ကလေးတွေ စာလေ့လာတဲ့နေရာမှာ ဘယ်လိုကူညီပေးကြမလဲ

ဆရာမတွေအပေါ်မှာပဲ တစ်ချိန်လုံး အားကိုးနေလို့မရပါဘူး။ ကိုယ်ကိုယ်တိုင်လည်း အိမ်မှာ ကလေးကို ကူညီအားဖြည့်ပေးဖို့ လိုအပ်ပါတယ်

ကလေးတွေ ထူးချွန်ထက်မြက်ဖို့ဆိုရင် ကလေးကို ကျူရှင်အကောင်းစားတွေမှာ တက်ခိုင်း၊ ဂိုက်ဆရာမတွေငှားပေး ဒါတွေလုပ်ပေးရုံနဲ့ မလုံလောက်ပါဘူး ယောင်းတို့ရေ။ ကလေးကို တစ်ယောက်တည်းလေ့လာစေတာထက် ယောင်းတို့ကပါ ပါဝင်ကူညီပေးတာက သူ့အတွက် ပိုအကျိုးရှိပါစေပါတယ်။ ဒီနေရာမှာ မေမေယောင်းတို့သာမက တီတီယောင်းတို့ကလည်း တူ၊တူမတွေကို ကူညီလို့ရပါတယ်လို့စ်။ ဒါဆို နည်းလမ်းလေးတွေ ပြောပြမယ်နော်။

(၁) သူတို့စာလေ့လာရမယ့်အချိန်တစ်ခု သတ်မှတ်ပေးပါ

အချိန်ဇယား စီစဉ်ထားပေးပါ။

အချိန်သတ်မှတ်တဲ့နေရာမှာ သူတို့ရဲ့ အကြံဉာဏ်တောင်းဖို့လည်း မမေ့ပါနဲ့။ သူ စာလုပ်ရတာ ဘယ်အချိန်ကြိုက်လဲ ဘယ်အချိန်က ကစားချင်လဲ၊ တီဗီကြည့်ချင်လဲ စသဖြင့် သူတို့ရဲ့ အကြံဉာဏ်တွေ တောင်းခံခြင်းအားဖြင့် ကလေးကို လေးစားမှုပေးရာရောက်တာမို့ စာလေ့လာတဲ့နေရာမှာ တွန်းအားပေးသလို မခံစားစေတော့ပါဘူး။ ကလေးကို ဖိအားပေးစာလုပ်ခိုင်းတဲ့အခါ သူကိုယ်တိုင်က စိတ်မပါတာမို့ စာလေ့လာတဲ့နေရာမှာ အကျိုးမရှိတော့ပါဘူး။

Related article >>> အင်တာနက်သုံးရင်း သင်တန်းတက်ကြမယ်

(၂) စာလုပ်တဲ့အခါမှာ စိတ်အနှောင့်အယှက်တွေကို ဖယ်ရှားပေးပါ။

စာလုပ်ရာမှာ စိတ်အနှောက်အယှက် မဖြစ်ပါစေနဲ့..

တီဗီဖွင့်တာမျိုး၊ သူ့ဘေးမှာ ဖုန်းပြောနေတာ၊ သီချင်းဖွင့်တာ၊ စကားအကျယ်ကြီးပြောတာမျိုးတွေ မလုပ်ပါနဲ့။ ဒါမှ စာအပေါ် အာရုံစိုက်နိုင်မှာပါ။ တချို့မိဘတွေရှိပါတယ်။ ကလေးကို စာလုပ်ခိုင်းထားပေမယ့် တီဗီကျဆက်ကြည့်နေတာမျိုး၊ သူငယ်ချင်းမိတ်ဆွေလာတဲ့အခါ စကားအကျယ်ကြီးပြောတာမျိုးတွေက ကလေး စာလေ့လာတဲ့နေရာမှာ အနှောင့်အယှက်ဖြစ်စေပါတယ်။

(၃) စာလုပ်မယ့်နေရာ ကောင်းကောင်းလေးပြင်ဆင်ပေးပါ

စာလုပ်ဖို့ နေရာကောင်းကောင်းလေး စီစဉ်ပေးပါ

ဈေးကြီးတဲ့ စားပွဲခုံတွေ ဘာတွေ လုပ်ပေးတယ်ဆိုတာထက် စာကြည့်ဖို့ မီးရောင်၊ အလင်းရောင်ကောင်းကောင်းရမယ့် နေရာဖြစ်ဖို့လိုပါတယ်။ ပြီးတော့ သူလိုအပ်မယ့် စာအုပ်တွေ၊ စာရေးကိရိယာတွေကိုလည်း ဖြည့်စွက်ပေးပါ။ တစ်ခုက သူကိုယ်တိုင် သူ့စားပွဲကို သေသေသပ်သပ်ထားတတ်တဲ့ အကျင့်လေးရှိအောင် သင်ပေးပါ။ စာကြည့်တဲ့အခါမှာ စားပွဲရှင်းနေမှ စာကြည့်ရင် စိတ်ရှင်းမှာဖြစ်ပါတယ်။

