ဆာရွိမိ (ငါးအသားလႊာ)ကို လတ္၊မလတ္ ခြဲျခားႏိုင္မယ့္ အခ်က္ (၄) ခ်က္

စားမယ့္စားေတာ့ လတ္လတ္ဆတ္ဆတ္ေလးေတြ ေရြးစားလို႔ ရေအာင္ေပါ့.. 

ဆာရွိမိ ဆိုတာက ပင္လယ္စာအစိမ္းကိုမွ တစ္ကိုက္စာအရြယ္ေလးေတြ ျဖတ္ထားၿပီး ပဲငံျပာရည္နဲ႔ တြဲဖက္စားသံုးတဲ့ ဂ်ပန္အစားအေသာက္တစ္မ်ိဳးပါ။ ဆူရွီေပၚက ပင္လယ္စာ အစိမ္းေတြ ဟုတ္ဘူးေနာ္… ပင္လယ္စာရဲ႕ မူရင္းအရသာကို သဘာဝအတိုင္း ခံစားႏုိင္ေအာင္လို႔ အစိမ္းသက္သက္ကိုမွ Soy Sauce (ပဲငံျပာရည္) နဲ႔ ဝါဆာဘိတို႔နဲ႔ အတူတူတြဲစားရတာမ်ိဳးပါ။ လတ္လတ္ဆတ္ဆတ္ ငါးကို ပါးပါးလႊာေတာ့မွသာ အရသာေကာင္းတဲ့ ဆာရွိမိ ရတာေလး တစ္ကြက္ေတာ့ ရွိတာေပါ့…

ကိုယ္ေတြ ႏုိင္ငံမွာ ဂ်ပန္ဆိုင္ေတြ မ်ားၿပီး ဆူရွီကိုလည္း ႀကိဳက္တဲ့သူေတြ ေပါေပမဲ့ ဆာရွိမိက်ေတာ့ သိပ္ကီးမကိုက္ဘူးလို႔ ေျပာလို႔ရပါတယ္။ ဘာလို႔လဲဆိုေတာ့ ဆာရွိမိဆိုတာက ပင္လယ္စာ အစိမ္းဆိုေတာ့ ပါးစပ္ထဲထည့္ဖို႔ သိပ္မဝံ့ရဲတာမ်ိဳး ျဖစ္တတ္ၾကတယ္ေလ… ဒါေပမဲ့ ႀကိဳက္တဲ့သူေတြကလည္း ႀကိဳက္ေနၾကဆဲပါပဲေနာ္.. တူနာ၊ ဆယ္လ္မြန္၊ ေရဘဝဲ၊ ငါးပါးနီ၊ မက္ကရယ္၊ ပင္လယ္ကကတစ္ စသျဖင့္ ဆာရွိမိ အမ်ိဳးမ်ိဳး ရွိၿပီး ဆယ္လ္မြန္ကိုေတာ့ လူႀကိဳက္မ်ားပါတယ္။

ဒါေပမဲ့ ဘယ္ ဆာရွိမိမဆို လတ္ဆတ္ေနမွ အရသာ ရွိၿပီး က်န္းမာေရးနဲ႔ ညီညြတ္မွာေပါ့.. ဟုတ္? ဒါဆို ဆာရွိမိကို လတ္မလတ္ ဘယ္လို ခြဲၾကမလဲ?

