မူႀကိဳဆရာမတစ္ဦး၏ ဘဝထဲက တစ္ေန႔တာ

ေယာင္းက ပညာေရးနယ္ပယ္မွာ အသက္ေမြးဝမ္းေၾကာင္းလုပ္ဖို႔အတြက္ စိတ္ဝင္စားပါသလား?

ဝိုင္းရဲ႕ “ဘဝထဲကတစ္ေန႔တာ” ဆိုတာ ျမန္မာျပည္တစ္ဝွမ္းက ထူးခြၽန္တဲ့ ပညာရွင္ေတြရဲ႕ တစ္ေန႔တာေတြကို အက္ဒ္မင္တို႔ကတစ္ဆင့္ ေယာင္းတို႔ကို တင္ဆက္ေပးေနတာ အေတာ္လည္း ၾကာခဲ့ပါၿပီေနာ္။ ဆိုေတာ့ ဘယ္လို အလုပ္အကိုင္ရာထူးမဆို ေယာင္းတို႔ အင္တာဗ်ဴးေျဖဖို႔အတြက္ လြယ္ကူေနေလာက္ၿပီ ထင္ပါတယ္။ ဒီတစ္ခါမွာကေတာ့ Ma Ada Chai (Thalun international school ရွိ မူႀကိဳေက်ာင္းဆရာမေဟာင္းတစ္ဦး) ရဲ႕ အေၾကာင္းကို တင္ဆက္ေပးလိုက္ပါတယ္။

ကေလးေတြအတြက္ မူလတန္းေက်ာင္းသြားျခင္းဟာ ပထမဆုံးအႀကိမ္ သူတို႔ရဲ႕မိဘ၊ အုပ္ထိန္းသူေတြနဲ႔ အခ်ိန္အၾကာႀကီး ခြဲခြာရျခင္းပါ။ မူႀကိဳဆရာမတေယာက္ဆိုတာ ကေလးနဲ႔ မိဘေတြၾကားက ေျပာင္းလဲမႈအသစ္ေတြနဲ႔ မ်က္ရည္ေတြ ျပည့္ေနတဲ့ အေျခအေနေတြကို အဆင္ေျပေအာင္ ေဆာင္႐ြက္ေပးတဲ့သူပါ။

တစ္ေန႔တာဟာ အခ်ိန္စက္ဝိုင္းအတိုင္း စတင္ၿပီး ေန႔စဥ္ ပုံမွန္လုပ္ထုံးလုပ္နည္းအရ ကေလးေတြရဲ႕ ေက်ာင္းအတြက္ ျပင္ဆင္ၿပီး အတန္းစတင္ပါၿပီ။ ကၽြန္မတို႔က ABC နဲ႔123 စတဲ့ အေသးစိတ္ အေျခခံမ်ားကို စတင္သင္ေပးၿပီး ကေလးေတြရဲ႕ အခန္းတြင္းမွာ အမ်ိဳးမ်ိဳးေသာ သံစဥ္သီခ်င္း၊ အေရာင္မ်ားႏွင့္ပတ္သက္တဲ့၊ ပုံသ႑ာန္၊ ရက္သတၱပတ္တြင္ပါေသာ ေန႔ေတြ၊ ခႏၶာကိုယ္ အစိတ္အပိုင္းေတြနဲ႔ ဆိုင္တဲ့ အရာေတြ၊ တိရိစာၦန္ေတြ စသည့္အေၾကာင္းမ်ားကို သင္ၾကားေပးပါသည္။

ဒီအခ်ိန္ေတြ ၿပီးတဲ့ေနာက္မွာ ဦးေႏွာက္ႀကီးထြားဖြံ႕ၿဖိဳးဖို႔အတြက္ စြမ္းအင္ေတြအမ်ားႀကီး လိုအပ္တာေၾကာင့္ အဆာေျပစားဖို႔ အခ်ိန္ထားေပးရပါတယ္။ ကေလးေတြကို သီခ်င္းေတြနဲ႔ စသင္ၾကားေပးၿပီး ကေလးေတြကလည္း တျဖည္းျဖည္းလိုက္ပါ သီဆိုလႈပ္ရွားလာပါတယ္။ ကိုယ္ထူကိုယ္ထယူစားရတဲ့ စားေသာက္ဆိုင္မွာ ကေလးေတြက လက္ေတြေဆးေၾကာလုိ႔ စားေသာက္ဖို႔အတြက္ စနတစ္တက် ေစာင့္ဆိုင္းရပါတယ္။

