Knowledge Relationship

လက္ထပ္ေတာ့မယ့္ ခ်စ္သူ ေမာင္ႏွံတိုင္း မျဖစ္မေန လုပ္သင့္တဲ့ အခ်က္ (၅)ခ်က္

နံပါတ္ (၄) က အသက္ေနာ္… 😉 

ဘဝ ႏွစ္ခု ကို မိသားစုတစ္ခုအျဖစ္ ေပါင္းစည္းလိုက္ဖို႔ ျပင္ေနၾကၿပီလား? အခ်စ္ေတြကို ပိုင္ဆိုင္ျခင္း နဲ႔ သက္ေသျပဖို႔ ရယ္ဒီ ျဖစ္ေနၾကၿပီလား? တစ္သက္မွာ တစ္ခါ ၾကံဳရမယ့္ မဂၤလာကိစၥအတြက္ေရာ စိတ္လႈပ္ရွားေနၾကၿပီလား? ေျပာရမယ္ဆို အိမ္ေထာင္တစ္ခု ထူေထာင္ရတာ လြယ္တဲ့ ကိစၥတစ္ခု မဟုတ္ဘူးေလ။ ျပင္ဆင္စရာေတြမွ အမ်ားႀကီး… ဟုတ္?  ဒါဆို အိမ္ေထာင္မျပဳခင္ ခ်စ္သူ ႏွစ္ဦးၾကား ဘာေတြ မျဖစ္မေန ႀကိဳတင္လုပ္ရမလဲဆိုတာေလး တစ္ခ်က္ၾကည့္ၾကည့္ရေအာင္…

၁။ ႏွစ္ေယာက္တည္း ခရီးထြက္ပါ။

ဇနီးေမာင္ႏွံဆိုတဲ့ ဘဝ နဲ႔ ခ်စ္သူရည္းစားဆိုတဲ့ ဘဝဟာ အလႊာပါးပါးေလးပဲ ျခားေပမဲ့ ခံစားခ်က္ခ်င္းေတာ့ အေတာ္ကို ကြာဟတာပါ။ ဆိုေတာ့ လက္ထပ္ၿပီး ဇနီးေမာင္ႏွံ ဘဝ မေရာက္ေသးခင္ ကိုယ္ခ်စ္ရသူနဲ႔ တစ္ခါေလာက္ေတာ့ ေပ်ာ္ေပ်ာ္ႀကီး ခရီးထြက္ၾကည့္ပါ။ အတူတူ အခ်ိန္ျဖဳန္းၾကည့္ပါ။ ဒီေတာ့မွသာ ကိုယ့္ရဲ႕ ဆိုးကြက္၊ သူ႕ရဲ႕ ဆိုးကြက္ေတြကို ေတြ႕ရၿပီး ဘယ္လို ညွိႏႈိင္း ေရွ႕ဆက္ရမယ္ဆ္ိုတဲ့ နည္းလမ္းေတြကို တူတူ ရွာႏိုင္မွာေပါ့။

၂။ ဓာတ္ပံုရိုက္ပါ။

ဒါေတာ့ ဝမ္းသာအားရ လုပ္ခ်င္ၾကမယ္ ထင္တယ္ေနာ္.. 😀 ခရီးထြက္ရင္း ဓာတ္ပံုရိုက္တာပဲျဖစ္ေစ၊ သီးသန္႔ Outdoor ထြက္ရိုက္ထားတဲ့ ပံုေလးေတြ ျဖစ္ေစ။ အေကာင္းဆံုးက ႏွစ္ေယာက္သားရဲ႕ တစ္ေန႔တာကို ဘယ္လို ျဖတ္သန္းေလ့ရွိတယ္ဆိုတဲ့ ပံုစံေလးေတြကို ရိုုက္ထားတာ ပိုၿပီး အမွတ္တရ ျဖစ္ပါလိမ့္မယ္။ ေနာက္ၿပီး ရိုက္တဲ့အခါ Prewedding နဲ႔ တကယ့္ မဂၤလာေဆာင္ပြဲေန႔မွာ ရိုက္မယ့္ ဓာတ္ပံုဆရာနဲ႔ ရိုက္ၾကည့္ပါ။ ဒါဆို ေနာက္ပြဲေတြအတြက္လည္း သူနဲ႔ အဆင္ေျပ၊မေျပ တစ္ခါတည္း မွန္းလို႔ ရႏိုင္ေတာ့ တစ္ခ်က္ခုတ္၊ ႏွစ္ခ်က္ျပတ္ပဲေလ။

