Knowledge

အဂၤလိပ္စာ ေလ့လာလိုသူတို႔အတြက္ အေကာင္းဆံုး ဝက္ဘ္ဆိုက္ဒ္ (၃) ခု

တစ္ခါပဲ ဝင္ၾကည့္လိုက္ပါ… ျပန္မထြက္ႏုိင္ျဖစ္သြားေစရမယ္…. (တကယ္ေလ့လာမယ့္သူေတြဆိုရင္ေပါ့ 😛 )

ေယာင္းတို႔ေရ… အဂၤလိပ္စာကို ေလ့လာတဲ့အခါ တခ်ိဳ႕ေတြကေတာ့ သင္တန္းေတြမွာ သင္ယူၾကသလို တခ်ိဳ႕ေတြကေတာ့ Self Study လို႔ေခၚတဲ့ ကိုယ္ကိုယ္တိုင္ပဲ ရွာေဖြေလ့လာတတ္ၾကပါတယ္… ဒီတစ္ခါမွာေတာ့ အက္ဒ္မင္က သင္တန္းေတြမတက္ဘဲ ကိုယ္ကိုယ္တိုင္ပဲ ေလ့လာခ်င္တယ္ဆိုတဲ့ ေယာင္းေလးတို႔အတြက္ အဂၤလိပ္စာ ေလ့လာဖို႔ အေကာင္းဆံုးေသာ ဝက္ဘ္ဆိုက္ဒ္ (၃)ခုကို ေရြးခ်ယ္ေဖာ္ျပေပးလိုက္ပါတယ္ေနာ္… ဝက္ဘ္ဆိုက္ဒ္ေတြထဲ ဝင္ၾကည့္ခ်င္တယ္ဆိုရင္ ေခါင္းစဥ္ေလးေတြကို ႏွိပ္ၿပီး ဝင္ၾကည့္လို႔ ရတယ္ေနာ္ ေယာင္းတို႔…

၁။ BBC Learning English

အေကာင္းဆံုးတကာ့ အေကာင္းဆံုး လို႔ဆိုရမယ့္ အဂၤလိပ္စာေလ့လာေရး ဝက္ဘ္ဆိုက္ဒ္ေတြထဲက တစ္ခုေပါ့… တစ္ခုရွိတာက ဒီ BBC Learning English ဆိုတဲ့ ဝက္ဘ္ဆိုက္ဒ္ဟာ ခုမွ အဂၤလိပ္စာကို စၿပီး ေလ့လာမယ့္သူေတြအတြက္ေတာ့ အဆင္မေျပေလာက္ပါဘူး.. အေျခခံ ရွိၿပီးသား လူေတြအတြက္ေတာ့ ရွယ္မွရွယ္ေပါ့… ဒါေပမဲ့ အက္ဒ္မင္တို႔ ေယာင္းေလးေတြက ေတာ္ၿပီးသားပဲဟာကိုေနာ္…ကဲ… ဒါဆို ဒီဝက္ဘ္ဆုိက္ဒ္မွာ ဘာေတြ ရွိလဲဆိုတာ ၾကည့္ၾကရေအာင္ေနာ္…

ေစာေစာက ေျပာခဲ့သလို BBC Learning English ဟာ Intermediate နဲ႔ Advanced English အတြက္ ရည္ရြယ္တာမို႔ BBC စတိုင္လ္ ဗီဒီယိုနဲ႔ ေရဒီယိုပံုစံ Clip ေတြကို ေတြ႕ရမွာပါ.. ဒီထဲကေန ေနာက္ဆံုးေပၚ အဂၤလိပ္စကားလံုးေတြ (ဗန္းစကားေတြေပါ့ ေယာင္းတို႔ရယ္)၊ စကားလံုးအတြဲအစပ္ေတြနဲ႔ စကားလံုးေတြကို ဘယ္လို မွန္ကန္ေအာင္ အသံထြက္ရမယ္ဆိုတာမ်ိဳးေတြကို လံုးဝ အေသးစိတ္က်က် ေလ့လာႏုိင္ပါတယ္။ တစ္ေယာက္နဲ႔တစ္ေယာက္ အျပန္အလွန္ စကားေျပာျပေနတာမ်ိဳးေတာ့ မရွိေပမဲ့ ဒီဗီဒီယိုေတြနဲ႔ အသံဖိုင္ေတြတစ္ခုခ်င္းစီၿပီးတိုင္းမွာ သင္ယူေနသူေတြ၊ ၾကည့္ရႈနားေထာင္ေနတဲ့သူေတြ ဘယ္ေလာက္နားလည္သြားလဲဆိုတာကို ဆန္းစစ္ေပးတဲ့ ပံုစံေလးေတြ (Activities) ပါဝင္တာမို႔ အဂၤလိပ္စာ ေလ့လာသူေတြအတြက္ တကယ္ေကာင္းတဲ့ ဝက္ဘ္ဆိုက္ဒ္တစ္ခုပါပဲ ေယာင္းတို႔ေရ….