စားၿပီးတဲ့အခါမွာ ကေလးေတြက ေက်ာင္းဝင္းအလယ္မွာ လႈပ္ရွားမႈ တစ္ခု ျပဳလုပ္မယ့္ အခ်ိန္ေရာက္လာပါၿပီ။ ဒီေန႔မွာေတာ့ “အရာဝတၱဳေတြထဲက ဘယ္အရာဝတၱဳက ေပါေလာေပၚသလဲ ဒါမွမဟုတ္ ျမႇဳပ္သလဲ” ဆိုတာကို ေလ့လာစမ္းသပ္မႈေတြနဲ႔ စတင္ပါမယ္။

Related Article >>> ဝယ္ယူေရး မန္ေနဂ်ာတစ္ဦးရဲ႕ တစ္ေန႔တာဘဝ

ကေလးမ်ားထိုင္ေနတဲ့အခ်ိန္မွာပဲ ကၽြန္မက စားပြဲေပၚက ေက်ာက္ခဲတစ္ခုကို ေကာက္ယူလိုက္ၿပီး “ဒါကိုၾကည့္ပါဦး ၊ ဒါကဘာလဲဆိုတာသိသလား?” လို႔ေမးလိုက္ပါတယ္။ ကေလးေတြက တစ္ၿပိဳင္တည္းပဲ “ဟုတ္၊ အဲ့ဒါကေက်ာက္တုံး!”လို႔ေျဖတာေပါ့…

ကၽြန္မက ထပ္ေမးလိုက္တယ္။ “ဒီဟာေတြကိုစမ္းၾကည့္ခ်င္လား” “အႀကီးတခုလား၊ အေသးတစ္ခုလား?” “ဘယ္အေရာင္လဲ?”။ “အဲဒါက ေလးလား? ေပါ့လား?” “အကယ္၍ ဒီေက်ာက္တုံးကို ေရထဲထည့္လိုက္မယ္ဆိုရင္ ျမွဳပ္သြားမွာလား ဒါမွမဟုတ္ ေပါေလာေပၚေနမလား?” စတဲ့ သူတို႔ရဲ႕ သိခ်င္စိတ္ကို လႈံ႕ေဆာ္ေပးမယ့္ ေမးခြန္းေလးေတြ ေမးၾကည့္ပါတယ္။

ကေလးေတြကလည္း သူတို႔ဘယ္လိုထင္လဲဆိုတာ ျပန္ေျပာျပၿပီးတဲ့အခါ ေက်ာက္ခဲကို ေရထဲညင္ညင္သာသာထည့္ၿပီး စမ္းသပ္မႈလုပ္တာကို ထိုင္ခံုကေန ထလို႔ စိတ္ဝင္တစား ၾကည့္ၾကပါတယ္။ အားလုံးၿပီးသြားေတာ့ “ျမွဳပ္သည္” ဆိုၿပီး စာတမ္းတပ္လို႔ အဲဒီအရာဝတၱဳကို ျခင္းထဲထည့္ျပလိုက္ပါတယ္။ က်န္တဲ့ အရာဝတၳဳေတြကိုေတာ့ ကေလးေတြက သူတို႔အတန္းေဖာ္ေတြနဲ႔ ဆက္ၿပီး စမ္းသပ္ၾကပါေတာ့တယ္။ ဒါဟာ ရိုးရွင္းတဲ့ လႈပ္ရွားမႈေလး တစ္ခုျဖစ္ၿပီးေတာ့ ကေလးေတြကို အေျခခံသိပၸံသေဘာတရားကို နားလည္စူးစမ္းတတ္ဖို႔ ကူညီေပးႏုိင္တဲ့ ေပ်ာ္စရာ လက္ေတြ႕စမ္းသပ္မႈေလးေပါ့..

ၿပီးတဲ့ေနာက္မွာေတာ့ ဂီတအေဆာက္အဦးသို႔ ေရွ႕ဆက္သြားပါတယ္။ ေရာက္တာနဲ႔ ကၽြန္မတို႔အားလံုး စက္ဝိုင္းပံုစံအတိုင္း ေနရာယူၿပီး ကေလးေတြရဲ႕ အႀကိဳက္ႏွစ္သက္ဆုံး CD က ကေလးသီခ်င္းကို ဖြင့္ေပးပါတယ္။ “Sammy” က “Susan” ကို မတြန္းခင္ထိေတာ့ အားလံုးက ေပ်ာ္ေပ်ာ္ရႊင္ရႊင္ ကေနၾကတာပါပဲ။ ဒီေနာက္မွာေတာ့ “Sammy” ထံ မွစူးရွေသာေအာ္သံထြက္ေပၚလာၿပီး “Susan” စငိုပါေတာ့တယ္။ “Susan” ေလးအဆင္ေျပလား စစ္ေဆးၿပီးတဲ့ေနာက္မွာ “Sammy” ကို ေခၚလိုက္ေတာ့ အျခား သူငယ္ခ်င္းေတြအားလံုးကလည္း ဘာဆက္ျဖစ္လာမလဲဆိုတာ အာရံုစိုက္လာၾကၿပီေလ…

