Book Reviews Knowledge

လူငယ္ေတြရဲ႕ဘဝကိုေျပာင္းလဲေပးခဲ့တဲ့စာအုပ္ (၅)အုပ္

လူငယ္ေပါင္းမ်ားစြာကို ေျပာင္းလဲေပးခဲ့ႏုိင္တယ္ဆိုေတာ့ ေမွာ္အစြမ္းေတြမ်ားလား

ေအာင္ျမင္မႈခရီးလမ္းကို ေလွ်ာက္လွမ္းေနၾကတဲ့ လူငယ္ေတြအတြက္ စိတ္ဓာတ္ခြန္အားေပးႏိုင္မယ့္၊ ေအာင္ျမင္မႈလမ္း႐ွိရာကို ညႊန္ျပပေးႏုိင္မယ့္ စာအုပ္ေတြဟာလည္း အေရးပါပါတယ္။ ဒီစာအုပ္ေလးေတြကို ဖတ္႐ႈၿပီး ကိုယ့္အတြက္ ဘာေတြလုိအပ္တယ္၊ ဘယ္လုိအရာေတြကိုျပင္ဆင္သင့္တယ္ဆုိတာကို နားလည္ႏိုင္မယ္ဆိုရင္ေတာ့ ဒါဟာ အေကာင္းဆံုးေသာ ေျပာင္းလဲမႈပဲေပါ့..
ဒါေၾကာင့္ လူငယ္ေတြရဲ႕ဘဝကို ေျပာင္းလဲေပးႏုိင္ခဲ့တဲ့ ေအာင္ျမင္ေရး စာအုပ္ငါးအုပ္နဲ႔ မိတ္ဆက္ေပးခ်င္ပါတယ္။ ဒီစာအုပ္ေတြကေတာ့..

၁။ Think and Grow Rich

Think and Grow Rich
Think and Grow Rich

ဒီစာအုပ္ကိုေတာ့ ေအာင္ျမင္ေရးစာအုပ္၊ ခ်မ္းသာေရးစာအုပ္၊ စိတ္ဓာတ္ခြန္အားျမွင့္တင္ေရးစာအုပ္လုိ႔ ႀကိဳက္သလုိေခၚလို႔ရပါသတဲ့။ Napoleon Hill ေရးသားတဲ့ Think and Grow Rich ဆိုတဲ့ဒီစာအုပ္ကို ၁၉၃၇ ရက္ေန႔မွာ ထုတ္ေဝခဲ့ၿပီး ဒီစာအုပ္ဟာ လူသန္းေပါင္းမ်ားစြာရဲ႕ဘဝကို ေျပာင္းလဲေပးခဲ့တယ္လုိ႔ဆိုပါတယ္။

ဒီစာအုပ္ထဲမွာ စာေရးသူခ်မွတ္ေပးထားတဲ့ စည္းမ်ဥ္းစည္းကမ္းေတြကို တိတိက်က်လုိက္နာႏိုင္ရင္ ထူးျခားတဲ့ဘဝကို ေျပာင္းလဲႏုိင္မယ္လုိ႔လဲ ဆိုထားပါတယ္။ ေအာင္ျမင္ခ်မ္းသာေရးစာအုပ္ဆုိေပမဲ့ ေအာင္ျမင္ခ်မ္းသာဖို႔သက္သက္ ညႊန္းဆုိခ်င္တာမဟုတ္ဘဲ ဘဝအျမင္ေတြကိုလံုးဝေျပာင္းလဲေပးႏုိင္မွာပါတဲ့။

