ဖုန်းဝယ်တဲ့အခါ မဖြစ်မနေ စစ်ကြည့်သင့်တဲ့ အချက်(၄)ချက်
ဖုန်းဝယ်ပြီဆိုရင် ကင်မရာကောင်းမကောင်း ဆိုတာပဲ အက်ဒ်မင်တို့ အများစုက ကြည့်ဖြစ်ကြတယ်မလား.. ကင်မရာပဲကောင်းပြီး ကျန်တဲ့ Specification (အချက်) တွေ မကောင်းဘူးဆိုရင် ဖုန်း အသုံးပြုတဲ့အခါ အရမ်းစိတ်ပျက်ဖို့ ကောင်းနေမှာ သေချာပါတယ်နော်။ ဒီလိုဆို ဖုန်းဝယ်ရင် ဘာတွေကြည့်သင့်တာလဲဆိုတော့ –
RAM
Related Article>>>>Messenger auto reply နဲ့ Messenger ပိတ်နည်းလေး
CPU
Resolution
ROM
လွယ်လွယ်ကူကူလုပ်နိုင်ပါတယ်။
ဒါတွေကတော့ ယောင်းတို့ ဖုန်းဝယ်ဖို့ စဉ်းစားတဲ့အခါ ထည့်သွင်းစဉ်းစားသင့်တဲ့ အချက်တွေပေါ့နော်.. ပြီးတော့ ယောင်းတို့ သတိထားရအောင် နောက်ထပ် အရေးကြီးတဲ့ အချက်တစ်ချက် ရှိသေးတယ် ယောင်းတို့ရေ.. ဖုန်းမှာကပ်တွယ်နေတဲ့ ဘက်တီးရီးယားတွေက အိမ်သာမှာကပ်နေတဲ့ ဘက်တီးရီးယားတွေထက် ပိုပြီး များပါတယ်တဲ့လေ… ဒါလည်း သတိထားရမယ့် အချက်ပေါ့…
<<<Unicode>>>
ဖုန်းတစ်လုံးတန်ဖိုးကမနည်းဘူးဆိုတော့ အဝယ်မမှားရအောင် ဖတ်ကြည့်သင့်ပါတယ်နော်
မိုဘိုင်းဖုန်းတွေ အပြိုင်အဆိုင်ဝယ်ယူလာကြတဲ့ ခေတ်ကြီးထဲမှာ ဖုန်းကောင်းကောင်းတစ်လုံးပိုင်ဆိုင်နိုင်ဖို့ ဖုန်းအကြောင်း တီးမိခေါက်မိဖို့တော့ လိုအပ်ပါတယ်။ ဖုန်းဝယ်ပြီဆိုတာနဲ့ အနည်းလေး ပိုက်ဆံသိန်းဂဏန်းလောက်ရင်းလိုက်ရပြီဆိုတော့ ပေးရတာနဲ့တန်အောင် အဝယ်မမှားဖို့က အရမ်းအရေးကြီးပါတယ်။ ဒီတော့ ဖုန်းဝယ်တော့မယ်ဆိုရင် ဘာတွေစစ်ကြည့်ရမလဲဆိုတာကို ယောင်းတို့ဗဟုသုတရအောင် ဝေမျှပေးချင်တယ်။
ဖုန်းဝယ်ပြီဆိုရင် ကင်မရာကောင်းမကောင်း ဆိုတာပဲကြည့်ဖြစ်တယ်မလား။ ကင်မရာပဲကောင်းပြီး ကျန်တဲ့ Specification တွေမကောင်းဘူးဆိုရင် ဖုန်း အသုံးပြုတဲ့အခါ အရမ်းစိတ်ပျက်ဖို့ကောင်းနေမှာသေချာပါတယ်နော်။ ဖုန်းဝယ်ရင်ဘာတွေကြည့်သင့်လဲဆိုတော့ –
RAM
Random Access Memory (Ram)ဆိုတာ ဖုန်းတစ်လုံးရဲ့မှတ်ဉာဏ် တစ်ခုဖြစ်ပါတယ်။ Ram နည်းတဲ့ ဖုန်းတွေဆိုရင် application နှေးနေတာတွေ Game ဆော့လို့မရတာတွေဖြစ်တတ်ပါတယ်။
