မိန္းမဆိုတာေၾကာက္တတ္တယ္ဆိုတာ မွန္ရဲ႕လား

ဒီလိုအခြင့္အေရးမ်ိဳးေတာ့ မယူသင့္ပါ

ငယ္ငယ္ကတည္းက လူေတြ ေျပာၾကတဲ့ စကားတစ္ခြန္း႐ွိပါတယ္။ အမ်ိဳးသမီးဆိုတာ ေၾကာက္တတ္တယ္တဲ့။ ဒီလုိပဲ အမ်ားေျပာဆုိေနၾကေတာ့ စိတ္ထဲမွာ အဲ့ဒီစကားက အမွန္လုိ႔ပဲ မွတ္ယူခဲ့မိတယ္။ ကိုယ္တုိင္လည္း မိန္းကေလးဆုိေတာ့ ငါဟာ ေၾကာက္တတ္တယ္ လုိ႔ပဲ အလိုလို မွတ္ယူလုိက္ေတာ့တယ္။

အဲ့ဒီေတာ့ ေၾကာက္စရာ႐ွိရင္ ကိုယ့္မွာ ေၾကာက္ပိုင္ခြင့္႐ွိတယ္လုိ႔ပဲ အလိုလိုခံယူလုိက္ေတာ့တယ္။ ေၾကာက္တတ္တဲ့ မိန္းမေတြကို ျမင္ရင္လည္း မထူးဆန္းေတာ့ဘူး။ သူတုိ႔က မိန္းမပဲေလ ေၾကာက္ခြင့္႐ွိတာေပါ့လို႔ ပဲ ေတြးမိတယ္။

ဒီေတာ့ မိန္းမေတြဟာ ေၾကာက္ၾကပါတယ္။ ဘာေတြကိုေၾကာက္လဲဆို အားလံုးကိုေၾကာက္တာေပါ့။ လူေတြကိုေၾကာက္တယ္၊ ရန္ျပဳခံရမွာ ေၾကာက္တယ္၊ လူမုိက္ေတြဆုိ ေၾကာက္တယ္၊ တိရိစာၦန္ဆိုးဆိုးေတြဆုိလည္း ေၾကာက္တယ္။ တစ္ေယာက္တည္းေနရမွာ ေၾကာက္တယ္၊ မိသားစုအတြက္ ရင္ဆုိင္ေျဖ႐ွင္းရမွာ ေၾကာက္ၾကပါတယ္။

ပတ္ဝန္းက်င္က လူေတြကလည္း ဒီအေျခအေနေတြကို လက္ခံၾကတယ္။ မိန္းမတစ္ေယာက္ေၾကာက္ေနတာျမင္ရင္ ဒါေပါ့ေလ၊ မိန္းကေလးပဲ ေၾကာက္မွာေပါ့ လုိ႔ မွတ္ခ်က္ေပးၾကတယ္။

ဒီေတာ့ မိန္းမေတြဟာ ပိုပိုေၾကာက္လာၾကတယ္။ ပတ္ဝန္းက်င္က ေပးထားတဲ့ အခြင့္အေရးကိုအျပည့္အဝယူၾကတယ္။

Related Article >>> ခ်စ္လို႔ရိုက္တာလား၊ အိမ္တြင္းအၾကမ္းဖက္မႈလား… လားေပါင္းမ်ားစြာ…

ဒါေပမဲ့ မိန္းမတိုင္းက ေၾကာက္တာေတာ့မဟုတ္ဘူး။ မေၾကာက္တတ္တဲ့ မိန္းမေတြလည္း ႐ွိျပန္တယ္။ သူတို႔ကုိက် အားလံုးက ထူးဆန္းတယ္လို႔ ထင္ျပန္ေရာ။

ဟယ္ မိန္းမျဖစ္ၿပီး သူက မေၾကာက္တတ္ဘူး လုိ႔ အထူးအဆန္းျဖစ္ အံ့ၾသၾကျပန္ေရာ။

မိန္းမခ်င္းအတူတူ ဘာေၾကာင့္ ေၾကာက္တတ္သူနဲ႔ မေၾကာက္တတ္သူ ကြဲရလည္း ဆိုတာ အက္ဒ္္မင္စဥ္းစားၾကည့္မိတယ္။ ေလ့လာၾကည့္မိပါတယ္။ ဒီအခါ အေျခအေန ႏွစ္မ်ိဳးကို ေတြ႕ရပါတယ္။

