မုဒိမ္းသမားတစ္ေယာက္ရဲ႕အတြင္းသႏၱာန္

မုဒိမ္းမႈ ဘာလို႔ျဖစ္လဲ နားလည္ဖို႔ဆိုရင္ မုဒိမ္းသမားေတြရဲ႕ စိတ္ကို အရင္နားလည္ထားဖို႔လိုပါတယ္။ 

သင္က မုဒိမ္းသမားတစ္ေယာက္ျဖစ္ပါသလား?

1976 ခုႏွစ္တုန္းက Claremont Graduate University ရဲ႕ ပါရဂူဘြဲ႕ေက်ာင္းသား တစ္ေယာက္ျဖစ္တဲ့  Dr.Smithyman ဟာ အထက္ပါေၾကာ္ျငာကို Los Angeles ၿမိဳ႕ထုတ္ သတင္းစာေတြမွာ ထည့္လိုက္တုန္းကေတာ့ သူ႔ကို ဆက္သြယ္လာမယ့္လူ တစ္ေယာက္ေတာင္ ရွိလာပါ့မလားလို႔ စိတ္ပူေနခဲ့တာပါ။ တကယ့္တကယ္ေတာ့ လူအေယာက္ ၂၀၀ေလာက္ သူ႔ကို ဆက္သြယ္ခဲ့ၾကပါတယ္။

အင္တာဗ်ဴးအခု၅၀ေလာက္ လုပ္အၿပီးမွာေတာ့ အဲ့ဒီမုဒိမ္းေကာင္ေတြရဲ႕ ကိုယ္စိတ္အျပဳအမူဟာ သူလိုကိုယ္လို သာမာန္လူေတြပဲ ျဖစ္ေနၾကၿပီး၊ သူတို႔ေတြရဲ႕ မိသားစု၊ အလုပ္အကိုင္ စသည္တို႔ဟာလည္း မတူၾကတာကို Dr. Smithyman ေတြ႔ရွိလာရပါတယ္။

ဒီလိုမ်ိဳး တစ္ေယာက္နဲ႔တစ္ေယာက္ အေျခအေန လံုးဝကြဲျပားၾကေပမဲ့ သူတို႔ မုဒိမ္းေကာင္ျဖစ္လာဖို႔ ပံ့ပိုးေပးတဲ့ အေျခအေနအခ်ိဳ႕ကိုေတာ့ ေယဘုယ်အားျဖင့္ တူညီတဲ့အခ်က္ေတြ ဆြဲထုတ္ၾကည့္လို႔ရေၾကာင္း သူရဲ႕ ပါရဂူစာတမ္း “The Undetected Rapist” မွာ ေဖာ္ျပထားပါတယ္။

Related article >>> ေသြးေအးလြန္းတဲ့ လူသတ္သမားတစ္ေယာက္ရဲ႕ စိတ္ဝင္စားစရာအေတြးအေခၚ

သူ႔အဆိုအရေတာ့ မုဒိမ္းေကာင္တစ္ေယာက္ ျဖစ္လာဖို႔ဆိုတာ လူမ်ိဳး၊ အဆင့္အတန္း၊ အိမ္ေထာင္ေရး စတဲ့အခ်က္အလက္ေတြနဲ႔ မဆိုင္သေလာက္ျဖစ္ၿပီး သူတို႔ အားလံုးနီးပါးမွာ ေတြ႕ရတဲ့ တူညီတဲ့အခ်က္ကေတာ့ မုဒိမ္းေကာင္တစ္ေယာက္ရဲ႕ စိတ္ေနစိတ္ထားဟာ သူတို႔ေတြ ခပ္ငယ္ငယ္ကတည္းက ကိန္းေအာင္းေနတာလို႔ ဆိုပါတယ္။ အဲဒီထဲကမွ အထင္ရွာဆံုး စိတ္ေနစိတ္ထားတစ္ခုကေတာ့ သူတို႔ေတြ လိင္ပိုင္းဆိုင္ရာ အၾကမ္းဖက္ခဲ့တယ္ဆိုတာကို ဝန္ခံၾကေပမဲ့ သူတို႔ဟာ မုဒိမ္းေကာင္ေတြပါလို႔ လက္မခံၾကတာပါတဲ့။

ေျပာခ်င္တာကကြာ ရည္းစားေဟာင္းပဲျဖစ္ျဖစ္၊ အီစီကလီလုပ္ေနတဲ့ ေကာင္မေလးကိုျဖစ္ျဖစ္ အၾကမ္းဖက္ၿပီး လိင္ကိစၥရယူလိုက္ေပမဲ့ ဒါက မုဒိမ္းမႈေျမာက္တယ္လို႔ လက္မခံၾကတာပါ။ သူကမူေနလို႔ အတင္းရယူလိုက္ရတယ္ ဆိုတာမ်ိဳး ဆင္ေျခေပးၾကတာပါ။

