ယောင်းတို့ ခွေးလေးတွေကို ပိုမိုနားလည်နိုင်စေမယ့် အချက် (၃) ချက်

ပိုနားလည်နိုင်လာလေ သည်းသည်းလှုပ်ချစ်လာလေ ဖြစ်မှာ မြင်ယောင်ပါသေးတယ်

ကာတွန်းထဲမှာလို တိရ စ္ဆာန်လေးတွေ စကားပြောတတ်ရင် ဘယ်လောက်များ ကောင်းလိုက်မလဲနော်။ သူတို့လေးတွေနဲ့သာ အပြန်အလှန်ပြောလို့ရလို့ကတော့ သူငယ်ချင်း ကောက်ရလိုက်သလို တကကယ် ပျော်မိမှာ..ဒါလည်းစိတ်ကူးသက်သက်ပါပဲလေ..မင်မင်ကတော့ မဖြစ်နိုင်တာကို စိတ်ကူးမယဉ်တော့ဘဲ မင်မင်ချစ်တဲ့ ခွေးလေးတွေအကြောင်းကို ပိုနားလည်လာအောင်ပဲ ကြိုးစားဖြစ်တော့တယ်…နှုတ်နဲ့မပြောနိုင်ပေမဲ့ အပြုအမူတွေ အမူအရာတွေကဆင့် စကားပြောလို့ရတာပေါ့…ခွေးလေးတွေကို ပိုနားလည်လာနိုင်အောင် ဘယ်လိုလုပ်ရမလဲဆိုတော့…

Related Article >>> ပန်းချီကားတစ်ချပ်ရောင်းဈေး ဒေါ်လာထောင်ချီရနေတဲ့ ပန်းချီဆရာဝက်မလေး

ပထမ တစ်ခုက သူတို့ရဲ့ ဘာသာဗေဒကို နားလည်အောင် ကြိုးစားကြည့်ပါ။

 ဥပမာ – ခွေးလေးက ကိုယ့်ဆီ တစ်ဖြောင့်တည်း လျှောက်လာပြီဆိုရင် ဒါက ရန်လိုတဲ့ သဘော ၊ ဒီလိုမှ မဟုတ်ဘဲ မြွေလိမ်မြွေကောက် လာတယ်ဆိုရင် ဒါက ခင်မင်မှုကို ပြတာပါ။

နောက်ပြီး သူရပ်နေတဲ့ နေရာကို သတိထားသင့်ပါတယ်။ အပြင်ထွက်ချင်ပြီဆိုရင် တံခါးဘေးနားရပ်ပြီး အချက်ပေးတာမျိုး ဒါမှမဟုတ် အစာခွက်နားမှာ ရပ်နေတယ်ဆိုရင် ဒါက သူ ဗိုက်ဆာနေပြီ ဆိုတာ ပြတာပေါ့။

ခွေးဟောင်တယ် ဆိုတာကလည်း တစ်နည်းပြောရရင် စကားပြောတာပါပဲ။ တစ်ချက်ဟောင်လိုက် နားလိုက်နဲ့ နားနားပြီး ဟောင်တယ်ဆိုရင် ဒါက သူပျင်းနေပြီ …သခင်ရေ သူနဲ့ လာဆော့ပါပေါ့။

ဒီလိုမှ မဟုတ်ဘဲ အဆက်မပြတ် ကမန်းကတန်း ဟောင်နေပြီ ဆိုရင်တော့ အန္တရာယ်ကို အချက်ပေးတာပါ။

နာကျင်လို့ရှိရင်လည်း သူတို့က အဆက်မပြတ် ဟောင်သံပေးတတ်ကြပါသေးတယ်။

ဒုတိယအချက် အနေနဲ့က ခွေးရဲ့ မျက်လုံး၊ နားရွက်နဲ့ အမြီးကို သတိထားကြည့်ရပါမယ်။

မျက်လုံးမှာက  သူတို့ပြောချင်တဲ့ ခံစားချက်တွေ ပေါ်နေတတ်ပါတယ်။ သူတို့ စိတ်သက်တောင့်သက်သာ ရှိနေရင် မျက်လုံးက ပုံမှန်အရွယ်အစားပဲ။

ဒါပေမဲ့ နေမထိ ထိုင်မထိ ဖြစ်လာပြီ ဆိုရင်တော့ မျက်လုံးက ပုံမှန်ထက် ပိုကြီးသွားတယ်လို့ ထင်ရပါတယ်။

နားရွက်ကုပ်နေရင် နေမကောင်းတာ ၊ ခေါ်သံကြားရင် နားရွက်ထောင်ပြီး ပြေးတာ ၊ ရန်သူတွေ့ရင် နားရွက်ထောင်ပြီး လိုက်တိုက်ခိုက်တာ စသဖြင့်ပေါ့။

