ဖက်ရှင်အတွက် အွန်လိုင်းရှော့ပင်ဆို +95 ရှိနေပြီလေ

ဒီဇိုင်းကာလာ ကွာလတီ အရည်အသွေးကောင်းကောင်း လိုချင်သူတွေ စိတ်တိုင်းကျကြိုက်သွားနိုင်တယ်နော်။ 

အရင်ခေတ်က ရှော့ပင်းဆိုတာ ခြေထောက်ဖုမတတ် ဟိုလျှောက်ဒီလျှောက်နဲ့ ကိုယ်ကြိုက်တဲ့ဒီဇိုင်းရဖို့အရေး ဖတ်ဖတ်မောအောင်ရှာရတာ။ ဒီနေ့ခေတ်မှာတော့ ချွေးတစ်စက်တောင် မထွက်ဘဲ ရှော့ပင်းထွက်နိုင်ပြီလေ။ အင်တာနက်ကြီးပေါ်လာပြီးတဲ့နောက်ပိုင်းမှာ လူ့ဘဝဟာ အဆင်ပြေချောမွေ့လာတယ်။ ဘယ်ပစ္စည်းမဆို အိမ်မှာထိုင်ရင်း ကီးဘုတ်လေးခေါက်လိုက်ရုံနဲ့ အိုခေစိုပြည်နေပြီ။ အထူးသဖြင့် ဖက်ရှင်ဆန်တဲ့လေဒီတွေအတွက် အင်မတန်ကိုအဆင်ပြေလို့။ ဒီဇိုင်းဆန်းဆန်းလေးတွေကို စိတ်မရှည်တရှည်နေပူထဲသွားရှာစရာမလိုပဲ အထည်မျိုးစုံကို ဖန်သားပြင်ပေါ်ကပဲ ရွေးချယ်မှာလိုက်ရုံပါပဲ။

ဒါပေမဲ့လည်း ဖေ့ဘွတ်အွန်လိုင်းရှော့ပ်ရဲ့ ဖန်သားပြင်နောက်ကွယ်က မျက်နှာတွေကိုသိပ်မယုံရပါဘူး။ ကောင်းသော အွန်လိုင်းရှော့ပ်ရှိသလို ဂျင်းရှော့ပ်တွေရှိတာကြောင့် အွန်လိုင်းဆို ဝေးဝေးရှောင်နေကြတဲ့သူတွေရှိပါတယ်။ စိတ်ချရတဲ့ ကိုယ်ပိုင်ဘရန်း ဝက်ဘ်ဆိုဒ်တွေကျပြန်တော့လည်း နိုင်ငံခြားက များတဲ့အတွက် ဘာကြေး၊ ညာကြေးနဲ့ မတန်မဆပေးရာမှာမို့ လက်တွန့်သွားကြပါတယ်။ ဒါပေမဲ့ အခုတော့ ပူစရာမလိုတော့ပါဘူး။ Plus Nine Five ရှိနေပြီလေ။

Plus Nine Five ဆိုလို့ ယောင်းတွေ ဇဝေဇဝါဖြစ်သွားတယ်မဟုတ်လား။ ယောင်းတို့မှ မဟုတ်ပါဘူး။ အက်ဒမင်လည်း စကြားဖူးတုန်းက အဲ့ဒီ့လိုပဲကြောင်သွားတာ။ Plus Nine Five ဆိုတာ တကယ်တော့ ကွာလတီကောင်းအဝတ်အစားတွေကို အွန်လိုင်းမှာ အလွယ်တကူ ဝယ်ယူနိုင်မယ့် Online clothing store တစ်ခုပါ။ မြန်မာနိုင်ငံကုတ်နံပါတ် +95ကို ကိုယ်စားပြု ပြီး အမည်ပေးထားတာပါ။

ယောင်းတို့ အက်ဒမင်တို့ ဝယ်နေကျဖြစ်တဲ့ သာမန်ဖေ့ဘွတ် အွန်လိုင်းရှော့ပ်ပဲ မဟုတ်ပါဘူး။ သူ့မှာ ကိုယ်ပိုင်သီးသန့် ဝက်ဆိုဒ်တစ်ခုရှိပြီး အဲ့ဒီ့ဝက်ဆိုဒ်က တစ်ဆင့်မှာဝယ်ရတာဖြစ်ပါတယ်။ နိုင်ငံခြား online clothing storeတွေမှာလိုပဲ ကွာလတီပါစိတ်ချရတဲ့ ဖက်ရှင်အဝတ်တွေရောင်းချတာမို့ အလွယ်တကူမှာဝယ်နိုင်ပါတယ်။ ဝက်ဘ်ဆိုဒ်ကလည်း ပစ္စည်းကွာလတီ၊ service တွေနဲ့ပတ်သက်ပြီးတာဝန်ယူ အာမခံပေးထားတဲ့အတွက် ပူစရာကိုမလိုတာပါ။