ဒီလို မေတာ္တဆျဖစ္ရပ္ တစ္ခုကေန ကေလးေတြအတြက္ သင္ယူစရာသင္ခန္းစာေတြနဲ႔ သူတို႔ရဲ႕ “Social-emotional skill” ကို တိုးတက္ေအာင္ ဘယ္လိုလုပ္မလဲဆိုတာ ေလ့လာဖို႔ အခြင့္အေရးေတြ ရသြားၿပီေလ..  ကေလးတေယာက္က လဲက်သြားတဲ့ “Susan” ကို ေက်ာပုတ္ၿပီးႏွစ္သိမ့္ၿပီး ႏွစ္သိမ့္ေပးတဲ့ အၾကည့္နဲ႔ ၾကည့္ေနတာက ခ်ီးမြမ္းစရာပါ။ကေလးေတြက သူတို႔သူငယ္ခ်င္းအေပၚ ၾကင္နာတာက ၾကည္ႏူးစရာပဲ မဟုတ္လား…

Related Article >>> ထုတ္ကုန္ပစၥည္း ဒီဇိုင္နာတစ္ေယာက္ရဲ႕ တစ္ေန႔တာ

ကြၽန္မ “Sammy” ဘက္လွည့္ၿပီး “Susan” ကို နာေအာင္လုပ္မိလား” လို႔ ေမးတဲ့အခါ သူကေတာ့ မ်က္လံုးခ်င္းမဆံုဘဲ ေခါင္းညိတ္ျပခဲ့ပါတယ္။ ကၽြန္မ သူ႔ကို “Susan” ရဲ႕ မ်က္ရည္ေတြနဲ႔ ျပည့္ေနတဲ့ မ်က္ႏွာကို ၾကည့္ခိုင္းၿပီး “သူ ဘယ္လိုခံစားရမလဲလို႔ထင္လဲ၊ ေပ်ာ္ေနလား ၊ ဝမ္းနည္းေနမလား”လို႔ ေမးတဲ့အခါ “ဝမ္းနည္းေနတာ” လို႔သူကျပန္ေျဖတယ္ ။ “မင္းရဲ႕သူငယ္ခ်င္းတေယာက္က မင္းကိုဒီလိုတြန္းမယ္ဆို မင္းႀကိဳက္ပါ့မလား ခု “Susan” ကိုေတာင္းပန္ၿပီး ဖက္လိုက္ပါ” လို႔ ကၽြန္မေျပာလုိက္ပါတယ္။ “Susan” က “Sammy” ေတာင္းပန္တာ လက္ခံၿပီးသူငယ္ခ်င္းေကာင္းအျဖစ္ ဆက္လက္ေနမယ္လို႔ဆိုပါတယ္။ မိနစ္အနည္းငယ္ၾကတဲ့အခါ ဒရမ္ေတြပုတ္လို႔ maracas လႈပ္ၿပီး ေပ်ာ္ေပ်ာ္ရႊင္ရႊင္ ေနာက္တစ္ႀကိမ္ ျပန္ကၾကပါတယ္။

အဲဒီေနာက္မွာေတာ့ ေန႔လယ္စာမတိုင္ခင္ တိတ္တိတ္ဆိတ္ဆိတ္နဲ႔ အတန္းထဲထိုင္ေစၿပီး ပုံျပင္ေျပာဖို႔ အခ်ိန္က်လာပါေတာ့တယ္။ သူတို႔ဖတ္ခ်င္တဲ့ စာအုပ္ေတြကို ဖတ္ျပၿပီး သူတို႔ရဲ႕ အသံတိုးၿပီး ၿငိမ္ၿငိမ္ထိုင္ခိုင္းထားၿပီးတဲ့ေနာက္ သူတို႔အႀကိဳက္ဆုံး စာအုပ္တစ္အုပ္ျဖစ္တဲ့ “A Little IIama” ကို ဖတ္ျပခဲ့ပါတယ္။

ခုက ေန႔လည္စာစားခ်ိန္က်ေရာက္ပါၿပီ။ ကေလးေတြကို သူတို႔ဘာသာ စားေသာက္ဖို႔အတြက္ တြန္းအားေပးေနရပါၿပီ။ ဒါမွပဲ သူတို႔ရဲ႕ လႈပ္ရွားႏုိင္မႈစြမ္းရည္ နဲ႔ အမွီအခိုကင္းတဲ့ စရိုက္ေလးေတြ တိုးတက္ေပၚထြက္လာမွာေပါ့… ေန႔လယ္စာစားခ်ိန္ဟာ ဆရာမေတြရဲ႕ စိတ္ရွည္သည္းခံႏုိင္မႈကို စမ္းသပ္တဲ့ အခ်ိန္ပါပဲ။ ဘာလို႔လဲဆိုေတာ့ ကေလးေတြက အစာေတြကို နည္းနည္းစီပဲ စားၿပီး ဆရာမေတြ မျမင္တဲ့အခ်ိန္မွာ ေလွ်ာက္ၿပီး လွည့္ပတ္သြားေနေတာ့တာကိုး.. တက္ၾကြလႈပ္ရွားရမယ့္ မနက္အခ်ိန္မွာ ထူးထူးဆန္းဆန္း အိပ္ငိုက္ေနတဲ့ ကေလးေတြကလည္း ဒုကၡတစ္မ်ိဳး ေပးႏုိင္တာပါပဲ။ 

