စစ္မွန္တဲ့ ေပ်ာ္ရႊင္ျခင္းဆိုတာ…

ဘဝမွာ အေပ်ာ္ဆံုးရႊင္ဆံုးေန႔က ဘယ္ေန႔လဲ?

လုပ္လက္စေတြ ခဏရပ္ထားလိုက္ပါ။ ဘဝမွာ အေပ်ာ္ရႊင္ဆံုးက ဘယ္ေန႔ျဖစ္မလဲ တစ္ခ်က္ျပန္ေတြးၾကည့္ပါဦး..

ဆယ္တန္းေအာင္တဲ့ေန႔လား? က်မယ္ထင္ထားတဲ့ အင္တာဗ်ဴး ေအာင္သြားတဲ့ေန႔လား? အလုပ္ရသြားတဲ့ေန႔လား? ဒါမွမဟုတ္ မဂၤလာေရႊလက္တြဲခဲ့တဲ့ ေန႔လား? ပထမဆံုး ကေလးေလး ဗိုက္ထဲေရာက္ေနၿပီဆိုတာ သိလိုက္ရတဲ့ ေန႔လား?

ေမးရတာ လြယ္သေလာက္ ေျဖရခက္တဲ့ ေမးခြန္းတစ္ခုပါပဲ။ ေပ်ာ္ရႊင္ျခင္းဆိုတာ တိုင္းတာဖို႔လည္း ခက္ခဲလွပါဘိသနဲ႔.. ေျပာရမယ္ဆိုရင္ အေျဖရွာမရတဲ့ ပုစာၦေတြထဲက တစ္ခုပဲေပါ့.. တစ္ခါတေလ မွန္ၾကည့္ေနရင္း ကိုယ္ေပ်ာ္ရႊင္ခဲ့ဖူးတဲ့ အမွတ္တရေတြက ရုပ္ရွင္ထဲကလို ေပၚလာတဲ့ အခ်ိန္မ်ိဳးလည္း ရွိသား.. ဒီ တဒဂၤေပါင္းမ်ားစြာဟာ ဘဝကို အဓိပၸာယ္ျပည့္ျပည့္ဝဝနဲ႔ ျဖတ္သန္းခဲ့တဲ့အခ်ိန္ေတြ၊ ဆႏၵျပည့္သြားခဲ့တဲ့ အခ်ိန္ေတြ၊ ႀကိဳးစားမႈရဲ႕ ရလဒ္ကို ခံစားခဲ့ရတဲ့ အခ်ိန္ေတြနဲ႔ အင္း.. ဘာရယ္လည္း မဟုတ္ ေပ်ာ္ရႊင္ခဲ့ဖူးတဲ့ အခ်ိန္ေတြေပါ့…

Related Article >>> ဘဝကို ေပ်ာ္ရႊင္စြာ ျဖတ္သန္းပါ

ေပ်ာ္ရႊင္ခဲ့ဖူးတဲ့ အခိုက္အတန္႔လို႔ ဆိုလိုက္ရင္ ဘဝမွာ ႀကီးႀကီးမားမား ျဖစ္ပ်က္ခဲ့တဲ့ အျဖစ္အပ်က္ေတြ ဥပမာ ထီေပါက္တာမ်ိဳး၊ အလုပ္မွာ ပရိုမိုးရွင္းရသြားတာမ်ိဳးကို အရင္ဆံုးေတြးမိၾကမယ္လို႔ ထင္ပါရဲ႕ေနာ္.. ဒါေပမဲ့ ဟုတ္ေကာ ဟုတ္ရဲ႕လား? က်ိန္းေသတာ တစ္ခုကေတာ့ ဘဝကို လည္ျပန္လွည့္ၾကည့္လိုက္လို႔ ကိုယ္ ေပ်ာ္ရႊင္ခဲ့ဖူးတာေတြကို ျပန္ျမင္ေယာင္မိတိုင္း ပစၥဳပၸန္မွာ အတိတ္တုန္းကေလာက္ မေပ်ာ္ႏုိင္ေတာ့တာ ျပန္ၿပီး သတိထားမိၾကတာပါပဲ။

