ကျွန်မကတော့ အရပ်ရှည်တဲ့သူပဲကြိုက်တယ်

ကြည့်ကောင်းတဲ့သူတိုင်း အရပ်ရှည်ကြတယ်လို့မပြောဘူး။ အရပ်ရှည်တဲ့သူတိုင်းတော့ ကြည့်ကောင်းကြတယ်။

“ဝိုးးးးးးကြည့်ပါအုံး သူတို့အတွဲက လိုက် လိုက်တာ ။”လို့ကျွန်မပြောလိုက်မိတဲ့အတွဲတွေက ကောင်လေးက ကောင်မလေးထက် အရပ်ရှည်တဲ့ အတွဲတွေပါ။အချစ်မှာ မျက်စိမရှိဘူးပဲပြောပြော ကျွန်မမျက်စိကတော့ အရပ်ရှည်တဲ့သူတွေကိုပဲ မြင်မိပါလိမ့်မယ်။ဘာလို့ဆိုတာတော့…

ဆယ့်နှစ်ရာသီလုံးမှာ မိုးဖြစ်ဖြစ် နွေဖြစ်ဖြစ် အရပ်ရှည်တဲ့ ကိုကိုတွေက ကျွန်မရဲ့ ထီးတော်မိုးပေါ့။
(ဟုတ်တယ်လေ ကိုယ့်ထက်အရပ်ပုသူတွေက ထီမိုးပေးတယ် ထားပါအုံး စတိုင်ပဲ့တာပေါ့ ရှင်။)
ထီးမပါလို့ အရိပ်ရှိတဲ့နေရာ နှစ်ယောက်သားပြေးအုံးမလား သူ့ရဲ့ လက်ဖဝါးပြင်ကျယ်ကြီးနဲ့ ကိုယ့်ခေါင်းပေါ်ကို အရိပ်တစ်ခုလောက်တော့ ခဏတာ ဖြစ်ဖြစ်ဖန်တီးပေးနိုင်တာပဲလေ။

ပွင့်လင်းရာသီရောက်လို့ ရိုးပွဲ(show)တွေသွားကြည့်အုံးမလား သူ့ရဲ့ အရပ်ရှည်ကြီးနဲ့ လူတိုးတဲ့ဒဏ်ကို ကိုယ့်ကိုယ် ကာကွယ်ပေးနိုင်တယ်လေ။ဟုတ်ဘူးလား ?

ဝမ်းနည်းစရာကြုံလာလည်း သူ့ရင်ခွင်မှာ ကိုယ့်ခေါင်းလေးမှီကာထား လိုက်မယ် ဆိုတာက အရပ်ရှည်သူကို ရည်းစားတော်ထားမှ ဖြစ်မှာလေ။

စိတ်တိုစရာကြုံလို့ ရှိရင်တောင် ဘေးက အရပ်ရှည်သူကြီးရဲ့ရင်ဘတ်ကို စုံထုပြီး ဂျီကျချင်တာကလည်း မိန်းကလေးသဘာဝပါ။

 

ကိုယ့်ပန်ချင်တဲ့ပန်းလေး တွေကိုတောင် ” ကို ခုချက်ချင်း ခူးပေး ”ဆိုရင် ခုန်ခူးလို့ရတဲ့ အမြင့်လောက်က ပန်းကို အရပ်ရှည်သူ ကျွန်မ ကိုကိုကပဲ စက္ကန့်မဆိုင်း ခူးပေးနိုင်တာပဲလေ ။
(ခူးပေးတာချင်း အတူတူ ပုဆိုးကတောင်းကျိုက်ပြီး ပန်း ခူးပေးတာထက်စာရင်တော့ တော်သေးတာပေါ့နော်။)