Related Article >>> ဂ်ပန္ေတြေျပာတဲ့ ဆူရွီစားနည္း အစစ္အမွန္

၁။ အနံ႔ကို ဂရုျပဳပါ။ 

ဆာရွိမိကေန ပင္လယ္နံ႔ ရလား တစ္ခ်က္သတိထားၾကည့္ပါ။ တခ်ိဳ႕ကလည္း အနံ႔ မရွိဘူးလို႔ ဆိုၾကပါတယ္။ ဆာရွိမိကို တူနဲ႔ယူၿပီး ပါးစပ္နား ေတ့ၾကည့္တဲ့အခါ ငါးနံ႔ ဒါမွမဟုတ္ အငန္နံ႔ ရေနတယ္ဆိုရင္ ဒါက ပံုမွန္ပါပဲ။ ဒီလိုမွ မဟုတ္ဘဲ ဆာရွိမိ ပန္းကန္ေရွ႕ ငုတ္တုတ္ထိုင္ေနတုန္း အနံ႕က ႏွာေခါင္းဝဆီ အလိုလိုတက္လာရင္ေတာ့ ဒါဟာ မလတ္ဆတ္ဘူးဆိုတဲ့ သက္ေသပါပဲ။

၂။ လတ္၊မလတ္ကို ရုပ္ထြက္နဲ႔ ခြဲၾကည့္ပါ။ 

ဆာရွိမိကို ေသခ်ာစိုက္ၾကည့္တဲ့အခါ ငါးရဲ႕ အေၾကာေလးေတြကို အေသးစိပ္ေပၚေနတယ္ဆိုရင္ လတ္ဆတ္မႈကို တုိင္းတာလို႔ ရပါတယ္။

Related Article >>> ဂ်ပန္လူမ်ိဳးေတြနဲ႔ ဆက္ဆံတဲ့အခါ မသိမျဖစ္ သိထားရမယ့္ ဂ်ပန္​ထမင္​းစားဝိုင္​းက ယဥ္​​ေက်းမႈမ်ား

၃။ အေရာင္ကို ၾကည့္ပါ။

လတ္ဆတ္တဲ့ ငါးကို ဆာရွိမိ လုပ္တဲ့အခါ အၾကည္ေရာင္ ေတာက္ေနတတ္ပါတယ္။ ႏို႔ႏွစ္ေရာင္ အခၽြဲေတြ ပါေနတယ္ဆိုရင္ေတာ့ ဒီငါးဟာ မလတ္လို႔ပါပဲ။ ေနာက္ၿပီး ဆယ္လ္မြန္ငါးမွာဆို ေမြးျမဴေရးနဲ႔ သဘာဝ ဆယ္လ္မြန္ေတြၾကားမွာ အေရာင္ကြာပါေသးတယ္။ သဘာဝ ဆယ္လ္မြန္ငါးက အနီေၾကာ ပိုမ်ားၿပီး က်န္းမာေရးအတြက္ ပိုၿပီး ေကာင္းမြန္ပါတယ္ ေယာင္းတို႔ေရ.. တျခားငါးေတြအတြက္ကေတာ့ အေရာင္က မမႈိင္းေနသေရြ႕ လတ္ဆတ္တယ္လို႔ ဆုိလို႔ ရႏုိင္ပါတယ္။

၄။ ပံုစံ ပ်က္၊ မပ်က္ ၾကည့္ပါ။

ဆာရွိမိကို စားေတာ့မယ္ဆိုရင္ ငါးအသားကို အရင္ဆံုး လက္နဲ႔ ထိုးၾကည့္ပါ။ ပံုမွန္ အေနအထားအတိုင္း ပံုမပ်က္ ျပန္ရတယ္ဆိုရင္ လတ္ဆတ္တယ္ ေျပာလို႔ ရပါတယ္။ လတ္ဆတ္တဲ့ ဆာရွိမိကို တူနဲ႔ ကိုင္တဲ့အခါ အဆင္ေျပေျပ ကိုင္လို႔ရၿပီး ပဲ့သြားတာမ်ိဳး မရွိပါဘူး။

အေပၚမွာ ေျပာခဲ့တဲ့ အခ်က္ေတြအျပင္ ဆာရွိမိမွာ ေနာက္ထပ္ အေေရးႀကီးတဲ့ အခ်က္တစ္ခ်က္ ရွိပါေသးတယ္။ ဒါကေတာ့ စားဖိုမွဴးက ငါးကို ဘယ္လို ကိုင္တြယ္တယ္ဆိုတာပါပဲ။ သူ႕ရဲ႕ ကိုင္တြယ္မႈအေပၚ မူတည္ၿပီး ဆာရွိမိရဲ႕ အရည္အေသြးက ေျပာင္းသြားႏုိင္ပါတယ္။

References : matcha,world of buzz

With love

Ei Mon (For Her Myanmar)

<<< Unicode >>>

စားမယ့်စားတော့ လတ်လတ်ဆတ်ဆတ်လေးတွေ ရွေးစားလို့ ရအောင်ပေါ့.. 

