Knowledge

ကေလးေတြကို လိင္ပညာေပးျခင္းေၾကာင့္ ရရွိလာႏိုင္မယ့္ အက်ိဳးေက်းဇူး(၅)ခု

ေျဖမဆည္ႏိုင္တဲ့ အျဖစ္အပ်က္ေတြကို ၾကည့္ၿပီး သင္ခန္းစာယူသင့္ပါၿပီ 🤕

ေယာင္းတို႔ေရ… သက္ငယ္မုဒိန္းမႈေတြ တစ္ေန႔ထက္တစ္ေန႔ ပိုမ်ားလာတဲ့ေခတ္ႀကီးထဲမွာ အရင္ကလို ေရွးရိုးစြဲေတြကို လက္ကိုင္ထားၿပီး  လိင္ပိုင္းဆိုင္ရာေတြကို ရွက္ရြံ႕စရာတစ္ခုလို ဖုံးကြယ္ထားဦးမွာလား…  လိင္ပိုင္းဆိုင္ရာနဲ႔ပတ္သက္ၿပီး မ်က္စိပိတ္နားပိတ္ လုပ္ထားလို႔ေရာ ေယာင္းတို႔ ကေလးေတြက မသိမျမင္ေတာ့ဘဲေနမတဲ့လား… ဖုံးကြယ္ထားတဲ့အရာကိုမွ ပိုသိခ်င္စမ္းသပ္ခ်င္ၾကတာ သဘာဝမို႔ ေယာင္းအေနနဲ႕ အေတြးအျမင္ေတြ ေျပာင္းလဲဖို႔အခ်ိန္တန္ပါၿပီ… ေျပာင္းလဲဖို႔သင့္မသင့္ကိုေတာ့ မင္မင္ေျပာျပေပးမယ့္ ကေလးေတြကို လိင္ပညာေပးျခင္းေၾကာင့္ ရရွိလာႏိုင္မယ့္ အက်ိဳးေက်းဇူးေတြကို ဖတ္ရႈၿပီး ဆုံးျဖတ္ၾကည့္ပါေနာ္….

က်ားမ လိင္အဂၤါကြဲျပားတာကို အထူးအဆန္း ျဖစ္မေနေတာ့ဘူး။

လိင္အဂၤါကြဲျပားစြာ တည္ရွိပုံအေၾကာင္း ေယာင္းတို႔ကေလးေတြကို အသိပညာေပးထားတဲ့အတြက္  ျခားနားမႈေတြ ေတြ႕ၾကံဳလာရတဲ့အခါ  စူးစမ္းေလ့လာလိုစိတ္ မျဖစ္ေတာ့ဘဲ သဘာဝတရားက ပုံေသသတ္မွတ္ထားတဲ့ အစိတ္အပိုင္းေတြအျဖစ္သာ သူတို႔လက္ခံယုံၾကည္ေနမွာျဖစ္ပါတယ္။

Related Article >>> ေက်ာင္းစတက္မယ့္ သားသားမီးမီးေတြ ေက်ာင္းေနေပ်ာ္ေစဖို႔ နည္းလမ္း(၆)သြယ္

အရြယ္အလိုက္ေျပာင္းလဲလာမႈေတြကို အလိုက္သင့္ေနထိုင္ႏိုင္မယ္။

ေယာင္းတို႔ကေလးေတြ အသက္အရြယ္အရ ေဟာ္မုန္းအေျပာင္းအလဲေတြ ေတြ႕ၾကံဳလာရတဲ့အခါမွာလည္း ထိတ္လန္႔ေၾကာက္ရြံ႕မႈမရွိဘဲ မိဘနဲ႔ ပြင့္ပြင့္လင္းလင္း တိုင္ပင္တတ္လာၿပီး အလိုက္အထိုက္ ျပဳမူေနထိုင္တတ္လာမွာ ျဖစ္ပါတယ္။

လိင္ပိုင္းဆိုင္ရာ ထိပါးေႏွာင့္ယွက္ခံရမႈ ကင္းေဝးႏိုင္မယ္။

ေယာင္းတို႔ကေလးေတြကို လိင္အဂၤါဆိုတာ စေနာက္ကစားစရာတစ္ခု မဟုတ္ေၾကာင္း အသိပညာေပးထားမယ္ဆိုရင္ စေနာက္မႈကို အေၾကာင္းျပၿပီး လိင္ပိုင္းဆိုင္ရာကို ထိေတြ႕ကိုင္တြယ္ခံရတာေတြကို ဟန္႔တားႏိုင္မွာျဖစ္ပါတယ္။