Related Article >>> အဂၤလိပ္လို Presentation လုပ္ၾကတဲ့အခါ ဘယ္လုိ ႀကိဳတင္ျပင္ဆင္ရမလဲ?

၂။ British Council

အဂၤလိပ္စာနဲ႔ ပတ္သက္လာၿပီဆိုရင္ BC ကို ခ်န္ခဲ့လို႔ ဘယ္ရမလဲေနာ္… ထူးထူးျခားျခားေတာ့ သိပ္ေျပာေနဖို႔ မလိုဘူးနဲ႔တူတယ္ေနာ္.. ဘာလို႔ဆို ဒီႏိုင္ငံမွာလည္း BC က ရွိေနေတာ့ေလ… အင္း ဒါေပမဲ့ သူ႕ဝက္ဘ္ဆိုက္ဒ္ကိုေတာ့ ဝင္ၾကည့္တဲ့သူ နည္းမယ္ထင္တာမို႔ အက္ဒ္မင္က ဝက္ဘ္ဆိုက္ဒ္အေၾကာင္းေတာ့ ပိစိေလး ေျပာျပေပးမယ္ေနာ္…

BC ရဲ႕ Learn English ဝက္ဘ္ဆိုက္ဒ္မွာ ပူတူတူးေလးေတြကစလို႔ ဆယ္ေက်ာ္သက္ေလးေတြအလယ္၊ လူႀကီးေတြအဆံုး ေလ့လာလို႔ရတဲ့ သင္ခန္းစာ အမ်ိဳးမ်ိဳးအတြက္ Section အမ်ိဳးမ်ိဳး ခြဲျခားၿပီး လုပ္ထားေပးတာမို႔ အဂၤလိပ္စာ ေလ့လာလိုသူတိုင္းအတြက္ အသင့္ေလ်ာ္ဆံုး၊ အေကာင္းဆံုး ဝက္ဘ္ဆိုက္ဒ္ေတြထဲက တစ္ခုပါပဲ…. Section တိုင္းမွာ ေလ့က်င့္ခန္းေတြ၊ ဗီဒီယိုေတြ၊ ဂိမ္းေတြ စသျဖင့္ အမ်ိဳးမ်ိဳး စိတ္ဝင္စားစရာေကာင္းေအာင္ ေသခ်ာ လုပ္ထားေပးတာကိုလည္း ေတြ႕ရပါတယ္။ ဒီေတာ့ ေယာင္းေလးက ဘယ္လို အေၾကာင္းအရာမ်ိဳးကိုပဲ စိတ္ဝင္စားသည္ျဖစ္ေစ၊ အဂၤလိပ္စာ လယ္ဗယ္ ဘယ္ေလာက္ရွိသည္ျဖစ္ေစ၊ BC ရဲ႕ ဝက္ဘ္ဆိုက္ဒ္ထဲမွာ ေယာင္းအတြက္ အဆင္ေျပႏိုင္မယ့္ အရာတစ္ခုခုကေတာ့ ရွိကိုရွိပါတယ္။ (ရွာတတ္ဖို႔ေတာ့ လိုတာေပါ့ေနာ္.. ကိုယ္စိတ္ဝင္စားတဲ့ အေၾကာင္းအရာကို ေလ့လာရတာက ပိုၿပီး စိတ္ဝင္စားစရာေကာင္းတယ္မလား)