ဆာရှိမိ ဆိုတာက ပင်လယ်စာအစိမ်းကိုမှ တစ်ကိုက်စာအရွယ်လေးတွေ ဖြတ်ထားပြီး ပဲငံပြာရည်နဲ့ တွဲဖက်စားသုံးတဲ့ ဂျပန်အစားအသောက်တစ်မျိုးပါ။ ဆူရှီပေါ်က ပင်လယ်စာ အစိမ်းတွေ ဟုတ်ဘူးနော်… ပင်လယ်စာရဲ့ မူရင်းအရသာကို သဘာဝအတိုင်း ခံစားနိုင်အောင်လို့ အစိမ်းသက်သက်ကိုမှ Soy Sauce (ပဲငံပြာရည်) နဲ့ ဝါဆာဘိတို့နဲ့ အတူတူတွဲစားရတာမျိုးပါ။ လတ်လတ်ဆတ်ဆတ် ငါးကို ပါးပါးလွှာတော့မှသာ အရသာကောင်းတဲ့ ဆာရှိမိ ရတာလေး တစ်ကွက်တော့ ရှိတာပေါ့…

ကိုယ်တွေ နိုင်ငံမှာ ဂျပန်ဆိုင်တွေ များပြီး ဆူရှီကိုလည်း ကြိုက်တဲ့သူတွေ ပေါပေမဲ့ ဆာရှိမိကျတော့ သိပ်ကီးမကိုက်ဘူးလို့ ပြောလို့ရပါတယ်။ ဘာလို့လဲဆိုတော့ ဆာရှိမိဆိုတာက ပင်လယ်စာ အစိမ်းဆိုတော့ ပါးစပ်ထဲထည့်ဖို့ သိပ်မဝံ့ရဲတာမျိုး ဖြစ်တတ်ကြတယ်လေ… ဒါပေမဲ့ ကြိုက်တဲ့သူတွေကလည်း ကြိုက်နေကြဆဲပါပဲနော်.. တူနာ၊ ဆယ်လ်မွန်၊ ရေဘဝဲ၊ ငါးပါးနီ၊ မက်ကရယ်၊ ပင်လယ်ကကတစ် စသဖြင့် ဆာရှိမိ အမျိုးမျိုး ရှိပြီး ဆယ်လ်မွန်ကိုတော့ လူကြိုက်များပါတယ်။

ဒါပေမဲ့ ဘယ် ဆာရှိမိမဆို လတ်ဆတ်နေမှ အရသာ ရှိပြီး ကျန်းမာရေးနဲ့ ညီညွတ်မှာပေါ့.. ဟုတ်? ဒါဆို ဆာရှိမိကို လတ်မလတ် ဘယ်လို ခွဲကြမလဲ?

Related Article >>> ဂျပန်တွေပြောတဲ့ ဆူရှီစားနည်း အစစ်အမှန်

၁။ အနံ့ကို ဂရုပြုပါ။ 

ဆာရှိမိကနေ ပင်လယ်နံ့ ရလား တစ်ချက်သတိထားကြည့်ပါ။ တချို့ကလည်း အနံ့ မရှိဘူးလို့ ဆိုကြပါတယ်။ ဆာရှိမိကို တူနဲ့ယူပြီး ပါးစပ်နား တေ့ကြည့်တဲ့အခါ ငါးနံ့ ဒါမှမဟုတ် အငန်နံ့ ရနေတယ်ဆိုရင် ဒါက ပုံမှန်ပါပဲ။ ဒီလိုမှ မဟုတ်ဘဲ ဆာရှိမိ ပန်းကန်ရှေ့ ငုတ်တုတ်ထိုင်နေတုန်း အနံ့က နှာခေါင်းဝဆီ အလိုလိုတက်လာရင်တော့ ဒါဟာ မလတ်ဆတ်ဘူးဆိုတဲ့ သက်သေပါပဲ။