ပထမတစ္မ်ိဳးက အားကိုးစရာမ႐ွိတဲ့ အမ်ိဳးသမီးေတြပါ။ သူတို႔ေ႐ွ႕က ရပ္ေပးမယ့္ အေဖ၊ အစ္ကို၊ လင္ေယာက်္ား စတဲ့ အမ်ိဳးသားေတြမ႐ွိတဲ့အခါ သူတို႔ကိုယ္တိုင္ပဲ အားကိုးစရာ ျဖစ္လာပါတယ္။ အဲဒီလုိမွ အားမကိုးရင္လည္း သူတုိ႔ဘဝ ရပ္တည္ဖုိ႔မလြယ္တဲ့အခါ အလုိလိုရဲရင့္လာရေတာ့ပါတယ္။

ေနာက္တစ္မ်ိဳးကေတာ့ အားကိုးစရာ႐ွိရင္ေတာင္ ဘယ္သူကိုမွ အားမကိုးခ်င္ဘဲ အလိုလို ရဲရင့္ ေနတဲ့ အမ်ိဳးသမီးေတြပါ။ သူတို႔ ဒီလုိျဖစ္ရတာကေတာ့ ဗီဇလို႔ပဲေခၚမလား၊ ငယ္စဥ္က ပ်ိဳးေထာင္ခံရတဲ့ ပံုစံေၾကာင့္ပဲလားဆိုတာေတာ့ စိတ္ပညာ႐ွင္ေတြပဲ နားလည္မယ္ ထင္ပါတယ္။

ေျပာရရင္ေတာ့ ဒုတိယအမ်ိဳးသမီးေတြဟာ ဒီေန႔ေခတ္ပံုစံအရ ႐ွိေတာ့႐ွိတယ္ ႐ွားတယ္လုိ႔ ဆုိႏိုင္ပါတယ္။ ဒီလုိအမ်ိဳးသမီးေတြ အားလံုးကို ေလ့လာၾကည့္လိုက္တဲ့အခါ မိန္းမေတြ ေၾကာက္တတ္တယ္ဆုိတာ သဘာဝအရျဖစ္တာမဟုတ္ပါဘူး။ လူေတြရဲ႕ သတ္မွတ္ခ်က္အရျဖစ္ေနတာပါ။

မိန္းမေတြ ဘာေၾကာင့္ေၾကာက္တတ္တယ္ဆိုတာ ျပန္သံုးသပ္ၾကည့္တဲ့အခါ မိန္းမဆိုတာ အားႏြဲ႔တယ္ေလ လို႔ ျပန္ေျဖၾကမယ့္သူ မ်ားပါတယ္။ ဒါဟာလည္း သဘာဝနဲ႔ ဆန္႔က်င္ေနပါတယ္။

လူသားေတြဟာ သတၱဝါေတြထဲမွာ ခြန္အားအနည္းဆံုးပါ။ သူ႔ထက္အားနည္းတဲ့ ေၾကာင္၊ ေမ်ာက္၊ ယုန္ ၊ သမင္ စတဲ့ အေကာင္ေတြလုိမ်ိဳး အေျပးျမန္တာ၊ ေပါ့ပါးသြက္လက္တာ စတဲ့ အရည္အခ်င္းေတြလည္း မပိုင္ဆုိင္ပါဘူး။

ဒါဆုိ ဘာေၾကာင့္ လူေတြဟာ သတၱဝါအားလံုးကို ႏိုင္နင္းသလဲ? သူ႔ထက္အားအင္အမ်ားႀကီးႀကီးတဲ့ ဆင္၊ က်ား ေတြကိုေတာင္ အႏုိင္ယူႏိုင္လဲ ဆုိေတာ့ ဉာဏ္ရည္သာလုိ႔ ျဖစ္ပါတယ္။

ဒါေၾကာင့္ မိန္းမေတြဟာ ခြန္အားနည္းလို႔ေၾကာက္ရတယ္ ဆိုတာ အဓိပၸာယ္လံုးဝမ႐ွိတဲ့ အစဥ္အလာသတ္မွတ္ခ်က္တစ္ခုျဖစ္ပါတယ္။

အမ်ိဳးသမီးတစ္ေယာက္အေနနဲ႔ ငါဟာ မိန္းမမုိ႔ ေၾကာက္တတ္တယ္ဆုိတဲ့ အခြင့္အေရးကို မယူသင့္ေတာ့ပါဘူး။ ဘာေၾကာင့္လဲဆုိေတာ့ ဒီအခြင့္အေရးကိုယူလုိက္လုိ႔ ျပန္ဆံုး႐ံႈးရတာေတြလည္း အမ်ားႀကီးပါ။

