Single Mom ျဖစ္ဖို႔ အဆင္သင့္ျဖစ္ၿပီလား

ရဲရင့္တဲ့ တစ္ကိုယ္ေတာ္ မိခင္ျဖစ္ဖို႔ အရည္အခ်င္းေတြက ဘာေတြမ်ားလဲဆုိေတာ့ …

အခုေနာက္ပိုင္း ျမန္မာလူမ်ိဳးေတြၾကားမွာ တြင္က်ယ္လာတဲ့ အသံုးအႏႈန္းတစ္ခု႐ွိပါတယ္။ Single Mom တဲ့။ ျမန္မာလို ျပန္ရရင္ တစ္ကိုယ္ေတာ္မိခင္ လုိ႔ဆုိရမွာေပ့ါေနာ္။ သိပ္ကို လွပတဲ့ အမည္နာမ တစ္ခုပါပဲ။ ကိုယ့္ရင္ေသြးေလးကို အမွီအခိုကင္းစြာ တစ္ကိုယ္တည္းပ်ိဳးေထာင္ေပးေနတဲ့ ရဲရင့္တဲ့ အမ်ိဳးသမီးေတြအတြက္ ဂုဏ္ယူမိပါတယ္။

ကိုယ့္ကိုယ္ကိုယ္ Single Mom လို႔ ဂုဏ္ယူစြာေျပာေနၾကတဲ့ အမ်ိဳးသမီးေတြကိုေတြ႕ရလုိ႔ အခုလို ရဲရင့္စြာ ရပ္တည္ခြင့္ရလာၾကတဲ့အေပၚ ေက်နပ္မိပါတယ္။ Single Mom ဘဝမွာ ရပ္တည္ေနၾကသူေတြကလည္း အေၾကာင္းအရင္းအမ်ိဳးမ်ိဳးေပါ့။

အိမ္ေထာင္ကြဲသြားလုိ႔၊ ခ်စ္သူက ကိုယ္ဝန္႐ွိလာခ်ိန္မွာ ေ႐ွာင္ေျပးသြားလုိ႔ ဆိုတာမ်ိဳးေတြအျပင္ ကိုယ္တုိင္က အိမ္ေထာင္မျပဳခ်င္လုိ႔ Single Mom ပဲ လုပ္မယ္ဆိုတဲ့ အမ်ိဳးသမီးေတြကိုလည္းေတြ႕ရပါတယ္။ ကိုယ့္အေၾကာင္းအရင္းနဲ႔ ကိုယ္ ကိုယ့္ခံယူခ်က္နဲ႔ကိုယ္ပဲမုိ႔ ဘာေၾကာင့္ပဲျဖစ္ေစ ရဲရင့္လာတဲ့အမ်ိဳးသမီးေတြကို အားေပးမိပါတယ္။

ဒါေပမဲ့ ေယာင္းေရ။ Single Mom ဘဝကို ေ႐ြးခ်ယ္မယ္ဆုိရင္ အမ်ားႀကီးစဥ္းစားၾကပါလုိ႔ အက္ဒ္မင္က သတိေပးခ်င္ပါေသးတယ္။ Single Mom ေတြကို လက္ခံအားေပးလာၾကလုိ႔ ငါ Single Mom ျဖစ္ရလည္း ဘာျဖစ္လဲ လုိ႔ လြယ္လြယ္မေတြးေစခ်င္ပါဘူး။