ခွေးအမြီးကလည်း နားရွက်နဲ့ အချက်ပြတာချင်း တူတူပဲ။ စိတ်လှုပ်ရှားပြီဆိုရင် အမြီးထောင်သွားပြီး နေမကောင်းတာတို့ ကြောက်တာတို့ဆိုရင် အမြီးကုပ်သွားတတ်ပါတယ်။

Related Article >>> နိပွန်မြေသို့ အလည်တစ်ခေါက် (အပိုင်း -၁)

တတိယအချက်ကတော့ ခွေးတွေရဲ့ အဖျက်သဘောကို နားလည်ထားရပါမယ်။

ခွေးသားပေါက်လေး မွေးထားရင် ဆိုးတာတစ်ခုက ဖိနပ်တွေ ချီပြီး ကိုက်တတ်တာပါပဲ။ သွားပေါက်တဲ့ အရွယ်ဆိုတော့ တွေ့သမျှ ကိုက်ချင်တာ သစ်ရွက်တောင် ချမ်းသာမပေးတော့ဘူး။ တချို့ အိမ်မွေးခွေးတွေ ကျတော့ သခင်ရဲ့ ဂရုစိုက်မှု လိုချင်လို့ သခင်တန်ဖိုးထားတဲ့ ပစ္စည်းကို ဖွက်တာတို့  ၊ ယူဆော့တာတို့ လုပ်တတ်ကြတယ်။ ဒီလိုမျိုးဆိုရင် ရုတ်တရက် အိမ်ရှင်အနေနဲ့ ဒေါသထွက်မှာပဲလေ။ ဒါပေမဲ့ ဒီလိုလုပ်တယ်ဆိုတာက ကစားစရာ လိုချင်လို့ ၊ နောက်တစ်ချက်က ကိုယ့်ဆီက အာရုံစိုက်မှု ခံချင်လို့ပါပဲ။

ဒီအချက်လေးတွေသိထားရင်တော့ ခွေးလေးတွေကို ပိုပြီးနားလည်လာစေမှာပါ..ယောင်းတို့ခွေးလေးတွေအကြောင်း ပိုသိလာတာနဲ့အမျှ အပြန်အလှန် ဆက်သွယ်နိုင်စေပြီး ယောင်းတို့ရဲ့အသည်းကျော်လေး အဖြစ်ကို တစ်စတစ်စနဲ့ ရောက်ရှိလာမယ်ဆိုတာ မင်မင် ရဲရဲကြီး အာမခံပါတယ်နော်…

Reference:wikihow.pet , Bright Side

With love

Ei Mon (For Her Myanmar)

<<<Unicode>>>

ပိုနားလည်နိုင်လာလေ သည်းသည်းလှုပ်ချစ်လာလေ ဖြစ်မှာ မြင်ယောင်ပါသေးတယ်

ကာတွန်းထဲမှာလို တိရ စ္ဆာန်လေးတွေ စကားပြောတတ်ရင် ဘယ်လောက်များ ကောင်းလိုက်မလဲနော်။ သူတို့လေးတွေနဲ့သာ အပြန်အလှန်ပြောလို့ရလို့ကတော့ သူငယ်ချင်း ကောက်ရလိုက်သလို တကကယ် ပျော်မိမှာ..ဒါလည်းစိတ်ကူးသက်သက်ပါပဲလေ..မင်မင်ကတော့ မဖြစ်နိုင်တာကို စိတ်ကူးမယဉ်တော့ဘဲ ခွေးလေးတွေအကြောင်းကို ပိုနားလည်လာအောင်ပဲ ကြိုးစားဖြစ်တော့တယ်…နှုတ်နဲ့မပြောနိုင်ပေမဲ့ အပြုအမူတွေ အမူအရာတွေကဆင့် စကားပြောလို့ရတာပေါ့…ခွေးလေးတွေကို ပိုနားလည်လာနိုင်အောင် ဘယ်လိုလုပ်ရမလဲဆိုတော့…

Related Article >>> ပန်းချီကားတစ်ချပ်ရောင်းဈေး ဒေါ်လာထောင်ချီရနေတဲ့ ပန်းချီဆရာဝက်မလေး

ပထမ တစ်ခုက သူတို့ရဲ့ ဘာသာဗေဒပါ။  ဥပမာ – ခွေးလေးက ကိုယ့်ဆီ တစ်ဖြောင့်တည်း လျှောက်လာပြီဆိုရင် ဒါက ရန်လိုတဲ့ သဘော ၊ ဒီလိုမှ မဟုတ်ဘဲ မြွေလိမ်မြွေကောက် လာတယ်ဆိုရင် ဒါက ခင်မင်မှုကို ပြတာပါ။ နောက်ပြီး သူရပ်နေတဲ့ နေရာကို သတိထားသင့်ပါတယ်။ အပြင်ထွက်ချင်ပြီဆိုရင် တံခါးဘေးနားရပ်ပြီး အချက်ပေးတာမျိုး ဒါမှမဟုတ် အစာခွက်နားမှာ ရပ်နေတယ်ဆိုရင် ဒါက သူ ဗိုက်ဆာနေပြီ ဆိုတာ ပြတာပေါ့။

