FUN Knowledge Love Relationships

အချစ်ကိုရှာဖို့ ကမ္ဘာပေါ်က အကောင်းဆုံးနေရာ (၁၁) ခု

    အဲဒီကလူတွေက အရမ်းလည်း ရိုမန့်တစ်ဆန်သတဲ့လေ။

ယောင်းတို့ရေ …. အချစ်ရှိပြီးတဲ့သူတွေ အချစ်ကိုရှာတွေ့တဲ့ နေရာလေးကို အမှတ်ရနေမိကြမှာပါပဲနော် …
ကျောင်းတုန်းက … အလုပ်ထဲမှာ … အပြင်တစ်နေရာရာ စသဖြင့် အမှတ်တရနေရာလေးတွေ အဖြစ်ပြန်တွေးမိတဲ့ အချိန်တွေလဲ ခဏခဏ ရှိကြမှာပါ ။ ဒီလိုပြန်တွေးတိုင်းမှာ ကြည်နူးရမယ့် Romantic အဖြစ်ဆုံးနေရာ ကမ္ဘာပေါ်မှာ (၁၁) နေရာရှိပါတယ်တဲ့ ။ ဒီနေရာလေးတွေမှာ အချစ်ကို ရှာဖွေတွေ့ရှိထားတဲ့သူတွေကတော့ ကံကောင်းတဲ့သူတွေလို့ အနောက်တိုင်းသားတွေက ဆိုထားလေရဲ့… အချစ်ကိုရှာဖို့ ကမ္ဘာပေါ်က အကောင်းဆုံးနေရာ (၁၁) ခု ကို ကြည့်ကြည့်ကြမယ်နော် …

(၁) ပြင်သစ် ၊ ပဲရစ်

ပဲရစ်လို့ဆိုလိုက်တာနဲ့ အရမ်းလှတဲ့မျှော်စင်ကြီးကို သွားမြင်ယောင်လိုက်ကြပြီဟုတ် ? Parisians လို့ခေါ်တဲ့ ပဲရစ်မြို့ သူမြို့ သားတွေမှာ သမိုင်းဝင် အချစ်ဇာတ်လမ်းတွေ ၊ ကြည်နူးဆွတ်ပျံဖွယ်ကောင်းတဲ့ အနုပညာဖန်တီးမှုတွေ ၊ ယဉ်ကျေးမှုတွေ ရှိနေပါတယ် ။ အလင်းရောင်နဲ့ အချစ်တွေပြည့်ဝနေတဲ့ ပဲရစ်ဟာ Romantic အဆန်ဆုံးနေရာတစ်နေရာဖြစ်တာမို့ အချစ်ကိုရှာတွေ့ဖို့ အသင့်တော်ဆုံးနေရာတစ်ခုပါပဲ ။

(၂) အီတလီ ၊ ရောမ

အချစ်နဲ့ ရောမဆိုတာ ခေါင်းနဲ့ပန်းလိုပါပဲ ။ ခွဲခြားလို့မရနိုင်ပါဘူး ။ ထိုနေရာမှာရှိတဲ့သူတွေဟာလည်း ခန့်ညားချောမော ကျက်သရေရှိခြင်းအရာမှာ ထင်ရှားကျော်ကြားပါတယ် ။ သူတို့ရဲ့ အဆောက်အဦးက ဗိသုကာပညာရပ်တွေ ၊ အစားအစာ နဲ့ အနုပညာ တွေဟာ အချစ်တွေနဲ့ လှမ်းပြီးပွေ့ပိုက်လိုက်သလို ခံစားရစေမယ်လို့ ဆိုပါတယ် ။

(၃) အမေရိက ၊ ဆန်ဖရန် စစ်စကို

လှပတဲ့နေရာတွေနဲ့ ပြည့်နှက်နေတဲ့ ဆန်ဖရန် စစ်စကို မြို့ ကြီးဟာ ခေတ်အမှီဆုံးမြို့ ကြီးဖြစ်သလို အချစ်တွေလဲပေါများပါတယ် ။ နည်းပညာတွေ ခေတ်မှီစက်ပစ္စည်းတွေထွန်းကားပါတယ် ။ အကယ်လို့ San Francisco ကလူတစ်ယောက်ယောက်နဲ့များချစ်ကြိုးသွယ်မယ်ဆိုရင်တော့ စိတ်လှုပ်ရှားဖို့ကောင်းတဲ့ ဘဝခရီးလမ်းရဲ့ အစမှာခြေစုံရပ်မိသလိုဖြစ်ပါလိမ့်မယ်တဲ့ ။