ဒါျဖင့္ ျပန္ေတြးၾကည့္ၾကရေအာင္.. ဘယ္အခ်ိန္တုန္းက အေပ်ာ္ဆံုး ျဖစ္ခဲ့တာလဲ.. အင္း.. စဥ္းစားမရေသးရင္ ဘယ္အခ်ိန္က ေတာ္ေတာ္ႀကီး ေပ်ာ္ခဲ့လဲပဲ ျပန္စဥ္းစားၾကည့္ရေအာင္ပါ။ ၿပီးေတာ့ ဘာက ေပ်ာ္ရႊင္ေအာင္ လုပ္ေပးႏုိင္ခဲ့တာလဲ… ကိုယ့္ႀကိဳးစားမႈေတြ အရာထင္ခဲ့တာေၾကာင့္လား? ဒါမွမဟုတ္ အခ်စ္ကိုမ်ား ရွာေတြ႕ခဲ့လို႔လား? ဒီအခ်ိန္ေတြအတြင္း ေပ်ာ္ရႊင္မႈနဲ႔ ထပ္တူ သတိရမိေသးတဲ့ အရာေတြ ရွိေသးရဲ႕လား? ဘာေတြမ်ားပါလိမ့္?

ေသခ်ာတာကေတာ့ အဲဒီအခ်ိန္ေတြမွာ အက္ဒ္မင္တို႔ေတြဟာ စစ္မွန္တဲ့ အက္ဒ္မင္တို႔ ျဖစ္ခဲ့ၾကတာပါပဲ။ မ်က္ႏွာဖံုးေတြ လႊင့္ပစ္ခဲ့ၾကတယ္။ ကိုယ့္ရဲ႕ ျဖစ္တည္မႈကို ကိုယ္လက္ခံခဲ့ၾကတယ္။ ဒါပဲေပါ့… ဟန္ေဆာင္မႈကင္းတဲ့ အခိုက္အတန္႔ေတြဟာ ေပ်ာ္ရႊင္မႈေတြရဲ႕ ျမစ္ဖ်ားခံရာပဲေပါ့..

ကိုယ့္ကိုယ္ကိုယ္ ယံုၾကည္ပါ။

ဘာက ကိုယ့္အတြက္အေရးႀကီးလဲဆိုတာ စဥ္းစားပါ။ တန္ဖိုးထားပါ။

အဖိုးထိုက္တန္တဲ့ အရာမွန္သမွ်က လြယ္လြယ္မရသလို စစ္မွန္တဲ့ ေပ်ာ္ရႊင္မႈဆိုတာကိုလည္း အလြယ္တကူ ဘယ္ရႏုိင္ပါ့မလဲ..

ကိုယ္လုပ္သမွ် အရာအားလံုးကို ေစတနာပါပါနဲ႔ စိတ္ႏွစ္ၿပီး လုပ္ၾကည့္ပါ။

အာဃာတေတြကို မသိမ္းထားပါနဲ႔။

အမုန္းတရားေတြကို ေၾကေအးေပးလိုက္ပါ။ ဒီတိုင္း ၿပီးၿပီးေရာ ေလွ်ာ္လိုက္တာ မဟုတ္ဘဲ ခြင့္လႊတ္ျခင္းနဲ႔ ေမ့ပစ္ပါ။