ဆက္ေျပာရမယ္ဆိုရင္ သင္ခန္းစာ တစ္ခုၿပီးတိုင္း၊ ဗီဒီယိုတစ္ခုၿပီးတိုင္းမွာ ေယာင္းေလးတို႔ ဘယ္ေလာက္ နားလည္လိုက္လဲဆိုတာကို ဆန္းစစ္ဖို႔ ေလ့က်င့္ခန္းေတြလည္း ထည့္ထားေပးပါေသးတယ္.. ေနာက္ သင္ခန္းစာေတြေအာက္မွာ ကိုယ္ဘာေတြ သင္ယူလိုက္ရတယ္၊ ဘာေတြကိုေတာ့ ဘယ္လိုခံစားရတယ္ဆိုတာကို ေဆြးေႏြးလို႔ရမယ့္ Discussion Board လည္း ရွိတယ္ ေယာင္းတို႔ရဲ႕.. အဲ ေျပာဖို႔ရွိေသးတာတစ္ခုက သူက ဝက္ဘ္ဆိုက္ဒ္ပဲ ရွိတာ မဟုတ္ဘူးေနာ္.. Mobile App ေတြလည္း ရွိေသးတာမို႔ ေဒါင္းလုတ္ဆြဲၿပီး ဖုန္းထဲ ထည့္ထားလို႔လည္း ရပါေသးတယ္ ေယာင္းတို႔ေရ… ပိုလြယ္သြားတာေပါ့.. လိုင္းကားစီးရင္း၊ ကားေစာင့္ရင္း၊ ထမင္းစားရင္း ဖြဘုတ္သံုးမယ့္ အခ်ိန္လည္း နည္းနည္းေလွ်ာ့ၿပီး ဒါေလး သံုးေနရင္ အခ်ိန္ေတြ ကုန္ရက်ိဳး နပ္တာေပါ့.. ဒါေတာ့ အက္ဒ္မင့္အထင္ပါေလ.. တကယ္လို႔ Mobile app ေတြကို ေဒါင္းလုတ္ဆြဲခ်င္တယ္ဆိုရင္ေတာ့ ဒီလင့္ခ္ >>> https://learnenglish.britishcouncil.org/en/apps ထဲမွာ သြားရွာေဖြ ေမႊေႏွာက္ၿပီး ကိုယ္နဲ႔ သင့္ေလ်ာ္ရာ app ကို ေဒါင္းလုတ္ဆြဲႏုိင္ပါတယ္ကြယ္..

၃။ Duolingo 

ဒါကေတာ့ အက္ဒ္မင္အႀကိဳက္ဆံုး ဝက္ဘ္ဆိုက္ဒ္ပါပဲ.. မွန္တဲ့ အတိုင္း ဝန္ခံရရင္ အက္ဒ္မင္ဟာ အဲ့လုိမ်ိဳး သင္ယူေလ့လာရမွာ အင္မတန္ပ်င္းတဲ့ အပ်င္းအိုးေလးပါကြယ္…အဲဒီေတာ့ ဒီဝက္ဘ္ဆိုက္ဒ္ကို အက္ဒ္မင္အႀကိဳက္ဆံုးလို႔ ေျပာေနရတဲ့ အေၾကာင္းရင္းကို ခန္႔မွန္းလို႔ ရေလာက္ၿပီေပါ့… ဟုတ္ပါတယ္… ဒီဝက္ဘ္ဆိုက္ဒ္မွာ အဂၤလိပ္စာကို ေလ့လာမယ္ဆိုရင္ ဂိမ္းေတြ၊ ပေဟဠိေတြနဲ႔ ေလ့လာရတာပါ ေယာင္းတို႔ေရ… အက္ဒ္မင္ ဘယ္ေလာက္ေပ်ာ္မလဲ စဥ္းစားၾကည့္ေလ.. ဂိမ္းလည္း ေဆာ့ရေသး.. စာလည္း ရေသး ဟီးဟီး… ၿပီးေတာ့ သူက အဂၤလိပ္စာ တစ္ခုတည္း ေလ့လာလို႔ ရတာ မဟုတ္ဘူး ေယာင္းတို႔ရဲ႕… တျခား ဘာသာစကားေတြ အမ်ားႀကီးကိုလည္း ေလ့လာလို႔ ရေသးတယ္.. အသံထြက္ေတြ ဘာေတြလည္း ခ်က္ခ်င္းေလ့က်င့္လို႔ ရပါေသးတယ္… တစ္ခုရွိတာက သူက ျမန္မာလိုေတာ့ မပါပါဘူး… ဒီေတာ့ ဘာသာစကား (၂)မ်ိဳးနဲ႔ အထက္ ေလ့လာေနတဲ့သူေတြအတြက္ဆို ပိုၿပီး သင့္ေလ်ာ္တယ္ဆိုရမွာေပါ့ ေယာင္းတို႔ရယ္.. ဆိုၾကပါစို႔ ဂ်ပန္နဲ႔ အဂၤလိပ္၊ မန္ဒရင္းနဲ႔ အဂၤလိပ္ စသျဖင့္ တြဲၿပီး ေလ့လာသူေတြအတြက္ ပိုၿပီး အဆင္ေျပ သင့္ေလ်ာ္ပါတယ္။

Related Article >>> TOEFL ႏွင့္ IELTS ဘာေတြကြာသြားလဲ?