ေၾကာက္တတ္လုိ႔ အားကိုးရတယ္ဆိုတဲ့အေျခအေနမွာ ဆံုးရံႈးလုိက္ရတဲ့ လြတ္လပ္ခြင့္ေတြအမ်ားႀကီးမုိ႔ အမွီအခိုကင္းၿပီး ရဲရင့္လြတ္လပ္တဲ့ ဘဝမ်ိဳးမွာပဲ အမ်ိဳးသမီးေတြကို ႐ွင္သန္ေစခ်င္မိပါတယ္။

ေယာင္းတုိ႔ ရဲရင့္ထက္ျမက္တဲ့အမ်ိဳးသမီးေတြျဖစ္လာၾကပါေစ။

Sugar Cane (For Her Myanmar)

<<< Unicode >>>

ဒီလိုအခွင့်အရေးမျိုးတော့ မယူသင့်ပါ

ငယ်ငယ်ကတည်းက လူတွေ ပြောကြတဲ့ စကားတစ်ခွန်းရှိပါတယ်။ အမျိုးသမီးဆိုတာ ကြောက်တတ်တယ်တဲ့။ ဒီလိုပဲ အများပြောဆိုနေကြတော့ စိတ်ထဲမှာ အဲ့ဒီစကားက အမှန်လို့ပဲ မှတ်ယူခဲ့မိတယ်။ ကိုယ်တိုင်လည်း မိန်းကလေးဆိုတော့ ငါဟာ ကြောက်တတ်တယ် လို့ပဲ အလိုလို မှတ်ယူလိုက်တော့တယ်။

အဲ့ဒီတော့ ကြောက်စရာရှိရင် ကိုယ့်မှာ ကြောက်ပိုင်ခွင့်ရှိတယ်လို့ပဲ အလိုလိုခံယူလိုက်တော့တယ်။ ကြောက်တတ်တဲ့ မိန်းမတွေကို မြင်ရင်လည်း မထူးဆန်းတော့ဘူး။ သူတို့က မိန်းမပဲလေ ကြောက်ခွင့်ရှိတာပေါ့လို့ ပဲ တွေးမိတယ်။

ဒီတော့ မိန်းမတွေဟာ ကြောက်ကြပါတယ်။ ဘာတွေကိုကြောက်လဲဆို အားလုံးကိုကြောက်တာပေါ့။ လူတွေကိုကြောက်တယ်၊ ရန်ပြုခံရမှာ ကြောက်တယ်၊ လူမိုက်တွေဆို ကြောက်တယ်၊ တိရိစ္ဆာန်ဆိုးဆိုးတွေဆိုလည်း ကြောက်တယ်။ တစ်ယောက်တည်းနေရမှာ ကြောက်တယ်၊ မိသားစုအတွက် ရင်ဆိုင်ဖြေရှင်းရမှာ ကြောက်ကြပါတယ်။

ပတ်ဝန်းကျင်က လူတွေကလည်း ဒီအခြေအနေတွေကို လက်ခံကြတယ်။ မိန်းမတစ်ယောက်ကြောက်နေတာမြင်ရင် ဒါပေါ့လေ၊ မိန်းကလေးပဲ ကြောက်မှာပေါ့ လို့ မှတ်ချက်ပေးကြတယ်။

ဒီတော့ မိန်းမတွေဟာ ပိုပိုကြောက်လာကြတယ်။ ပတ်ဝန်းကျင်က ပေးထားတဲ့ အခွင့်အရေးကိုအပြည့်အဝယူကြတယ်။

Related Article >>> ချစ်လို့ရိုက်တာလား၊ အိမ်တွင်းအကြမ်းဖက်မှုလား… လားပေါင်းများစွာ…

ဒါပေမဲ့ မိန်းမတိုင်းက ကြောက်တာတော့မဟုတ်ဘူး။ မကြောက်တတ်တဲ့ မိန်းမတွေလည်း ရှိပြန်တယ်။ သူတို့ကိုကျ အားလုံးက ထူးဆန်းတယ်လို့ ထင်ပြန်ရော။

ဟယ် မိန်းမဖြစ်ပြီး သူက မကြောက်တတ်ဘူး လို့ အထူးအဆန်းဖြစ် အံ့သြကြပြန်ရော။

မိန်းမချင်းအတူတူ ဘာကြောင့် ကြောက်တတ်သူနဲ့ မကြောက်တတ်သူ ကွဲရလည်း ဆိုတာ အက်ဒ်မင်စဉ်းစားကြည့်မိတယ်။ လေ့လာကြည့်မိပါတယ်။ ဒီအခါ အခြေအနေ နှစ်မျိုးကို တွေ့ရပါတယ်။