လွည့္စားခံရျခင္းမွ ကင္းေဝးႏိုင္မယ္။

သက္ငယ္မုဒိန္းမႈေတြမွာ အမ်ားဆုံးေတြ႕ရတတ္တဲ့ ကေလးေတြကို  မုန္႔ဝယ္ေကၽြးတာ ၊ အရုပ္ေပးတာ ၊ မုန္႔ဖိုးေပးတာေတြနဲ႔ ျဖားေယာင္းၿပီး ေဆာ့ကစားသလို လိမ္လည္ကာ လိင္အၾကမ္းဖက္ဖို႔ ႀကိဳးစားတတ္ၾကတာကို ေယာင္းတို႔ၾကံဳဖူးၾကမွာပါ။ လိင္အသိပညာရွိထားၿပီးသား ေယာင္းတို႔ကေလးေတြကေတာ့ ဒီလိုအၾကမ္းဖက္တာမ်ိဳးကုိ ခုခံရေကာင္းမွန္းနားလည္ၿပီးသား ျဖစ္ေနမွာပါ။

မိဘေတြကို ပြင့္ပြင့္လင္းလင္းေျပာျပလာမယ္။

ေယာင္းတို႔က လိင္ပညာေပးထားတဲ့အတြက္ ကေလးေတြအေနနဲ႔ သူတို႔မွာလိင္နဲ႔ပတ္သက္ၿပီး တစ္ခုခုၾကံဳေတြ႕ခံစားလာရတဲ့အခါ ပြင့္ပြင့္လင္းလင္း ေျပာျပတိုင္ပင္လာမွာပါ။ ဘယ္သူကေတာ့ သူတို႔ကို လိင္နဲ႔ပတ္သက္ၿပီး စေနာက္တယ္ ၊ ကိုင္တြယ္လိုက္တယ္ဆိုတာမ်ိဳးကို ျပန္ေျပာလာတဲ့အတြက္ ေယာင္းတို႔အေနနဲ႔  ကေလးေတြအတြက္ ႀကိဳတင္ကာကြယ္မႈေတြ ျပဳလုပ္ႏိုင္မွာပါ။

စမ္းသပ္ခ်င္တဲ့စိတ္ေတြ ေလ်ာ့ပါးႏိုင္မယ္။

ဖုံးကြယ္ထားတဲ့ကိစၥဆို ကေလးေတြမေျပာနဲ႔ အရြယ္ေရာက္ေနၿပီးသား မင္မင္တို႔ေတာင္ လက္တည့္စမ္းခ်င္ၾကတာ သဘာဝပါ။သူတို႔အရြယ္အလိုက္ သိသင့္သိထိုက္တာေတြကို ပြင့္ပြင့္လင္းလင္းနဲ႔ လိင္ပညာေပးထားမယ္ဆိုရင္ေတာ့ ဒီကိစၥကို စမ္းသပ္သင့္လား ၊ ေနာက္ဆက္တြဲဆိုးက်ိဳးေတြ ဘယ္လိုရွိလာႏိုင္လဲဆိုတာကို ေကာင္းေကာင္းႀကီးနားလည္တဲ့အတြက္ စမ္းသပ္ခ်င္စိတ္ေလ်ာ့နည္းေစႏိုင္ပါတယ္။

Related Article >>> မိေထြးတစ္ေယာက္အေနနဲ႔ သားသမီးေတြနဲ႔ ဆက္ဆံေရးေျပလည္ေအာင္ ဘယ္လိုေနသင့္လဲ ?

ေယာင္းတို႔ေရ.. ႀကိဳတင္ကာကြယ္ျခင္းဟာ ကုသျခင္းထက္ ထိေရာက္တယ္ဆိုတဲ့ စကားက အလကားမဟုတ္ပါဘူးေနာ္။ ၾကံဳေတြ႕လိုက္ရမွ ေျဖမဆည္ႏိုင္ျဖစ္ေနတာမ်ိဳးထက္စာရင္ မျဖစ္ခင္ ႀကိဳတင္ဟန္႔တားမႈေတြ ရွိထားတာအေကာင္းဆုံးပဲမို႔ လိင္ပညာေပးသင့္ မေပးသင့္ကို ေယာင္းတို႔ ကိုယ္တိုင္သာ ဆုံးျဖတ္ၾကည့္ပါေတာ့ေနာ္…