ကေလးေတြကေတာ့ ေန႔လယ္စာ စားၿပီးတဲ့ေနာက္ လက္ေဆးၿပီး မ်က္လံုးေတြ စင္းလာပါေတာ့တယ္။ ဒီအခ်ိန္ကေတာ ့သားေခ်ာ့ေတးနဲ႔ သူတို႔ကို အိပ္စက္ေစရမယ့္ အခ်ိန္ပါပဲ။ ကေလးေတြက အိပ္ေနတဲ့အခ်ိန္မွာ တကယ္ကို အျပစ္ကင္းတဲ့ နတ္သူငယ္ေလးေတြလိုလို… သူတို႔အိပ္ေနတဲ့အခ်ိန္မွာပဲ တစ္ေယာက္ခ်င္းစီရဲ႕ ေလ့လာေတြ႕ရွိခ်က္ေတြနဲ႔ လုပ္ေဆာင္ခ်က္ေတြကို ကၽြန္မ မွတ္တမ္းေရးရပါတယ္။ အလုပ္လည္း အၿပီး သူတို႔လည္း အႏိုး ကြက္တိပဲေပါ့.. ႏိုးလာတဲ့ ကေလးေတြက အဆာေျပ နည္းနည္းစားၿပီး အတန္းေဖာ္ေတြနဲ႔ ကစားေနပါေတာ့တယ္။ တစ္ေန႔လံုး ကစားလိုက္၊ မုန္႔စားလိုက္နဲ႔ သူတို႔ရဲ႕ မိဘေတြ လာႀကိဳတဲ့အခ်ိန္မွာေတာ့ အၿပံဳးပန္းေတြ ေဝရင္း အိမ္ျပန္သြားပါေတာ့တယ္။

ကေလးေတြအားလုံးထြက္သြားၿပီးတဲ့ေနာက္မွာေတာ့ မနက္ျဖန္အတြက္ ပစၥည္းေတြကို ေနရာတက် ျပန္စီစဥ္ရပါတယ္။ ကိုယ္တိုင္လည္း အိမ္ျပန္ဖို႔ အဆင္သင့္ေပါ့။ တစ္ေန႔တာဟာ ပင္ပန္းေပမဲ့ ေနာက္ရက္ေတြအတြက္ကိုလည္း ရင္ခုန္ေပ်ာ္ရႊင္ရတဲ့ အလုပ္တစ္ခုပါပဲ။ ဘာလို႔လဲဆိုေတာ့ မူႀကိဳေက်ာင္းမွာ ရွိေနသမွ် ကၽြန္မ ဘယ္ေတာ့မွ ၿငီးေငြ႕ႏုိင္မွာ မဟုတ္ဘူးေလ…

အဂၤလိပ္ဘာသာျဖင့္လည္း ေအာက္တြင္ ဖတ္ရႈႏုိင္ပါသည္။

ဤေဆာင္းပါးအတြက္ ပံ့ပိုးကူညီေပးပါေသာ Wynee Myanmar Organisation အား အထူးပင္ ေက်းဇူးတင္ရွိပါသည္။

Unicode Version 

ယောင်းက ပညာရေးနယ်ပယ်မှာ အသက်မွေးဝမ်းကြောင်းလုပ်ဖို့အတွက် စိတ်ဝင်စားပါသလား?

ဝိုင်းရဲ့ “ဘဝထဲကတစ်နေ့တာ” ဆိုတာ မြန်မာပြည်တစ်ဝှမ်းက ထူးချွန်တဲ့ ပညာရှင်တွေရဲ့ တစ်နေ့တာတွေကို အက်ဒ်မင်တို့ကတစ်ဆင့် ယောင်းတို့ကို တင်ဆက်ပေးနေတာ အတော်လည်း ကြာခဲ့ပါပြီနော်။ ဆိုတော့ ဘယ်လို အလုပ်အကိုင်ရာထူးမဆို ယောင်းတို့ အင်တာဗျူးဖြေဖို့အတွက် လွယ်ကူနေလောက်ပြီ ထင်ပါတယ်။ ဒီတစ်ခါမှာကတော့ Ma Ada Chai (Thalun international school ရှိ မူကြိုကျောင်းဆရာမဟောင်းတစ်ဦး) ရဲ့ အကြောင်းကို တင်ဆက်ပေးလိုက်ပါတယ်။

