိုရီးယားကား ၾကည့္ျပန္ေတာ့လည္း ေကာင္းခန္းေရာက္တာနဲ႔ ဆင္ဆာျဖတ္ေရာ။ အဲ့ေတာ့ kissing ဆိုတာဟာ… ႏႈတ္ခမ္းခ်င္းလည္း နမ္းလို႔ရပါသေကာလို႔ အသက္ေလး နည္းနည္းႀကီးလာမွပဲ သိခြင့္ရတယ္ဆိုၾကပါစို႔ရဲ႕ … အဲ.. သိမယ့္သိေတာ့လည္း စာေတြ႕နဲ႔ အရင္သိရတာ ဆိုေတာ့ကာ လက္ေတြ႕သမားေတြ ေတာ္ေတာ္မ်ားမ်ား မသိၾကေသးတဲ့ Kissing ရဲ႕ လွ်ိဳဳ႕ဝွက္ခ်က္ (၅)ခ်က္ကို ေယာင္းတို႔အတြက္ ေဖာ္ျပေပးလိုက္ပါတယ္ေနာ္..

ဗိုက္ထဲမွာတည္းက နမ္းမယ့္စတိုင္ကို ေလ့က်င့္ခဲ့ပါတယ္။

၃ ပံု ၂ ပံုေလာက္ေသာ လူသားေတြက နမ္းေတာ့မယ္ဆိုရင္ ေခါင္းကို ညာဘက္အလိုလို ေစာင္းေလ့ရွိပါတယ္။ ဒီအေလ့အထက အထူးတလည္ က်င့္စရာမလိုဘဲ အေမ့ဝမ္းထဲမွာတည္းက တတ္ခဲ့တာပါ။ သေႏၶသားဘဝနဲ႔ ရွိစဥ္တည္းက အေမ့ဗိုက္ထဲမွာ ေခါင္းကို ညာဘက္ ေစာင္းထားတာ ဆိုေတာ့  အရြယ္ေရာက္တဲ့ အခါက်ေတာ့ ေအးေဆးတတ္သြားတာေပါ့ေနာ္။

Related article>>>Good Kisser တစ္ေယာက္ျဖစ္ဖို႔ ႏႈတ္ခမ္းႀကီးဖို႔ လိုသလား

အနမ္းက ကိုယ့္ရဲ႕ အခ်စ္ေရး ကံၾကမၼာကို ဆံုးျဖတ္ေပးပါတယ္။

နမ္းရာမွာ အဆင္ေျပတဲ့ အတြဲေတြက ပိုၿပီးေကာင္းမြန္တဲ့ အခ်စ္ေရးကို ပိုင္ဆိုင္ၾကပါသတဲ့။ ဒါေၾကာင့္ နမ္းတဲ့အခါ စႏိုးစေနာင့္ မျဖစ္ဘဲ ေျဖာင့္ေျဖာင့္ျဖဴးျဖဴး နမ္းျဖစ္တယ္ဆိုရင္ အခ်စ္ေရးကေတာ့ ေရွ႕ဆက္ခိုင္ၿမဲေနဦးမွာပါ။

နမ္းျခင္းက က်န္းမာေရးကို ေကာင္းမြန္ေစပါတယ္။

ပံုမွန္ အနမ္းေျခြတဲ့ စံုတြဲေတြက အသက္ရွည္ရွည္ ပိုေနရတယ္လို႔ဆိုပါတယ္။ အလုပ္မသြားခင္ ႏႈတ္ဆက္အနမ္းေႁခြတာကအစ အက်ိဳးေက်းဇူးေတြ အမ်ားႀကီးရွိပါသတဲ့။ ဒီလိုဆိုလို႔ အားေန အင္းယားကန္ေဘာင္မွာ ထီးကြယ္ၿပီး အနမ္းေျခြေနတဲ့ အတြဲေတြကေရာလို႔ေတာ့ မေမးနဲ႔ေနာ္ XD။ မင္မင္လည္း မသိဘူးရယ္ :3 နမ္းလို႔ က်န္းမာေရးေကာင္းတာက ေနာက္၊ အပူရွပ္မွာက အရင္ျဖစ္မလားပဲ 😛 စတာဘာ၊ ေနာက္တာဘာ 😀