ခ်စ္ရတဲ့ မင္မင္

DiDi ( For Her Myanmar )

<<< Unicode >>>

ဖြေမဆည်နိုင်တဲ့ အဖြစ်အပျက်တွေကို ကြည့်ပြီး သင်ခန်းစာယူသင့်ပါပြီ 🤕

ယောင်းတို့ရေ… သက်ငယ်မုဒိန်းမှုတွေ တစ်နေ့ထက်တစ်နေ့ ပိုများလာတဲ့ခေတ်ကြီးထဲမှာ အရင်ကလို ရှေးရိုးစွဲတွေကို လက်ကိုင်ထားပြီး  လိင်ပိုင်းဆိုင်ရာတွေကို ရှက်ရွံ့စရာတစ်ခုလို ဖုံးကွယ်ထားဦးမှာလား…  လိင်ပိုင်းဆိုင်ရာနဲ့ပတ်သက်ပြီး မျက်စိပိတ်နားပိတ် လုပ်ထားလို့ရော ယောင်းတို့ ကလေးတွေက မသိမမြင်တော့ဘဲနေမတဲ့လား… ဖုံးကွယ်ထားတဲ့အရာကိုမှ ပိုသိချင်စမ်းသပ်ချင်ကြတာ သဘာဝမို့ ယောင်းအနေနဲ့ အတွေးအမြင်တွေ ပြောင်းလဲဖို့အချိန်တန်ပါပြီ… ပြောင်းလဲဖို့သင့်မသင့်ကိုတော့ မင်မင်ပြောပြပေးမယ့် ကလေးတွေကို လိင်ပညာပေးခြင်းကြောင့် ရရှိလာနိုင်မယ့် အကျိုးကျေးဇူးတွေကို ဖတ်ရှုပြီး ဆုံးဖြတ်ကြည့်ပါနော်….

ကျားမ လိင်အင်္ဂါကွဲပြားတာကို အထူးအဆန်း ဖြစ်မနေတော့ဘူး။

လိင်အင်္ဂါကွဲပြားစွာ တည်ရှိပုံအကြောင်း ယောင်းတို့ကလေးတွေကို အသိပညာပေးထားတဲ့အတွက်  ခြားနားမှုတွေ တွေ့ကြုံလာရတဲ့အခါ  စူးစမ်းလေ့လာလိုစိတ် မဖြစ်တော့ဘဲ သဘာဝတရားက ပုံသေသတ်မှတ်ထားတဲ့ အစိတ်အပိုင်းတွေအဖြစ်သာ သူတို့လက်ခံယုံကြည်နေမှာဖြစ်ပါတယ်။

Related Article >>> ကျောင်းစတက်မယ့် သားသားမီးမီးတွေ ကျောင်းနေပျော်စေဖို့ နည်းလမ်း(၆)သွယ်

အရွယ်အလိုက်ပြောင်းလဲလာမှုတွေကို အလိုက်သင့်နေထိုင်နိုင်မယ်။

ယောင်းတို့ကလေးတွေ အသက်အရွယ်အရ ဟိုမုန်းအပြောင်းအလဲတွေ တွေ့ကြုံလာရတဲ့အခါမှာလည်း ထိတ်လန့်ကြောက်ရွံ့မှုမရှိဘဲ မိဘနဲ့ ပွင့်ပွင့်လင်းလင်း တိုင်ပင်တတ်လာပြီး အလိုက်အထိုက် ပြုမူနေထိုင်တတ်လာမှာ ဖြစ်ပါတယ်။

လိင်ပိုင်းဆိုင်ရာ ထိပါးနှောင့်ယှက်ခံရမှု ကင်းဝေးနိုင်မယ်။

ယောင်းတို့ကလေးတွေကို လိင်အင်္ဂါဆိုတာ စနောက်ကစားစရာတစ်ခု မဟုတ်ကြောင်း အသိပညာပေးထားမယ်ဆိုရင် စနောက်မှုကို အကြောင်းပြပြီး လိင်ပိုင်းဆိုင်ရာကို ထိတွေ့ကိုင်တွယ်ခံရတာတွေကို ဟန့်တားနိုင်မှာဖြစ်ပါတယ်။

