အသားအရေ မညီခြင်းအတွက် အိမ်တွင်းကုထုံးများ

အသားအရေမညီလို့ အင်္ကျီလက်ပြတ် မဝတ်ရတဲ့ ယောင်းတို့တွေ စိတ်ညစ်စရာ မလိုတော့ဘူးနော်။

အင်္ကျီလက်ပြတ် ဝတ်ချင်ပေမယ့် လက်မောင်းအသားအရည်မညီလို့ မဝတ်ရဲတာတွေ ၊ စိတ်ညစ်ရတာတွေ ကြုံဖူးတယ်ဟုတ်။ အသားအရေ မညီရတဲ့ အကြောင်းအရင်းကတော့ လက်တိုအဝတ်များပြီး နေပူထဲအကာမပါပဲ သွားတဲ့အခါ နေရောင်နဲ့တိုက်ရိုက်ထိတွေ့ရတဲ့ အသားအရေက နေလောင်သွားပြီး အဝတ်နဲ့ဖုံးထားတဲ့ အသားအရေက နဂိုအတိုင်း ကျန်နေပါတယ်။ လက်ပြတ်ဝတ်တဲ့အခါ လက်တိုဝတ်ထားတဲ့ အင်္ကျီအရာအတိုင်း အသားအရေက ကျန်နေပြီး ကြည့်လို့မကောင်းတော့ဘူးပေါ့။ အဲဒီအတွက် လွယ်ကူတဲ့ အိမ်တွင်းကုထုံးလေးတွေ ရှာဖွေပေးထားပါတယ်လို့…

ရှားစောင်းလက်ပတ်ဂျယ်လ်

Aloe Vera Gel

ရှားစောင်းလက်ပတ်ဂျယ်လ်က အသားအရေအတွက် အမျိုးမျိုးသုံးလို့ရတဲ့ သဘာဝပစ္စည်းတစ်ခုပါ။ လက်သန့်သန့်ဆေးပြီး ညအိပ်ရာမဝင်ခင် အသားမညီတဲ့နေရာတွေကို ရှားစောင်းလက်ပတ်ဂျယ်လ်နဲ့ နှိပ်နယ်ပေးပါ။ ညအိပ်ပြီး နောက်နေ့မနက်ဆို အသားအရေပိုညီ လာပါလိမ့်မယ်။ ပုံမှန် လုပ်ပေးရင် အသားအရေ ညီလာပါလိမ့်မယ်။

သခွားသီး

Cucumber

သခွားသီးက ရေဓာတ်၇၀ရာခိုင်နှုန်းပါဝင်ပြီး အသားမညီတာအတွက် အရမ်းအထောက်အကူပြုပါတယ်။ သခွားသီးကို ပါးပါးလှီးပြီး ကြိတ်လိုက်ပါ။ ထွက်လာတဲ့အရည်ကို ညအိပ်ရာဝင်ခါနီးတိုင်း အသားမညီတဲ့နေရာကို လိမ်းပေးပါ။ အသားအရေ ပိုကြည်လာပြီး အသားညီချောမွေ့သွားပါလိမ့်မယ်။

သင်္ဘောသီး

Papaya

သင်္ဘောသီးက အသားအရေမညီတာကို သက်သာစေတဲ့အပြင် အသားဖြူစေပါတယ်။သင်္ဘောသီးကို ပါးပါးလှီးပြီး သံပရာရည်နှစ်စက်ညစ်ပြီး ရောမွှေပါ။ အသားအရည်မညီတဲ့နေရာတွေမှာ လိမ်းပေးပြီး မိနစ်၃၀နေရင် ရေဆေးပါ။ နေ့တိုင်းလုပ်ပေးရင် အသားအရည်ညီလာပြီး ဖြူဝင်းလာပါလိမ့်မယ်။

Related Article >>> ခြောက်သွေ့ နေတဲ့ အသားအရေလေးကို ပြန်လည်စိုပြေစေဖို့ နည်းလမ်း (၅) ခု

သကြား

sugar

သကြားလက်ဖက်ရည်ဇွန်း ၂ဇွန်း၃ဇွန်းယူပြီး ပျားရည်အနည်းငယ်နဲ့ ရောပါ။ သံပရာရည် ၁ဇွန်းထပ်ရောပါ။ အသားမညီတဲ့နေရာတွေကို အရောနဲ့ ၃မိနစ်လောက် scrub လုပ်ပါ။ scrubပြီးရင် မိနစ်၂၀လောက် ထားပါ။ ပြီးရင် ရေဆေးချပါ။ တစ်ပတ် ၂ခါလောက်ပဲ လုပ်ပေးပါ။

မုန့်ဖုတ်ဆော်ဒါ

Baking soda

မုန့်ဖုတ်ဆော်ဒါကလည်း အသားအရေမညီခြင်းအတွက် အတော်အသုံးဝင်ပါတယ်။ မုန့်ဖုတ်ဆော်ဒါ လက်ဖက်ရည်ဇွန်းတစ်ဇွန်းစာကို ရေအနည်းငယ်နဲ့ရောပြီး အနှစ်လုပ်ပါ။ အနှစ်ကို အသားအရေမညီတဲ့နေရာမှာ လိမ်းပြီး ၁၀မိနစ်လောက်ထားပါ။ ပြီးရင်ရေဆေးပါ။ နေ့တိုင်းလုပ်ပေးရင် အသားအရေ ညီလာပါလိမ့်မယ်။

ဘာမှလည်းမခက် လွယ်ကူတဲ့နည်းလမ်းလေးတွေကို ယောင်းတို့ကို ရှယ်ပေးလိုက်ပြီနော်။ ညအိပ်ခါနီးမှ လုပ်ရုံပဲဆိုတော့ ပိုအဆင်ပြေတာပေါ့။ ဒါပေမဲ့လည်း ဒီနည်းလမ်းလေးတွေကို သုံးနေပြီး နေပူထဲကို ဂရုမစိုက်ဘဲထွက်ရင်တော့ ရလဒ်ကသိသာလာမှာ မဟုတ်ပါဘူး။ နေပူထဲထွက်တဲ့အခါ လက်ရှည်ဝတ်ပြီး နေရောင်ကာ လိုရှင်းတစ်ခုခုလိမ်းပါ။ ဖြစ်နိုင်ရင် လက်ရှည်ပါးပါးလေး ဝတ်ပြီးထွက်ပါ။ ကိုယ်တိုင်လည်း ဂရုစိုက် ဒီနည်းလမ်းလေးတွေလည်း သုံးရင် အသားအရည်လေးညီပြီး လှပလာမှာပါ ယောင်းတို့ရေ။

Hana (For Her Myanmar)

Reference>>> tipsandbeauty , newlovetimes

Hana
Hana

နာမည်ကHana ပါ။for her myanmar မှာ အလွတ်တမ်းစာရေးပါတယ်။ အသက်ကတော့၂၀ကျော်ကျော်၂၁ထဲမှာပါ။များသောအားဖြင့် အချစ်ရေးအချစ်ရာအကြောင်းနဲ့အလှအပအကြောင်းရေးပါတယ်။