ကလေးတွေအတွက် မူလတန်းကျောင်းသွားခြင်းဟာ ပထမဆုံးအကြိမ် သူတို့ရဲ့မိဘ၊ အုပ်ထိန်းသူတွေနဲ့ အချိန်အကြာကြီး ခွဲခွာရခြင်းပါ။ မူကြိုဆရာမတယောက်ဆိုတာ ကလေးနဲ့ မိဘတွေကြားက ပြောင်းလဲမှုအသစ်တွေနဲ့ မျက်ရည်တွေ ပြည့်နေတဲ့ အခြေအနေတွေကို အဆင်ပြေအောင် ဆောင်ရွက်ပေးတဲ့သူပါ။

တစ်နေ့တာဟာ အချိန်စက်ဝိုင်းအတိုင်း စတင်ပြီး နေ့စဉ် ပုံမှန်လုပ်ထုံးလုပ်နည်းအရ ကလေးတွေရဲ့ ကျောင်းအတွက် ပြင်ဆင်ပြီး အတန်းစတင်ပါပြီ။ ကျွန်မတို့က ABC နဲ့123 စတဲ့ အသေးစိတ် အခြေခံများကို စတင်သင်ပေးပြီး ကလေးတွေရဲ့ အခန်းတွင်းမှာ အမျိုးမျိုးသော သံစဉ်သီချင်း၊ အရောင်များနှင့်ပတ်သက်တဲ့၊ ပုံသဏ္ဍာန်၊ ရက်သတ္တပတ်တွင်ပါသော နေ့တွေ၊ ခန္ဓာကိုယ် အစိတ်အပိုင်းတွေနဲ့ ဆိုင်တဲ့ အရာတွေ၊ တိရိစ္ဆာန်တွေ စသည့်အကြောင်းများကို သင်ကြားပေးပါသည်။

ဒီအချိန်တွေ ပြီးတဲ့နောက်မှာ ဦးနှောက်ကြီးထွားဖွံ့ဖြိုးဖို့အတွက် စွမ်းအင်တွေအများကြီး လိုအပ်တာကြောင့် အဆာပြေစားဖို့ အချိန်ထားပေးရပါတယ်။ ကလေးတွေကို သီချင်းတွေနဲ့ စသင်ကြားပေးပြီး ကလေးတွေကလည်း တဖြည်းဖြည်းလိုက်ပါ သီဆိုလှုပ်ရှားလာပါတယ်။ ကိုယ်ထူကိုယ်ထယူစားရတဲ့ စားသောက်ဆိုင်မှာ ကလေးတွေက လက်တွေဆေးကြောလို့ စားသောက်ဖို့အတွက် စနတစ်တကျ စောင့်ဆိုင်းရပါတယ်။

စားပြီးတဲ့အခါမှာ ကလေးတွေက ကျောင်းဝင်းအလယ်မှာ လှုပ်ရှားမှု တစ်ခု ပြုလုပ်မယ့် အချိန်ရောက်လာပါပြီ။ ဒီနေ့မှာတော့ “အရာဝတ္တုတွေထဲက ဘယ်အရာဝတ္တုက ပေါလောပေါ်သလဲ ဒါမှမဟုတ် မြှုပ်သလဲ” ဆိုတာကို လေ့လာစမ်းသပ်မှုတွေနဲ့ စတင်ပါမယ်။

Related Article >>> ဝယ်ယူရေး မန်နေဂျာတစ်ဦးရဲ့ တစ်နေ့တာဘဝ

ကလေးများထိုင်နေတဲ့အချိန်မှာပဲ ကျွန်မက စားပွဲပေါ်က ကျောက်ခဲတစ်ခုကို ကောက်ယူလိုက်ပြီး “ဒါကိုကြည့်ပါဦး ၊ ဒါကဘာလဲဆိုတာသိသလား?” လို့မေးလိုက်ပါတယ်။ ကလေးတွေက တစ်ပြိုင်တည်းပဲ “ဟုတ်၊ အဲ့ဒါကကျောက်တုံး!”လို့ဖြေတာပေါ့…

ကျွန်မက ထပ်မေးလိုက်တယ်။ “ဒီဟာတွေကိုစမ်းကြည့်ချင်လား” “အကြီးတခုလား၊ အသေးတစ်ခုလား?” “ဘယ်အရောင်လဲ?”။ “အဲဒါက လေးလား? ပေါ့လား?” “အကယ်၍ ဒီကျောက်တုံးကို ရေထဲထည့်လိုက်မယ်ဆိုရင် မြှုပ်သွားမှာလား ဒါမှမဟုတ် ပေါလောပေါ်နေမလား?” စတဲ့ သူတို့ရဲ့ သိချင်စိတ်ကို လှုံ့ဆော်ပေးမယ့် မေးခွန်းလေးတွေ မေးကြည့်ပါတယ်။