ခွေးဟောင်တယ် ဆိုတာကလည်း တစ်နည်းပြောရရင် စကားပြောတာပါပဲ။ တစ်ချက်ဟောင်လိုက် နားလိုက်နဲ့ နားနားပြီး ဟောင်တယ်ဆိုရင် ဒါက သူပျင်းနေပြီ …သခင်ရေ သူနဲ့ လာဆော့ပါပေါ့။ ဒီလိုမှ မဟုတ်ဘဲ အဆက်မပြတ် ကမန်းကတန်း ဟောင်နေပြီ ဆိုရင်တော့ အန္တရာယ်ကို အချက်ပေးတာပါ။ နာကျင်လို့ရှိရင်လည်း သူတို့က အဆက်မပြတ် ဟောင်သံပေးတတ်ကြပါသေးတယ်။

ဒုတိယအချက် အနေနဲ့က ခွေးရဲ့ မျက်လုံး၊ နားရွက်နဲ့ အမြီးကို သတိထားကြည့်ရပါမယ်။ မျက်လုံးမှာက  သူတို့ပြောချင်တဲ့ ခံစားချက်တွေ ပေါ်နေတတ်ပါတယ်။ သူတို့ စိတ်သက်တောင့်သက်သာ ရှိနေရင် မျက်လုံးက ပုံမှန်အရွယ်အစားပဲ။ ဒါပေမဲ့ နေမထိ ထိုင်မထိ ဖြစ်လာပြီ ဆိုရင်တော့ မျက်လုံးက ပုံမှန်ထက် ပိုကြီးသွားတယ်လို့ ထင်ရပါတယ်။ နားရွက်ကုပ်နေရင် နေမကောင်းတာ ၊ ခေါ်သံကြားရင် နားရွက်ထောင်ပြီး ပြေးတာ ၊ ရန်သူတွေ့ရင် နားရွက်ထောင်ပြီး လိုက်တိုက်ခိုက်တာ စသဖြင့်ပေါ့။ ခွေးအမြီးကလည်း နားရွက်နဲ့ အချက်ပြတာချင်း တူတူပဲ။ စိတ်လှုပ်ရှားပြီဆိုရင် အမြီးထောင်သွားပြီး နေမကောင်းတာတို့ ကြောက်တာတို့ဆိုရင် အမြီးကုပ်သွားတတ်ပါတယ်။

Related Article >>> နိပွန်မြေသို့ အလည်တစ်ခေါက် (အပိုင်း -၁)

တတိယအချက်ကတော့ ခွေးတွေရဲ့ အဖျက်သဘောကို နားလည်ထားရပါမယ်။

ခွေးသားပေါက်လေး မွေးထားရင် ဆိုးတာတစ်ခုက ဖိနပ်တွေ ချီပြီး ကိုက်တတ်တာပါပဲ။ သွားပေါက်တဲ့ အရွယ်ဆိုတော့ တွေ့သမျှ ကိုက်ချင်တာ သစ်ရွက်တောင် ချမ်းသာမပေးတော့ဘူး။ တချို့ အိမ်မွေးခွေးတွေ ကျတော့ သခင်ရဲ့ ဂရုစိုက်မှု လိုချင်လို့ သခင်တန်ဖိုးထားတဲ့ ပစ္စည်းကို ဖွက်တာတို့  ၊ ယူဆော့တာတို့ လုပ်တတ်ကြတယ်။ ဒီလိုမျိုးဆိုရင် ရုတ်တရက် အိမ်ရှင်အနေနဲ့ ဒေါသထွက်မှာပဲလေ။ ဒါပေမဲ့ ဒီလိုလုပ်တယ်ဆိုတာက ကစားစရာ လိုချင်လို့ ၊ နောက်တစ်ချက်က ကိုယ့်ဆီက အာရုံစိုက်မှု ခံချင်လို့ပါပဲ။

ဒီအချက်လေးတွေသိထားရင်တော့ ခွေးလေးတွေကို ပိုပြီးနားလည်လာစေမှာပါ..ယောင်းတို့ခွေးလေးတွေအကြောင်း ပိုသိလာတာနဲ့အမျှ အပြန်အလှန် ဆက်သွယ်နိုင်စေပြီး ယောင်းတို့ရဲ့အသည်းကျော်လေး အဖြစ်ကို တစ်စတစ်စနဲ့ ရောက်ရှိလာမယ်ဆိုတာ မင်မင် ရဲရဲကြီး အာမခံပါတယ်နော်…

Reference:wikihow.pet

With love

Ei Mon (For Her Myanmar)

No Comments Yet

Comments are closed