Related Article >>> မ်က္ေမွာက္ေခတ္ရဲ႕ ျမနႏၵာတို႔အေၾကာင္း

ကေလးတစ္ေယာက္ကို ေမြးဖြားပ်ိဳးေထာင္ေပးရတာ ျမင့္ျမတ္တဲ့အလုပ္ဆုိေပမဲ့ တကယ္ေတာ့ ဘယ္ေလာက္အထိ ခက္ခဲပင္ပန္းရလဲဆုိတာ မိခင္တိုင္း၊ မိဘတိုင္းသိၾကပါတယ္။ အထူးသျဖင့္ အခုလို အစစအရာရာအကုန္အက်မ်ားတဲ့ ေခတ္တစ္ခုမွာ ကေလးတစ္ေယာက္ကို လူတန္းေစ့ေကၽြးေမြးပညာသင္ေပးႏိုင္ဖို႔ဆုိတာ မိဘႏွစ္ဦး စံုညီသူေတြေတာင္ ခက္ခဲေနၾကသူေတြအမ်ားႀကီးပါပဲ။

ဒီလုိအေျခအေနမွာ တစ္ကိုယ္ေတာ္ ျပဳစုပ်ိဳးေထာင္ေပးမယ့္ Single Mom ေတြက ႏွစ္ဆပိုၿပီးပင္ပန္းမယ္ဆုိတာ သတိရသင့္ပါတယ္။ Single Mom ျဖစ္ဖို႔ ပတ္ဝန္းက်င္ရဲ႕ ေဝဖန္မႈေတြကို ဂ႐ုမစိုက္ဘူးဆုိရင္ေတာင္ ကိုယ္တုိင္ကေရာ ဒီကေလးကို ပ်ိဳးေထာင္ေပးဖုိ႔ အေျခခံေကာင္း႐ွိေနၿပီလား။ ခုိင္မာတဲ့ အသက္ေမြးဝမ္းေက်ာင္း၊ အဆင္ေျပတဲ့ လူမႈဘဝ ႐ွိၿပီလားဆိုတာ စဥ္းစားေစခ်င္ပါတယ္။

Related Article >>> အနာဂတ္ရဲ႕ သားေကာင္းေလးေတြကို ဒီလို ပ်ိဳးေထာင္ပါ။

မဟုတ္ရင္ေတာ့ ကေလးတစ္ေယာက္ကိုလူ႔ေလာကထဲ ေခၚလာၿပီး ဒုကၡခံခုိင္းသလို ျဖစ္ေနမွာေပါ့ေနာ္။ ကေလးငယ္ေလးတစ္ေယာက္ဟာ မိဘမစံုလင္တဲ့အျပင္ မျပည့္စံုခ်ိဳ႕ငဲ့တဲ့ဘဝမွာ ႐ွင္သန္ရရင္ စိတ္ဒဏ္ရာေတြနဲ႔ နာက်ည္းမႈေတြနဲ႔ ႀကီးျပင္းရမယ့္ ကေလးျဖစ္လာႏိုင္တယ္ဆိုတာကို ထည့္စဥ္းစားေစခ်ုင္မိပါတယ္။

ကိုယ့္မွာ ခုိင္မာတဲ့ အသက္ေမြးဝမ္းေက်ာင္းနဲ႔ ဝင္ေငြ႐ွိတယ္။ ကေလးငယ္ကို အခ်မ္းသာႀကီးမဟုတ္ေတာင္ လူတန္းေစ့ျပဳစုေစာင့္ေရွာက္ႏိုင္တယ္ဆိုတဲ့ အေျခအေနမ်ိဳးမွာပဲ Single Mom ဘဝကို ဂုဏ္ယူစြာခံယူၾကပါလုိ႔ အက္ဒ္မင္က ေျပာခ်င္ပါတယ္။

ဒါဆုိရင္ ဘယ္လိုလုပ္ရမွာလဲဆုိရင္ေတာ့ ကိုယ့္မွာ အေျခမခုိင္ေသးသမွ် ကေလးမယူသင့္ဘူးလုိ႔ အႀကံေပးခ်င္ပါတယ္။ လက္မထပ္ရေသးသူေတြလည္း ကိုယ့္ခ်စ္သူနဲ႔ အတူေနရင္ သေႏၶတားဖုိ႔ကို မေပါ့ဆဘဲ ဂ႐ုစိုက္သင့္ပါတယ္။ ဒါဆုိရင္ေတာ့ မလုိလားအပ္တဲ့ ေနာက္ဆက္တြဲျပႆနာေတြမေပၚလာႏိုင္ေတာ့ပါဘူး။

