ခရီးသွားတဲ့အခါ မဖြစ်မနေ သယ်သွားသင့်တဲ့ ပစ္စည်း (၅)မျိုး

ပိတ်ရက်မှာ ခရီးထွက်ဖို့ ပြင်နေတယ်ဆိုရင်တော့ ဒီဆောင်းပါးလေးက ကွက်စ်တိပဲပေါ့..

သင်္ကြန်နားလည်း နီးလာပြီဖြစ်သလို ပွင့်လင်းရာသီဖြစ်လာပြီဆိုတော့ ခရီးထွက်ဖို့ ပြင်ဆင်နေကြသူတွေလည်း များလာပါပြီ။ ခရီးထွက်ဖို့ ပြင်ကြဆင်ကြတဲ့အခါ အဝတ်အစားတွေကို အဓိကထား ပြင်ဆင်တတ်ကြပါတယ်။ ခရီးနဲ့လိုက်ဖက်တဲ့ အဝတ်အစားကလည်း အရေးကြီးတာ မှန်ပေမယ့် ထုပ်ပိုးပြင်ဆင်တဲ့အခါ လုံးဝ မေ့ထားခဲ့လို့ မရတဲ့ အရာတွေ ရှိပါတယ် ယောင်းတို့ရေ.. ဘာတွေလဲဆိုတော့…. 

၁။ဖုန်းအားသွင်းကြိုး

ဖုန်းအားသွင်းကြိုးမပါရင် ယောင်းတို့ဖုန်းအားသွင်းဖို့အတွက် အခက်အခဲကြုံရပါလိမ့်မယ်။ သူများအားသွင်းကြိုးနဲ့ သွင်းဖို့ကလည်း Iphone နဲ့ Androidနဲ့ကလည်း ကြိုးမတူ။ ကြိုးတူခဲ့ရင်တောင် သူများသွင်းပြီးတာကို စောင့်ရနဲ့ ၊ အဆင်မပြေပါဘူး။ ကိုယ့်အားသွင်းကြိုး ကိုယ်ယူသွားတာကပဲ အကောင်းဆုံးဖြစ်မှာပါ။ 

၂။ ဆေး

ကိုယ်အမြဲသောက်နေကျဆေးတွေ ရှိရင် အဲဒီဆေးတွေကို မဖြစ်မနေထည့်သွားပါ။ အမူးပျောက်ဆေး ၊ အအန်ပျောက်ဆေး ၊ ခေါင်းကိုက်ပျောက်ဆေး စတဲ့ သေးသေးမွှားမွှားလေးတွေပါ ထည့်သွားသင့်ပါတယ်။ ကားမူးလာတဲ့အခါ ၊ ခရီးပန်းတဲ့အခါ သောက်လို့ရတာပေါ့။

Related Article >>> ခရီးဒီလိုထွက်ကြမယ်

၃။နေကာမျက်မှန်

Hana တို့က ခရီးသွားရင်းနဲ့ ဓာတ်ဖမ်းကြတယ် မှတ်လား။ နေကာမျက်မှန်က နေရောင်ခြည်ကို ကာကွယ်လို့ မျက်လုံးထိခိုက်နိုင်တာတွေ လျော့ကျစေတဲ့အပြင် နေကာမျက်မှန်တပ်ပြီး ရှုခင်းကောင်းကောင်းနေရာမှာ ဓာတ်ဖမ်းရင် အရမ်းမိုက်တဲ့ ပုံလေးတွေထွက်လာမှာနော်။ ဒါကြောင့် ခရီးထွက်မယ်ဆိုရင် ကိုယ်မျက်နှာနဲ့ လိုက်ဖက်မယ့် နေကာမျက်မှန်တစ်လက် ယူသွားပါ။

၎။ Lotion (သို့) နေရောင်ကာ လိမ်းဆေး

ခရီးကပြန်လာတဲ့အခါမှ လူတိုင်းက ဟယ်..အသားမဲသွားလိုက်တာ ဆိုပြီး အပြောမခံပါနဲ့ ယောင်းတို့ရေ… နေရောင်ကာ ခရင်မ် ဒါမှမဟုတ် lotion ယူသွားပါ။ အိမ်မှာနေတုန်း ဂရုစိုက်ပြီးပြီလေ.. ခရီးသွားတုန်းတော့ နားလိုက်ဦးမယ်.. ပြန်လာတော့မှ ပြန်လုပ်တာပေါ့လို့တော့ မလုပ်ပါနဲ့..  ခရီးသွားလည်းပဲ ကိုယ့်ရဲ့အသားအရည်ကို ဂရုစိုက်သင့်ပါတယ်။ ဘယ်လောက်ပင်ပန်းပင်ပန်း ကိုယ့်အသားအရေတော့ သေချာဂရုစိုက်ပါ။ 

၅။မှတ်ပုံတင်

မှတ်ပုံတင်ကတော့ ဘယ်သွားသွားမရှိမဖြစ် ဆောင်သင့်တဲ့အရာပါ။ အရေးအကြီးဆုံး ပစ္စည်းပါ။ ခရီးမထွက်ခင် မှတ်ပုံတင် ပါမပါ သေချာ စစ်ယူပါ။ နိုင်ငံခြားကို ခရီးထွက်မယ်ဆိုရင်တော့ ပတ်စ်ပို့ ကို ကိုယ်နဲ့မကွာ ဆောင်ထားပါ။

ဒီပစ္စည်းလေးတွေကို ခရီးသွားရင် ယူသွားတော့ ခရီးသွားရတာ ပိုပြီးအဆင်ပြေတာပေါ့ ယောင်းတို့ရေ… ခရီးသွားမယ်ဆိုရင် ကိုယ်ထည့်မယ့်အရာလေးတွေကို စာရင်းလုပ်ပြီးထည့်မယ်ဆိုရင် ပစ္စည်းတွေ ထည့်ဖို့ ကျန်ခဲ့၊မေ့ခဲ့တာတွေ မဖြစ်တော့ဘူးပေါ့။ ခရီးသွားမယ်ဆိုရင် အကုန်လုံးကို ကြိုတွေးထားပြီး ကြိုတင်ပြင်ဆင်ထားတာက အကောင်းဆုံး ပြင်ဆင်ခြင်း နည်းလမ်းဖြစ်ပါလိမ့်မယ် ယောင်းတို့ရေ… 

အားလပ်ရက်မှာ ပျော်ပျော်ကြီး ခရီးထွက်နိုင်ကြပါစေ…

Hana (For Her Myanmar)

No Comments Yet

Leave a Reply

Your email address will not be published.