အဓိကအားျဖင့္ေတာ့ ဒီဝက္ဘ္ဆိုက္ဒ္မွာ သဒၵါနဲ႔ ေဝါဟာရေတြကို ေသခ်ာေလ့လာလို႔ ရႏုိင္ပါတယ္။ ဂိမ္းေတြ၊ ပေဟဠိေတြဆိုလည္း မိသားစုနဲ႔ဆိုင္ရာဆို မိသားစုနဲ႔ဆိုင္ရာ၊ အစားအေသာက္ဆိုလည္း အစားအေသာက္ဆိုင္ရာ၊ Verb to be ျဖင့္လည္း Verb to be စသျဖင့္ ခြဲျခားထားေပးေသးတာမို႔ ကြက္စတိေပါ့ ေယာင္းတို႔ေရ… ဂိမ္းေဆာ့ရင္လည္း လိုအပ္တဲ့ အခ်က္အလက္ေတြ၊ ရွင္းျပခ်က္ေတြကို တစ္ခါတည္း ထည့္သြင္းေပးထားတာမို႔ ေဝါဟာရတစ္ခုကို ဘယ္လိုမ်ိဳးေတြ သံုးႏုိင္တယ္၊ သဒၵါက်က် ဘယ္လိုသံုးလို႔ရတယ္ဆိုတာမ်ိဳးပါ တစ္ခါတည္း နားလည္သြားတာမို႔ ေဆာ့ရတာလည္း တကယ္တန္တယ္လို႔ ဆိုရမွာပါ။

ေနာက္တစ္ခုက အက္ဒ္မင္တို႔လို အပ်င္းအိုးေလးေတြအတြက္ ဂိမ္းေဆာ့သလို ပံုစံမ်ိဳးျဖစ္ေနေအာင္ Goal ေလးေတြ ထည့္ေပးထားတာ ရွိပါေသးတယ္။ ဒါကိုေတာ့ ကိုယ့္ဘာသာ ခ်ိန္လို႔ ရတယ္ေပါ့ေနာ္… ကိုယ္ဘယ္ေလာက္ တိုးတက္လာတယ္ဆိုတဲ့အေပၚ မူတည္ၿပီး သူက လယ္ဗယ္ေတြ တစ္ခုၿပီး တစ္ခု ပြင့္ပြင့္သြားတာမို႔ လံုးဝ ဂိမ္းစစ္စစ္ကို ေဆာ့ေနရသလို ႏိုင္ခ်င္ေဇာ၊ လယ္ဗယ္တက္ခ်င္ေဇာနဲ႔ စာေတြ ပိုၿပီး ေလ့လာျဖစ္သြားတာေပါ့လို႔.. အဲ.. အဲ… သူလည္း BC လိုပဲ Mobile App ေလးေတြ ရွိတယ္ေနာ္.. ေဒါင္းလုတ္ဆြဲခ်င္တယ္ဆိုရင္ေတာ့ Google play မွာ Duolingo: Learn Languages Free ဆိုၿပီး ရိုက္ရွာ ေဒါင္းလို႔ ရပါတယ္…. ျမန္မာႏိုင္ငံမွာေတာ့ တရားဝင္ေဒါင္းလုတ္ဆြဲလို႔ မရေသးတာမို႔ လင့္ခ္မထည့္ေပးေတာ့ဘူးေနာ္..