တစ္ခါနမ္းတိုင္း ပိုးမႊားအေကာင္ေသး သန္း ၈၀ ကို အလဲအလွယ္လုပ္ေနတာနဲ႔ တူပါသတဲ့။

ပိုးမႊားေသးေသးေလးဆိုတာက အဏုၾကည့္မွန္ေျပာင္းနဲ႕မွ ျမင္ႏိုင္တာမ်ိဳးကို ေျပာတာပါ။ အျခားတစ္ေယာက္နဲ႔ ႏႈတ္ခမ္းခ်င္းထိၿပီး နမ္းလိုက္တိုင္း မျမင္ႏိုင္တဲ့ ပိုးမႊားအေသးေလး သန္း ၈၀ ကို အလဲအလွယ္ လုပ္ေနတာနဲ႔ တူပါတယ္တဲ့။ အမ်ားျပည္သူ သန္႔စင္ခန္းေတြမွာတာင္ ပိုးမႊားက ၇၇၀၀၀ ပဲရွိတယ္ဆိုေတာ့ နမ္းတဲ့အခါမွာ ပိုးမႊားကပိုမ်ားတယ္ ေျပာရမယ္။ ဒါေပမဲ့ နမ္းတာက အက်င့္ျဖစ္သြားတဲ့အခါ ပိုးမႊားေတြလည္း အသားေသၿပီး ေပ်ာ္ရႊင္စြြာကူးလူး ျဖတ္သန္းၾကပါသတဲ့။ လူေတာင္ အသားက်ေနၿပီဟာကို ပိုးမႊားေတြကလည္း ဘာေတြမွတ္လို႔ 😛

Related Article>>>ခ်စ္တတ္သူတုိင္းၾကံဳရတဲ့ ခ်စ္လမ္းခရီးရဲ့အခ်ိဳးအေကြ႕ ၅ ခု

တိရ စၦာန္ေတြလည္း အနမ္းေႁခြပါသတဲ့။

လူေတြတင္ မဟုတ္ပါဘူး။ ႏြား၊ ရွဥ့္နဲ႕ ခရုစတဲ့ တိရစာၦန္ေလးေတြကလည္း နမ္းတတ္ပါတယ္တဲ့ ေယာင္းတို႔ေရ။ ခ်င္ပန္ဇီ ေမ်ာက္ေတြဆိုရင္ အနမ္းေႁခြတာကအစ လူေတြနဲ႕ တူတူပါပဲ။ သူတို႔ဆီက ဆင္းသက္လာတဲ့ ဓေလ့ျမန္းလား 😛

ဒီအခ်က္ေလးေတြ အားလံုးကေတာ့ အနမ္းနဲ႔ ပတ္သက္တာေတြ ပါပဲ။ အိမြန္ကေတာ့ စာေတြ႔ပဲ ေျပာျပတာေပါ့ေနာ္။ practical ကေတာ့ အေတြ႕အၾကံဳရွိတဲ့ ေယာင္းေလးတို႔သာ ေျပာျပေပါတာ့  xD

With love

Ei Mon (For Her Myanmar)

<<<Unicode>>>

Kissing ဆိုတာနဲ့ မျက်လုံးတွေ အရောင်လက်သွားတယ်ဟုတ်

ငယ်ငယ်တုန်းကတော့ အနမ်းဆိုတာ နဖူးနဲ့ပါးပေါ်ပဲ ခြွေရတယ် ထင်နေတာ ။ နိုင်ငံခြားကားတွေ ကြည့်လို့များ နမ်းတဲ့အခန်းပါရင် လူကြီးတွေက ကျော်ပစ်လိုက်တာကိုး ။ မြဝတီကလာတဲ့  ကိုရီးယားကား ကြည့်ပြန်တော့လည်း ကောင်းခန်းရောက်တာနဲ့ ဆင်ဆာဖြတ်ရော။ အဲ့တော့ kissing ဆိုတာဟာ… နှုတ်ခမ်းချင်းလည်း နမ်းလို့ရပါသကောလို့ အသက်လေး နည်းနည်းကြီးလာမှပဲ သိခွင့်ရတယ်ဆိုကြပါစို့ရဲ့ … အဲ.. သိမယ့်သိတော့လည်း စာတွေ့နဲ့ အရင်သိရတာ ဆိုတော့ကာ လက်တွေ့သမားတွေ တော်တော်များများ မသိကြသေးတဲ့ Kissing ရဲ့ လျှိုု့ဝှက်ချက် (၅)ချက်ကို ယောင်းတို့အတွက် ဖော်ပြပေးလိုက်ပါတယ်နော်..

ဗိုက်ထဲမှာတည်းက နမ်းမယ့်စတိုင်ကို လေ့ကျင့်ခဲ့ပါတယ်။

၃ ပုံ ၂ ပုံလောက်သော လူသားတွေက နမ်းတော့မယ်ဆိုရင် ခေါင်းကို ညာဘက်အလိုလို စောင်းလေ့ရှိပါတယ်။ ဒီအလေ့အထက အထူးတလည် ကျင့်စရာမလိုဘဲ အမေ့ဝမ်းထဲမှာတည်းက တတ်ခဲ့တာပါ။ သန္ဓေသားဘဝနဲ့ ရှိစဉ်တည်းက အမေ့ဗိုက်ထဲမှာ ခေါင်းကို ညာဘက် စောင်းထားတာ ဆိုတော့  အရွယ်ရောက်တဲ့ အခါကျတော့ အေးဆေးတတ်သွားတာပေါ့နော်။