ပထမတစ်မျိုးက အားကိုးစရာမရှိတဲ့ အမျိုးသမီးတွေပါ။ သူတို့ရှေ့က ရပ်ပေးမယ့် အဖေ၊ အစ်ကို၊ လင်ယောကျ်ား စတဲ့ အမျိုးသားတွေမရှိတဲ့အခါ သူတို့ကိုယ်တိုင်ပဲ အားကိုးစရာ ဖြစ်လာပါတယ်။ အဲဒီလိုမှ အားမကိုးရင်လည်း သူတို့ဘဝ ရပ်တည်ဖို့မလွယ်တဲ့အခါ အလိုလိုရဲရင့်လာရတော့ပါတယ်။

နောက်တစ်မျိုးကတော့ အားကိုးစရာရှိရင်တောင် ဘယ်သူကိုမှ အားမကိုးချင်ဘဲ အလိုလို ရဲရင့် နေတဲ့ အမျိုးသမီးတွေပါ။ သူတို့ ဒီလိုဖြစ်ရတာကတော့ ဗီဇလို့ပဲခေါ်မလား၊ ငယ်စဉ်က ပျိုးထောင်ခံရတဲ့ ပုံစံကြောင့်ပဲလားဆိုတာတော့ စိတ်ပညာရှင်တွေပဲ နားလည်မယ် ထင်ပါတယ်။

ပြောရရင်တော့ ဒုတိယအမျိုးသမီးတွေဟာ ဒီနေ့ခေတ်ပုံစံအရ ရှိတော့ရှိတယ် ရှားတယ်လို့ ဆိုနိုင်ပါတယ်။ ဒီလိုအမျိုးသမီးတွေ အားလုံးကို လေ့လာကြည့်လိုက်တဲ့အခါ မိန်းမတွေ ကြောက်တတ်တယ်ဆိုတာ သဘာဝအရဖြစ်တာမဟုတ်ပါဘူး။ လူတွေရဲ့ သတ်မှတ်ချက်အရဖြစ်နေတာပါ။

မိန်းမတွေ ဘာကြောင့်ကြောက်တတ်တယ်ဆိုတာ ပြန်သုံးသပ်ကြည့်တဲ့အခါ မိန်းမဆိုတာ အားနွဲ့တယ်လေ လို့ ပြန်ဖြေကြမယ့်သူ များပါတယ်။ ဒါဟာလည်း သဘာဝနဲ့ ဆန့်ကျင်နေပါတယ်။

လူသားတွေဟာ သတ္တဝါတွေထဲမှာ ခွန်အားအနည်းဆုံးပါ။ သူ့ထက်အားနည်းတဲ့ ကြောင်၊ မျောက်၊ ယုန် ၊ သမင် စတဲ့ အကောင်တွေလိုမျိုး အပြေးမြန်တာ၊ ပေါ့ပါးသွက်လက်တာ စတဲ့ အရည်အချင်းတွေလည်း မပိုင်ဆိုင်ပါဘူး။

ဒါဆို ဘာကြောင့် လူတွေဟာ သတ္တဝါအားလုံးကို နိုင်နင်းသလဲ? သူ့ထက်အားအင်အများကြီးကြီးတဲ့ ဆင်၊ ကျား တွေကိုတောင် အနိုင်ယူနိုင်လဲ ဆိုတော့ ဉာဏ်ရည်သာလို့ ဖြစ်ပါတယ်။

ဒါကြောင့် မိန်းမတွေဟာ ခွန်အားနည်းလို့ကြောက်ရတယ် ဆိုတာ အဓိပ္ပာယ်လုံးဝမရှိတဲ့ အစဉ်အလာသတ်မှတ်ချက်တစ်ခုဖြစ်ပါတယ်။

အမျိုးသမီးတစ်ယောက်အနေနဲ့ ငါဟာ မိန်းမမို့ ကြောက်တတ်တယ်ဆိုတဲ့ အခွင့်အရေးကို မယူသင့်တော့ပါဘူး။ ဘာကြောင့်လဲဆိုတော့ ဒီအခွင့်အရေးကိုယူလိုက်လို့ ပြန်ဆုံးရှုံးရတာတွေလည်း အများကြီးပါ။

ကြောက်တတ်လို့ အားကိုးရတယ်ဆိုတဲ့အခြေအနေမှာ ဆုံးရှုံးလိုက်ရတဲ့ လွတ်လပ်ခွင့်တွေအများကြီးမို့ အမှီအခိုကင်းပြီး ရဲရင့်လွတ်လပ်တဲ့ ဘဝမျိုးမှာပဲ အမျိုးသမီးတွေကို ရှင်သန်စေချင်မိပါတယ်။

ယောင်းတို့ ရဲရင့်ထက်မြက်တဲ့အမျိုးသမီးတွေဖြစ်လာကြပါစေ။

Sugar Cane (For Her Myanmar)

No Comments Yet

Comments are closed