သူ့ကို ချစ်များချစ်နေမိပြီလား?

ရင်မှာ ချစ်များချစ်မိနေလား မရေရာဘူး စိတ်ထဲက…. 

မသေချာ မရေရာခြင်းတွေနဲ့ ဒီသီချင်းလေးကို ညည်းနေမိပြီလား ယောင်းတို့ရေ…
ကိုယ်ကချစ်နေမိသယောင်ယောင် ဖြစ်ပေမဲ့ သိစိတ်ကဝန်မခံချင်…. မသိစိတ်ကလဲ တိတ်တိတ်လေးသတိတွေရ… အလဲ့..
ဝေခွဲရတွေခက်နေပြီဆိုရင်တော့ ဒီအက်ဒမင်ပြောပြတဲ့ အချက်လေးတွေနဲ့ ငြိမငြိ တစ်ချက်ကိုယ့်ကိုကိုယ် ပြန်မေးကြည့်လိုက်ကြရအောင် ယောင်းလေးတို့….

သူ့အကြောင်းတွေ ခဏခဏပဲတွေးနေမိပြီ??
တစ်နေ့တာလုံးမှာ သူ့အကြောင်းကို ကြိမ်ဖန်များစွာတွေ တွေးတောနေမိတာမျိုး၊ ယုတ်စွအဆုံး အလုပ်ရှုပ်နေရင်တောင် သူ့အကြောင်းကခေါင်းထဲမရမကရောက်ရောက်လာတာမျိုး၊ တွေးမိတိုင်းလဲ ကြိတ်ပြုံးလေးတွေ ပြုံးပြီး ရင်ခုန်သံတွေ မြန်လာတာမျိုး…ဒါမျိုးလေးတွေ ယောင်းတို့ဆီမှာဖြစ်နေပြီလား??

သူပြောသမျှ လုပ်သမျှ မှန်မှန်မှားမှား ကျေနပ်နေမိပြီ??
ဆိုပါစို့ ယောင်းလေးတို့ရဲ့ သက်ဆိုင်သူတွေက မရယ်ရတဲ့ဟာသတစ်ခုကိုပြောလိုက်လဲ ယောင်းလေးတို့မှာ မရယ်ပဲမနေနိုင်တာမျိုး… ကိုယ်ကကြွေနေတော့လဲ ဟုတ်ဟုတ်မဟုတ်ဟုတ် သူ့ကိုစိတ်မပျက်စေချင်ဘူးလေ.. မှန်နေပြီမလား?? 😛

Related Article >>> သူချစ်လား၊ ကိုယ်ချစ်လား?

ကိုယ့်အသိုင်းအဝိုင်းကလူတွေအားလုံး သူ့ကိုနှစ်သက်စေချင်တယ်??
မိသားစုနဲ့ ဘော်ဒါရောင်းရင်းတွေကိုလဲ မိတ်ဆက်ပေး၊ မိတ်ဆက်ပေးတဲ့အခါမှာလဲ သာမန်ထက်ထူးခြားတဲ့ အပြုအမူတွေလုပ်မိ၊ သူ့ကောင်းကွက်တွေကိုပဲ ရွေးပြီးမိတ်ဆက်ပေးမိ…
ဒါမျိုးတွေရော မသိမသာလုပ်နေမိပြီလား??

သူပော်ျတိုင်း သူဝမ်းနည်းတိုင်းမှာ ကိုယ်ကထပ်တူခံစားတတ်နေပြီ??
သူ့မှာ အောင်မြင်မှုတွေ၊ ရှုံးနိမ့်မှုတွေရှိလာတဲ့အခါတိုင်း သူနဲ့ထပ်တူ ယောင်းလေးတို့မှာ စိတ်ခံစားလွယ်တတ်နေပြီလား?? ကိုယ်ကစိတ်ညစ်နေသည့်တိုင် သူပော်ျရွှင်နေတဲ့အခါ ကိုယ်ပါအလိုလိုပော်ျရွှင်သွားတာမျိုး ကြုံတွေ့နေရပြီလား??

မတွေ့ရတာ ရက်ပိုင်းလေးပဲကြာတာကိုတောင် လွမ်းတတ်ပြီ??
ချစ်ခြင်းအချို့ဟာ ရှိနေရင်သိပ်မသိသာပေမဲ့ တစ်ယောက်နဲ့တစ်ယောက် ခဏဝေးနေတဲ့အချိန် အတူမရှိတဲ့အချိန်မျိုးတွေမှာ ကိုယ်ဟာ ဘာလိုလို့ လိုအပ်နေမှန်းမသိ၊ ရင်ထဲမှာဟာတာတာတွေ ဖြစ်မိနေတာမျိုးတွေရှိပါတယ်။ ဒါမျိုးတွေရော ခံစားနေရပြီလား??

Related Article >>> ဘယ်လိုအချစ်မျိုးလဲ

အတူရှိဖို့ ကြိုးစားတတ်နေပြီ??
ခဏလေးတောင် မဝေးချင်… သူငယ်ချင်းတွေနဲ့အတူ လျှောက်လည်ရင်တောင် သူ့အနားမှာပဲ တဝဲလည်လည် ရစ်သီရစ်သီဖြစ်နေတာမျိုးတွေရော ယောင်းလေးတို့မှာ ဖြစ်နေရဲ့လား??

မသက်ဆိုင်သေးပေမဲ့ သဝန်တွေရှယ်တိုတတ်ပြီ??
ကိုယ်ကိုယ်တိုင်တောင် မသိလိုက်ရဘဲ သူ့ကို တခြားကောင်မလေးတွေနဲ့ တွဲသွားတွဲလာနေတာမျိုး မမြင်ချင်တာတွေ၊ မြင်လိုက်ရရင်ဖြင့် စိတ်ကောက်နေပါတယ်ဆိုတာကို တစ်နည်းနည်းနဲ့ ပြချင်တာတွေ၊ နင်ဘာတွေဖြစ်နေတာလဲ မေးရင် ဘာမှမဖြစ်ပါဘူး ဖြေပြီး အရွဲ့အကန်တွေချည်းပဲ ပြောနေလုပ်နေတာမျိုးတွေ ယောင်းတို့ လုပ်နေမိပြီလား?? 😛

ခုအက်ဒမင်ပြောခဲ့တဲ့ အပေါ်ကအချက်လေးတွေနဲ့ တိုက်ဆိုင်နေပြီး ဒီလိုတိုက်ဆိုင်သွားရတဲ့အတွက်လဲ ဘာအကြောင်းပြချက်မှ ရှာလို့မရတော့ရင်….

Congratulations ပါ ယောင်းလေးတို့…. အဲ့လူကိုယောင်းလေးတို့ ချစ်နေမိပါပြီ… <3

ကဲပါ.. စဉ်းစားပါ၊ တွေးတောပါ၊ သုံးသပ်ပါ။
ပြီးရင် ဟုတ်မဟုတ် တိုက်ဆိုင်မဆိုင် အက်ဒ်မင်တို့ကို ပြန်ပြောလေလို့နော်… ဟီးဟီးးးးးးး

Thu ( For Her Myanmar )

Reference : wikihowpsychologytoday

Thu
Thu

ကိုယ့်အတွေ့အကြုံ ခံစားချက်တွေကို blog လေးတွေကနေ လိုလိုလားလား မျှဝေပေးချင်သူတစ်ယောက်ပါ။ Mood အလိုက် feel ပြီးရေးရတာ သိပ်သဘောကျပါတယ်။ 😁😁