Related Article >>> လက္တြဲေဖာ္နဲ႔ျပႆနာျဖစ္တိုင္း ၿငိမ္းခ်မ္းစြာရန္ေျပၿငိမ္းႏိုင္မယ့္ နည္းလမ္း(၅)ခု

၃။ ဘ႑ာေရး အေၾကာင္း ေဆြးေႏြးပါ။

ဘယ္ေလာက္ပဲ တူႏွစ္ကိုယ္ တဲအိုပ်က္မွာ ေနရေနရ ဆိုေပမဲ့လို႔ တကယ္တမ္း ၾကပ္တည္းလာတဲ့အခါ အခ်စ္ဟာ ေနာက္ေဖးေပါက္က ခုန္ခ် ထြက္ေျပးသြားတတ္ပါတယ္။ ဆိုေတာ့ ဘာမွမလုပ္ရေသးခင္ အရင္ဆံုး ဘ႑ာေရးအေျခအေနကို ပြင့္ပြင့္လင္းလင္း ေဆြးေႏြးပါ။ ဘယ္ေတာ့ ဘာေတြလုပ္မယ္၊ ကိုယ့္မွာ စီးပြားေရးနဲ႔ အလုပ္အကိုင္အတြက္ ဘယ္လို အစီအစဥ္ေတြ ရွိတယ္၊ သူ႕မွာေတာ့ ဘယ္လို ေတြးထားတာ ရွိတယ္ စတာေတြကို တိုင္ပင္ၿပီး အစီအစဥ္ခ်ပါ။ အစီအစဥ္ခ်တဲ့အခါ ေနာက္ဆံုးကေလးရၿပီးတဲ့အခ်ိန္မွာ အလုပ္တာဝန္ေတြ ဘယ္လို ခြဲၾကမယ္ဆိုတာကစ ပါဝင္သင့္ပါတယ္ေနာ္..

၄။ ရင္ေသြးကိစၥ တိုင္ပင္ပါ။

ဒါက လက္ထပ္ေတာ့မယ့္ ေမာင္ႏွံေတြ မျဖစ္မေန တိုင္ပင္ရမယ့္ ကိစၥပါ။ ကေလးယူမယ္ဆို ဘယ္ႏွစ္ေယာက္ယူမွာလဲ။ ဘယ္ေလာက္ျခားၿပီး ယူၾကမွာလဲ။ စသျဖင့္ေပါ့… ကေလးကို ခ်က္ခ်င္း မယူေသးဘူးဆိုရင္လည္း ဘယ္နည္းနဲ႔ တားၾကမွာလဲ၊ ဘယ္အရာက ႏွစ္ေယာက္လံုးအတြက္ အဆင္ေျပေစေလာက္မလဲ။ ဥပမာ တားေဆးသံုးမွာလား? ထိုးေဆး သံုးမွာလား? IUD ထည့္မွာလား? IUD မွာမွ ဘယ္လိုအမ်ိဳးအစားထည့္မွာလဲ? ဒါမွမဟုတ္ Implanex ပဲ ထည့္မွာလား? ဒီလိုေတြေပါ့… Implanex ဆိုတာက လက္ေမာင္းထဲ ထည့္ထားရတဲ့ သေႏၶတား ပစၥည္းေလးပါ။ ၾကံဳတုန္းေလး ေျပာရရင္ Implanex က သားေၾကာျဖတ္တာထက္ေတာင္ စိတ္ခ်ရေသးသတဲ့ ေယာင္းတို႔ေရ… ကိုယ္နဲ႔ ဘယ္အမ်ိဳးအစားက ကိုက္ညီလဲ သိခ်င္တယ္ဆိုရင္ေတာ့ ဆရာဝန္ေတြ၊ တတ္ကၽြမ္းနားလည္သူေတြနဲ႔ တုိင္ပင္ေဆြးေႏြးၿပီး ဆံုးျဖတ္လို႔ ရပါတယ္။

