အေျခခံ ေရာင္စံုျခယ္နည္း(၅) နည္း

စနစ္တက် အေရာငျ္ခယ္တတ္ဖို႔ 

အေရာင္ျခယ္နည္းနဲ႔ ပတ္သက္ၿပီး ခုတင္ေပးမွာေတြကေတာ့ နႏၵာဖတ္ဖူးမွတ္ဖူးခဲ့တဲ့ စာတစ္ခ်ိဳ႕ကို ဘာသာျပန္ထားတာ​ေလးေတြပါ။ ကိုယ္တိုင္ေလ့လာမွတ္သားမိတဲ့ အခ်က္တစ္ခ်ိဳ႕လည္း ထည့္ေပးထားပါတယ္။ ဒီေဆာင္းပါးေလးက အေျခခံစက်င့္မယ့္သူေတြ၊ ခုမွ ေရာင္စံုခဲတံနဲ႔ ဆြဲက်င့္မယ့္ ​ေယာင္​း​ေတြအတြက္ အဓိကရည္႐ြယ္ပါတယ္ ( ၾဆာႀကီးေတြမပါဘူးေနာ္ )

ေရာင္စံုခဲတံနဲ႔ အေရာင္ျခယ္တဲ့ေနရာမွာ အေျခခံအေနနဲ႔ဆိုရင္​ ငါးမ်ိဳးခြဲျခားသတ္မွတ္ႏိုင္ပါ တယ္။

*Stippling (အစက္ခ်ေရးျခယ္ျခင္း)
*Hatching (အၿပိဳင္ေရးျခယ္ျခင္း)
*Cross Hatching (ျဖတ္၍အၿပိဳင္ေရးျခယ္ျခင္း)
*Scumbling (စက္ဝိုင္းသ႑န္ ေရးျခယ္ျခင္း)
*Back and Forth Stroke (ေရွ႕တိုးေနာက္ငင္ ခပ္သြက္သြက္ေရးျခယ္ျခင္း)

(သင့္ေလ်ာ္သလို ျမန္မာမႈျပန္ျပဳထားရတာမို႔ Translation ကေတာ့ လိုအပ္ခ်က္ေလးေတြရွိေကာင္းရွိေနႏိုင္ပါတယ္ 😀 )

Stippling ကေတာ့ စာ႐ြက္ေပၚမွာ အစက္ကေလးေတြခ်ၿပီး ေရးျခယ္ျခင္းမ်ိဳးပါ။ ဆြဲမယ့္ပံုေပၚမူတည္ၿပီး အစက္ေလးေတြကို စိပ္စိပ္၊ ႀကဲႀကဲ၊ ထူထူ၊ ပါးပါး အမ်ိဳးမ်ိဳး ေရးျခယ္ေလ့ရွိၾကပါတယ္။

Hatching ကေတာ့ တူညီတဲ့ ဦးတည္ခ်က္တစ္ခုတည္းကိုပဲ မ်ဥ္းၿပိဳင္ေလးေတြ ေရးျခစ္ျခင္းမ်ိဳးပါ။ ဒါမ်ိဳးကိုေတာ့ ဆံပင္ဆြဲတဲ့ေနရာမွာ အဓိကေရးျခယ္ၾကပါတယ္။

Cross Hatching ကေတာ့ ဦးတည္ရာမတူတဲ့ ၿပိဳင္မ်ဥ္းေလးေတြကို တစ္ခုခုနဲ႔တစ္ခုခုျဖတ္သြားေအာင္ ေရးျခယ္တာမ်ိဳးပါ။ Shade (အရိပ္) လိုက္တာနဲ႔ အရာဝတၳဳေတြရဲ႕ Texture (အထိအေတြ႕ဟန္ေပၚေအာင္) ဆြဲတဲ့ေနရာမ်ိဳးမွာ အဓိကသံုးၾကပါတယ္။