ေယာင္းတို႔ က်န္းမာေပ်ာ္႐ႊင္တဲ့ သားေကာင္းမိခင္ေလးမ်ားျဖစ္ၾကပါေစလို႔ ဆုေတာင္းလ်က္

Sugar Cane (For Her Myanmar)

<<< Unicode >>>

ရဲရင့်တဲ့ တစ်ကိုယ်တော် မိခင်ဖြစ်ဖို့ အရည်အချင်းတွေက ဘာတွေများလဲဆိုတော့ …

အခုနောက်ပိုင်း မြန်မာလူမျိုးတွေကြားမှာ တွင်ကျယ်လာတဲ့ အသုံးအနှုန်းတစ်ခုရှိပါတယ်။ Single Mom တဲ့။ မြန်မာလို ပြန်ရရင် တစ်ကိုယ်တော်မိခင် လို့ဆိုရမှာပေ့ါနော်။ သိပ်ကို လှပတဲ့ အမည်နာမ တစ်ခုပါပဲ။ ကိုယ့်ရင်သွေးလေးကို အမှီအခိုကင်းစွာ တစ်ကိုယ်တည်းပျိုးထောင်ပေးနေတဲ့ ရဲရင့်တဲ့ အမျိုးသမီးတွေအတွက် ဂုဏ်ယူမိပါတယ်။

ကိုယ့်ကိုယ်ကိုယ် Single Mom လို့ ဂုဏ်ယူစွာပြောနေကြတဲ့ အမျိုးသမီးတွေကိုတွေ့ရလို့ အခုလို ရဲရင့်စွာ ရပ်တည်ခွင့်ရလာကြတဲ့အပေါ် ကျေနပ်မိပါတယ်။ Single Mom ဘဝမှာ ရပ်တည်နေကြသူတွေကလည်း အကြောင်းအရင်းအမျိုးမျိုးပေါ့။

အိမ်ထောင်ကွဲသွားလို့၊ ချစ်သူက ကိုယ်ဝန်ရှိလာချိန်မှာ ရှောင်ပြေးသွားလို့ ဆိုတာမျိုးတွေအပြင် ကိုယ်တိုင်က အိမ်ထောင်မပြုချင်လို့ Single Mom ပဲ လုပ်မယ်ဆိုတဲ့ အမျိုးသမီးတွေကိုလည်းတွေ့ရပါတယ်။ ကိုယ့်အကြောင်းအရင်းနဲ့ ကိုယ် ကိုယ့်ခံယူချက်နဲ့ကိုယ်ပဲမို့ ဘာကြောင့်ပဲဖြစ်စေ ရဲရင့်လာတဲ့အမျိုးသမီးတွေကို အားပေးမိပါတယ်။

ဒါပေမဲ့ ယောင်းရေ။ Single Mom ဘဝကို ရွေးချယ်မယ်ဆိုရင် အများကြီးစဉ်းစားကြပါလို့ အက်ဒ်မင်က သတိပေးချင်ပါသေးတယ်။ Single Mom တွေကို လက်ခံအားပေးလာကြလို့ ငါ Single Mom ဖြစ်ရလည်း ဘာဖြစ်လဲ လို့ လွယ်လွယ်မတွေးစေချင်ပါဘူး။

Related Article >>> မျက်မှောက်ခေတ်ရဲ့ မြနန္ဒာတို့အကြောင်း

ကလေးတစ်ယောက်ကို မွေးဖွားပျိုးထောင်ပေးရတာ မြင့်မြတ်တဲ့အလုပ်ဆိုပေမဲ့ တကယ်တော့ ဘယ်လောက်အထိ ခက်ခဲပင်ပန်းရလဲဆိုတာ မိခင်တိုင်း၊ မိဘတိုင်းသိကြပါတယ်။ အထူးသဖြင့် အခုလို အစစအရာရာအကုန်အကျများတဲ့ ခေတ်တစ်ခုမှာ ကလေးတစ်ယောက်ကို လူတန်းစေ့ကျွေးမွေးပညာသင်ပေးနိုင်ဖို့ဆိုတာ မိဘနှစ်ဦး စုံညီသူတွေတောင် ခက်ခဲနေကြသူတွေအများကြီးပါပဲ။