မေတာ္တဆအမွားဆိုတာ ႀကိဳတင္္ျပင္ဆင္မႈ မရွိျခင္းရဲ႕ ဆင္ေျခတစ္ခုပဲ မဟုတ္လား… သတိမမူမိတာေလး တစ္ခ်က္ေၾကာင့္ ကိုယ့္ရဲ႕ အိပ္မက္ေတြ ပ်က္စီးသြားတာမ်ိဳး လက္ေလွ်ာ့လိုက္ရတာမ်ိဳး မျဖစ္ေစဖို႔ ဒီအခ်က္ကိုေတာ့ မျဖစ္မေန လုပ္ဖို႔ လိုမယ္ ေယာင္းတို႔ေရ…

၅။ ေဆးစစ္ပါ။

ဒါလည္း အေရးႀကီးပါတယ္။ တစ္ေယာက္နဲ႔တစ္ေယာက္ မသကၤာစိတ္နဲ႔ စစ္ခိုင္းတာမ်ိဳး မဟုတ္ဘူးေနာ္… သူ႕က်န္းမာေရးအေျခအေန၊ ကိုယ့္က်န္းမာေရးအေျခအေန စတာေတြကို အခ်င္းခ်င္း ပြင့္ပြင့္လင္းလင္း သိထားတာ အေကာင္းဆံုးပါပဲ။ ဥပမာ အသည္းေရာင္ အသားဝါ ဘီ တို႔လို အေျခအေနေတြ ရွိေနတာမ်ိဳးဆို ခုလို ေဆးစစ္လိုက္ေတာ့ ကိုယ့္ဘက္ကေန ေရွာင္စရာ၊ ေဆာင္စရာေတြကို ႀကိဳတင္ျပင္ဆင္လို႔ ရႏုိင္တဲ့ အခြင့္အေရးမ်ိဳး ရွိသြားတာေပါ့။ ေနာက္ၿပီး ဒါကိုလည္း အတူတူ ဘယ္လို ရင္ဆိုင္ၾကမလဲဆိုတာကို တိုင္ပင္ေဆြးေႏြးရင္း ႏွစ္ေယာက္ၾကားက ယံုၾကည္မႈလည္း ပိုတိုးလာႏိုင္ေသးတယ္ေလ…

ကဲ.. ဒါေတြကေတာ့ လက္ထပ္ေတာ့မယ့္ ေမာင္ႏွံတိုင္း လုပ္ကိုလုပ္သင့္တဲ့ အခ်က္ေလးေတြပါ ေယာင္းတို႔ေရ…

သာယာေပ်ာ္ရႊင္တဲ့ မိသားစု ဘဝေလးကို ပိုင္ဆိုင္ႏိုင္ၾကပါေစေနာ္…

For Her Myanmar

<<< Unicode >>>

နံပါတ် (၄) က အသက်နော်… 😉 

ဘဝ နှစ်ခု ကို မိသားစုတစ်ခုအဖြစ် ပေါင်းစည်းလိုက်ဖို့ ပြင်နေကြပြီလား? အချစ်တွေကို ပိုင်ဆိုင်ခြင်း နဲ့ သက်သေပြဖို့ ရယ်ဒီ ဖြစ်နေကြပြီလား? တစ်သက်မှာ တစ်ခါ ကြုံရမယ့် မင်္ဂလာကိစ္စအတွက်ရော စိတ်လှုပ်ရှားနေကြပြီလား? ပြောရမယ်ဆို အိမ်ထောင်တစ်ခု ထူထောင်ရတာ လွယ်တဲ့ ကိစ္စတစ်ခု မဟုတ်ဘူးလေ။ ပြင်ဆင်စရာတွေမှ အများကြီး… ဟုတ်?  ဒါဆို အိမ်ထောင်မပြုခင် ချစ်သူ နှစ်ဦးကြား ဘာတွေ မဖြစ်မနေ ကြိုတင်လုပ်ရမလဲဆိုတာလေး တစ်ချက်ကြည့်ကြည့်ရအောင်…

၁။ နှစ်ယောက်တည်း ခရီးထွက်ပါ။

ဇနီးမောင်နှံဆိုတဲ့ ဘဝ နဲ့ ချစ်သူရည်းစားဆိုတဲ့ ဘဝဟာ အလွှာပါးပါးလေးပဲ ခြားပေမဲ့ ခံစားချက်ချင်းတော့ အတော်ကို ကွာဟတာပါ။ ဆိုတော့ လက်ထပ်ပြီး ဇနီးမောင်နှံ ဘဝ မရောက်သေးခင် ကိုယ်ချစ်ရသူနဲ့ တစ်ခါလောက်တော့ ပျော်ပျော်ကြီး ခရီးထွက်ကြည့်ပါ။ အတူတူ အချိန်ဖြုန်းကြည့်ပါ။ ဒီတော့မှသာ ကိုယ့်ရဲ့ ဆိုးကွက်၊ သူ့ရဲ့ ဆိုးကွက်တွေကို တွေ့ရပြီး ဘယ်လို ညှိနှိုင်း ရှေ့ဆက်ရမယ်ဆိုတဲ့ နည်းလမ်းတွေကို တူတူ ရှာနိုင်မှာပေါ့။

