ဝမ္းဗိုက္မေကာင္းတဲ့ ေန႔ေတြမွာစားသင့္တဲ့ အစားအစာ(၅)မ်ိဳး

အစာလည္းေဆး ၊ ေဆးလည္းအစာဆိုတာ တယ္မွန္တာပဲ  

ေယာင္းတို႔အေနနဲ႔ .. ဝမ္းဗိုက္မေကာင္းတာမ်ိဳးကို က်ိန္းေသၾကံဳဖူးၾကမွာပါ။ တစ္ကိုယ္လုံး မသက္မသာခံစားရေစၿပီး ေဆးေသာက္ဖို႔က်ျပန္ေတာ့လည္း အစာခံေအာင္ ဘာစားရမလဲမသိ ၊ စားလိုက္တဲ့အစာကေရာ တည့္ပါ့မလားနဲ႔ အေတာ္တိုင္ပတ္ရတဲ့ အခိုက္အတန္႔ပါ။ ဒီလိုအခက္အခဲေတြ ကူညီေပးႏိုင္ဖို႔အတြက္ မင္မင္ကေန ဗိုက္မေကာင္းတဲ့အခ်ိန္မွာ ဘာေတြ စားေသာက္သင့္လဲဆိုတာေလးကို မွ်ေဝေပးခ်င္ပါတယ္ေနာ္…

ေရ

ေယာင္းတို႔ေရ .. ေရမ်ားမ်ားေသာက္ေပးတာက ဝမ္းဗိုက္မေကာင္းတာကို အေကာင္းဆုံးေျဖရွင္းေပးႏိုင္ပါတယ္။ အထူးသျဖင့္ ဝမ္းခ်ဳပ္တာမ်ားလို႔ ဗိုက္ေအာင့္ေနတဲ့ အခ်ိန္ေတြ၊ မအီမသာျဖစ္ေနတဲ့ အခ်ိန္ေတြမွာ ေရဓာတ္ျဖည့္ေပးဖို႔ အလိုအပ္ဆုံးပါပဲေနာ္။

Related Article >>> ငါးပိေထာင္းခ်ဥ္ငံစပ္ေလးေထာင္းၿပီး လွ်ာဂၽြမ္းျပန္ေကာ္ရည္ေခါက္ဆြဲလုပ္စားၾကမယ္

အုန္းရည္

အုန္းရည္တစ္ဖန္ခြက္အျပည့္ ေသာက္ေပးလိုက္တာက အစာအိမ္မေကာင္းလို႔ ဝမ္းဗိုက္နာတာမ်ိဳးကို အံ့ၾသဖြယ္ ေလ်ာ့ပါးသက္သာေစႏိုင္ပါတယ္။ အုန္းရည္ထဲမွာ ဆိုဒီယမ္နဲ႔ ပိုတက္စီယမ္ဓာတ္ေတြလိုမ်ိဳး electrolytes ေတြ ပါဝင္ေနတာမို႔ ေသြးလည္ပတ္မႈ ေကာင္းမြန္ေစေအာင္ ထိန္းသိမ္းေပးႏိုင္ပါတယ္။

ဆန္ျပဳတ္

အေမႊးအႀကိဳင္ေတြ ၊ အဆာပလာေတြ မပါဝင္ဘဲ ဆန္သီးသန္႔ျပဳတ္ထားတဲ့ ဆန္ျပဳတ္ေသာက္ေပးမယ္ဆိုရင္ အစာအိမ္ေၾကာင့္ ဝမ္းဗိုက္မေကာင္းေနတဲ့အခ်ိန္ ကုန္ဆုံးသြားတဲ့ အားအင္ေတြကို ျပန္လည္ရရွိေစႏိုင္သလို အစာေျခစနစ္ကိုလည္း ေကာင္းမြန္ေစပါတယ္။

သေဘၤာသီး

သေဘၤာသီးမွာ အင္ဇိုင္းပါဝင္တဲ့အတြက္ အစာအိမ္အခ်ဥ္ေပါက္လို႔ ဝမ္းဗုိက္မေကာင္းတာကို ေလ်ာ့ပါးသက္သာေစႏိုင္ပါတယ္။ အစာေျခစနစ္ကို ေကာင္းမြန္ေစႏိုင္ၿပီး ဝမ္းခ်ဳပ္လို႔ ဝမ္းဗိုက္မေကာင္းတာကိုလည္း ကူညီေပးႏိုင္ပါတယ္။

Related Article >>> အုန္းႏို႕ေခါက္ဆြဲစားလို႕ ေသြးတိုးမွာေၾကာက္တဲ့ေယာင္းတို႔အတြက္ ႏို႕စိမ္းအစားထိုးခ်က္နည္း

အုတ္ဂ်ဳံ

အုတ္ဂ်ံဳမွာ အစာေျခစနစ္ကို ကုသေပးႏုိင္တဲ့ အမွ်င္ဓာတ္ေတြပါဝင္လို႔ အစာေၾကလြယ္ၿပီး ကုန္ဆုံးသြားတဲ့ အာဟာရဓာတ္ကို လြယ္လြယ္ကူကူ ရရွိေစႏိုင္ပါတယ္။

ေယာင္းတို႔ေရ… ဝမ္းဗိုက္မေကာင္းတဲ့ေန႔ေတြမွာ မင္မင္ေျပာျပေပးခဲ့တဲ့ အစားအစာေတြကို ေရြးခ်ယ္စားေပးမယ္ဆိုရင္  အစာလည္းစားရ၊ ေရာဂါလည္းသက္သာၿပီး တစ္ခ်က္ခုတ္ႏွစ္ခ်က္ျပတ္ႏိုင္မွာ အေသအခ်ာပါပဲေနာ္…..