Related Article >>> စိတ္ဓာတ္ခြန္အားေပးႏိုင္မယ့္ စာအုပ္ေလးႏွစ္အုပ္

၂။ Awaken the Giant Within

Awaken the Giant Within
Awaken the Giant Within

စာေရးဆရာ Tony Robbins ေရးသားတဲ့ Awaken the Giant Within ဟာလည္း လူငယ္ေတြရဲ႕ အေတြးအျမင္ နဲ႔ ဘဝကို ေျပာင္းလဲေပးႏိုင္ခဲ့တဲ့ စာအုပ္တစ္အုပ္ ျဖစ္ပါတယ္။ ဒီစာအုပ္ထဲမွာေတာ့ ေအာင္ျမင္ဖုိ႔အတြက္ လူတစ္ေယာက္ရဲ႕ဘဝမွာ အေရးအႀကီးဆံုးျဖစ္တဲ့ စိတ္ခံစားခ်က္၊ ႐ုပ္ပိုင္း နဲ႔ စိတ္ပိုင္း၊ ေငြေၾကး ဒါေတြကို ပိုင္ႏုိ္င္စြာ ထိန္းခ်ဳပ္ႏုိင္မယ့္ နည္းလမ္းေတြကို လမ္းညႊန္ျပသေပးမယ့္ စာအုပ္တစ္အုပ္ျဖစ္ပါတယ္။

၃။ Don’t Sweat the Small Stuff and Its All Small Stuff

Don’t Sweat the Small Stuff and Its All Small Stuff
Don’t Sweat the Small Stuff and Its All Small Stuff

ဒီစာအုပ္မွာေတာ့ ဘဝရဲ႕ အေရးမပါတဲ့ကိစၥ ေသးေသးေလးေတြကို လ်စ္လ်ဴ႐ႈႏိုင္ဖုိ႔ လမ္းညႊန္ထားတာျဖစ္ပါတယ္။ ဒါတင္မက အခက္အခဲေတြႀကံဳလာတဲ့အခါ ဘယ္လိုတည္တည္ၿငိမ္ၿငိမ္နဲ႔ ေျဖ႐ွင္းႏုိင္မလဲဆိုတာနဲ႔ ႀကီးမားတဲ့ ေျပာင္းလဲမႈေတြျဖစ္ေပၚလာဖို႔ ေျပာင္းလဲမႈေသးေသးေလးေတြကို ဘယ္လိုစတင္ရမလဲဆုိတာေတြ လမ္းညႊန္ထားတာျဖစ္ပါတယ္။

Don’t Sweat the Small Stuff and Its All Small Stuff စာအုပ္ကိုေတာ့ စာေရးဆရာ Richard Carlson ေရးသားထားတာျဖစ္ပါတယ္။

Women of Tomorrow 2
ပွဲအကြောင်း အသေးစိတ်သိလိုပါက >> http://bit.ly/2WK7oFQ

၄။ The 5 Second Rule: Transform Your Life, Work, and Confidence with Everyday Courage

The 5 Second Rule: Transform Your Life, Work, and Confidence with Everyday Courage
The 5 Second Rule: Transform Your Life, Work, and Confidence with Everyday Courage

Mel Robbins ေရးသားထားတဲ့ ဒီ The 5 Second Rule: Transform Your Life, Work, and Confidence with Everyday Courage စာအုပ္မွာေတာ့ ဘဝကိုေျပာင္းလဲႏုိင္ဖုိ႔ လုိအပ္တဲ့ စည္းမ်ဥ္းငါးခုအေၾကာင္း ေဖာ္ျပထားတာ ျဖစ္ပါတယ္။ ဘဝမွာ ယံုၾကည္မႈ႐ွိဖုိ႔၊ အခ်ိန္ဆြဲတတ္တဲ့ အက်င့္ကိုျပင္ဖုိ႔၊ ေၾကာက္႐ြံ႕စိုးရိမ္မႈေတြကို ေက်ာ္လႊားႏုိင္ဖို႔၊ ပိုမိုေပ်ာ္႐ႊင္တဲ့ ဘဝကို ရဖုိ႔ အခ်ိန္ ငါးစကၠန္႔ပဲၾကာတယ္လုိ႔ စာေရးဆရာကဆိုထားပါတယ္။

Related Article >>> ဘဝအတြက္ ခြန္အားေတြ ျပည့္လာေစဖို႔ ဖတ္ၾကည့္သင့္တဲ့ စာအုပ္ (၃)အုပ္

၅။ The Subtle Art of Not Giving a F*ck: A Counterintuitive Approach to Living a Good Life

The Subtle Art of Not Giving a F*ck: A Counterintuitive Approach to Living a Good Life
The Subtle Art of Not Giving a F*ck: A Counterintuitive Approach to Living a Good Life