ချစ်သူတွေချင်း လက်ချင်းတွဲကာ လျှောက်လည်တာထက် သူ့လက်မောင်းကို မှီကာတွဲလို့ လျှောက်လည်တာကို ကျွန်မ ပိုရူးမိတယ်။
သူ့ကလည်း ကိုယ့်ခေါင်းလေးကို လက်နဲ့ပုတ်ပြီး ကလေးဆိုးတစ်ယောက်ကို အလိုလိုက်တာကို ကျွန်မ ပိုသဘောကျမိတယ်။
(ဟုတ်တယ်လေ အဲ့လိုမျိုး ခေါင်းလေးပုတ်ကာ ပုတ်ကာ ကျီစယ်နိုင်ဖို့ကလည်း သူက ကိုယ့်ထက်အရပ်ရှည်သူမှ ဖြစ်မှာကို ။)
ကျွန်မ အရပ်ရှည်တဲ့ ယောက်ျားလေးတွေကို သဘောကျတာ မလွန်ဘူး ထင်တယ်။

သူ့ကို အနမ်းတစ်ပွင့် ချွေအုံးမလား ။
ခြေဖျားလေးထောက်ပြီး သူ့ရင်ဘတ်အကျီတွေကို ဆွဲကာ အနမ်းပေးရင်းနဲ့လည် ရိုမန်တစ်ဆန်နိုင်တာကလည်း It လို အရပ်ရှည်သူ ကို ရည်းစားတော်ထားကာမှ ရိုလို့ ကောင်းတာပေါ့နော်။

ကျောင်းသူဘဝ အောင်စာရင်းလေးတွေ ထွက်တာက အစ အောင်မအောင် အရင်ကြည့်ပေးနိင်သူက အရပ်ရှည်သူတွေပေါ့။
ဘတ်ကားစောင့်ရင်း ကိုယ်စောင့်နေတဲ့ကားကို အရင်မြင်နိုင်တာကလည်း အရပ်ရှည်သူတွေပေါ့။
အမြင့်က ပစ္စည်းတစ်ခု ကိုယ်က တုံးခုယူရမယ် ဆိုရင်တောင် အရပ်ရှည်သူတစ်ယောက်ရှိရင်ကို တုံးတွေ ခုံတွေ ခုစရာမလိုတာကလည်း အရပ်ရှည်သူတွေကို ကျွန်မသဘောကျတဲ့ အချက်ပေါ့။

အရပ်ရှည်တဲ့ ယောက်ျားလေးလို့ဘယ်လိုသတ်မှတ်မလဲ ?

မြန်မာနိုင်ငံလို အချိုမုန့်စား အရပ်ပုနေကျ ပေမဲ့ ယောက်ျားလေးတစ်ယောက်ကတော့ အနည်းဆုံး ၅’ ၆”လောက်တော့ ရှိမှ သာမာန်လို့ပဲ ပြောနိုင်ပါတယ်။၆”လောက်ရှိတဲ့ အရပ်ဆို ပို ခရက်ရှ်ချင်စရာကောင်းတာပေါ့။Six pack ဘော်ဒီ ဆိုရင်တော့ ပြောမနေ နဲ့တော့ပေါ့။

ဘယ်သူတွေ ဘာပြောပြော မိန်းကလေးတို့ သဘာဝအရ အရပ်ရှည်သူ ယောက်ျားကိုပဲ ရည်းစားတော်ချင်တာများမယ်လို့ ထင်ပါတယ်။(ကျွန်မအမြင်ပြောတာနော်။ကြိုက်သလို သဘောကွဲလွဲခွင့်ရှိတယ်။)ဒါကလည်း မိန်းကလေးဆိုတာ အားကိုးချင်တဲ့စိတ်များတဲ့အတွက်ကြောင့် ကိုယ်အားကိုးရမယ့် ကိုယ့်ချစ်သူကို ဉာဏအား ကာယအား သာစေချင်တာတော့ အမှန်ပဲ။ အရပ်ရှည်တာကလည်း အဲ့လို အားကိုးရမယ့်အချက်တွေထဲက တစ်ချက်ပေါ့။

 

Wai Zin (For Her Myanmar)