အမိုက်စား ဒီဇိုင်းလေးတွေ

Related Article >>> အချိန်တိုင်း ဖက်ရှင်ကျနေစေဖို့

အရင်တုန်းက စင်္ကာပူ၊ UK က အွန်လိုင်းဖက်ရှင်စတိုးတွေ ခေတ်စားနေတာကြောင့် ကိုယ်ကြိုက်တဲ့ ဒီဇိုင်းကို ရွေးမှာကြပေမယ့်လည်း အခက်အခဲလေးတွေတော့ရှိကြပါတယ်။ အဓိကတော့ သဘောင်္ဖြင့် သယ်ယူပို့ဆောင်ခ(Shipping fees) ပါ။ ကွာလတီအဝတ်အစားတွေဖြစ်နေတော့ ဈေးကမြင့်တာကတစ်ကြောင်း၊ shipping fees ပါထပ်ကုန်ကျမှာကတစ်ကြောင်း၊ အလုပ်ရှုပ်ပြီးသွားယူရမှာတွေက တစ်ကြောင်းစသဖြင့် အကြောင်းအမျိုးမျိုးကြောင့် ကြိုက်ပြီဆိုရင်တောင် မှာဖို့စဉ်းစားရပါတယ်။

Plus Nine Five ကတော့ ပြည်တွင်း အွန်လိုင်းရှော့ပင်းစတိုးဖြစ်နေတာကြောင့် အခွန် ၅%၊ ပစ္စည်းကြေးနဲ့ ပို့ဆောင်ခပဲ ကျသင့်မှာပါ။ရန်ကုန်တွင်းဆို ၂၀၀၀ ကျပ်၊ မန္တလေးဆို ၃၀၀၀ ကျပ်၊ နေပြည်တော်ဆို ၄၀၀ဝ ကျပ် ကျသင့်မှာဖြစ်ပြီး ပစ္စည်းတန်ဖိုး တစ်သိန်းကျပ်နှင့်အထက်မှာယူတယ်ဆိုရင်တော့ အခမဲ့တဲ့နော်။ နောက်တစ်ခုက ဒီဇိုင်းအကြောင်းပြောရပါဦးမယ်။ ဒီဇိုင်းတွေကလည်း မျက်စိနောက် ဒီဇိုင်းတွေမဟုတ်ပဲ ရိုးရိုးရှင်းရှင်းနဲ့ ထသွားထလာအတွက် အရမ်းအဆင်ပြေတဲ့ဒီဇိုင်းမျိုးပါ။ ဖက်ရှင်မယ်တော်ယောင်းလေးတွေတော့ ကြွေသွားကြမှာပါ။

ချစ်စရာလေး ရှင်းရှင်းလေးနဲ့

 

ဒါတော့ ယောက်ျားလေးတွေအတွက် ဒီဇိုင်းပေါ့နော်

အက်ဒမင် ပြောနေရင်ကြာမယ်။ ယောင်းတို့ကိုယ်တိုင်လည်း ဝင်စပ်စုနိုင်ဖို့ ဟော့ဒီမှာ လင့်ခ်လေးတွေ အလင်းပြလိုက်ပြီနော်။ သြော်.. သြော်. သတင်းကောင်းလေးလည်း ဝေမျှပါရစေ။ အခုဆိုရင် Valentine’s Day Promotion ဆိုပြီးလုပ်ထားတာမို့ အောက်က ပုံလေးနဲ့အတူ ဒစ်စကောင့်ကုဒ် (Discount Code) lovesintheair ဆိုတာလေးကို သုံးလိုက်ရင်တော့ဖြင့် ၂၀% လျှော့ဈေးနဲ့ ရပါလိမ့်မယ် ယောင်းတို့ရေ ။ ဖေဖော်ဝါရီ ၂၁ထိပဲမို့ အမြန်သာ ရှော့ပင်ထွက်လိုက်ပေတော့ ။ 

 

V-day Promotion

ဖေ့ဘွတ်ပေ့ခ်ျထဲဝင်ကြည့်ချင်ရင်  ဒီလင့်ကိုနှိပ်ပါ။>> https://www.facebook.com/plusninefive.mm/

အင်စတာဂရမ်ထဲဝင်ကြည့်ချင်ချင် ဒီလင့်ကို နှိပ်ပါ။ >> https://www.instagram.com/plusninefive/

ဝက်ဆိုဒ်ထဲကို ဝင်ချင်ရင် ဒီလင့်ကိုနှိပ်ပါ။>> https://goo.gl/Tj4d4h

ဈေးဝယ်လမ်းညွှန် အသေးစိတ်သိချင်ရင် ဝင်ဖတ်ဖို့ ဒီလင့်ကိုနှိပ်ပါ >> https://goo.gl/rMHRHz

Christina (For Her Myanmar) 

 

Christina Rosy
Christina Rosy

Editor

နာမည်ကတော့ ခရစ္စတီးနားပါ။ အလွတ်တမ်း လက်ထောက်အယ်ဒီတာပေမယ့်လည်း အသက်ကတော့ မနုမရင့် ၂၂ပေါ့။ For Her Myanmarမှာ မိတ်ကပ်ကလွဲပြီး စုံစီနဖာ အကြောင်းစုံရေးနေတဲ့ အစားတစ်လိုင်းအက်ဒမင်ပါ။ ဒီ့အပြင် အချစ်ဇာတ်လမ်းတိုတွေ၊ စိတ်ထဲ မကျေနပ်တဲ့အကြောင်းတွေလည်း ဆောင်းပါးအဖြစ်ထုတ်လုပ်တတ်တယ်။