လှည့်စားခံရခြင်းမှ ကင်းဝေးနိုင်မယ်။

သက်ငယ်မုဒိန်းမှုတွေမှာ အများဆုံးတွေ့ရတတ်တဲ့ ကလေးတွေကို  မုန့်ဝယ်ကျွေးတာ ၊ အရုပ်ပေးတာ ၊ မုန့်ဖိုးပေးတာတွေနဲ့ ဖြားယောင်းပြီး ဆော့ကစားသလို လိမ်လည်ကာ လိင်အကြမ်းဖက်ဖို့ ကြိုးစားတတ်ကြတာကို ယောင်းတို့ကြုံဖူးကြမှာပါ။ လိင်အသိပညာရှိထားပြီးသား ယောင်းတို့ကလေးတွေကတော့ ဒီလိုအကြမ်းဖက်တာမျိုးကို ခုခံရကောင်းမှန်းနားလည်ပြီးသား ဖြစ်နေမှာပါ။

မိဘတွေကို ပွင့်ပွင့်လင်းလင်းပြောပြလာမယ်။

ယောင်းတို့က လိင်ပညာပေးထားတဲ့အတွက် ကလေးတွေအနေနဲ့ သူတို့မှာလိင်နဲ့ပတ်သက်ပြီး တစ်ခုခုကြုံတွေ့ခံစားလာရတဲ့အခါ ပွင့်ပွင့်လင်းလင်း ပြောပြတိုင်ပင်လာမှာပါ။ ဘယ်သူကတော့ သူတို့ကို လိင်နဲ့ပတ်သက်ပြီး စနောက်တယ် ၊ ကိုင်တွယ်လိုက်တယ်ဆိုတာမျိုးကို ပြန်ပြောလာတဲ့အတွက် ယောင်းတို့အနေနဲ့  ကလေးတွေအတွက် ကြိုတင်ကာကွယ်မှုတွေ ပြုလုပ်နိုင်မှာပါ။

စမ်းသပ်ချင်တဲ့စိတ်တွေ လျော့ပါးနိုင်မယ်။

ဖုံးကွယ်ထားတဲ့ကိစ္စဆို ကလေးတွေမပြောနဲ့ အရွယ်ရောက်နေပြီးသား မင်မင်တို့တောင် လက်တည့်စမ်းချင်ကြတာ သဘာဝပါ။သူတို့အရွယ်အလိုက် သိသင့်သိထိုက်တာတွေကို ပွင့်ပွင့်လင်းလင်းနဲ့ လိင်ပညာပေးထားမယ်ဆိုရင်တော့ ဒီကိစ္စကို စမ်းသပ်သင့်လား ၊ နောက်ဆက်တွဲဆိုးကျိုးတွေ ဘယ်လိုရှိလာနိုင်လဲဆိုတာကို ကောင်းကောင်းကြီးနားလည်တဲ့အတွက် စမ်းသပ်ချင်စိတ်လျော့နည်းစေနိုင်ပါတယ်။

Related Article >>> မိထွေးတစ်ယောက်အနေနဲ့ သားသမီးတွေနဲ့ ဆက်ဆံရေးပြေလည်အောင် ဘယ်လိုနေသင့်လဲ ?

ယောင်းတို့ရေ.. ကြိုတင်ကာကွယ်ခြင်းဟာ ကုသခြင်းထက် ထိရောက်တယ်ဆိုတဲ့ စကားက အလကားမဟုတ်ပါဘူးနော်။ ကြုံတွေ့လိုက်ရမှ ဖြေမဆည်နိုင်ဖြစ်နေတာမျိုးထက်စာရင် မဖြစ်ခင် ကြိုတင်ဟန့်တားမှုတွေ ရှိထားတာအကောင်းဆုံးပဲမို့ လိင်ပညာပေးသင့် မပေးသင့်ကို ယောင်းတို့ ကိုယ်တိုင်သာ ဆုံးဖြတ်ကြည့်ပါတော့နော်…

ချစ်ရတဲ့ မင်မင်

DiDi ( For Her Myanmar )

Yin Sandi Ko
Yin Sandi Ko
ညီမက‌ေတာ့ ဒီဒီပါ .စာေရးရတာကို ရူးသြပ္သူမို႔ ေယာင္းတို႔ကိုဆြဲေဆာင္နိုင္မယ့္ အေရးအသားေတြနဲ႔ ေယာင္းတို႔ေပ်ာ္ေစဖို႔ အၿမဲႀကိဳးစားေနသူပါ။

Leave a Reply

Your email address will not be published. Required fields are marked *