University of California က လိင္ပိုင္းဆိုင္ရာ ရာဇဝတ္မႈကို ႏွစ္ေပါင္မ်ားစြာ ေလ့လာခဲ့တဲ့ စိတ္ပညာရွင္ Neil Malamuth ကေျပာတာကေတာ့ ေထာင္က်ေနတဲ့ ရာဇဝတ္သားေတြဟာ ဘာလာလာဆိုတဲ့ လူမ်ိဳးေတြပါတဲ့။ သူတို႔ဟာ တီဗြီခိုးမယ္၊ လက္ပတ္နာရီခိုးမယ္၊ ကားခိုးမယ္ အဲ့ကေနမွ လိင္ကိစၥကို ခိုးခ်င္ခိုးပါလိမ့္မယ္။ အဲ… တကယ့္လိင္ပိုင္းဆိုင္ရာ ရာဇဝတ္မႈကိုပဲ က်ဴးလြန္တဲ့ မုဒိမ္းေကာင္ေတြကေတာ့ ေထာင္မက်ၾကတာ မ်ားပါတယ္တဲ့။ ဒါေၾကာင့္ပဲ သူတို႔ေတြ ပိုအတင့္ရဲေနတာ ျဖစ္ႏိုင္ပါတယ္။

တကၠသိုလ္ေက်ာင္းသားေတြကို အဓိကထားၿပီး ေကာက္ထားတဲ့ စစ္တမ္းတစ္ခုအရေတာ့ အေပၚမွာေျပာခဲ့သလိုပါပဲ မုဒိမ္းေကာင္ေတြဟာ ခပ္ငယ္ငယ္ကတည္းက ဒီစရုိက္လကၡဏာေတြ ျပၾကပါတယ္။ သူတို႔ေတြဟာ အထက္တန္း (သို႔မဟုတ္) တကၠသိုလ္ႏွစ္အေစာပိုင္းေတြမွာကတည္းက လိင္ပိုင္းဆိုင္ရာနဲ႔ ပတ္သက္ၿပီး တစ္ပါးသူေတြ လက္မခံႏိုင္တဲ့ အမူအက်င့္ေတြကို ျပၾကပါတယ္။ ခ်စ္သူက ဆိတ္ကြယ္ရာေခၚသြားၿပီး အလိုမတူဘဲ ကိုင္တြယ္တာမ်ိဳး၊ ဘတ္စ္ကားေပၚမွာ မဖြယ္မရာ ထိေတြ႔မႈေတြ လုပ္တာမ်ိဳးေပါ့။ တခ်ိဳ႕ကေတာ့ တစ္ခါႏွစ္ခါေလာက္ အၿပီးမွာ ရပ္သြားၾကေပမဲ့၊ တခ်ိဳ႕ကေတာ့ ဆက္လက္ျပဳမူတတ္ၾကတယ္။ တခ်ိဳ႕မ်ားဆို ပိုလို႔ အတင့္ရဲလာၿပီး မုဒိမ္းေကာင္ျဖစ္လာၾကပါတယ္။

Related article >>> တြစ္တာအသံုးျပဳသူ မိန္းကေလးတစ္ေယာက္ေျပာျပတဲ့ မုဒိမ္းမႈအေၾကာင္း

Wayne State University က လူမႈစိတ္ပညာရွင္ Antonia Abbey ရဲ႕သုေတသနတစ္ခုအရမွာ ထပ္ခါထပ္ခါ လိင္ပိုင္းဆိုင္ရာ ရာဇဝတ္မႈ က်ဴးလြန္သူတစ္ေယာက္က သူ႔အျပဳအမူကို ဒီလိုရွင္းျပထားပါတယ္ –

“ကၽြန္ေတာ့ကို လိင္စိတ္ႂကြလာေအာင္ လုပ္တဲ့အတြက္ သူ(မ)ကို ျပန္ေပးဆပ္ခိုင္းတာပါ”

ဒီအေၾကာင္းျပခ်က္ကို ၾကားဖူးေနတယ္ မထင္မိဘူးလားဟင္? ဘယ္ေလာက္ေတာင္ အဓိပၸာယ္မရွိၿပီး ေၾကာက္စရာေကာင္းလိုက္သလဲလို႔… ေနာက္ဆံုး ေျပာခ်င္တာက ေယာင္းတို႔ရယ္… လူဆိုးဆိုတာက ခ်ိဳလည္းေပါက္မေန၊ နဖူးမွာလည္း စာမေရးထားဘူးမလား… ဘယ္အခ်ိန္ ဘယ္ေနရာ ဘယ္လိုအေျခအေနမ်ိဳးမွာမဆို မုဒိမ္းေကာင္ေတြ ရွိေနတတ္ပါတယ္လို႔…