(၄) ဒိန်းမတ် ၊ ကိုပင်ဟေဂင်

အဲဒီနေရာမှာနေထိုင်တဲ့သူတွေဟာ ကမ္ဘာပေါ်မှာအပျော်ဆုံးသူတွေဖြစ်ပါလိမ့်မယ် ။ ဘာကြောင့်လဲဆိုတော့ သူတို့မှာရှိတဲ့ hygge လို့ခေါ်တဲ့ သူတို့ရဲ့ စိတ်သဘောထားကြောင့်ပါ ။ ပျော်ပျော်နေတယ် အသေးစိတ်လေးတွေကအစတစ်ယောက်နဲ့ တစ်ယောက် အမြဲချီးကျူးနေတတ်တဲ့သူတွေလို့ဆိုပါတယ် ။
ဒီလိုနေရာက တစ်ယောက်ယောက်နဲ့များ ချစ်ကြိုးသွယ်မိပြီဆိုရင်တော့ ပျော်ပျော်ရွှင်ရွှင်နေရဖို့သာပြင်ပေတော့ပဲ … ။

(၅) အမေရိက ၊ အော်စတင်

ဒီနေရာကလူတွေကတော့ အမြဲကြိုးစားနေပြီး ဘဝရဲ့ အကောင်းဆုံးအရာတွေကိုရရှိပိုင်ဆိုင်ထားသူတွေလို့ဆိုပါတယ် ။ အောင်မြင်မှု ၊ ကြီးကျယ်တဲ့ဖြစ်ရပ်တွေ ၊ နက်ရှိုင်းတဲ့အချစ်တွေဟာ ဒီနေရာမှာကိန်းအောင်းနေပါတယ်တဲ့ ။

 

Related Article >>> အိမ်မက်မြို့တော်လေး ပဲရစ်

(၆) နယူးဇီလန် ၊ အော့ကလန်း

ဒီလိုခေတ်ကြီးမှာ သဘာဝတရားရဲ့ မြို့ တော်ဆိုတာ အလွန်ရှားပါးနေပါပြီ ။ အော့ကလန်းဟာ ထိုရှားပါးတဲ့ မြို့ တော်ထဲကတစ်ခုပါ ။ များပြားလှတဲ့ အလှအပတွေ ၊ တည်ငြိမ်တဲ့သဘာဝတရားရဲ့ ပြယုဂ်တွေ ( ဥပမာ – မိုးရာသီသစ်တော ၊ သဘာဝရေကန်တွေ …) ဟာ သဘာဝတရားကိုချစ်မြတ်နိုးသူတွေအဖို့တော့ တန်ဖိုးမဖြတ်နိုင်မယ့်အရာတွေပါ ။ ဒီနေရာမှာသာ အချစ်ကိုရှာတွေ့မယ်ဆိုရင်တော့ တစ်သက်လုံးစာအမှတ်တရလေးကအလွန်လှပသွားပါပြီ ။

(၇) အမေရိက ၊ လာ့စ်ဗီးဂတ်စ်

နာမည်ကျော် မြို့ တစ်မြို့ မို့ လူတိုင်းကြားဖူးကြမှာ အသေအချာပါပဲ ။ မီးရောင်စုံတွေနဲ့လှုပ်ရှားနေတဲ့ လူတွေရဲ့ စိတ်ဝိညာဉ်တွေဟာ ဒီမြို့ရှာတွေ့ရင်တော့ အတူတူစိတ်လှုပ်ရှားဖို့ပြင်ထားပေတော့ပဲ ။ နာမည်ကျော် လောင်းကစားမြို့ တော်ပါ ။ အေးဆေးတည်ငြိမ်တာထက် စွန့်စားခန်းတွေ စိတ်လှုပ်ရှားစရာတွေ ပိုကြိုက်တဲ့သူတွေအဖို့တော့ အကောင်းဆုံးရွေးချယ်စရာလို့ဆိုပါတယ် ။

(၈) ချက်သမ္မတနိုင်ငံ ၊ ပရာ့ဂ်

အဘိဓာန်ထဲကမဟုတ်တဲ့ အချစ်ရဲ့ အဓိပ္ပါယ်ကိုဖော်ကျူးပြနိုင်တဲ့နေရာက ဒီနေရာပါပဲ ။ ပျူငှာနွေးထွေးတဲ့လျှောက်လမ်းလေးတွေရယ် ၊ ဖော်ရွေတဲ့ ဆိုင်လေးတွေ ပြီးတော့လူတွေ အလွန်ကိုသက်တောင့်သက်သာရှိတဲ့ ယဉ်ကျေးမှုတွေ စီးဆင်းနေတဲ့ မြို့ ကလေးတစ်မြို့ပါ ။ မြို့ လေးကိုရောက်ဖူးသူတိုင်းဟာ ဒီမြို့ လေးမှာနေရတာကို အလွန်ကြိုက်နှစ်သက်လေ့ရှိကြပါတယ် ။ ဒီလိုချစ်ဖို့ကောင်းတဲ့ နေရာလေးမှာ အချစ်ကိုရှာတွေ့တယ်ဆိုရင်တော့…. ကြည်နူးပျော်ရွှင်ရမှာအမှန်ပါပဲတဲ့ ။

