ဒီအခ်က္ (၄)ခ်က္ကို သူနာျပဳဆရာမေလးေတြသာ နားလည္ႏုိင္မွာပါ။

မင္မင္ ထင္မွတ္မထားတာေတြ မ်ားတာပဲ

ေယာင္းတို႔ေရ… သူနာျပဳေတြဆိုတာ လူ႔ေဘာင္အဖြဲ႔အစည္းအတြက္ မရွိမျဖစ္လိုအပ္တဲ့ အသိုက္အဝန္းတစ္ခုျဖစ္သလုိ ေဆးပညာေလာက ၿပီးျပည့္စုံေစႏိုင္ဖို႔ မရွိမျဖစ္ ပါဝင္အားျဖည့္ေနရသူေတြလည္း ျဖစ္ပါတယ္။ တစ္စုံတစ္ေယာက္ ေနမေကာင္းလို႔ ေဆးရုံသြားရတယ္ဆိုပါစို႔… ကိုယ္ဘယ္လို ေနရ၊ ထိုင္ရမယ္၊ ဘာေတြကို ေရွာင္ရမယ္ဆိုတာကစ သူနာျပဳေလးေတြရဲ႕ က်န္းမာေရးေစာင့္ေရွာက္မႈေတြ နည္းျပလမ္းညႊန္မႈေတြ မရွိမျဖစ္လိုအပ္တာမို႔ လူနာေတြနဲ႔ အနီးစပ္ဆုံးက သူနာျပဳေတြလို႔ ဆိုရင္မမွားပါဘူးေနာ္… ဒီေတာ့ မင္မင္ကေန ေယာင္းတို႔ကို အနီးကပ္ျပဳစုေစာင့္ေရွာက္ေပးေနရတဲ့ သူနာျပဳေလးေတြသာ နားလည္ႏိုင္မယ့္ အရာေတြကို ေယာင္းတို႔အတြက္ပါ မွ်ေဝေပးလိုက္ပါတယ္။

ဘဝက က်ိဳးပ်က္လြယ္တယ္ဆိုတာကို အရွိအတိုင္း လက္ခံထားၾကပါတယ္။ 

ေယာင္းတို႔ရဲ႕ သူနာျပဳဆရာမေလးေတြက ေန႔စဥ္နဲ႔အမွ် အို၊နာ၊ေသ ဒုကၡေတြကို အခ်ိန္နဲ႔အမွ် ေတြ႕ၾကံဳေနရတာ ျဖစ္လို႔ ဘဝေနဝင္ခ်ိန္အတြက္ သံေဝဂတရားဆိုတာ အေထြအထူး ရွာေနစရာကို မလိုေတာ့တာပါ…. ေန႔ျမင္ညေပ်ာက္နဲ႔ အသက္အရြယ္မေရြး ေသျခင္းတရားနဲ႔ ၾကံဳေနရာတာေတြကို မ်က္ျမင္ေတြ႕ၾကံဳေနရတာမို႔ ဘဝဆိုတာ က်ိဳးပ်က္လြယ္လို႔ သူတို႔လက္ခံထားၿပီးသား ျဖစ္ပါတယ္။

Related Article >>> အေဆာင္ေနသူေတြသာ နားလည္ႏိုင္မယ့္အရာ(၇)ခု

အဝတ္မဲ့ခႏၶာကိုယ္က အဆန္းတၾကယ္ မဟုတ္ေတာ့ပါဘူး။ 

မင္မင္တို႔ ေယာင္းတို႔ဆိုရင္ အဝတ္ဗလာနဲ႔ ကိုယ္ခႏၶာမ်ားေတြ႕ၾကံဳလိုက္ရရင္ ရွက္ရြံ႕စရာတစ္ခုလို ျဖစ္ေနေပမဲ့ သူနာျပဳေတြအတြက္ကေတာ့ သူနာျပဳပညာကို စတင္သင္ယူခ်ိန္ကစၿပီး ဒီလိုကိုယ္ခႏၶာေတြကို ေဆးပညာအျမင္နဲ႔သာ ရႈျမင္သလို မထူႏိုင္မထႏိုင္တဲ့ နာမက်န္းသူေတြကိုလည္း က်န္းမာေရးေစာင့္ေရွာက္ေပးေနရတာမို႔ သူတို႔အတြက္ ဒီလုိခႏၶာကိုယ္က လုံးဝကို မဆန္းၾကယ္ေတာ့ပါဘူးေယာင္းေရ…