အႏၱရာယ္ကင္းၿပီး လွပတဲ့ ဘဝေလးေတြ ပိုင္ဆုိင္ႏုိင္ၾကပါေစ။

Khine (For Her Myanmar)

References : New York Times | The Daily Universe

<<< Unicode >>>

မုဒိမ်းမှု ဘာလို့ဖြစ်လဲ နားလည်ဖို့ဆိုရင် မုဒိမ်းသမားတွေရဲ့ စိတ်ကို အရင်နားလည်ထားဖို့လိုပါတယ်။ 

သင်က မုဒိမ်းသမားတစ်ယောက်ဖြစ်ပါသလား?

1976 ခုနှစ်တုန်းက Claremont Graduate University ရဲ့ ပါရဂူဘွဲ့ကျောင်းသား တစ်ယောက်ဖြစ်တဲ့  Dr.Smithyman ဟာ အထက်ပါကြော်ငြာကို Los Angeles မြို့ထုတ် သတင်းစာတွေမှာ ထည့်လိုက်တုန်းကတော့ သူ့ကို ဆက်သွယ်လာမယ့်လူ တစ်ယောက်တောင် ရှိလာပါ့မလားလို့ စိတ်ပူနေခဲ့တာပါ။ တကယ့်တကယ်တော့ လူအယောက် ၂၀၀လောက် သူ့ကို ဆက်သွယ်ခဲ့ကြပါတယ်။

အင်တာဗျူးအခု၅၀လောက် လုပ်အပြီးမှာတော့ အဲ့ဒီမုဒိမ်းကောင်တွေရဲ့ ကိုယ်စိတ်အပြုအမူဟာ သူလိုကိုယ်လို သာမာန်လူတွေပဲ ဖြစ်နေကြပြီး၊ သူတို့တွေရဲ့ မိသားစု၊ အလုပ်အကိုင် စသည်တို့ဟာလည်း မတူကြတာကို Dr. Smithyman တွေ့ရှိလာရပါတယ်။

ဒီလိုမျိုး တစ်ယောက်နဲ့တစ်ယောက် အခြေအနေ လုံးဝကွဲပြားကြပေမဲ့ သူတို့ မုဒိမ်းကောင်ဖြစ်လာဖို့ ပံ့ပိုးပေးတဲ့ အခြေအနေအချို့ကိုတော့ ယေဘုယျအားဖြင့် တူညီတဲ့အချက်တွေ ဆွဲထုတ်ကြည့်လို့ရကြောင်း သူရဲ့ ပါရဂူစာတမ်း “The Undetected Rapist” မှာ ဖော်ပြထားပါတယ်။

Related article >>> သွေးအေးလွန်းတဲ့ လူသတ်သမားတစ်ယောက်ရဲ့ စိတ်ဝင်စားစရာအတွေးအခေါ်

သူ့အဆိုအရတော့ မုဒိမ်းကောင်တစ်ယောက် ဖြစ်လာဖို့ဆိုတာ လူမျိုး၊ အဆင့်အတန်း၊ အိမ်ထောင်ရေး စတဲ့အချက်အလက်တွေနဲ့ မဆိုင်သလောက်ဖြစ်ပြီး သူတို့ အားလုံးနီးပါးမှာ တွေ့ရတဲ့ တူညီတဲ့အချက်ကတော့ မုဒိမ်းကောင်တစ်ယောက်ရဲ့ စိတ်နေစိတ်ထားဟာ သူတို့တွေ ခပ်ငယ်ငယ်ကတည်းက ကိန်းအောင်းနေတာလို့ ဆိုပါတယ်။ အဲဒီထဲကမှ အထင်ရှာဆုံး စိတ်နေစိတ်ထားတစ်ခုကတော့ သူတို့တွေ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခဲ့တယ်ဆိုတာကို ဝန်ခံကြပေမဲ့ သူတို့ဟာ မုဒိမ်းကောင်တွေပါလို့ လက်မခံကြတာပါတဲ့။

ပြောချင်တာကကွာ ရည်းစားဟောင်းပဲဖြစ်ဖြစ်၊ အီစီကလီလုပ်နေတဲ့ ကောင်မလေးကိုဖြစ်ဖြစ် အကြမ်းဖက်ပြီး လိင်ကိစ္စရယူလိုက်ပေမဲ့ ဒါက မုဒိမ်းမှုမြောက်တယ်လို့ လက်မခံကြတာပါ။ သူကမူနေလို့ အတင်းရယူလိုက်ရတယ် ဆိုတာမျိုး ဆင်ခြေပေးကြတာပါ။