ဒီစာအုပ္အေၾကာင္းကိုေတာ့ ေယာင္းတုိ႔ကို အထူးတလည္ မိတ္ဆက္ေပးစရာလုိမယ္မထင္ပါဘူးေနာ္။ ျမန္မာလူငယ္ေတြၾကားမွာ ထင္႐ွားလူႀကိဳက္မ်ားခဲ့တဲ့ စာအုပ္တစ္အုပ္ျဖစ္ပါတယ္။ ဒီစာအုပ္ရဲ႕ ထူးျခားခ်က္ကေတာ့ ဒီေန႔ေခတ္လူငယ္ေတြရဲ႕ ဘဝနဲ႔ အလိုက္ဖက္ဆံုး ေအာင္ျမင္ေရးလမ္းညႊန္စာအုပ္ျဖစ္ၿပီး စာေရးဆရာရဲ႕ တုတ္ထုိုးအိုးေပါက္စာေရးဟန္ကို လူငယ္ေတြပိုသေဘာက်တယ္လုိ႔ဆုိၾကပါတယ္။

အေရးမပါတဲ့၊ အႏုတ္သေဘာေဆာင္တဲ့ အရာေတြမ်ားေနတဲ့ ဒီေလာကႀကီးမွာ ဒီအရာေတြကိုလ်စ္လ်ဴ႐ႈၿပီးဘယ္လုိေနထိုင္ၾကမလဲဆုိတာ ဒီစာအုပ္က လမ္းညႊန္ေပးထားတာျဖစ္ပါတယ္။

ေယာင္းတုိ႔ကို လူငယ္ေတြရဲ႕ဘဝကိုေျပာင္းလဲေပးႏိုင္ခဲ့တဲ့ စာအုပ္ငါးအုပ္အေၾကာင္းေျပာျပခဲ့ၿပီဆိုေတာ့ ေယာင္းတို႔ရဲ႕ ဘဝကိုေရာ ဘယ္လို စာအုပ္ေတြကို အက်ိဳးသက္ေရာက္မႈ ရွိခဲ့တယ္ဆိုတာေလး ျပန္မွ်ေဝေပးသြားဦးေနာ္..

Sugar Cane (For Her Myanmar)

References: everydaypowerblogdevelopgoodhabits

<<< Unicode >>>

လူငယ်ပေါင်းများစွာကို ပြောင်းလဲပေးခဲ့နိုင်တယ်ဆိုတော့ မှော်အစွမ်းတွေများလား

အောင်မြင်မှုခရီးလမ်းကို လျှောက်လှမ်းနေကြတဲ့ လူငယ်တွေအတွက် စိတ်ဓာတ်ခွန်အားပေးနိုင်မယ့်၊ အောင်မြင်မှုလမ်းရှိရာကို ညွှန်ပြပေးနိုင်မယ့် စာအုပ်တွေဟာလည်း အရေးပါပါတယ်။ ဒီစာအုပ်လေးတွေကို ဖတ်ရှုပြီး ကိုယ့်အတွက် ဘာတွေလိုအပ်တယ်၊ ဘယ်လိုအရာတွေကိုပြင်ဆင်သင့်တယ်ဆိုတာကို နားလည်နိုင်မယ်ဆိုရင်တော့ ဒါဟာ အကောင်းဆုံးသော ပြောင်းလဲမှုပဲပေါ့..
ဒါကြောင့် လူငယ်တွေရဲ့ဘဝကို ပြောင်းလဲပေးနိုင်ခဲ့တဲ့ အောင်မြင်ရေး စာအုပ်ငါးအုပ်နဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဒီစာအုပ်တွေကတော့..