ကဲ.. ဒီေလာက္ဆို တို႔ေယာင္းေလးေတြလည္း  ဖုန္းေလးတစ္လံုး အရင္းျပဳၿပီး အဂၤလိပ္စာကို ေပ်ာ္ေပ်ာ္ရႊင္ရႊင္ေလ့လာႏုိင္ၾကၿပီထင္ပါတယ္.. ေနာက္ထပ္ ဒီလုိ ဝက္ဘ္ဆိုက္ဒ္ေလးေတြ ထပ္သိခ်င္ေသးတယ္ဆိုလည္း Comment ေလးေတြ ေပးသြားၾကဦးေနာ္… ေနာက္မ်ားမွ ဆံုၾကပါစို႔ရဲ႕…  အဲ.. အဲ… ေျပာဖို႔ေမ့သြားတာ.. အေပၚက ဝက္ဘ္ဆိုက္ဒ္ေတြ အကုန္လံုးက ပိုက္ပိုက္ ေပးစရာမလိုဘူးေနာ္.. ဖရီးကုန္းဆင္းလို႔ရတဲ့ အဲေလ ဖရီးေလ့လာလို႔ရတဲ့ ဝက္ဘ္ဆိုက္ဒ္ေတြပါလို႔စ္…

Libra (For Her Myanmar)

References : British Council ,BBC Learning English , Duolingo 

<<< Unicode >>>

 

တစ်ခါပဲ ဝင်ကြည့်လိုက်ပါ… ပြန်မထွက်နိုင်ဖြစ်သွားစေရမယ်…. (တကယ်လေ့လာမယ့်သူတွေဆိုရင်ပေါ့ 😛 )

ယောင်းတို့ရေ… အင်္ဂလိပ်စာကို လေ့လာတဲ့အခါ တချို့တွေကတော့ သင်တန်းတွေမှာ သင်ယူကြသလို တချို့တွေကတော့ Self Study လို့ခေါ်တဲ့ ကိုယ်ကိုယ်တိုင်ပဲ ရှာဖွေလေ့လာတတ်ကြပါတယ်… ဒီတစ်ခါမှာတော့ အက်ဒ်မင်က သင်တန်းတွေမတက်ဘဲ ကိုယ်ကိုယ်တိုင်ပဲ လေ့လာချင်တယ်ဆိုတဲ့ ယောင်းလေးတို့အတွက် အင်္ဂလိပ်စာ လေ့လာဖို့ အကောင်းဆုံးသော ဝက်ဘ်ဆိုက်ဒ် (၃)ခုကို ရွေးချယ်ဖော်ပြပေးလိုက်ပါတယ်နော်… ဝက်ဘ်ဆိုက်ဒ်တွေထဲ ဝင်ကြည့်ချင်တယ်ဆိုရင် ခေါင်းစဉ်လေးတွေကို နှိပ်ပြီး ဝင်ကြည့်လို့ ရတယ်နော် ယောင်းတို့…

၁။ BBC Learning English

အကောင်းဆုံးတကာ့ အကောင်းဆုံး လို့ဆိုရမယ့် အင်္ဂလိပ်စာလေ့လာရေး ဝက်ဘ်ဆိုက်ဒ်တွေထဲက တစ်ခုပေါ့… တစ်ခုရှိတာက ဒီ BBC Learning English ဆိုတဲ့ ဝက်ဘ်ဆိုက်ဒ်ဟာ ခုမှ အင်္ဂလိပ်စာကို စပြီး လေ့လာမယ့်သူတွေအတွက်တော့ အဆင်မပြေလောက်ပါဘူး.. အခြေခံ ရှိပြီးသား လူတွေအတွက်တော့ ရှယ်မှရှယ်ပေါ့… ဒါပေမဲ့ အက်ဒ်မင်တို့ ယောင်းလေးတွေက တော်ပြီးသားပဲဟာကိုနော်…ကဲ… ဒါဆို ဒီဝက်ဘ်ဆိုက်ဒ်မှာ ဘာတွေ ရှိလဲဆိုတာ ကြည့်ကြရအောင်နော်…

စောစောက ပြောခဲ့သလို BBC Learning English ဟာ Intermediate နဲ့ Advanced English အတွက် ရည်ရွယ်တာမို့ BBC စတိုင်လ် ဗီဒီယိုနဲ့ ရေဒီယိုပုံစံ Clip တွေကို တွေ့ရမှာပါ.. ဒီထဲကနေ နောက်ဆုံးပေါ် အင်္ဂလိပ်စကားလုံးတွေ (ဗန်းစကားတွေပေါ့ ယောင်းတို့ရယ်)၊ စကားလုံးအတွဲအစပ်တွေနဲ့ စကားလုံးတွေကို ဘယ်လို မှန်ကန်အောင် အသံထွက်ရမယ်ဆိုတာမျိုးတွေကို လုံးဝ အသေးစိတ်ကျကျ လေ့လာနိုင်ပါတယ်။ တစ်ယောက်နဲ့တစ်ယောက် အပြန်အလှန် စကားပြောပြနေတာမျိုးတော့ မရှိပေမဲ့ ဒီဗီဒီယိုတွေနဲ့ အသံဖိုင်တွေတစ်ခုချင်းစီပြီးတိုင်းမှာ သင်ယူနေသူတွေ၊ ကြည့်ရှုနားထောင်နေတဲ့သူတွေ ဘယ်လောက်နားလည်သွားလဲဆိုတာကို ဆန်းစစ်ပေးတဲ့ ပုံစံလေးတွေ (Activities) ပါဝင်တာမို့ အင်္ဂလိပ်စာ လေ့လာသူတွေအတွက် တကယ်ကောင်းတဲ့ ဝက်ဘ်ဆိုက်ဒ်တစ်ခုပါပဲ ယောင်းတို့ရေ….