Related Article >>> ကိုယ့္ကိုယ္ကိုယ္ ေပ်ာ္ေအာင္ထားတတ္ဖို႔

ေအာင္ျမင္မႈေတြအတြက္ မုဒိတာ ပြားေပးႏုိင္တဲ့ ႏွလံုးသား ရွိေနပါေစ။

အရာရာတိုင္းကို စိုးရိမ္ပူပန္မေနပါနဲ႔။

မျဖစ္လာေသးတဲ့ အရာေတြကို ေတြးၿပီး စိုးရြံ႕မေနပါနဲ႔။

မိသားစုနဲ႔အတူ၊ ကိုယ္ခ်စ္ရတဲ့သူေတြနဲ႔အတူ အခ်ိန္ကုန္ဆံုးၾကည့္ပါ။

ခရီးထြက္ၿပီး မိတ္ေဆြသစ္ထဲက မိတ္ေဆြစစ္ေတြကို ရွာေဖြပါ။

ဝါသနာပါရာ ၊ စိတ္အားထက္သန္ရာကို ရွာေဖြပါ။

ဒီလိုသာဆို ေနာင္တတရားကင္းကင္းနဲ႔ ဘဝရဲ႕ အခိုက္အတန္႔အားလံုးဟာ ၿငိမ္းခ်မ္းတဲ့ ေပ်ာ္ရႊင္မႈေတြ ျပည့္ေနေလာက္ၿပီေပါ့… စစ္မွန္တဲ့ ေပ်ာ္ရႊင္ျခင္းဆိုတာ ကိုယ့္ကိုယ္ကိုယ္ အရွိအတိုင္း လက္ခံလိုက္ျခင္းနဲ႔ မာန္မာန၊ ေဒါသတရားေတြ ခဝါခ်လိုက္ျခင္းက ျမစ္ဖ်ားခံလာတာပါ။

Myat (For Her Myanmar)

ဘဝမှာ အပျော်ဆုံးရွှင်ဆုံးနေ့က ဘယ်နေ့လဲ?

လုပ်လက်စတွေ ခဏရပ်ထားလိုက်ပါ။ ဘဝမှာ အပျော်ရွှင်ဆုံးက ဘယ်နေ့ဖြစ်မလဲ တစ်ချက်ပြန်တွေးကြည့်ပါဦး..

ဆယ်တန်းအောင်တဲ့နေ့လား? ကျမယ်ထင်ထားတဲ့ အင်တာဗျူး အောင်သွားတဲ့နေ့လား? အလုပ်ရသွားတဲ့နေ့လား? ဒါမှမဟုတ် မင်္ဂလာရွှေလက်တွဲခဲ့တဲ့ နေ့လား? ပထမဆုံး ကလေးလေး ဗိုက်ထဲရောက်နေပြီဆိုတာ သိလိုက်ရတဲ့ နေ့လား?

မေးရတာ လွယ်သလောက် ဖြေရခက်တဲ့ မေးခွန်းတစ်ခုပါပဲ။ ပျော်ရွှင်ခြင်းဆိုတာ တိုင်းတာဖို့လည်း ခက်ခဲလှပါဘိသနဲ့.. ပြောရမယ်ဆိုရင် အဖြေရှာမရတဲ့ ပုစ္ဆာတွေထဲက တစ်ခုပဲပေါ့.. တစ်ခါတလေ မှန်ကြည့်နေရင်း ကိုယ်ပျော်ရွှင်ခဲ့ဖူးတဲ့ အမှတ်တရတွေက ရုပ်ရှင်ထဲကလို ပေါ်လာတဲ့ အချိန်မျိုးလည်း ရှိသား.. ဒီ တဒင်္ဂပေါင်းများစွာဟာ ဘဝကို အဓိပ္ပာယ်ပြည့်ပြည့်ဝဝနဲ့ ဖြတ်သန်းခဲ့တဲ့အချိန်တွေ၊ ဆန္ဒပြည့်သွားခဲ့တဲ့ အချိန်တွေ၊ ကြိုးစားမှုရဲ့ ရလဒ်ကို ခံစားခဲ့ရတဲ့ အချိန်တွေနဲ့ အင်း.. ဘာရယ်လည်း မဟုတ် ပျော်ရွှင်ခဲ့ဖူးတဲ့ အချိန်တွေပေါ့…