Scumbling ကေတာ့ နႏၵာတို႔ကေလးဘဝမွာ အေရာင္ျခယ္ရင္ ရမ္းသမ္းျခယ္ခဲ့ၾကတဲ့အတိုင္း စက္ဝိုင္းသ႑န္ေလးေတြ ဆက္တိုက္အျပန္ျပန္အလွန္လွန္ ေရးျခယ္ျခင္းမ်ိဳးပါ။ မတူညီတဲ့ေနရာေတြမွာ အေရာင္ေတြအမ်ားႀကီးျဖည့္ဖို႔အတြက္ အသံုးဝင္တဲ့နည္းေလးပါပဲ။

Back and Forth Stroke ဆိုတာကလည္း ကေလးဘဝက ဆြဲခဲ့ၾကသလိုမ်ိဳး စာ႐ြက္ေပၚကေန ခဲတံလံုးဝမႂကြေစဘဲ ေရွ႕တိုးေနာက္ငင္ ဆက္တိုက္ျခယ္တာမ်ိဳးပါ။

Related Article >>> ဂ်ပန္ chibi ပုံေလးေတြဘယ္လိုဆြဲၾကမလဲ။

ၿပီး​ရင္​ေတာ့ ခဲတံ​ေရာင္​စံုသံုးၿပီး အ​ေရာင္​ျခယ္​တဲ့​ေနရာမွာ သိသင္​့သိထိုက္​တယ္​လို႔ထင္​တဲ့ အ​ေျခခံအခ်က္​က​ေလး​ေတြ​ေျပာျပမယ္​​ေနာ္​။

• ေရာင္စံုခဲတံနဲ႔ အေရာင္ျခယ္တဲ့ေနရာမွာ ခဲတံကအေနေတာ္ေလး ခြၽန္ေနဖို႔လိုအပ္ပါတယ္။ အထူးသျဖင့္ ေသးငယ္တဲ့အရာေလးေတြနဲ႔ အေသးစိတ္ေရးျခယ္ရမယ့္ေနရာမ်ိဳးမွာပါ။

• ခဲဖ်က္နဲ႔ အလြယ္တကူဖ်က္လို႔ရမယ့္ ေရာင္စံု အမ်ိဳးအစားကိုေ႐ြးခ်ယ္ပါ။

• အေရာင္ျခယ္တဲ့ေနရာမွာ ထြက္လာတဲ့ အမႈန္ေတြကိုေတာ့ လက္္နဲ႔သုတ္ဖယ္တာမ်ိဳးမလုပ္ဘဲ ဘရပ္ရွ္ အေသးေလးတစ္ခုကိုသံုးၿပီး ခါ​ေပးတဲ့အက်င့္မ်ိဳးလုပ္​ပါ။ (ပါးနီျခယ္တဲ့ ဘရပ္ရွ္ အေဟာင္းေလးေတြကို ေရေသခ်ာျပန္ေဆးၿပီး သံုးႏိုင္ပါတယ္)

• ျခယ္တဲ့အခါမွာလည္း အေရာင္တစ္မ်ိဳးထက္ပိုၿပီးေတာ့ အထပ္ထပ္အလႊာလႊာျခယ္တာမ်ိဳး လုပ္ၾကည့္ပါ။ အေရာင္ေတြ ခပ္သိပ္သိပ္ေလးျဖစ္ေနဖို႔ကေတာ့ အလြယ္တကူ blend (ျဖန္႔) လုပ္လို႔ရမယ့္ Prisma Color လို ဘရန္းမ်ိဳးကို အသံုးျပဳႏိုင္ပါတယ္။