ဒီလိုအခြေအနေမှာ တစ်ကိုယ်တော် ပြုစုပျိုးထောင်ပေးမယ့် Single Mom တွေက နှစ်ဆပိုပြီးပင်ပန်းမယ်ဆိုတာ သတိရသင့်ပါတယ်။ Single Mom ဖြစ်ဖို့ ပတ်ဝန်းကျင်ရဲ့ ဝေဖန်မှုတွေကို ဂရုမစိုက်ဘူးဆိုရင်တောင် ကိုယ်တိုင်ကရော ဒီကလေးကို ပျိုးထောင်ပေးဖို့ အခြေခံကောင်းရှိနေပြီလား။ ခိုင်မာတဲ့ အသက်မွေးဝမ်းကျောင်း၊ အဆင်ပြေတဲ့ လူမှုဘဝ ရှိပြီလားဆိုတာ စဉ်းစားစေချင်ပါတယ်။

Related Article >>> အနာဂတ်ရဲ့ သားကောင်းလေးတွေကို ဒီလို ပျိုးထောင်ပါ။

မဟုတ်ရင်တော့ ကလေးတစ်ယောက်ကိုလူ့လောကထဲ ခေါ်လာပြီး ဒုက္ခခံခိုင်းသလို ဖြစ်နေမှာပေါ့နော်။ ကလေးငယ်လေးတစ်ယောက်ဟာ မိဘမစုံလင်တဲ့အပြင် မပြည့်စုံချို့ငဲ့တဲ့ဘဝမှာ ရှင်သန်ရရင် စိတ်ဒဏ်ရာတွေနဲ့ နာကျည်းမှုတွေနဲ့ ကြီးပြင်းရမယ့် ကလေးဖြစ်လာနိုင်တယ်ဆိုတာကို ထည့်စဉ်းစားစေချုင်မိပါတယ်။

ကိုယ့်မှာ ခိုင်မာတဲ့ အသက်မွေးဝမ်းကျောင်းနဲ့ ဝင်ငွေရှိတယ်။ ကလေးငယ်ကို အချမ်းသာကြီးမဟုတ်တောင် လူတန်းစေ့ပြုစုစောင့်ရှောက်နိုင်တယ်ဆိုတဲ့ အခြေအနေမျိုးမှာပဲ Single Mom ဘဝကို ဂုဏ်ယူစွာခံယူကြပါလို့ အက်ဒ်မင်က ပြောချင်ပါတယ်။

ဒါဆိုရင် ဘယ်လိုလုပ်ရမှာလဲဆိုရင်တော့ ကိုယ့်မှာ အခြေမခိုင်သေးသမျှ ကလေးမယူသင့်ဘူးလို့ အကြံပေးချင်ပါတယ်။ လက်မထပ်ရသေးသူတွေလည်း ကိုယ့်ချစ်သူနဲ့ အတူနေရင် သန္ဓေတားဖို့ကို မပေါ့ဆဘဲ ဂရုစိုက်သင့်ပါတယ်။ ဒါဆိုရင်တော့ မလိုလားအပ်တဲ့ နောက်ဆက်တွဲပြဿနာတွေမပေါ်လာနိုင်တော့ပါဘူး။

ယောင်းတို့ ကျန်းမာပျော်ရွှင်တဲ့ သားကောင်းမိခင်လေးများဖြစ်ကြပါစေလို့ ဆုတောင်းလျက်

Sugar Cane (For Her Myanmar)

No Comments Yet

Comments are closed