Related Article >>> အင်္ဂလိပ်လို Presentation လုပ်ကြတဲ့အခါ ဘယ်လို ကြိုတင်ပြင်ဆင်ရမလဲ?

၂။ British Council

အင်္ဂလိပ်စာနဲ့ ပတ်သက်လာပြီဆိုရင် BC ကို ချန်ခဲ့လို့ ဘယ်ရမလဲနော်… ထူးထူးခြားခြားတော့ သိပ်ပြောနေဖို့ မလိုဘူးနဲ့တူတယ်နော်.. ဘာလို့ဆို ဒီနိုင်ငံမှာလည်း BC က ရှိနေတော့လေ… အင်း ဒါပေမဲ့ သူ့ဝက်ဘ်ဆိုက်ဒ်ကိုတော့ ဝင်ကြည့်တဲ့သူ နည်းမယ်ထင်တာမို့ အက်ဒ်မင်က ဝက်ဘ်ဆိုက်ဒ်အကြောင်းတော့ ပိစိလေး ပြောပြပေးမယ်နော်…

BC ရဲ့ Learn English ဝက်ဘ်ဆိုက်ဒ်မှာ ပူတူတူးလေးတွေကစလို့ ဆယ်ကျော်သက်လေးတွေအလယ်၊ လူကြီးတွေအဆုံး လေ့လာလို့ရတဲ့ သင်ခန်းစာ အမျိုးမျိုးအတွက် Section အမျိုးမျိုး ခွဲခြားပြီး လုပ်ထားပေးတာမို့ အင်္ဂလိပ်စာ လေ့လာလိုသူတိုင်းအတွက် အသင့်လျော်ဆုံး၊ အကောင်းဆုံး ဝက်ဘ်ဆိုက်ဒ်တွေထဲက တစ်ခုပါပဲ…. Section တိုင်းမှာ လေ့ကျင့်ခန်းတွေ၊ ဗီဒီယိုတွေ၊ ဂိမ်းတွေ စသဖြင့် အမျိုးမျိုး စိတ်ဝင်စားစရာကောင်းအောင် သေချာ လုပ်ထားပေးတာကိုလည်း တွေ့ရပါတယ်။ ဒီတော့ ယောင်းလေးက ဘယ်လို အကြောင်းအရာမျိုးကိုပဲ စိတ်ဝင်စားသည်ဖြစ်စေ၊ အင်္ဂလိပ်စာ လယ်ဗယ် ဘယ်လောက်ရှိသည်ဖြစ်စေ၊ BC ရဲ့ ဝက်ဘ်ဆိုက်ဒ်ထဲမှာ ယောင်းအတွက် အဆင်ပြေနိုင်မယ့် အရာတစ်ခုခုကတော့ ရှိကိုရှိပါတယ်။ (ရှာတတ်ဖို့တော့ လိုတာပေါ့နော်.. ကိုယ်စိတ်ဝင်စားတဲ့ အကြောင်းအရာကို လေ့လာရတာက ပိုပြီး စိတ်ဝင်စားစရာကောင်းတယ်မလား)