ကလေးတွေကလည်း သူတို့ဘယ်လိုထင်လဲဆိုတာ ပြန်ပြောပြပြီးတဲ့အခါ ကျောက်ခဲကို ရေထဲညင်ညင်သာသာထည့်ပြီး စမ်းသပ်မှုလုပ်တာကို ထိုင်ခုံကနေ ထလို့ စိတ်ဝင်တစား ကြည့်ကြပါတယ်။ အားလုံးပြီးသွားတော့ “မြှုပ်သည်” ဆိုပြီး စာတမ်းတပ်လို့ အဲဒီအရာဝတ္တုကို ခြင်းထဲထည့်ပြလိုက်ပါတယ်။ ကျန်တဲ့ အရာဝတ္ထုတွေကိုတော့ ကလေးတွေက သူတို့အတန်းဖော်တွေနဲ့ ဆက်ပြီး စမ်းသပ်ကြပါတော့တယ်။ ဒါဟာ ရိုးရှင်းတဲ့ လှုပ်ရှားမှုလေး တစ်ခုဖြစ်ပြီးတော့ ကလေးတွေကို အခြေခံသိပ္ပံသဘောတရားကို နားလည်စူးစမ်းတတ်ဖို့ ကူညီပေးနိုင်တဲ့ ပျော်စရာ လက်တွေ့စမ်းသပ်မှုလေးပေါ့..

ပြီးတဲ့နောက်မှာတော့ ဂီတအဆောက်အဦးသို့ ရှေ့ဆက်သွားပါတယ်။ ရောက်တာနဲ့ ကျွန်မတို့အားလုံး စက်ဝိုင်းပုံစံအတိုင်း နေရာယူပြီး ကလေးတွေရဲ့ အကြိုက်နှစ်သက်ဆုံး CD က ကလေးသီချင်းကို ဖွင့်ပေးပါတယ်။ “Sammy” က “Susan” ကို မတွန်းခင်ထိတော့ အားလုံးက ပျော်ပျော်ရွှင်ရွှင် ကနေကြတာပါပဲ။ ဒီနောက်မှာတော့ “Sammy” ထံ မှစူးရှသောအော်သံထွက်ပေါ်လာပြီး “Susan” စငိုပါတော့တယ်။ “Susan” လေးအဆင်ပြေလား စစ်ဆေးပြီးတဲ့နောက်မှာ “Sammy” ကို ခေါ်လိုက်တော့ အခြား သူငယ်ချင်းတွေအားလုံးကလည်း ဘာဆက်ဖြစ်လာမလဲဆိုတာ အာရုံစိုက်လာကြပြီလေ…

ဒီလို မတော်တဆဖြစ်ရပ် တစ်ခုကနေ ကလေးတွေအတွက် သင်ယူစရာသင်ခန်းစာတွေနဲ့ သူတို့ရဲ့ “Social-emotional skill” ကို တိုးတက်အောင် ဘယ်လိုလုပ်မလဲဆိုတာ လေ့လာဖို့ အခွင့်အရေးတွေ ရသွားပြီလေ..  ကလေးတယောက်က လဲကျသွားတဲ့ “Susan” ကို ကျောပုတ်ပြီးနှစ်သိမ့်ပြီး နှစ်သိမ့်ပေးတဲ့ အကြည့်နဲ့ ကြည့်နေတာက ချီးမွမ်းစရာပါ။ကလေးတွေက သူတို့သူငယ်ချင်းအပေါ် ကြင်နာတာက ကြည်နူးစရာပဲ မဟုတ်လား…

Related Article >>> ထုတ်ကုန်ပစ္စည်း ဒီဇိုင်နာတစ်ယောက်ရဲ့ တစ်နေ့တာ

ကျွန်မ “Sammy” ဘက်လှည့်ပြီး “Susan” ကို နာအောင်လုပ်မိလား” လို့ မေးတဲ့အခါ သူကတော့ မျက်လုံးချင်းမဆုံဘဲ ခေါင်းညိတ်ပြခဲ့ပါတယ်။ ကျွန်မ သူ့ကို “Susan” ရဲ့ မျက်ရည်တွေနဲ့ ပြည့်နေတဲ့ မျက်နှာကို ကြည့်ခိုင်းပြီး “သူ ဘယ်လိုခံစားရမလဲလို့ထင်လဲ၊ ပျော်နေလား ၊ ဝမ်းနည်းနေမလား”လို့ မေးတဲ့အခါ “ဝမ်းနည်းနေတာ” လို့သူကပြန်ဖြေတယ် ။ “မင်းရဲ့သူငယ်ချင်းတယောက်က မင်းကိုဒီလိုတွန်းမယ်ဆို မင်းကြိုက်ပါ့မလား ခု “Susan” ကိုတောင်းပန်ပြီး ဖက်လိုက်ပါ” လို့ ကျွန်မပြောလိုက်ပါတယ်။ “Susan” က “Sammy” တောင်းပန်တာ လက်ခံပြီးသူငယ်ချင်းကောင်းအဖြစ် ဆက်လက်နေမယ်လို့ဆိုပါတယ်။ မိနစ်အနည်းငယ်ကြတဲ့အခါ ဒရမ်တွေပုတ်လို့ maracas လှုပ်ပြီး ပျော်ပျော်ရွှင်ရွှင် နောက်တစ်ကြိမ် ပြန်ကကြပါတယ်။