ေပါ့ပါးၿပီး သက္ေတာင့္သက္သာျဖစ္တဲ့ ဖိနပ္ေတြကိုပဲ ႀကိဳက္ႏွစ္သက္ၾကတယ္။

သူနာျပဳေတြက ရွည္လ်ားတဲ့ဂ်ဴတီခ်ိန္ေတြကို မရပ္မနားထမ္းေဆာင္ရသလို အေရးေပၚအေျခအေနမ်ိဳးေတြဆိုရင္လည္း ခုဆိုခု ခ်က္ခ်င္း အေျပးအလႊားတာဝန္ထမ္းေဆာင္ရေတာ့ ေပါ့ပါးၿပီး သက္ေတာင့္သက္သာျဖစ္ေစတဲ့ ဖိနပ္တန္ဖိုးကို ပိုၿပီးနားလည္ၾကသလို အလုပ္ခ်ိန္ျပင္ပမွာလည္း ဒီလိုဖိနပ္မ်ိဳးေတြသာ ဝတ္ဆင္ဖို႔ ပိုၿပီးအားသန္လာၾကပါတယ္တဲ့။

Related Article >>> ဂိုက္ဆရာမေလးေတြ ရင္ဆိုင္ရတဲ့အခက္အခဲ(၅)ခ်က္

အေကာင္းျမင္တဲ့စိတ္ ပိုမ်ားတယ္

သူနာျပဳေတြဟာ နာမက်န္းျဖစ္တဲ့ လူနာေတြနဲ႔ နိစၥဓူဝ ထိေတြ႕ဆက္ဆံေနရေတာ့ ေဝဒနာဒဏ္ေတြေၾကာင့္ စိတ္မၾကည္လင္ျဖစ္ေနတဲ့ လူနာေတြအေၾကာင္းဆုိတာလည္း ေနာေၾကေနတာေပါ့… ဘယ္လိုေျပာေျပာ၊ ဘယ္လုိဆိုဆို သူတို႔ခံစားခ်က္ေတြကို နားလည္ေပးၿပီး ကိုယ့္ဘက္က သည္းခံရတာကို က်င့္သားရလာရင္းကေန အရာရာကို အေကာင္းပိုျမင္တတ္လာၾကပါေသးတယ္တဲ့ ေယာင္းတို႔ေရ..

ကဲ… ဒီေလာက္ဆိုရင္ေတာ့ ေယာင္းတို႔နဲ႔အနီးကပ္ဆုံးမွာ ရွိေနတဲ့ သူနာျပဳေလးေတြသာ နားလည္ႏိုင္မယ့္အရာေတြကို အနည္းအက်ဥ္းေတာ့ တီးေခါက္မိသြားေလာက္ၿပီ ထင္ပါတယ္။ တကယ္ေတာ့ မင္မင္တို႔ ေရးထားတယ္ဆိုတာ အေပၚယံပဲ ရွိေသးတာေလေနာ္… တျခားအေၾကာင္းအရာေတြဆိုတာလည္း အမ်ားႀကီး ရွိႏုိင္ေသးတာမို႔ ေယာင္းတို႔ သိနားလည္ထားတဲ့ သူနာျပဳဆရာမေလးေတြအေၾကာင္းလည္း မင္မင္တို႔ကို မွ်ေဝေပးသြားပါဦးလို႔…

ခ်စ္ရတဲ့မင္မင္

DiDi ( For Her Myanmar )

<<< Unicode >>>

မင်မင် ထင်မှတ်မထားတာတွေ များတာပဲ

ယောင်းတို့ရေ… သူနာပြုတွေဆိုတာ လူ့ဘောင်အဖွဲ့အစည်းအတွက် မရှိမဖြစ်လိုအပ်တဲ့ အသိုက်အဝန်းတစ်ခုဖြစ်သလို ဆေးပညာလောက ပြီးပြည့်စုံစေနိုင်ဖို့ မရှိမဖြစ် ပါဝင်အားဖြည့်နေရသူတွေလည်း ဖြစ်ပါတယ်။ တစ်စုံတစ်ယောက် နေမကောင်းလို့ ဆေးရုံသွားရတယ်ဆိုပါစို့… ကိုယ်ဘယ်လို နေရ၊ ထိုင်ရမယ်၊ ဘာတွေကို ရှောင်ရမယ်ဆိုတာကစ သူနာပြုလေးတွေရဲ့ ကျန်းမာရေးစောင့်ရှောက်မှုတွေ နည်းပြလမ်းညွှန်မှုတွေ မရှိမဖြစ်လိုအပ်တာမို့ လူနာတွေနဲ့ အနီးစပ်ဆုံးက သူနာပြုတွေလို့ ဆိုရင်မမှားပါဘူးနော်… ဒီတော့ မင်မင်ကနေ ယောင်းတို့ကို အနီးကပ်ပြုစုစောင့်ရှောက်ပေးနေရတဲ့ သူနာပြုလေးတွေသာ နားလည်နိုင်မယ့် အရာတွေကို ယောင်းတို့အတွက်ပါ မျှဝေပေးလိုက်ပါတယ်။