Related Article >>> Messenger auto reply နဲ့ Messenger ပိတ်နည်းလေး
CPU
CPU ရဲ့နာမည်အပြည့်အစုံလေးကတော့  Central Processing Unit ဖြစ်ပါတယ်။ CPU ကို ဖုန်းရဲ့ ဦးနှောက်လို့ပြောရင်လည်း မမှားပါဘူး။  command တွေအားလုံးကိုလက်ခံပေးပြီး စက္ကန့်တိုင်းမှာ ဘီလီလျံနဲ့ချီတဲ့တွက်ချက်မှုတွေကို ပြုလုပ်ပေးနေတာဖြစ်ပါတယ်။ ဖုန်းခေါ်ဆိုခြင်း၊ အင်တာနက်သုံးခြင်း၊ ဂိမ်းကစားခြင်း၊ ဓာတ်ပုံရိုက်ခြင်း စတဲ့စမတ်ဖုန်းမှာပါဝင်တဲ့လုပ်ဆောင်ချက်တွေအတွက် အရေးပါပြီး ဖုန်းအညွှန်းမှာတော့ ဖုန်းမှာသုံးထားတဲ့ CPU ကို Quad Core, Hexa Core, Octa Core စတဲ့အသုံးအနှုန်းတွေကို တွေ့ရမှာပါ။ Core အရေတွက်များလေ စွမ်းဆောင်ရည်ကောင်းလေပဲနော်။
Resolution
Resolution ဆိုတာ ဖုန်းမျက်နှာပြင်၊ရုပ်ပုံထွက်ကောင်းမွန်တာကိုပြောတာပါ။ သူကတော့ Resolution မြင့်လေ ဖုန်းရုပ်ထွက်ကောင်းမွန်လေဖြစ်ပါတယ်။
Related Article >>> Grammar ကို ကိုယ့်နည်းကိုယ့်ဟန်နဲ့ လေ့လာကြမယ်
ROM
Read Only Memory ဆိုတဲ့ Rom ကတော့ Data နဲ့ Information တွေကိုမှတ်သားသိမ်းဆည်းနိုင်တဲ့ Memory အမျိုးအစားထဲမှာပါဝင်ပြီးတော့ Non-Volatile လို့ခေါ်တဲ့ Secondary Memory ဖြစ်ပါတယ်။ ROM ထဲက ယောင်းလေးတို့ရဲ့ Data ကိုပြန်ဖျက် ပြန်ရေးနိုင်တာတွေအပြင် Firmware တွေ Upgrade နဲ့ Downgradeလွယ်ကူစွာ အသုံးပြုနိုင်ပါတယ်နော်။
တစ်ကမ္ဘာလုံးရဲ့ဖုန်းထုတ်လုပ်မှု ၇၀ရာခိုင်နှုန်းဟာ တရုတ်နိုင်ငံက ဖြစ်ပြီးတော့ကမ္ဘာ့လူဦးရေ ၈၀ရာခိုင်နှုန်းက  စမတ်ဖုန်းတွေပိုင်ဆိုင်ထားကြပါတယ်။ ယောင်းတို့ သတိထားရအောင်ပြောပြချင်တာက ဖုန်းမှာကပ်တွယ်နေတဲ့ ဘက်တီးရီးယားတွေက အိမ်သာမှာကပ်နေတဲ့ ဘက်တီးရီးယားတွေထက်ပိုပြီးများပြားနေတတ်ပါတယ်။
ကိုင်း.. ဒီအချက်လေးတွေကိုသုံးပြီး ဆရာကြီးလုပ် အဲလေ.. ဖုန်းရွေးချယ်မှု မှန်ကန်နိုင်ကြပါစေ ယောင်းတို့ရေ…
Reference Links : Qualcom, Techopedia
Phyu Thant (For Her Myanmar)
No Comments Yet
Comments are closed