Knowledge
စိန်တန်ဖိုးကို အကဲခတ်နိုင်မယ့် အချက်(၅)ချက်
(၁) Carat (အလေးချိန်)
(၃) Colour (အရောင်အသွေး)
(၄) Clarity (အပြစ်အနာအဆာကင်းမကင်း)
  • Flawless(FL)
  • Very Very Slightly Inclued(grades VVS1 နှင့် VVS2)
  • Very Slightly Included(grade VS1 နှင့် VS2)
  • Slightly Included(grades SI1နှင့်SI2)
  • Included (I1,I2 နှင့် I3) ဆိုပြီးတော့လည်း ထပ်ခွဲထားပါသေးတယ်။
💎စိန်နဲ့ပတ်သက်ပြီး ဂျင်းထည့်မခံရစေဖို့ ဖတ်ကြည့်သင့်ပါတယ်နော်
💎မင်မင်တို့ မိန်းကလေးတော်တော်များများလည်း စိန်ကို တော်တော်သဘောကျကြပါတယ်။ ကျောက်မျက်ရတနာ ဆိုတာနဲ့ စိန်ကို တန်းမြင်ရလောက်အောင်ပါပဲ။ စိန်က ကြွယ်ဝအောင်မြင်ချမ်းသာခြင်းရဲ့သင်္ကေတဖြစ်သလို ချစ်ခြင်းမေတ္တာရဲ့ သင်္ကေတလည်းလို့ ပြောကြပါတယ်။ အဲဒီလို စိန်ကို တန်ဖိုးဖြတ်ဖို့အတွက် Carat , Cut , Colour ,Clarity နဲ့ Certification ဆိုတဲ့ 5C အချက်(၅)ချက်က အဓိကပါပဲ။
(၁) Carat (အလေးချိန်)
စိန်ရဲ့ကာရက် ဆိုတာကိုတော့ စိန်အလေးချိန်ရာမှာ အသုံးပြုပါတယ်။ နိုင်ငံတကာမှာတော့ ကာရက်နဲ့ points တွေအသုံးပြုကြပေမဲ့လည်း မြန်မာနိုင်ငံမှာကတော့ ရတီနဲ့အသုံးပြုကြပါတယ်။ (၁.၁)ရတီက (၁)ကာရက်နှင့်ညီမျှသလိုမျိုး (၁) ကာရက် ကလည်း (၁၀၀) points နဲ့ညီမျှပါတယ်။ (၁)ကာရက်ကတော့ ၂၀၀ miligrams (0.200 Gram ) နဲ့ ညီမျှပါတယ်။
(၂)Cut (လှီးဖြတ်တဲ့ပုံစံ)
စိန်တိုင်းတာမှုထဲက Cut ကိုတော့ ပုံစံနဲ့ cut ဆိုပြီး နှစ်မျိုးခွဲထားပါတယ်။ ပုံစံမှာဆိုရင်တော့ အဝိုင်းပုံစံ၊ ဘဲဥပုံစံ၊ သစ်တော်သီးပုံစံ၊ အသည်းပုံစံံ စတဲ့ ပုံစံလေးတွေနဲ့ ၈မျိုးလောက် ခွဲထားပါတယ်။ Cut ကတော့ အလှအပနဲ့ တန်ဖိုးအတွက်အရေးပါပါတယ်။ (Cut)  ဖြတ်ထားတဲ့ပုံစံမလှရင် တန်ဖိုးကျစေနိုင်ပါတယ်။
Related article>>>လက်စွပ်ဝတ်ဆင်ပုံတွေက ပြောပြနေတဲ့ ယောင်းတို့အကြောင်း
(၃) Colour (အရောင်အသွေး)
စိန်အရောင် ကိုတော့ ၅ မျိုးခွဲခြားနိုင်ပါတယ်။ အရောင်မရှိတဲ့ စိန်၊ အရောင်မရှိသလောက်နီးပါး စိန်၊ အရောင်မှိန်တဲ့စိန်၊ အလင်းအများကြီးရှိတဲ့စိန်၊ အလင်းရောင်ရှိတဲ့စိန်ဆိုပြီ း ခွဲခြားထားပါတယ်။
(၄) စိန်ရဲ့တန်ဖိုးကို တိုင်းတာတဲ့အခါ Clarity နဲ့ကြည့်ပြီး တိုင်းတာကြပါတယ်။ Clarity ကိုတိုင်းတာရာမှာ အပြစ်အနာအဆာတွေကြည့်ပြီးတိုင်းတာပါတယ်။ တိုင်းတာရာမှာတော့ –
  • Flawless(FL)
  • Internally Flawless(IF)
  • Very Very Slightly Inclued(grades VVS1 နှင့် VVS2)
  • Very Slightly Included(grade VS1 နှင့် VS2)
  • Slightly Included(grades SI1နှင့်SI2)
  • Included (I1,I2 နှင့် I3) ဆိုပြီးတော့လည်း ထပ်ခွဲထားပါသေးတယ်။
FL  နဲ့  IF ကတော့ လုံးဝ အပြစ်အနာအဆာ မရှိတာကိုပြောခြင်းဖြစ်ပြီး ဒီစိန်လေးတွေက အဆင့်အမြင့်ဆုံးလေးတွေဖြစ်ပါတယ်။ I2 နှင့် I3 ကတော့အဆင့်အနိမ့်ဆုံးဖြစ်ပါတယ်။
(၅) Certification (ပညာရှင်တွေရဲ့ အသိအမှတ်ပြုလက်မှတ်အထောက်အထား) 
စိန်ရဲ့Certification ကတော့ စိန်ရဲ့ပုံစံ၊ အလေးချိန်၊ ကြည်လင်ပြတ်သားမှု၊ အရောင်၊ တိုင်းတာထားမှု ဆိုတဲ့အခြေခံ အချက်အလက်တွေကို အသေးစိတ်ဖော်ပြထားပါတယ်။ ဒီအသိမှတ်ပြု စာရွက်လေးကတော့ စိန်ရဲ့တန်ဖိုးကို ဆုံးဖြတ်ရာမှာ အရမ်းအသုံးဝင်ပါတယ်။
Related article>>>ဈေးအကြီးဆုံး စိန်စေ့စပ်လက်စွပ်တွေကို ပိုင်ဆိုင်ထားတဲ့ ကမ္ဘာကျော် (၅) ဦး
ကဲ….ဒီလောက်ဆိုရင်တော့ စိန်တန်ဖိုးကို ဘယ်လိုအကဲဖြတ်တယ်ဆိုတာ တီးမိခေါက်မိသွားလောက်ပြီထင်ပါတယ်။ ယောင်းတို့ ဗဟုသုတ ရလိမ့်မယ်လို့ မျှော်လင့်ပါတယ်။
Phyu Thant ( For Her Myanmar)
Phyu Thant
Phyu Thant
Foodနဲ့ beauty နဲ့ပတ်သက်တာလေးတွေအဓိက စိတ်ဝင်စားအောင်ရေးပေးပါ့မယ်နော်။For Her Myanmar မှာ ယောင်းလေးတို့ မပျင်းရအောင်ရေးပေးပါ့မယ်။ 💕
Leave a Reply
Your email address will not be published. Required fields are marked *