ဘဝက ကျိုးပျက်လွယ်တယ်ဆိုတာကို အရှိအတိုင်း လက်ခံထားကြပါတယ်။ 

ယောင်းတို့ရဲ့ သူနာပြုဆရာမလေးတွေက နေ့စဉ်နဲ့အမျှ အို၊နာ၊သေ ဒုက္ခတွေကို အချိန်နဲ့အမျှ တွေ့ကြုံနေရတာ ဖြစ်လို့ ဘဝနေဝင်ချိန်အတွက် သံဝေဂတရားဆိုတာ အထွေအထူး ရှာနေစရာကို မလိုတော့တာပါ…. နေ့မြင်ညပျောက်နဲ့ အသက်အရွယ်မရွေး သေခြင်းတရားနဲ့ ကြုံနေရာတာတွေကို မျက်မြင်တွေ့ကြုံနေရတာမို့ ဘဝဆိုတာ ကျိုးပျက်လွယ်လို့ သူတို့လက်ခံထားပြီးသား ဖြစ်ပါတယ်။

Related Article >>> အဆောင်နေသူတွေသာ နားလည်နိုင်မယ့်အရာ(၇)ခု

အဝတ်မဲ့ခန္ဓာကိုယ်က အဆန်းတကြယ် မဟုတ်တော့ပါဘူး။ 

မင်မင်တို့ ယောင်းတို့ဆိုရင် အဝတ်ဗလာနဲ့ ကိုယ်ခန္ဓာများတွေ့ကြုံလိုက်ရရင် ရှက်ရွံ့စရာတစ်ခုလို ဖြစ်နေပေမဲ့ သူနာပြုတွေအတွက်ကတော့ သူနာပြုပညာကို စတင်သင်ယူချိန်ကစပြီး ဒီလိုကိုယ်ခန္ဓာတွေကို ဆေးပညာအမြင်နဲ့သာ ရှုမြင်သလို မထူနိုင်မထနိုင်တဲ့ နာမကျန်းသူတွေကိုလည်း ကျန်းမာရေးစောင့်ရှောက်ပေးနေရတာမို့ သူတို့အတွက် ဒီလိုခန္ဓာကိုယ်က လုံးဝကို မဆန်းကြယ်တော့ပါဘူးယောင်းရေ…

ပေါ့ပါးပြီး သက်တောင့်သက်သာဖြစ်တဲ့ ဖိနပ်တွေကိုပဲ ကြိုက်နှစ်သက်ကြတယ်။

သူနာပြုတွေက ရှည်လျားတဲ့ဂျူတီချိန်တွေကို မရပ်မနားထမ်းဆောင်ရသလို အရေးပေါ်အခြေအနေမျိုးတွေဆိုရင်လည်း ခုဆိုခု ချက်ချင်း အပြေးအလွှားတာဝန်ထမ်းဆောင်ရတော့ ပေါ့ပါးပြီး သက်တောင့်သက်သာဖြစ်စေတဲ့ ဖိနပ်တန်ဖိုးကို ပိုပြီးနားလည်ကြသလို အလုပ်ချိန်ပြင်ပမှာလည်း ဒီလိုဖိနပ်မျိုးတွေသာ ဝတ်ဆင်ဖို့ ပိုပြီးအားသန်လာကြပါတယ်တဲ့။

Related Article >>> ဂိုက်ဆရာမလေးတွေ ရင်ဆိုင်ရတဲ့အခက်အခဲ(၅)ချက်

အကောင်းမြင်တဲ့စိတ် ပိုများတယ်

သူနာပြုတွေဟာ နာမကျန်းဖြစ်တဲ့ လူနာတွေနဲ့ နိစ္စဓူဝ ထိတွေ့ဆက်ဆံနေရတော့ ဝေဒနာဒဏ်တွေကြောင့် စိတ်မကြည်လင်ဖြစ်နေတဲ့ လူနာတွေအကြောင်းဆိုတာလည်း နောကြေနေတာပေါ့… ဘယ်လိုပြောပြော၊ ဘယ်လိုဆိုဆို သူတို့ခံစားချက်တွေကို နားလည်ပေးပြီး ကိုယ့်ဘက်က သည်းခံရတာကို ကျင့်သားရလာရင်းကနေ အရာရာကို အကောင်းပိုမြင်တတ်လာကြပါသေးတယ်တဲ့ ယောင်းတို့ရေ..

ကဲ… ဒီလောက်ဆိုရင်တော့ ယောင်းတို့နဲ့အနီးကပ်ဆုံးမှာ ရှိနေတဲ့ သူနာပြုလေးတွေသာ နားလည်နိုင်မယ့်အရာတွေကို အနည်းအကျဉ်းတော့ တီးခေါက်မိသွားလောက်ပြီ ထင်ပါတယ်။ တကယ်တော့ မင်မင်တို့ ရေးထားတယ်ဆိုတာ အပေါ်ယံပဲ ရှိသေးတာလေနော်… တခြားအကြောင်းအရာတွေဆိုတာလည်း အများကြီး ရှိနိုင်သေးတာမို့ ယောင်းတို့ သိနားလည်ထားတဲ့ သူနာပြုဆရာမလေးတွေအကြောင်းလည်း မင်မင်တို့ကို မျှဝေပေးသွားပါဦးလို့…

ချစ်ရတဲ့မင်မင်

DiDi ( For Her Myanmar )

 

No Comments Yet

Comments are closed