အဲဒီနောက်မှာတော့ နေ့လယ်စာမတိုင်ခင် တိတ်တိတ်ဆိတ်ဆိတ်နဲ့ အတန်းထဲထိုင်စေပြီး ပုံပြင်ပြောဖို့ အချိန်ကျလာပါတော့တယ်။ သူတို့ဖတ်ချင်တဲ့ စာအုပ်တွေကို ဖတ်ပြပြီး သူတို့ရဲ့ အသံတိုးပြီး ငြိမ်ငြိမ်ထိုင်ခိုင်းထားပြီးတဲ့နောက် သူတို့အကြိုက်ဆုံး စာအုပ်တစ်အုပ်ဖြစ်တဲ့ “A Little IIama” ကို ဖတ်ပြခဲ့ပါတယ်။

ခုက နေ့လည်စာစားချိန်ကျရောက်ပါပြီ။ ကလေးတွေကို သူတို့ဘာသာ စားသောက်ဖို့အတွက် တွန်းအားပေးနေရပါပြီ။ ဒါမှပဲ သူတို့ရဲ့ လှုပ်ရှားနိုင်မှုစွမ်းရည် နဲ့ အမှီအခိုကင်းတဲ့ စရိုက်လေးတွေ တိုးတက်ပေါ်ထွက်လာမှာပေါ့… နေ့လယ်စာစားချိန်ဟာ ဆရာမတွေရဲ့ စိတ်ရှည်သည်းခံနိုင်မှုကို စမ်းသပ်တဲ့ အချိန်ပါပဲ။ ဘာလို့လဲဆိုတော့ ကလေးတွေက အစာတွေကို နည်းနည်းစီပဲ စားပြီး ဆရာမတွေ မမြင်တဲ့အချိန်မှာ လျှောက်ပြီး လှည့်ပတ်သွားနေတော့တာကိုး.. တက်ကြွလှုပ်ရှားရမယ့် မနက်အချိန်မှာ ထူးထူးဆန်းဆန်း အိပ်ငိုက်နေတဲ့ ကလေးတွေကလည်း ဒုက္ခတစ်မျိုး ပေးနိုင်တာပါပဲ။

ကလေးတွေကတော့ နေ့လယ်စာ စားပြီးတဲ့နောက် လက်ဆေးပြီး မျက်လုံးတွေ စင်းလာပါတော့တယ်။ ဒီအချိန်ကတော့သားချော့တေးနဲ့ သူတို့ကို အိပ်စက်စေရမယ့် အချိန်ပါပဲ။ ကလေးတွေက အိပ်နေတဲ့အချိန်မှာ တကယ်ကို အပြစ်ကင်းတဲ့ နတ်သူငယ်လေးတွေလိုလို… သူတို့အိပ်နေတဲ့အချိန်မှာပဲ တစ်ယောက်ချင်းစီရဲ့ လေ့လာတွေ့ရှိချက်တွေနဲ့ လုပ်ဆောင်ချက်တွေကို ကျွန်မ မှတ်တမ်းရေးရပါတယ်။ အလုပ်လည်း အပြီး သူတို့လည်း အနိုး ကွက်တိပဲပေါ့.. နိုးလာတဲ့ ကလေးတွေက အဆာပြေ နည်းနည်းစားပြီး အတန်းဖော်တွေနဲ့ ကစားနေပါတော့တယ်။ တစ်နေ့လုံး ကစားလိုက်၊ မုန့်စားလိုက်နဲ့ သူတို့ရဲ့ မိဘတွေ လာကြိုတဲ့အချိန်မှာတော့ အပြုံးပန်းတွေ ဝေရင်း အိမ်ပြန်သွားပါတော့တယ်။