၂။ လတ်၊မလတ်ကို ရုပ်ထွက်နဲ့ ခွဲကြည့်ပါ။ 

ဆာရှိမိကို သေချာစိုက်ကြည့်တဲ့အခါ ငါးရဲ့ အကြောလေးတွေကို အသေးစိပ်ပေါ်နေတယ်ဆိုရင် လတ်ဆတ်မှုကို တိုင်းတာလို့ ရပါတယ်။

Related Article >>> ဂျပန်လူမျိုးတွေနဲ့ ဆက်ဆံတဲ့အခါ မသိမဖြစ် သိထားရမယ့် ဂျပန်ထမင်းစားဝိုင်းက ယဉ်ကျေးမှုများ

၃။ အရောင်ကို ကြည့်ပါ။

လတ်ဆတ်တဲ့ ငါးကို ဆာရှိမိ လုပ်တဲ့အခါ အကြည်ရောင် တောက်နေတတ်ပါတယ်။ နို့နှစ်ရောင် အချွဲတွေ ပါနေတယ်ဆိုရင်တော့ ဒီငါးဟာ မလတ်လို့ပါပဲ။ နောက်ပြီး ဆယ်လ်မွန်ငါးမှာဆို မွေးမြူရေးနဲ့ သဘာဝ ဆယ်လ်မွန်တွေကြားမှာ အရောင်ကွာပါသေးတယ်။ သဘာဝ ဆယ်လ်မွန်ငါးက အနီကြော ပိုများပြီး ကျန်းမာရေးအတွက် ပိုပြီး ကောင်းမွန်ပါတယ် ယောင်းတို့ရေ.. တခြားငါးတွေအတွက်ကတော့ အရောင်က မမှိုင်းနေသရွေ့ လတ်ဆတ်တယ်လို့ ဆိုလို့ ရနိုင်ပါတယ်။

၄။ ပုံစံ ပျက်၊ မပျက် ကြည့်ပါ။

ဆာရှိမိကို စားတော့မယ်ဆိုရင် ငါးအသားကို အရင်ဆုံး လက်နဲ့ ထိုးကြည့်ပါ။ ပုံမှန် အနေအထားအတိုင်း ပုံမပျက် ပြန်ရတယ်ဆိုရင် လတ်ဆတ်တယ် ပြောလို့ ရပါတယ်။ လတ်ဆတ်တဲ့ ဆာရှိမိကို တူနဲ့ ကိုင်တဲ့အခါ အဆင်ပြေပြေ ကိုင်လို့ရပြီး ပဲ့သွားတာမျိုး မရှိပါဘူး။

အပေါ်မှာ ပြောခဲ့တဲ့ အချက်တွေအပြင် ဆာရှိမိမှာ နောက်ထပ် အေရေးကြီးတဲ့ အချက်တစ်ချက် ရှိပါသေးတယ်။ ဒါကတော့ စားဖိုမှူးက ငါးကို ဘယ်လို ကိုင်တွယ်တယ်ဆိုတာပါပဲ။ သူ့ရဲ့ ကိုင်တွယ်မှုအပေါ် မူတည်ပြီး ဆာရှိမိရဲ့ အရည်အသွေးက ပြောင်းသွားနိုင်ပါတယ်။

References : matcha,world of buzz

With love

Ei Mon (For Her Myanmar)

No Comments Yet

Comments are closed