University of California က လိင်ပိုင်းဆိုင်ရာ ရာဇဝတ်မှုကို နှစ်ပေါင်များစွာ လေ့လာခဲ့တဲ့ စိတ်ပညာရှင် Neil Malamuth ကပြောတာကတော့ ထောင်ကျနေတဲ့ ရာဇဝတ်သားတွေဟာ ဘာလာလာဆိုတဲ့ လူမျိုးတွေပါတဲ့။ သူတို့ဟာ တီဗွီခိုးမယ်၊ လက်ပတ်နာရီခိုးမယ်၊ ကားခိုးမယ် အဲ့ကနေမှ လိင်ကိစ္စကို ခိုးချင်ခိုးပါလိမ့်မယ်။ အဲ… တကယ့်လိင်ပိုင်းဆိုင်ရာ ရာဇဝတ်မှုကိုပဲ ကျူးလွန်တဲ့ မုဒိမ်းကောင်တွေကတော့ ထောင်မကျကြတာ များပါတယ်တဲ့။ ဒါကြောင့်ပဲ သူတို့တွေ ပိုအတင့်ရဲနေတာ ဖြစ်နိုင်ပါတယ်။

တက္ကသိုလ်ကျောင်းသားတွေကို အဓိကထားပြီး ကောက်ထားတဲ့ စစ်တမ်းတစ်ခုအရတော့ အပေါ်မှာပြောခဲ့သလိုပါပဲ မုဒိမ်းကောင်တွေဟာ ခပ်ငယ်ငယ်ကတည်းက ဒီစရိုက်လက္ခဏာတွေ ပြကြပါတယ်။ သူတို့တွေဟာ အထက်တန်း (သို့မဟုတ်) တက္ကသိုလ်နှစ်အစောပိုင်းတွေမှာကတည်းက လိင်ပိုင်းဆိုင်ရာနဲ့ ပတ်သက်ပြီး တစ်ပါးသူတွေ လက်မခံနိုင်တဲ့ အမူအကျင့်တွေကို ပြကြပါတယ်။ ချစ်သူက ဆိတ်ကွယ်ရာခေါ်သွားပြီး အလိုမတူဘဲ ကိုင်တွယ်တာမျိုး၊ ဘတ်စ်ကားပေါ်မှာ မဖွယ်မရာ ထိတွေ့မှုတွေ လုပ်တာမျိုးပေါ့။ တချို့ကတော့ တစ်ခါနှစ်ခါလောက် အပြီးမှာ ရပ်သွားကြပေမဲ့၊ တချို့ကတော့ ဆက်လက်ပြုမူတတ်ကြတယ်။ တချို့များဆို ပိုလို့ အတင့်ရဲလာပြီး မုဒိမ်းကောင်ဖြစ်လာကြပါတယ်။

Related article >>> တွစ်တာအသုံးပြုသူ မိန်းကလေးတစ်ယောက်ပြောပြတဲ့ မုဒိမ်းမှုအကြောင်း

Wayne State University က လူမှုစိတ်ပညာရှင် Antonia Abbey ရဲ့သုတေသနတစ်ခုအရမှာ ထပ်ခါထပ်ခါ လိင်ပိုင်းဆိုင်ရာ ရာဇဝတ်မှု ကျူးလွန်သူတစ်ယောက်က သူ့အပြုအမူကို ဒီလိုရှင်းပြထားပါတယ် –

“ကျွန်တော့ကို လိင်စိတ်ကြွလာအောင် လုပ်တဲ့အတွက် သူ(မ)ကို ပြန်ပေးဆပ်ခိုင်းတာပါ”

ဒီအကြောင်းပြချက်ကို ကြားဖူးနေတယ် မထင်မိဘူးလားဟင်? ဘယ်လောက်တောင် အဓိပ္ပာယ်မရှိပြီး ကြောက်စရာကောင်းလိုက်သလဲလို့… နောက်ဆုံး ပြောချင်တာက ယောင်းတို့ရယ်… လူဆိုးဆိုတာက ချိုလည်းပေါက်မနေ၊ နဖူးမှာလည်း စာမရေးထားဘူးမလား… ဘယ်အချိန် ဘယ်နေရာ ဘယ်လိုအခြေအနေမျိုးမှာမဆို မုဒိမ်းကောင်တွေ ရှိနေတတ်ပါတယ်လို့…

အန္တရာယ်ကင်းပြီး လှပတဲ့ ဘဝလေးတွေ ပိုင်ဆိုင်နိုင်ကြပါစေ။

Khine (For Her Myanmar)

References : New York Times | The Daily Universe

No Comments Yet

Leave a Reply

Your email address will not be published.