• အေရာင္ရင့္ရင့္ျခယ္ဖို႔ လိုအပ္လာတဲ့အခါ တစ္ခါတည္း အေရာင္ရင့္တဲ့ ခဲတံကို တန္းမသံုးပါနဲ႔။ အႏုဆံုးအေရာင္ကေန တျဖည္းျဖည္းရင့္သြားတဲ့အထိ တစ္လႊာခ်င္းစိတ္ရွည္လက္ရွည္ ျခယ္ေပးပါ။ ဒီလိုျခယ္တာက ပိုၿပီးသဘာဝက်ေစပါတယ္။ အေရာင္ေတြအမ်ားႀကီးမရွိရင္လည္း တူညီတဲ့ ျခယ္သနည္းပံုစံနဲ႔ (hatching/ stippling/ scumbling) အေနေတာ္ ဖိျခယ္တာမ်ိဳး လုပ္ႏိုင္ပါတယ္။

•ခဲျခစ္ရာေတြကို ဦးတည္ဘက္တစ္ခုတည္း ဒါမွမဟုတ္ တူညီတဲ့ဖိအားတစ္ခုတည္းကိုသံုးၿပီး ေရးျခယ္ပါ။

• အေရာင္ျခယ္ေနရင္း ခဲတံကိုလွည့္ေပးၿပီး ခဲတံထပ္ခြၽန္စရာမလိုဘဲ ခဲဆံခြၽန္တဲ့ဘက္ကို ေရႊ႕ေျပာင္းျခယ္ႏိုင္ပါတယ္။

• အေရာင္ျခယ္ေနရင္း မွားသြားတဲ့အခါ မွားသြားတဲ့ေနရာေပၚ အျဖဴေရာင္ခဲတံနဲ႔ျခယ္ၿပီး ဖံုးအုပ္ပစ္လို႔ရပါတယ္ (ေရာင္စံုက ေတာ္ေတာ္ေကာင္းဖို႔ေတာ့လိုတာေပါ့ေနာ္)

ကဲ .. ဒီ​ေလာက္​ဆို ​ေယာင္​း​ေလး​ေတြ အ​ေရာင္​ျခယ္​တဲ့​ေနရာမွာ ပိုၿပီးအဆင္ေျပ​ေျပနဲ႔ ျခယ္ၾကည့္လို႔ ရၿပီထင္​ပါတယ္​​ေနာ္​ ။ ေယာင္းတို႔ သိထားတဲ့ နည္းလမ္းေလးေတြ၊ အဆင္ေျပတဲ့ နည္းလမ္းေလးေတြ ရွိရင္လည္း ေကာမန္႔မွာ ေျပာသြားၾကဦးေနာ္.. 😉

Nandar ( For Her Myanmar )

Reference : WikiHow , Art is Fun

<<< Unicode >>>

စနစ်တကျ အရောြင်ခယ်တတ်ဖို့ 

အရောင်ခြယ်နည်းနဲ့ ပတ်သက်ပြီး ခုတင်ပေးမှာတွေကတော့ နန္ဒာဖတ်ဖူးမှတ်ဖူးခဲ့တဲ့ စာတစ်ချို့ကို ဘာသာပြန်ထားတာလေးတွေပါ။ ကိုယ်တိုင်လေ့လာမှတ်သားမိတဲ့ အချက်တစ်ချို့လည်း ထည့်ပေးထားပါတယ်။ ဒီဆောင်းပါးလေးက အခြေခံစကျင့်မယ့်သူတွေ၊ ခုမှ ရောင်စုံခဲတံနဲ့ ဆွဲကျင့်မယ့် ယောင်းတွေအတွက် အဓိကရည်ရွယ်ပါတယ် ( ဆြာကြီးတွေမပါဘူးနော် )

ရောင်စုံခဲတံနဲ့ အရောင်ခြယ်တဲ့နေရာမှာ အခြေခံအနေနဲ့ဆိုရင် ငါးမျိုးခွဲခြားသတ်မှတ်နိုင်ပါ တယ်။

