ကျန်းမာရေးနဲ့ညီညွတ်စေတဲ့ အစားအစာ (Healthy meal) အကြောင်းတစ်စေ့တစောင်း

ကျန်းမာရေးကောင်းခြင်းဆိုတာ လူတိုင်းလိုချင်တဲ့ ဆုလာဘ်ဖြစ်ပေမယ့် ကျန်းမာဖို့ကတော့ ကိုယ်ကိုယ်တိုင်ရဲ့ ဂရုစိုက်မှု ၈၀%လောက် လိုအပ်ပါတယ် ယောင်းတို့ရေ….

နှင်းတို့နေ့တိုင်းထမင်းစားကြတယ်နော်။ ဒါပေမဲ့စားတဲ့အစာတွေထဲမှာ ဘယ်ဟာကဘယ်လောက် ကယ်လိုရီပါတယ်။ ဘယ်အသားကတော့ဖြင့် ကျန်းမာရေးနဲ့မညီညွတ်ဘူး၊ ဘယ်ဟာနဲ့ ဘာနဲ့ တွဲစားရင်တော့ ဘာဖြစ်တတ်တယ် စသည်ဖြင့် အကုန်အမှတ်တမဲ့ပါပဲ။ အခုဈေးကွက်ထဲမှာ Healthy meal delivery တွေအများကြီးပေါ်လာပြီမို့ သာမန် meal တွေကိုဈေးသက်သက်ပေးပြီး ဘယ်လိုစားရမှာလဲ? ဘယ်လိုလူမျိုးတွေအတွက် healthy meal ကို ပိုဦးစားပေးသင့်လဲ စသည်ဖြင့် သိထားဖို့တော့ လိုလာပြီလို့ ထင်ပါတယ် ယောင်းတို့ရေ…ကျန်းမာတဲ့နေထိုင်မှုစနစ်အတွက် အစားအသောက်ကအရေးအကြီးဆုံးမလား?

(၁) Healthy meal ဆိုတာက တစ်နေ့မှာ ဘယ်ဓာတ်ဘယ်လောက်လိုအပ်လဲဆိုတာကို တိတိကျကျတွက်ချက်ပေးထားတာပါ။ Main ဖြစ်တဲ့ ကာဗိုဟိုက်ဒရိတ်ဓာတ်က ဘယ်လောက်၊ အမျှင်ဓာတ်က ဘယ်လောက်၊ ဗီတာမင်ဓာတ်ကဘယ်လောက် စသည်ဖြင့် သေချာတွက်ချက်ထားတာမို့ ကိုယ်ကဝချင်လို့ဖြစ်စေ၊ ပိန်ချင်လို့ဖြစ်စေ လိုအပ်တဲ့ပမာဏကို စနစ်တကျတွက်ချက်ပြီးသားဖြစ်မှာပါ။

(၂) တစ်နေ့စာတစ်နေ့ချက်ပြီး ဆီတွေ၊အရသာမှုန့်တွေလဲ တတ်နိုင်သမျှလျှော့တဲ့အတွက်သန့်သန့်ရှင်းရှင်းနဲ့ကျန်းမာရေးလဲညီညွတ်စေပါတယ်။

Related Article >>> အသင့်စားခေါက်ဆွဲတွေက ကျန်းမာရေးကို တကယ်ပဲ ဆိုးဝါးစေတာလား

(၃) ကစီဓာတ်၊ ရေ၊ အဆီဓာတ်၊ ဗီတာမင်၊ သတ္တုဓာတ်စသည်ဖြင့်လိုအပ်တဲ့ဓာတ်အားလုံးအချိုးကျမျှတစွာပါဝင်နေတာမို့ သီးသန့်ထပ်ဂရုစိုက်စရာမလိုတော့ဘဲ သူ့ meal နဲ့သူအဆင်ပြေပြီးသားဖြစ်နေမှာပါ။

(၄) ကျန်းမာရေးနဲ့ညီညွတ်တဲ့အစားအစာတွေဖြစ်တာမို့ အစားကြောင့်ဖြစ်မယ့်ရောဂါတစ်ချို့ကိုလဲကာကွယ်ပြီးသားဖြစ်မှာပါ။

Healthy meal ကိုဘယ်လိုလူမျိုးတွေစားသင့်လဲဆိုတော့ လူတိုင်းစားသင့်တာပါ။ အပြင်မှာဝယ်မစားရင်တောင် ကိုယ့်အိမ်မှာတွက်ချက်ပြီးစားပေးသင့်ပါတယ်။ ဒါပေမဲ့ ကျန်းမာရေးအသိကတော့ လုံလောက်တယ်ရယ်လို့ကို မရှိတဲ့အတွက် သေသေချာချာလေး မျှတအောင် စားပေးသင့်ပါတယ်.. ယောင်းတို့ရေ…

Hnin Ei Oo (For Her Myanmar )

Hnin Ei Oo
Hnin Ei Oo

နာမည်တော့နှင်းအိဦးပါ။ FHM motivation နဲ့ relationship ပိုင်းပိုရေးဖြစ်ရင်းစိတ်ကူးတည့်ရာလဲရေးတတ်တဲ့ freelancer လေးတစ်ယောက်သာ။