ကလေးတွေအားလုံးထွက်သွားပြီးတဲ့နောက်မှာတော့ မနက်ဖြန်အတွက် ပစ္စည်းတွေကို နေရာတကျ ပြန်စီစဉ်ရပါတယ်။ ကိုယ်တိုင်လည်း အိမ်ပြန်ဖို့ အဆင်သင့်ပေါ့။ တစ်နေ့တာဟာ ပင်ပန်းပေမဲ့ နောက်ရက်တွေအတွက်ကိုလည်း ရင်ခုန်ပျော်ရွှင်ရတဲ့ အလုပ်တစ်ခုပါပဲ။ ဘာလို့လဲဆိုတော့ မူကြိုကျောင်းမှာ ရှိနေသမျှ ကျွန်မ ဘယ်တော့မှ ငြီးငွေ့နိုင်မှာ မဟုတ်ဘူးလေ…

အင်္ဂလိပ်ဘာသာဖြင့်လည်း အောက်တွင် ဖတ်ရှုနိုင်ပါသည်။

ဤဆောင်းပါးအတွက် ပံ့ပိုးကူညီပေးပါသော Wynee Myanmar Organisation အား အထူးပင် ကျေးဇူးတင်ရှိပါသည်။

English

A Day in the Life of A Preschool Teacher

Are you interested in a career in education? Wynee’s “A Day in the Life” series provides a glimpse into the daily lives of real Myanmar-based professionals so that you can be better prepared for interviews and life on the job. Wynee provides below a day in the life of Ma Ada Chai, a former preschool teacher at Thalun International School in Yangon.

Going to preschool is the first time that children spend an extended amount of time away from their parents and caretakers. A preschool teacher guides children and parents through this new and tear-filled transition.

The day starts with circle time, a daily routine that prepares children for the school day and signals the beginning of class. We go over the basics, such as their ABCs and 123s and a variety of nursery rhymes about songs about colors, shapes, days of the week, body parts, and of course, the all time favorite, animals!

After circle time, it’s time for a snack break – growing bodies and brains need lots of energy! We start our purple train song and the children fall into line, ready to chug along . At the cafeteria, the children wash their hands and sit down at the table with their classmates for some nibbles.

It’s now time for an activity at one of the many centers around campus. Today, we head to the discovery center to test whether objects will float or sink. When the children have been seated, I pick up one object from the table filled with random items– a rock. “Wow! Look at this! Does anyone know what this is? Yes, it is a rock! Here, do you want to feel it? Big or small? What color is it? Is it heavy or light?  Hmm, I wonder… If I put this rock in the water, will it float and stay above the water or will it sink and drop to the bottom of the tub?” The children shout out what they think and watch as I demonstrate how to gently put the object into the water. The children jump out of their seats to peer into the tub to see that the rock has indeed sunk. I fish it out and place it in a basket that is labeled “sink” and let the children test it out the remaining items with their classmates. It is a simple activity and a fun tactile experience that helps them explore basic science concepts.

Onwards we go the music center! We get into a large circle and turn on the children’s favorite music CD with classic children’s songs. Everyone is dancing along happily … until Sammy pushes Susan and now she is a wailing banshee. After checking that Susan is okay, I bring Sammy over. The loud crying has caught the attention of the other children who are all now watching what will happen next and I know that little incidents like this present an opportunity for children to learn and develop their socioemotional skills. One child approaches the sniffling Susan to console her with a small pat on the back and a sympathetic look. I praise them for checking on their friend and being kind. I turn my attention to Sammy and ask if he pushed Susan. He nods reluctantly, not making eye contact. I ask him to look at Susan’s tear-streaked face and how he thinks it makes her feel, happy or sad? Sad, he replies. I ask him whether he likes it when friends push him,  how it makes him feel, and if he could please apologize to Susan and give her a hug. She accepts both the apology and the hug and I thank Sammy for his apology and for being a good friend. A minute later they are dancing along happily once again, banging on their little drums and shaking their maracas.

To calm the class down before lunch, we gather them around for story time. They are already shouting out the books they want read and I must remind them to use their indoor voices and sit down quietly so that I can begin to read. I choose their favorite, a book about a little llama who is having trouble going to sleep at bedtime – a story they all seem to be able to relate to.

Now it’s lunch time! Students are encouraged to feed themselves so that they can develop their motor skills and also gain a sense of independence. Lunch time also teaches the teachers to be patient, dealing with picky eaters, children who want desert only and runaway children who will dart off if you take your eyes off them.  An activity filled morning also means that there are some cranky sleepyheads who are sure to give the TAs some trouble.

After lunch, they wash up, their eyes heavy with sleep. I preemptively turn on soothing lullabies to lull them to sleep. They look like little angels when they fall asleep.

While they sleep, I write reports on the activities of the day and individual observations for each child. Just as I finish the last of my work, the children wake up. They have a little snack and play with their classmates. After having napped, snacked, and played all day, their parents arrive to find them with big smiles on their faces, ready to go home.

When all the children have left, I put everything in order for the next day. I’m ready to go home, tired but also excited for the next day because there is never a dull day in preschool.

No Comments Yet

Comments are closed