(၉) စပိန် ၊ ဘာစီလိုနာ

ဂီတတွေ အနုပညာတွေဟာ ဒီမြို့ ရဲ့ နှလုံးသည်းပွတ်ဖြစ်သလို လူတစ်ယောက်နဲ့တစ်ယောက် ဆက်သွယ်မှုရှိနေတဲ့ အရာတွေလဲဖြစ်ပါတယ် ။ မတူတဲ့နေရာနှစ်ခုကလာတဲ့ စိတ်ဝိညာဉ်နှစ်ခုဟာ ဒီမြို့ လေးရဲ့ ဂီတတစ်ပိုင်းတစ်စက ဆက်သွယ်ပေးလိုက်လို့ ခမ်းနားလှပတဲ့ အချစ်ပုံပြင်လေးတွေဖြစ်ပေါ်ခဲ့တာတွေ
မနည်းမနောရှိပါပြီ ။

(၁၀) အမေရိက ၊ နယူးယော့ခ်

ကမ္ဘာပေါ်က အတိုးတက်ခေတ်အမှီဆုံးမြို့ ကြီးတစ်မြို့ပါ ။ ဘာကိုစိတ်ဝင်စားစား ၊ ဘာဝါသနာပဲပါပါ ဒီမြို့ မှာအကုန်လုပ်လို့ရနိုင်ပါတယ် ။
အခမ်းနားဆုံးအပြည့်စုံဆုံးနေရာတစ်ခုမို့ အချစ်ရှာတွေ့ဖို့ အသင့်တော်ဆုံးနေရာတစ်ခုပါပဲ ။

(၁၁)အာဂျင်တီးနား ၊ ဗွိုင်နိုအေရီး

ဒီမြို့ လေးကိုရောက်တဲ့သူတိုင်း နောင်တမရပါဘူး ။ အကပညာရဲ့ မြို့ ကလေးလို့ တင်စားခေါ်ကြရအောင် Tango လို့ခေါ်တဲ့နာမည်ကြီးအကတစ်မျိုးအလွန်ခေတ်စားပါတယ် ။ အချစ်ကိုရှာဖို့ပြီးပြည့်စုံတဲ့နေရာပါပဲ ။ ခမ်းနားပြီးရင်ခုန်စရာကောင်းတဲ့ မီးရောင်တွေ ၊ အရသာရှိတဲ့အစားအသောက်တွေ ၊ လူနေမှုဘ၀တွေ ဒီမြို့ လေးမှာရှိပါတယ် ။ တစ်စုံတစ်ယောက်နဲ့များ မျက်လုံးချင်းဆုံမိပြီဆိုရင်တော့ သင့်ဘဝအတွက် ရင်ခုန်စရာအကောင်းဆုံးအချိန်တွေရောက်ရှိလာတော့မှာပါ လို့ဆိုပါတယ် ။

ယောင်းတို့ရေ … မြို့ လေးတွေကတော့ သွားလည်ချင်စရာလေးတွေနော် … အဲဒီကအချစ်တွေကိုမရှာချင်ရင်တောင် ကိုယ့်ရှိတဲ့အချစ်ကိုလက်ဆွဲပြီးသွားလည်ခွင့်ရရင် ကောင်းမှာပဲလို့တောင်တွေးမိပါရဲ့ … Romantic ဆန်တဲ့နေရာလေးတွေမှာ အချစ်နဲ့အတူဆို အရာအားလုံးပြီးပြည့်စုံနေမှာပါပဲ …
ယောင်းတို့ရော ဘယ်လိုသဘောရလဲဟင် ?

ချစ်တဲ့
အသဲကျော် (For Her Myanmar)
Ref : mygreatminds

AThae Kyaw
အသဲ ကတော့ For Her Myanmar မှာ အသုပ်စုံပါ ။ အလုပ်ခွင်အကြောင်းတွေလဲရေးသလို အလှအပအကြောင်းတွေလဲ စိတ်ကူးပေါက်ရင် ရေးတာပဲ ... စာအုပ်တွေ အကြောင်းလဲရေးတယ် ... Mood ၀င်တဲ့နေ့တွေဆို ၀တ္ထုတိုတွေလည်း ရေးဖြစ်တယ် ။ စာဖတ်သူကို motivation ဖြစ်စေမယ့် စာလေးတွေရေးရတာ သိပ်သဘောကျတယ် ။ နေ့တိုင်း ရုပ်ရှင်မကြည့်တဲ့နေ့မရှိတဲ့ ရုပ်ရှင်ဝါသနာအိုးဆိုတော့ Movie Review နဲ့ အနုပညာရေးရာသတင်းတွေ ရေးရတာကို အကြိုက်ဆုံးပဲ ... ။ မကျွမ်းကျင်ဆုံးကတော့ အချစ်ရေးအချစ်ရာတွေပါ ... အာ့မို့ အချစ်ရေးကိစ္စတွေမှာဆို အသဲ လက်ရာဆောင်းပါး ကို တွေ့ရခဲပါတယ် ဟီး အကောင်းဆုံးကြိုးစားသွားမှာမို့ အသဲရဲ့ စာလေးတွေကို အားပေးကြပါဦး ယောင်းတို့ရေ .

Leave a Reply

Your email address will not be published. Required fields are marked *