(၄) စိတ်ဓာတ်ခွန်အားပေးပါ

စိတ်ဓာတ်ခွန်အားပေးပါ။

စာလေ့လာနေရင်းနဲ့ စိတ်ဓာတ်ကျလာတာတွေ၊ စာကို ဘာကြောင့်လေ့လာနေရမှန်းမသိတော့ဘဲ ယောင်ယောင်ဝါးဝါးဖြစ်လာတွေက ကျောင်းသားတိုင်းနီးပါးဖြစ်တတ်ပါတယ်။ အဲ့လိုဖြစ်လာတယ်လို့ သံသယရှိလာတိုင်း သူတို့ကို စိတ်ဓာတ်ခွန်အားတွေပေးပါ။ ပညာတတ်တဲ့အခါ တခြားသူတွေကို ပိုကူညီနိုင်ကြောင်း၊ ပညာက အသိပညာဗဟုသုတ တိုးတက်စေတာမို့ ဘဝအတွက် အကျိုးရှိကြောင်း၊ ပညာကောင်းကောင်းတတ်တဲ့အခါ ကိုယ်ဖြစ်ချင်တဲ့ပန်းတိုင်ကို အလွယ်တကူရောက်နိုင်ကြောင်း စတဲ့ စကားတွေနဲ့ စိတ်ဓာတ်ခွန်အားပေးပါ။

Related article >>> သိပ္ပံနည်းကျ ရင်သွေးပျိုးထောင်ခြင်း

(၅) ကလေး စာလေ့လာရပိုလွယ်အောင် ပျော်ရွှင်ဖွယ်နည်းလမ်းလေးတွေ ဖန်တီးပေးပါ

လက်တွေ့နဲ့ယှဉ်ပြီး သင်ကြားပေးပါ

တစ်ခါတလေ သင်ရိုးညွှန်းတမ်းထဲက စာတွေကို ကလေးတွေ ငြီးငွေ့တတ်ကြပါတယ်။ အဲ့အစား ရုပ်ပုံလေးတွေများများပါတဲ့ ပုံလေးတွေ၊ သူ့သင်ခန်းစာနဲ့ ဆက်စပ်တဲ့ ဇာတ်လမ်းတိုလေးတွေနဲ့ စာလေ့လာခိုင်းပါ။
ဥပမာတစ်ခုပြောရရင် အက်မင် ငယ်ငယ်တုန်းက သင်္ချာဘာသာမှာ အမြဲအမှတ်ပြည့်ရပါတယ်။ ဒါပေမဲ့ တစ်နေ့ အမေနဲ့ ဈေးသွားတော့ အမေက ကြက်သားရောင်းတဲ့ အန်တီကြီးကို ဘယ်ဈေးလဲ မေးတော့ တစ်ဆယ်သား တစ်ထောင်ဈေးတဲ့ (ဈေးတော့ သေချာမမှတ်မိ) အာ့ဆို တစ်ပိဿာပေးဆိုပြီး အမေက ပြောလည်းပြော၊ ကိုယ့်ဘက်လှည့်ပြီး သမီး ပိုက်ဆံထုတ်ပေးလိုက်နော်ဆိုပြီး ပြောတယ်။ ဟုတ် အမေ ဒါနဲ့ မီး ဘယ်လောက်ပေးလိုက်ရမလဲဆိုပြီးပြောတော့ အမေက ဟယ် ငါ့သမီးရယ် တစ်ဆယ်သာ တစ်ထောင်၊ တစ်ပိဿာ တစ်သောင်းပေါ့အေ့တဲ့။ အမ် မီးမှမသိတာလို့ ကိုယ်လည်းပြန်ဖြေခဲ့တယ်။ အမေကတော့ဖြင့် အံ့တွေသြလို့။ ကိုယ် အမှန်ပြောရရင် ခုနပြောတဲ့ တစ်ပိဿာမှာ အဲ့လောက်ရှိတယ်ဆိုသာ စာအုပ်ပေါ်မှာ ချရေးရင်တော့သိတယ်။ တစ်ကယ်တမ်း အပြင်မှာ လက်တွေ့ကျ မသိတော့ဘူး။ ဒါကြောင့် စာတွေ့ထက် လက်တွေ့လေးတွေလည်း လုပ်နိုင်မယ့်နည်းလေးတွေ ရှာကြည့်ပါ။

ကဲ ဒါဆိုရင်တော့ ယောင်းယောင်းတို့ရဲ့ ရင်နှစ်သည်းချာ ဘေဘီလေးတွေ စာလေ့လာတဲ့အခါမှာ ကူညီအားဖြည့်ပေးနိုင်မယ့် နည်းလမ်းလေးတွေ သိလောက်ပြီထင်ပါတယ်နော်။ ယောင်းတို့ရဲ့ ဘေဘီလေးတွေဟာ အနာဂါတ်ရဲ့ ခေါင်းဆောင်လေးတွေမို့ သူတို့လေးတွေရဲ့ အနာဂါတ်ကလည်း ယောင်းတို့လက်ထဲမှာပဲ ရှိပါတယ်နော်။

Myat ( For Her Myanmar )

Reference : Kids’ Health , Wiki How

Myat Moe
Myat Moe

နာမည်က မြတ်မိုးဆင့်ပါ. အသက်က ၂၀ ပါ. အပျိုကြီးမမပေါ့. For Her Myanmar မှာ Full time writer အနေနဲ့ စလုပ်မှာပါ. အားမနာဘဲနဲ့ သင်စရာရှိရင် သင်ပြီး ပြောစရာရှိရင် ပြောလို့ရပါတယ်. Love me more! ❤

error: Content is protected !!