ဆက်ပြောရမယ်ဆိုရင် သင်ခန်းစာ တစ်ခုပြီးတိုင်း၊ ဗီဒီယိုတစ်ခုပြီးတိုင်းမှာ ယောင်းလေးတို့ ဘယ်လောက် နားလည်လိုက်လဲဆိုတာကို ဆန်းစစ်ဖို့ လေ့ကျင့်ခန်းတွေလည်း ထည့်ထားပေးပါသေးတယ်.. နောက် သင်ခန်းစာတွေအောက်မှာ ကိုယ်ဘာတွေ သင်ယူလိုက်ရတယ်၊ ဘာတွေကိုတော့ ဘယ်လိုခံစားရတယ်ဆိုတာကို ဆွေးနွေးလို့ရမယ့် Discussion Board လည်း ရှိတယ် ယောင်းတို့ရဲ့.. အဲ ပြောဖို့ရှိသေးတာတစ်ခုက သူက ဝက်ဘ်ဆိုက်ဒ်ပဲ ရှိတာ မဟုတ်ဘူးနော်.. Mobile App တွေလည်း ရှိသေးတာမို့ ဒေါင်းလုတ်ဆွဲပြီး ဖုန်းထဲ ထည့်ထားလို့လည်း ရပါသေးတယ် ယောင်းတို့ရေ… ပိုလွယ်သွားတာပေါ့.. လိုင်းကားစီးရင်း၊ ကားစောင့်ရင်း၊ ထမင်းစားရင်း ဖွဘုတ်သုံးမယ့် အချိန်လည်း နည်းနည်းလျှော့ပြီး ဒါလေး သုံးနေရင် အချိန်တွေ ကုန်ရကျိုး နပ်တာပေါ့.. ဒါတော့ အက်ဒ်မင့်အထင်ပါလေ.. တကယ်လို့ Mobile app တွေကို ဒေါင်းလုတ်ဆွဲချင်တယ်ဆိုရင်တော့ ဒီလင့်ခ် >>> https://learnenglish.britishcouncil.org/en/apps ထဲမှာ သွားရှာဖွေ မွှေနှောက်ပြီး ကိုယ်နဲ့ သင့်လျော်ရာ app ကို ဒေါင်းလုတ်ဆွဲနိုင်ပါတယ်ကွယ်..

၃။ Duolingo 

ဒါကတော့ အက်ဒ်မင်အကြိုက်ဆုံး ဝက်ဘ်ဆိုက်ဒ်ပါပဲ.. မှန်တဲ့ အတိုင်း ဝန်ခံရရင် အက်ဒ်မင်ဟာ အဲ့လိုမျိုး သင်ယူလေ့လာရမှာ အင်မတန်ပျင်းတဲ့ အပျင်းအိုးလေးပါကွယ်…အဲဒီတော့ ဒီဝက်ဘ်ဆိုက်ဒ်ကို အက်ဒ်မင်အကြိုက်ဆုံးလို့ ပြောနေရတဲ့ အကြောင်းရင်းကို ခန့်မှန်းလို့ ရလောက်ပြီပေါ့… ဟုတ်ပါတယ်… ဒီဝက်ဘ်ဆိုက်ဒ်မှာ အင်္ဂလိပ်စာကို လေ့လာမယ်ဆိုရင် ဂိမ်းတွေ၊ ပဟေဠိတွေနဲ့ လေ့လာရတာပါ ယောင်းတို့ရေ… အက်ဒ်မင် ဘယ်လောက်ပျော်မလဲ စဉ်းစားကြည့်လေ.. ဂိမ်းလည်း ဆော့ရသေး.. စာလည်း ရသေး ဟီးဟီး… ပြီးတော့ သူက အင်္ဂလိပ်စာ တစ်ခုတည်း လေ့လာလို့ ရတာ မဟုတ်ဘူး ယောင်းတို့ရဲ့… တခြား ဘာသာစကားတွေ အများကြီးကိုလည်း လေ့လာလို့ ရသေးတယ်.. အသံထွက်တွေ ဘာတွေလည်း ချက်ချင်းလေ့ကျင့်လို့ ရပါသေးတယ်… တစ်ခုရှိတာက သူက မြန်မာလိုတော့ မပါပါဘူး… ဒီတော့ ဘာသာစကား (၂)မျိုးနဲ့ အထက် လေ့လာနေတဲ့သူတွေအတွက်ဆို ပိုပြီး သင့်လျော်တယ်ဆိုရမှာပေါ့ ယောင်းတို့ရယ်.. ဆိုကြပါစို့ ဂျပန်နဲ့ အင်္ဂလိပ်၊ မန်ဒရင်းနဲ့ အင်္ဂလိပ် စသဖြင့် တွဲပြီး လေ့လာသူတွေအတွက် ပိုပြီး အဆင်ပြေ သင့်လျော်ပါတယ်။

Related Article >>> TOEFL နှင့် IELTS ဘာတွေကွာသွားလဲ?