၁။ Think and Grow Rich

Think and Grow Rich
Think and Grow Rich

ဒီစာအုပ်ကိုတော့ အောင်မြင်ရေးစာအုပ်၊ ချမ်းသာရေးစာအုပ်၊ စိတ်ဓာတ်ခွန်အားမြှင့်တင်ရေးစာအုပ်လို့ ကြိုက်သလိုခေါ်လို့ရပါသတဲ့။ Napoleon Hill ရေးသားတဲ့ Think and Grow Rich ဆိုတဲ့ဒီစာအုပ်ကို ၁၉၃၇ ရက်နေ့မှာ ထုတ်ဝေခဲ့ပြီး ဒီစာအုပ်ဟာ လူသန်းပေါင်းများစွာရဲ့ဘဝကို ပြောင်းလဲပေးခဲ့တယ်လို့ဆိုပါတယ်။

ဒီစာအုပ်ထဲမှာ စာရေးသူချမှတ်ပေးထားတဲ့ စည်းမျဉ်းစည်းကမ်းတွေကို တိတိကျကျလိုက်နာနိုင်ရင် ထူးခြားတဲ့ဘဝကို ပြောင်းလဲနိုင်မယ်လို့လဲ ဆိုထားပါတယ်။ အောင်မြင်ချမ်းသာရေးစာအုပ်ဆိုပေမဲ့ အောင်မြင်ချမ်းသာဖို့သက်သက် ညွှန်းဆိုချင်တာမဟုတ်ဘဲ ဘဝအမြင်တွေကိုလုံးဝပြောင်းလဲပေးနိုင်မှာပါတဲ့။

Related Article >>> စိတ်ဓာတ်ခွန်အားပေးနိုင်မယ့် စာအုပ်လေးနှစ်အုပ်

၂။ Awaken the Giant Within

Awaken the Giant Within
Awaken the Giant Within

စာရေးဆရာ Tony Robbins ရေးသားတဲ့ Awaken the Giant Within ဟာလည်း လူငယ်တွေရဲ့ အတွေးအမြင် နဲ့ ဘဝကို ပြောင်းလဲပေးနိုင်ခဲ့တဲ့ စာအုပ်တစ်အုပ် ဖြစ်ပါတယ်။ ဒီစာအုပ်ထဲမှာတော့ အောင်မြင်ဖို့အတွက် လူတစ်ယောက်ရဲ့ဘဝမှာ အရေးအကြီးဆုံးဖြစ်တဲ့ စိတ်ခံစားချက်၊ ရုပ်ပိုင်း နဲ့ စိတ်ပိုင်း၊ ငွေကြေး ဒါတွေကို ပိုင်နိုင်စွာ ထိန်းချုပ်နိုင်မယ့် နည်းလမ်းတွေကို လမ်းညွှန်ပြသပေးမယ့် စာအုပ်တစ်အုပ်ဖြစ်ပါတယ်။

၃။ Don’t Sweat the Small Stuff and Its All Small Stuff

Don’t Sweat the Small Stuff and Its All Small Stuff
Don’t Sweat the Small Stuff and Its All Small Stuff

ဒီစာအုပ်မှာတော့ ဘဝရဲ့ အရေးမပါတဲ့ကိစ္စ သေးသေးလေးတွေကို လျစ်လျူရှုနိုင်ဖို့ လမ်းညွှန်ထားတာဖြစ်ပါတယ်။ ဒါတင်မက အခက်အခဲတွေကြုံလာတဲ့အခါ ဘယ်လိုတည်တည်ငြိမ်ငြိမ်နဲ့ ဖြေရှင်းနိုင်မလဲဆိုတာနဲ့ ကြီးမားတဲ့ ပြောင်းလဲမှုတွေဖြစ်ပေါ်လာဖို့ ပြောင်းလဲမှုသေးသေးလေးတွေကို ဘယ်လိုစတင်ရမလဲဆိုတာတွေ လမ်းညွှန်ထားတာဖြစ်ပါတယ်။

Don’t Sweat the Small Stuff and Its All Small Stuff စာအုပ်ကိုတော့ စာရေးဆရာ Richard Carlson ရေးသားထားတာဖြစ်ပါတယ်။

Women of Tomorrow 2
ပွဲအကြောင်း အသေးစိတ်သိလိုပါက >> http://bit.ly/2WK7oFQ

၄။ The 5 Second Rule: Transform Your Life, Work, and Confidence with Everyday Courage

The 5 Second Rule: Transform Your Life, Work, and Confidence with Everyday Courage
The 5 Second Rule: Transform Your Life, Work, and Confidence with Everyday Courage