၂။ ဓာတ်ပုံရိုက်ပါ။

ဒါတော့ ဝမ်းသာအားရ လုပ်ချင်ကြမယ် ထင်တယ်နော်.. 😀 ခရီးထွက်ရင်း ဓာတ်ပုံရိုက်တာပဲဖြစ်စေ၊ သီးသန့် Outdoor ထွက်ရိုက်ထားတဲ့ ပုံလေးတွေ ဖြစ်စေ။ အကောင်းဆုံးက နှစ်ယောက်သားရဲ့ တစ်နေ့တာကို ဘယ်လို ဖြတ်သန်းလေ့ရှိတယ်ဆိုတဲ့ ပုံစံလေးတွေကို ရိုက်ထားတာ ပိုပြီး အမှတ်တရ ဖြစ်ပါလိမ့်မယ်။ နောက်ပြီး ရိုက်တဲ့အခါ Prewedding နဲ့ တကယ့် မင်္ဂလာဆောင်ပွဲနေ့မှာ ရိုက်မယ့် ဓာတ်ပုံဆရာနဲ့ ရိုက်ကြည့်ပါ။ ဒါဆို နောက်ပွဲတွေအတွက်လည်း သူနဲ့ အဆင်ပြေ၊မပြေ တစ်ခါတည်း မှန်းလို့ ရနိုင်တော့ တစ်ချက်ခုတ်၊ နှစ်ချက်ပြတ်ပဲလေ။

Related Article >>> လက်တွဲဖော်နဲ့ပြဿနာဖြစ်တိုင်း ငြိမ်းချမ်းစွာရန်ပြေငြိမ်းနိုင်မယ့် နည်းလမ်း(၅)ခု

၃။ ဘဏ္ဍာရေး အကြောင်း ဆွေးနွေးပါ။

ဘယ်လောက်ပဲ တူနှစ်ကိုယ် တဲအိုပျက်မှာ နေရနေရ ဆိုပေမဲ့လို့ တကယ်တမ်း ကြပ်တည်းလာတဲ့အခါ အချစ်ဟာ နောက်ဖေးပေါက်က ခုန်ချ ထွက်ပြေးသွားတတ်ပါတယ်။ ဆိုတော့ ဘာမှမလုပ်ရသေးခင် အရင်ဆုံး ဘဏ္ဍာရေးအခြေအနေကို ပွင့်ပွင့်လင်းလင်း ဆွေးနွေးပါ။ ဘယ်တော့ ဘာတွေလုပ်မယ်၊ ကိုယ့်မှာ စီးပွားရေးနဲ့ အလုပ်အကိုင်အတွက် ဘယ်လို အစီအစဉ်တွေ ရှိတယ်၊ သူ့မှာတော့ ဘယ်လို တွေးထားတာ ရှိတယ် စတာတွေကို တိုင်ပင်ပြီး အစီအစဉ်ချပါ။ အစီအစဉ်ချတဲ့အခါ နောက်ဆုံးကလေးရပြီးတဲ့အချိန်မှာ အလုပ်တာဝန်တွေ ဘယ်လို ခွဲကြမယ်ဆိုတာကစ ပါဝင်သင့်ပါတယ်နော်..