Related article>>>Good Kisser တစ်ယောက်ဖြစ်ဖို့ နှုတ်ခမ်းကြီးဖို့ လိုသလား

အနမ်းက ကိုယ့်ရဲ့ အချစ်ရေး ကံကြမ္မာကို ဆုံးဖြတ်ပေးပါတယ်။

နမ်းရာမှာ အဆင်ပြေတဲ့ အတွဲတွေက ပိုပြီးကောင်းမွန်တဲ့ အချစ်ရေးကို ပိုင်ဆိုင်ကြပါသတဲ့။ ဒါကြောင့် နမ်းတဲ့အခါ စနိုးစနောင့် မဖြစ်ဘဲ ဖြောင့်ဖြောင့်ဖြူးဖြူး နမ်းဖြစ်တယ်ဆိုရင် အချစ်ရေးကတော့ ရှေ့ဆက်ခိုင်မြဲနေဦးမှာပါ။

နမ်းခြင်းက ကျန်းမာရေးကို ကောင်းမွန်စေပါတယ်။

ပုံမှန် အနမ်းခြွေတဲ့ စုံတွဲတွေက အသက်ရှည်ရှည် ပိုနေရတယ်လို့ဆိုပါတယ်။ အလုပ်မသွားခင် နှုတ်ဆက်အနမ်းခြွေတာကအစ အကျိုးကျေးဇူးတွေ အများကြီးရှိပါသတဲ့။ ဒီလိုဆိုလို့ အားနေ အင်းယားကန်ဘောင်မှာ ထီးကွယ်ပြီး အနမ်းခြွေနေတဲ့ အတွဲတွေကရောလို့တော့ မမေးနဲ့နော် XD။ မင်မင်လည်း မသိဘူးရယ် :3 နမ်းလို့ ကျန်းမာရေးကောင်းတာက နောက်၊ အပူရှပ်မှာက အရင်ဖြစ်မလားပဲ 😛 စတာဘာ၊ နောက်တာဘာ 😀

တစ်ခါနမ်းတိုင်း ပိုးမွှားအကောင်သေး သန်း ၈၀ ကို အလဲအလှယ်လုပ်နေတာနဲ့ တူပါသတဲ့။

ပိုးမွှားသေးသေးလေးဆိုတာက အဏုကြည့်မှန်ပြောင်းနဲ့မှ မြင်နိုင်တာမျိုးကို ပြောတာပါ။ အခြားတစ်ယောက်နဲ့ နှုတ်ခမ်းချင်းထိပြီး နမ်းလိုက်တိုင်း မမြင်နိုင်တဲ့ ပိုးမွှားအသေးလေး သန်း ၈၀ ကို အလဲအလှယ် လုပ်နေတာနဲ့ တူပါတယ်တဲ့။ အများပြည်သူ သန့်စင်ခန်းတွေမှာတာင် ပိုးမွှားက ၇၇၀၀၀ ပဲရှိတယ်ဆိုတော့ နမ်းတဲ့အခါမှာ ပိုးမွှားကပိုများတယ် ပြောရမယ်။ ဒါပေမဲ့ နမ်းတာက အကျင့်ဖြစ်သွားတဲ့အခါ ပိုးမွှားတွေလည်း အသားသေပြီး ပျော်ရွှင်စွာကူးလူး ဖြတ်သန်းကြပါသတဲ့။ လူတောင် အသားကျနေပြီဟာကို ပိုးမွှားတွေကလည်း ဘာတွေမှတ်လို့ 😛

Related Article>>>ချစ်တတ်သူတိုင်းကြုံရတဲ့ ချစ်လမ်းခရီးရဲ့အချိုးအကွေ့ ၅ ခု

တိရ စ္ဆာန်တွေလည်း အနမ်းခြွေပါသတဲ့။

လူတွေတင် မဟုတ်ပါဘူး။ နွား၊ ရှဉ့်နဲ့ ခရုစတဲ့ တိရစ္ဆာန်လေးတွေကလည်း နမ်းတတ်ပါတယ်တဲ့ ယောင်းတို့ရေ။ ချင်ပန်ဇီ မျောက်တွေဆိုရင် အနမ်းခြွေတာကအစ လူတွေနဲ့ တူတူပါပဲ။ သူတို့ဆီက ဆင်းသက်လာတဲ့ ဓလေ့မြန်းလား 😛

ဒီအချက်လေးတွေ အားလုံးကတော့ အနမ်းနဲ့ ပတ်သက်တာတွေ ပါပဲ။ အိမွန်ကတော့ စာတွေ့ပဲ ပြောပြတာပေါ့နော်။ practical ကတော့ အတွေ့အကြုံရှိတဲ့ ယောင်းလေးတို့သာ ပြောပြပေါတာ့  xD

With love

Ei Mon (For Her Myanmar)

No Comments Yet

Comments are closed