*Stippling (အစက်ချရေးခြယ်ခြင်း)
*Hatching (အပြိုင်ရေးခြယ်ခြင်း)
*Cross Hatching (ဖြတ်၍အပြိုင်ရေးခြယ်ခြင်း)
*Scumbling (စက်ဝိုင်းသဏ္ဍန် ရေးခြယ်ခြင်း)
*Back and Forth Stroke (ရှေ့တိုးနောက်ငင် ခပ်သွက်သွက်ရေးခြယ်ခြင်း)

(သင့်လျော်သလို မြန်မာမှုပြန်ပြုထားရတာမို့ Translation ကတော့ လိုအပ်ချက်လေးတွေရှိကောင်းရှိနေနိုင်ပါတယ် 😀 )

Stippling ကတော့ စာရွက်ပေါ်မှာ အစက်ကလေးတွေချပြီး ရေးခြယ်ခြင်းမျိုးပါ။ ဆွဲမယ့်ပုံပေါ်မူတည်ပြီး အစက်လေးတွေကို စိပ်စိပ်၊ ကြဲကြဲ၊ ထူထူ၊ ပါးပါး အမျိုးမျိုး ရေးခြယ်လေ့ရှိကြပါတယ်။

Hatching ကတော့ တူညီတဲ့ ဦးတည်ချက်တစ်ခုတည်းကိုပဲ မျဉ်းပြိုင်လေးတွေ ရေးခြစ်ခြင်းမျိုးပါ။ ဒါမျိုးကိုတော့ ဆံပင်ဆွဲတဲ့နေရာမှာ အဓိကရေးခြယ်ကြပါတယ်။

Cross Hatching ကတော့ ဦးတည်ရာမတူတဲ့ ပြိုင်မျဉ်းလေးတွေကို တစ်ခုခုနဲ့တစ်ခုခုဖြတ်သွားအောင် ရေးခြယ်တာမျိုးပါ။ Shade (အရိပ်) လိုက်တာနဲ့ အရာဝတ္ထုတွေရဲ့ Texture (အထိအတွေ့ဟန်ပေါ်အောင်) ဆွဲတဲ့နေရာမျိုးမှာ အဓိကသုံးကြပါတယ်။

Scumbling ကတော့ နန္ဒာတို့ကလေးဘဝမှာ အရောင်ခြယ်ရင် ရမ်းသမ်းခြယ်ခဲ့ကြတဲ့အတိုင်း စက်ဝိုင်းသဏ္ဍန်လေးတွေ ဆက်တိုက်အပြန်ပြန်အလှန်လှန် ရေးခြယ်ခြင်းမျိုးပါ။ မတူညီတဲ့နေရာတွေမှာ အရောင်တွေအများကြီးဖြည့်ဖို့အတွက် အသုံးဝင်တဲ့နည်းလေးပါပဲ။

Back and Forth Stroke ဆိုတာကလည်း ကလေးဘဝက ဆွဲခဲ့ကြသလိုမျိုး စာရွက်ပေါ်ကနေ ခဲတံလုံးဝမကြွစေဘဲ ရှေ့တိုးနောက်ငင် ဆက်တိုက်ခြယ်တာမျိုးပါ။

Related Article >>> ဂျပန် chibi ပုံလေးတွေဘယ်လိုဆွဲကြမလဲ။

ပြီးရင်တော့ ခဲတံရောင်စုံသုံးပြီး အရောင်ခြယ်တဲ့နေရာမှာ သိသင့်သိထိုက်တယ်လို့ထင်တဲ့ အခြေခံအချက်ကလေးတွေပြောပြမယ်နော်။

• ရောင်စုံခဲတံနဲ့ အရောင်ခြယ်တဲ့နေရာမှာ ခဲတံကအနေတော်လေး ချွန်နေဖို့လိုအပ်ပါတယ်။ အထူးသဖြင့် သေးငယ်တဲ့အရာလေးတွေနဲ့ အသေးစိတ်ရေးခြယ်ရမယ့်နေရာမျိုးမှာပါ။