Mel Robbins ရေးသားထားတဲ့ ဒီ The 5 Second Rule: Transform Your Life, Work, and Confidence with Everyday Courage စာအုပ်မှာတော့ ဘဝကိုပြောင်းလဲနိုင်ဖို့ လိုအပ်တဲ့ စည်းမျဉ်းငါးခုအကြောင်း ဖော်ပြထားတာ ဖြစ်ပါတယ်။ ဘဝမှာ ယုံကြည်မှုရှိဖို့၊ အချိန်ဆွဲတတ်တဲ့ အကျင့်ကိုပြင်ဖို့၊ ကြောက်ရွံ့စိုးရိမ်မှုတွေကို ကျော်လွှားနိုင်ဖို့၊ ပိုမိုပျော်ရွှင်တဲ့ ဘဝကို ရဖို့ အချိန် ငါးစက္ကန့်ပဲကြာတယ်လို့ စာရေးဆရာကဆိုထားပါတယ်။

Related Article >>> ဘဝအတွက် ခွန်အားတွေ ပြည့်လာစေဖို့ ဖတ်ကြည့်သင့်တဲ့ စာအုပ် (၃)အုပ်

၅။ The Subtle Art of Not Giving a F*ck: A Counterintuitive Approach to Living a Good Life

The Subtle Art of Not Giving a F*ck: A Counterintuitive Approach to Living a Good Life
The Subtle Art of Not Giving a F*ck: A Counterintuitive Approach to Living a Good Life

ဒီစာအုပ်အကြောင်းကိုတော့ ယောင်းတို့ကို အထူးတလည် မိတ်ဆက်ပေးစရာလိုမယ်မထင်ပါဘူးနော်။ မြန်မာလူငယ်တွေကြားမှာ ထင်ရှားလူကြိုက်များခဲ့တဲ့ စာအုပ်တစ်အုပ်ဖြစ်ပါတယ်။ ဒီစာအုပ်ရဲ့ ထူးခြားချက်ကတော့ ဒီနေ့ခေတ်လူငယ်တွေရဲ့ ဘဝနဲ့ အလိုက်ဖက်ဆုံး အောင်မြင်ရေးလမ်းညွှန်စာအုပ်ဖြစ်ပြီး စာရေးဆရာရဲ့ တုတ်ထိုးအိုးပေါက်စာရေးဟန်ကို လူငယ်တွေပိုသဘောကျတယ်လို့ဆိုကြပါတယ်။

အရေးမပါတဲ့၊ အနုတ်သဘောဆောင်တဲ့ အရာတွေများနေတဲ့ ဒီလောကကြီးမှာ ဒီအရာတွေကိုလျစ်လျူရှုပြီးဘယ်လိုနေထိုင်ကြမလဲဆိုတာ ဒီစာအုပ်က လမ်းညွှန်ပေးထားတာဖြစ်ပါတယ်။

ယောင်းတို့ကို လူငယ်တွေရဲ့ဘဝကိုပြောင်းလဲပေးနိုင်ခဲ့တဲ့ စာအုပ်ငါးအုပ်အကြောင်းပြောပြခဲ့ပြီဆိုတော့ ယောင်းတို့ရဲ့ ဘဝကိုရော ဘယ်လို စာအုပ်တွေကို အကျိုးသက်ရောက်မှု ရှိခဲ့တယ်ဆိုတာလေး ပြန်မျှဝေပေးသွားဦးနော်..

Sugar Cane (For Her Myanmar)

References: everydaypowerblogdevelopgoodhabits

Sugar Cane
Sugar Cane
က်ြန္မက Sugar Cane ပါ။ မႀကံပင္ေပါ့။ စာဖတ္ျခင္းကို ရူးသြပ္သလို စာေရးျခင္းကို ခံုမင္လွသူပါ ။ ေယာင္းတို႔ အတြက္ လိုအပ္သမ်ွ သုတ/ ရသ အစံုကို For Her Myanmar ကေန မ်ွေေဝေပးသြားမယ္ေနာ္။

Leave a Reply

Your email address will not be published. Required fields are marked *