၄။ ရင်သွေးကိစ္စ တိုင်ပင်ပါ။

ဒါက လက်ထပ်တော့မယ့် မောင်နှံတွေ မဖြစ်မနေ တိုင်ပင်ရမယ့် ကိစ္စပါ။ ကလေးယူမယ်ဆို ဘယ်နှစ်ယောက်ယူမှာလဲ။ ဘယ်လောက်ခြားပြီး ယူကြမှာလဲ။ စသဖြင့်ပေါ့… ကလေးကို ချက်ချင်း မယူသေးဘူးဆိုရင်လည်း ဘယ်နည်းနဲ့ တားကြမှာလဲ၊ ဘယ်အရာက နှစ်ယောက်လုံးအတွက် အဆင်ပြေစေလောက်မလဲ။ ဥပမာ တားဆေးသုံးမှာလား? ထိုးဆေး သုံးမှာလား? IUD ထည့်မှာလား? IUD မှာမှ ဘယ်လိုအမျိုးအစားထည့်မှာလဲ? ဒါမှမဟုတ် Implanex ပဲ ထည့်မှာလား? ဒီလိုတွေပေါ့… Implanex ဆိုတာက လက်မောင်းထဲ ထည့်ထားရတဲ့ သန္ဓေတား ပစ္စည်းလေးပါ။ ကြုံတုန်းလေး ပြောရရင် Implanex က သားကြောဖြတ်တာထက်တောင် စိတ်ချရသေးသတဲ့ ယောင်းတို့ရေ… ကိုယ်နဲ့ ဘယ်အမျိုးအစားက ကိုက်ညီလဲ သိချင်တယ်ဆိုရင်တော့ ဆရာဝန်တွေ၊ တတ်ကျွမ်းနားလည်သူတွေနဲ့ တိုင်ပင်ဆွေးနွေးပြီး ဆုံးဖြတ်လို့ ရပါတယ်။

မတော်တဆအမှားဆိုတာ ကြိုတင်ပြင်ဆင်မှု မရှိခြင်းရဲ့ ဆင်ခြေတစ်ခုပဲ မဟုတ်လား… သတိမမူမိတာလေး တစ်ချက်ကြောင့် ကိုယ့်ရဲ့ အိပ်မက်တွေ ပျက်စီးသွားတာမျိုး လက်လျှော့လိုက်ရတာမျိုး မဖြစ်စေဖို့ ဒီအချက်ကိုတော့ မဖြစ်မနေ လုပ်ဖို့ လိုမယ် ယောင်းတို့ရေ…

၅။ ဆေးစစ်ပါ။

ဒါလည်း အရေးကြီးပါတယ်။ တစ်ယောက်နဲ့တစ်ယောက် မသင်္ကာစိတ်နဲ့ စစ်ခိုင်းတာမျိုး မဟုတ်ဘူးနော်… သူ့ကျန်းမာရေးအခြေအနေ၊ ကိုယ့်ကျန်းမာရေးအခြေအနေ စတာတွေကို အချင်းချင်း ပွင့်ပွင့်လင်းလင်း သိထားတာ အကောင်းဆုံးပါပဲ။ ဥပမာ အသည်းရောင် အသားဝါ ဘီ တို့လို အခြေအနေတွေ ရှိနေတာမျိုးဆို ခုလို ဆေးစစ်လိုက်တော့ ကိုယ့်ဘက်ကနေ ရှောင်စရာ၊ ဆောင်စရာတွေကို ကြိုတင်ပြင်ဆင်လို့ ရနိုင်တဲ့ အခွင့်အရေးမျိုး ရှိသွားတာပေါ့။ နောက်ပြီး ဒါကိုလည်း အတူတူ ဘယ်လို ရင်ဆိုင်ကြမလဲဆိုတာကို တိုင်ပင်ဆွေးနွေးရင်း နှစ်ယောက်ကြားက ယုံကြည်မှုလည်း ပိုတိုးလာနိုင်သေးတယ်လေ…

ကဲ.. ဒါတွေကတော့ လက်ထပ်တော့မယ့် မောင်နှံတိုင်း လုပ်ကိုလုပ်သင့်တဲ့ အချက်လေးတွေပါ ယောင်းတို့ရေ…

သာယာပျော်ရွှင်တဲ့ မိသားစု ဘဝလေးကို ပိုင်ဆိုင်နိုင်ကြပါစေနော်…

For Her Myanmar

Wathun
Wathun
နာမည္ရင္းေတြ ဘာေတြထက္ Potterhead တစ္ေယာက္ပါ။ အဲ့လို ေမွာ္ေလာကေတြ၊ အလွအပကလြဲၿပီး က်န္တဲ့အရာေတြ အားလံုးကို စိတ္ဝင္စားလို႔ ေဆာင္းပါးေတြထဲ ေမွာ္ေတြ၊ magical creatures ေတြပါလာရင္ေတာ့ တျခားသူမေတြးပါနဲ႔ ကၽြန္မပါပဲလို႔... :*