• ခဲဖျက်နဲ့ အလွယ်တကူဖျက်လို့ရမယ့် ရောင်စုံ အမျိုးအစားကိုရွေးချယ်ပါ။

• အရောင်ခြယ်တဲ့နေရာမှာ ထွက်လာတဲ့ အမှုန်တွေကိုတော့ လက်နဲ့သုတ်ဖယ်တာမျိုးမလုပ်ဘဲ ဘရပ်ရှ် အသေးလေးတစ်ခုကိုသုံးပြီး ခါပေးတဲ့အကျင့်မျိုးလုပ်ပါ။ (ပါးနီခြယ်တဲ့ ဘရပ်ရှ် အဟောင်းလေးတွေကို ရေသေချာပြန်ဆေးပြီး သုံးနိုင်ပါတယ်)

• ခြယ်တဲ့အခါမှာလည်း အရောင်တစ်မျိုးထက်ပိုပြီးတော့ အထပ်ထပ်အလွှာလွှာခြယ်တာမျိုး လုပ်ကြည့်ပါ။ အရောင်တွေ ခပ်သိပ်သိပ်လေးဖြစ်နေဖို့ကတော့ အလွယ်တကူ blend (ဖြန့်) လုပ်လို့ရမယ့် Prisma Color လို ဘရန်းမျိုးကို အသုံးပြုနိုင်ပါတယ်။

• အရောင်ရင့်ရင့်ခြယ်ဖို့ လိုအပ်လာတဲ့အခါ တစ်ခါတည်း အရောင်ရင့်တဲ့ ခဲတံကို တန်းမသုံးပါနဲ့။ အနုဆုံးအရောင်ကနေ တဖြည်းဖြည်းရင့်သွားတဲ့အထိ တစ်လွှာချင်းစိတ်ရှည်လက်ရှည် ခြယ်ပေးပါ။ ဒီလိုခြယ်တာက ပိုပြီးသဘာဝကျစေပါတယ်။ အရောင်တွေအများကြီးမရှိရင်လည်း တူညီတဲ့ ခြယ်သနည်းပုံစံနဲ့ (hatching/ stippling/ scumbling) အနေတော် ဖိခြယ်တာမျိုး လုပ်နိုင်ပါတယ်။

•ခဲခြစ်ရာတွေကို ဦးတည်ဘက်တစ်ခုတည်း ဒါမှမဟုတ် တူညီတဲ့ဖိအားတစ်ခုတည်းကိုသုံးပြီး ရေးခြယ်ပါ။

• အရောင်ခြယ်နေရင်း ခဲတံကိုလှည့်ပေးပြီး ခဲတံထပ်ချွန်စရာမလိုဘဲ ခဲဆံချွန်တဲ့ဘက်ကို ရွှေ့ပြောင်းခြယ်နိုင်ပါတယ်။

• အရောင်ခြယ်နေရင်း မှားသွားတဲ့အခါ မှားသွားတဲ့နေရာပေါ် အဖြူရောင်ခဲတံနဲ့ခြယ်ပြီး ဖုံးအုပ်ပစ်လို့ရပါတယ် (ရောင်စုံက တော်တော်ကောင်းဖို့တော့လိုတာပေါ့နော်)

ကဲ .. ဒီလောက်ဆို ယောင်းလေးတွေ အရောင်ခြယ်တဲ့နေရာမှာ ပိုပြီးအဆင်ပြေပြေနဲ့ ခြယ်ကြည့်လို့ ရပြီထင်ပါတယ်နော် ။ ယောင်းတို့ သိထားတဲ့ နည်းလမ်းလေးတွေ၊ အဆင်ပြေတဲ့ နည်းလမ်းလေးတွေ ရှိရင်လည်း ကောမန့်မှာ ပြောသွားကြဦးနော်.. 😉

Nandar ( For Her Myanmar )

Reference : WikiHow , Art is Fun

No Comments Yet

Comments are closed