သဘာဝအတိုင်း ထူထဲသန်စွမ်းတဲ့ ဆံကေသာပိုင်ရှင်လေးတွေဖြစ်ဖို့…..

ဆံပင်ပါးလို့ စိတ်ညစ်နေရပြီလား?? ထူထဲသန်စွမ်းတဲ့ ဆံပင်လေးတွေ အလိုရှိပြီဆိုရင်တော့ ဒီပစ္စည်းလေးတွေက ယောင်းလေးတို့ ဆံပင်ကို ကယ်တင်ပေးမှာပါ။

ချစ်ရတဲ့ ယောင်းတို့ရေ…
ဆံကေသာလှပခြင်းဆိုတာ ကောင်းခြင်းငါးဖြာတွေထဲကတစ်ခုပါ။ သွေးသားကြောင့် မျိုးရိုးကြောင့် ဆံပင်ပါးနေတဲ့ ယောင်းလေးတို့လဲ ရှိမှာပါနော်။ အက်ဒမင်လဲ အပါအဝင်ပါပဲရှင့်။ အဲ့တော့ ဒီအက်ဒမင်က ဒီအခေါက်မှာ ထူထဲသန်စွမ်းတဲ့ဆံပင်ရရှိဖို့ အလွယ်တကူ ဝယ်ယူနိုင်တဲ့ ပစ္စည်းလေးတွေနဲ့ သဘာဝအတိုင်းပြုလုပ်ပုံကို မျှဝေပေးပါ့မယ်နော်။

၁) ပါဝင်ပစ္စည်း – အုန်းဆီ၊ သံပုရာရည်

အုန်းဆီနဲ့ သံပုရာရည်အရောကို ဦးရေပြားမှာ နှံ့နေအောင်လိမ်းပြီး ၁၅မိနစ်လောက် ညင်သာစွာနှိပ်နယ်ပေးပါ။ နောက် ၁နာရီ၊ ၁နာရီကျော်လောက်ထားပြီးတဲ့အချိန်မှာတော့ ရေဆေးချလို့ရပါပြီနော်။
ယောင်းတို့ရေ… ဒီ အုန်းဆီနဲ့သံပုရာရည်အရောကို ဦးရေပြားကိုပဲလိမ်းပေးရမယ်နော်…
ဒီလိုပုံမှန်လုပ်ခြင်းအားဖြင့် ယောင်းတို့ရဲ့ ဆံပင်လေးဟာ အမြဲသန့်ရှင်းပြီး ကျန်းမာနေမှာပါတဲ့ရှင်….

၂) ပါဝင်ပစ္စည်း – ရှားစောင်းလက်ပပ်၊ ဗာဒံစေ့ဆီ (Almond oil)
ရှားစောင်းလက်ပပ်ထဲက Gel ကိုထုတ်ယူပြီး ဦးရေပြားကို ပွတ်ပေးပါ။ တစ်ချိန်တည်းမှာပဲ ဗာဒံစေ့ဆီ (Almond oil) အစက်အနည်းငယ်ကို ဦးရေပြားပေါ်မှာ လိုက်ဆွတ်ပေးပါ။ ဗာဒံစေ့ဆီ (Almond oil) ဟာ ဆံပင်ပါးပြီးနည်းတဲ့လူတွေအတွက် အင်မတန်ထိရောက်ပါသတဲ့ရှင်…

Related Article >>> ဆံပင်အတွက် အချိန်သီးသန့် ပေးနေစရာမလိုဘဲ ဆံသားလှပနေစေမယ့် နည်းလမ်းများ

(၃) ပါဝင်ပစ္စည်း – ကြက်ဆူဆီ၊ ပျားရည်
ဒီပါဝင်ပစ္စည်း(၂)ခုကို သေချာရောမွှေလိုက်ပြီးရင်တော့ ဦးရေပြားမှာ လိမ်းလို့ရပါပြီနော်။ ဒီနည်းကို တစ်ပတ်မှာ (၃)ကြိမ်၊ (၄)ကြိမ်လောက်လုပ်ပေးပါ။
ကြက်ဆူဆီကို ဆံပင်အဖျားအရှည်တွေကို လိမ်းပေးရင်လဲ ဆံပင်သန်စေနိုင်ပါသတဲ့ရှင်…

(၄) ပါဝင်ပစ္စည်း – သံလွင်ဆီ
ဒီနည်းလေးကတော့ အချိန်ကုန်အသက်သာဆုံးနဲ့ အလွယ်ကူဆုံးနည်းလေးဖြစ်မှာပါနော်။ သံလွင်ဆီနွေးနွေးလေးကို ဦးရေပြားမှာလိမ်းပြီး နှိပ်နယ်ပေးရုံပါပဲ။ ၆နာရီကနေ ၈နာရီလောက်ထိထားပြီးမှ ခေါင်းလျှော်တာအကောင်းဆုံးပါနော်။ ဆိုတော့ ယောင်းလေးတို့ ခေါင်းမလျှော်ခင် တစ်ညသိပ် လိမ်းပြီးအိပ်လိုက်လို့ရတာပေါ့။ ပုံမှန်လုပ်ပေးခြင်းအားဖြင့် ဆံပင်မှာကပ်တွယ်နေတဲ့ အညစ်အကြေးတွေကို သန့်စင်ပေးပြီး ဗောက်မထအောင်လဲ ကာကွယ်ပေးပါသတဲ့ရှင့်။

(၅) ပါဝင်ပစ္စည်း – ရှာလကာရည်
ခေါင်းလျှော်တဲ့အခါ ခေါင်းလျှော်ရည်နဲ့ လျှော်ပြီးတာနဲ့ ရှာလကာရည်ကို ဦးရေပြားမှာလောင်းပြီး သေချာဆေးချပါ။ ဒါကဆံပင်ပါးတာအတွက် သိပ်ကိုထိရောက်တဲ့ နည်းလမ်းကောင်းလေးတစ်ခုပဲ ဖြစ်ပါတယ်။ Apple cider vinegar လို့ခေါ်တဲ့ ပန်းသီးရှာလကာရည်ဆိုရင် ပိုလို့တောင် အာနိသင်ထက်မြက်ပါသေးတယ်တဲ့ ယောင်းလေးတို့ရေ…

ဆံပင်ပါးတဲ့ အက်ဒမင်နဲ့ အက်ဒမင်ရဲ့ ယောင်းလေးတို့အတွက် လွယ်ကူထိရောက်နို်င်တဲ့ နည်းလေးတွေကို မျှဝေပေးလိုက်တယ်နော်။ ခေါင်းလျှော်တဲ့အခါမှာလဲ တတ်နိုင်သလောက် ဓာတုပစ္စည်းနည်းတဲ့ ခေါင်းလျှော်ရည်ကိုပဲ အသုံးပြုပါနော်။ Conditioner ပေျာ့ဆေးသုံးတော့မယ်ဆိုလဲ ဦးရေပြားကိုမထိပါနဲ့… ဆံနွယ်လေးတွေကိုပဲ ပျော့ဆေးသုံးပါလို့ မှာကြားရင်း…

Thu ( For Her Myanmar )

Reference : beautyepic , medicalnewstoday

Thu
Thu

ကိုယ့်အတွေ့အကြုံ ခံစားချက်တွေကို blog လေးတွေကနေ လိုလိုလားလား မျှဝေပေးချင်သူတစ်ယောက်ပါ။ Mood အလိုက် feel ပြီးရေးရတာ သိပ်သဘောကျပါတယ်။ 😁😁