အဓိကအားဖြင့်တော့ ဒီဝက်ဘ်ဆိုက်ဒ်မှာ သဒ္ဒါနဲ့ ဝေါဟာရတွေကို သေချာလေ့လာလို့ ရနိုင်ပါတယ်။ ဂိမ်းတွေ၊ ပဟေဠိတွေဆိုလည်း မိသားစုနဲ့ဆိုင်ရာဆို မိသားစုနဲ့ဆိုင်ရာ၊ အစားအသောက်ဆိုလည်း အစားအသောက်ဆိုင်ရာ၊ Verb to be ဖြင့်လည်း Verb to be စသဖြင့် ခွဲခြားထားပေးသေးတာမို့ ကွက်စတိပေါ့ ယောင်းတို့ရေ… ဂိမ်းဆော့ရင်လည်း လိုအပ်တဲ့ အချက်အလက်တွေ၊ ရှင်းပြချက်တွေကို တစ်ခါတည်း ထည့်သွင်းပေးထားတာမို့ ဝေါဟာရတစ်ခုကို ဘယ်လိုမျိုးတွေ သုံးနိုင်တယ်၊ သဒ္ဒါကျကျ ဘယ်လိုသုံးလို့ရတယ်ဆိုတာမျိုးပါ တစ်ခါတည်း နားလည်သွားတာမို့ ဆော့ရတာလည်း တကယ်တန်တယ်လို့ ဆိုရမှာပါ။

နောက်တစ်ခုက အက်ဒ်မင်တို့လို အပျင်းအိုးလေးတွေအတွက် ဂိမ်းဆော့သလို ပုံစံမျိုးဖြစ်နေအောင် Goal လေးတွေ ထည့်ပေးထားတာ ရှိပါသေးတယ်။ ဒါကိုတော့ ကိုယ့်ဘာသာ ချိန်လို့ ရတယ်ပေါ့နော်… ကိုယ်ဘယ်လောက် တိုးတက်လာတယ်ဆိုတဲ့အပေါ် မူတည်ပြီး သူက လယ်ဗယ်တွေ တစ်ခုပြီး တစ်ခု ပွင့်ပွင့်သွားတာမို့ လုံးဝ ဂိမ်းစစ်စစ်ကို ဆော့နေရသလို နိုင်ချင်ဇော၊ လယ်ဗယ်တက်ချင်ဇောနဲ့ စာတွေ ပိုပြီး လေ့လာဖြစ်သွားတာပေါ့လို့.. အဲ.. အဲ… သူလည်း BC လိုပဲ Mobile App လေးတွေ ရှိတယ်နော်.. ဒေါင်းလုတ်ဆွဲချင်တယ်ဆိုရင်တော့ Google play မှာ Duolingo: Learn Languages Free ဆိုပြီး ရိုက်ရှာ ဒေါင်းလို့ ရပါတယ်…. မြန်မာနိုင်ငံမှာတော့ တရားဝင်ဒေါင်းလုတ်ဆွဲလို့ မရသေးတာမို့ လင့်ခ်မထည့်ပေးတော့ဘူးနော်..

ကဲ.. ဒီလောက်ဆို တို့ယောင်းလေးတွေလည်း  ဖုန်းလေးတစ်လုံး အရင်းပြုပြီး အင်္ဂလိပ်စာကို ပျော်ပျော်ရွှင်ရွှင်လေ့လာနိုင်ကြပြီထင်ပါတယ်.. နောက်ထပ် ဒီလို ဝက်ဘ်ဆိုက်ဒ်လေးတွေ ထပ်သိချင်သေးတယ်ဆိုလည်း Comment လေးတွေ ပေးသွားကြဦးနော်… နောက်များမှ ဆုံကြပါစို့ရဲ့…  အဲ.. အဲ… ပြောဖို့မေ့သွားတာ.. အပေါ်က ဝက်ဘ်ဆိုက်ဒ်တွေ အကုန်လုံးက ပိုက်ပိုက် ပေးစရာမလိုဘူးနော်.. ဖရီးကုန်းဆင်းလို့ရတဲ့ အဲလေ ဖရီးလေ့လာလို့ရတဲ့ ဝက်ဘ်ဆိုက်ဒ်တွေပါလို့စ်…

Libra (For Her Myanmar)

References : British Council ,BBC Learning English , Duolingo 

Leave a Reply

Your email address will not be published. Required fields are marked *