ခ်စ္ရတဲ့ မင္မင္

DiDi ( For Her Myanmar )

References : Times of India , Kaylaitsine

<<< Unicode >>>

အစာလည်းဆေး ၊ ဆေးလည်းအစာဆိုတာ တယ်မှန်တာပဲ  

ယောင်းတို့အနေနဲ့ .. ဝမ်းဗိုက်မကောင်းတာမျိုးကို ကျိန်းသေကြုံဖူးကြမှာပါ။ တစ်ကိုယ်လုံး မသက်မသာခံစားရစေပြီး ဆေးသောက်ဖို့ကျပြန်တော့လည်း အစာခံအောင် ဘာစားရမလဲမသိ ၊ စားလိုက်တဲ့အစာကရော တည့်ပါ့မလားနဲ့ အတော်တိုင်ပတ်ရတဲ့ အခိုက်အတန့်ပါ။ ဒီလိုအခက်အခဲတွေ ကူညီပေးနိုင်ဖို့အတွက် မင်မင်ကနေ ဗိုက်မကောင်းတဲ့အချိန်မှာ ဘာတွေ စားသောက်သင့်လဲဆိုတာလေးကို မျှဝေပေးချင်ပါတယ်နော်…

ရေ

ယောင်းတို့ရေ .. ရေများများသောက်ပေးတာက ဝမ်းဗိုက်မကောင်းတာကို အကောင်းဆုံးဖြေရှင်းပေးနိုင်ပါတယ်။ အထူးသဖြင့် ဝမ်းချုပ်တာများလို့ ဗိုက်အောင့်နေတဲ့ အချိန်တွေ၊ မအီမသာဖြစ်နေတဲ့ အချိန်တွေမှာ ရေဓာတ်ဖြည့်ပေးဖို့ အလိုအပ်ဆုံးပါပဲနော်။

Related Article >>> ငါးပိထောင်းချဉ်ငံစပ်လေးထောင်းပြီး လျှာဂျွမ်းပြန်ကော်ရည်ခေါက်ဆွဲလုပ်စားကြမယ်

အုန်းရည်

အုန်းရည်တစ်ဖန်ခွက်အပြည့် သောက်ပေးလိုက်တာက အစာအိမ်မကောင်းလို့ ဝမ်းဗိုက်နာတာမျိုးကို အံ့သြဖွယ် လျော့ပါးသက်သာစေနိုင်ပါတယ်။ အုန်းရည်ထဲမှာ ဆိုဒီယမ်နဲ့ ပိုတက်စီယမ်ဓာတ်တွေလိုမျိုး electrolytes တွေ ပါဝင်နေတာမို့ သွေးလည်ပတ်မှု ကောင်းမွန်စေအောင် ထိန်းသိမ်းပေးနိုင်ပါတယ်။

ဆန်ပြုတ်

အမွှေးအကြိုင်တွေ ၊ အဆာပလာတွေ မပါဝင်ဘဲ ဆန်သီးသန့်ပြုတ်ထားတဲ့ ဆန်ပြုတ်သောက်ပေးမယ်ဆိုရင် အစာအိမ်ကြောင့် ဝမ်းဗိုက်မကောင်းနေတဲ့အချိန် ကုန်ဆုံးသွားတဲ့ အားအင်တွေကို ပြန်လည်ရရှိစေနိုင်သလို အစာခြေစနစ်ကိုလည်း ကောင်းမွန်စေပါတယ်။

သင်္ဘောသီး

သင်္ဘောသီးမှာ အင်ဇိုင်းပါဝင်တဲ့အတွက် အစာအိမ်အချဉ်ပေါက်လို့ ဝမ်းဗိုက်မကောင်းတာကို လျော့ပါးသက်သာစေနိုင်ပါတယ်။ အစာခြေစနစ်ကို ကောင်းမွန်စေနိုင်ပြီး ဝမ်းချုပ်လို့ ဝမ်းဗိုက်မကောင်းတာကိုလည်း ကူညီပေးနိုင်ပါတယ်။

Related Article >>> အုန်းနို့ခေါက်ဆွဲစားလို့ သွေးတိုးမှာကြောက်တဲ့ယောင်းတို့အတွက် နို့စိမ်းအစားထိုးချက်နည်း

အုတ်ဂျုံ

အုတ်ဂျုံမှာ အစာခြေစနစ်ကို ကုသပေးနိုင်တဲ့ အမျှင်ဓာတ်တွေပါဝင်လို့ အစာကြေလွယ်ပြီး ကုန်ဆုံးသွားတဲ့ အာဟာရဓာတ်ကို လွယ်လွယ်ကူကူ ရရှိစေနိုင်ပါတယ်။

ယောင်းတို့ရေ… ဝမ်းဗိုက်မကောင်းတဲ့နေ့တွေမှာ မင်မင်ပြောပြပေးခဲ့တဲ့ အစားအစာတွေကို ရွေးချယ်စားပေးမယ်ဆိုရင်  အစာလည်းစားရ၊ ရောဂါလည်းသက်သာပြီး တစ်ချက်ခုတ်နှစ်ချက်ပြတ်နိုင်မှာ အသေအချာပါပဲနော်…..

ချစ်ရတဲ့ မင်မင်

DiDi ( For Her Myanmar )

References : Times of India , Kaylaitsine

No Comments Yet

Comments are closed