Related Article >>> ဘဝကို ပျော်ရွှင်စွာ ဖြတ်သန်းပါ

ပျော်ရွှင်ခဲ့ဖူးတဲ့ အခိုက်အတန့်လို့ ဆိုလိုက်ရင် ဘဝမှာ ကြီးကြီးမားမား ဖြစ်ပျက်ခဲ့တဲ့ အဖြစ်အပျက်တွေ ဥပမာ ထီပေါက်တာမျိုး၊ အလုပ်မှာ ပရိုမိုးရှင်းရသွားတာမျိုးကို အရင်ဆုံးတွေးမိကြမယ်လို့ ထင်ပါရဲ့နော်.. ဒါပေမဲ့ ဟုတ်ကော ဟုတ်ရဲ့လား? ကျိန်းသေတာ တစ်ခုကတော့ ဘဝကို လည်ပြန်လှည့်ကြည့်လိုက်လို့ ကိုယ် ပျော်ရွှင်ခဲ့ဖူးတာတွေကို ပြန်မြင်ယောင်မိတိုင်း ပစ္စုပ္ပန်မှာ အတိတ်တုန်းကလောက် မပျော်နိုင်တော့တာ ပြန်ပြီး သတိထားမိကြတာပါပဲ။

ဒါဖြင့် ပြန်တွေးကြည့်ကြရအောင်.. ဘယ်အချိန်တုန်းက အပျော်ဆုံး ဖြစ်ခဲ့တာလဲ.. အင်း.. စဉ်းစားမရသေးရင် ဘယ်အချိန်က တော်တော်ကြီး ပျော်ခဲ့လဲပဲ ပြန်စဉ်းစားကြည့်ရအောင်ပါ။ ပြီးတော့ ဘာက ပျော်ရွှင်အောင် လုပ်ပေးနိုင်ခဲ့တာလဲ… ကိုယ့်ကြိုးစားမှုတွေ အရာထင်ခဲ့တာကြောင့်လား? ဒါမှမဟုတ် အချစ်ကိုများ ရှာတွေ့ခဲ့လို့လား? ဒီအချိန်တွေအတွင်း ပျော်ရွှင်မှုနဲ့ ထပ်တူ သတိရမိသေးတဲ့ အရာတွေ ရှိသေးရဲ့လား? ဘာတွေများပါလိမ့်?

သေချာတာကတော့ အဲဒီအချိန်တွေမှာ အက်ဒ်မင်တို့တွေဟာ စစ်မှန်တဲ့ အက်ဒ်မင်တို့ ဖြစ်ခဲ့ကြတာပါပဲ။ မျက်နှာဖုံးတွေ လွှင့်ပစ်ခဲ့ကြတယ်။ ကိုယ့်ရဲ့ ဖြစ်တည်မှုကို ကိုယ်လက်ခံခဲ့ကြတယ်။ ဒါပဲပေါ့… ဟန်ဆောင်မှုကင်းတဲ့ အခိုက်အတန့်တွေဟာ ပျော်ရွှင်မှုတွေရဲ့ မြစ်ဖျားခံရာပဲပေါ့..

ကိုယ့်ကိုယ်ကိုယ် ယုံကြည်ပါ။

ဘာက ကိုယ့်အတွက်အရေးကြီးလဲဆိုတာ စဉ်းစားပါ။ တန်ဖိုးထားပါ။

အဖိုးထိုက်တန်တဲ့ အရာမှန်သမျှက လွယ်လွယ်မရသလို စစ်မှန်တဲ့ ပျော်ရွှင်မှုဆိုတာကိုလည်း အလွယ်တကူ ဘယ်ရနိုင်ပါ့မလဲ..

ကိုယ်လုပ်သမျှ အရာအားလုံးကို စေတနာပါပါနဲ့ စိတ်နှစ်ပြီး လုပ်ကြည့်ပါ။

အာဃာတတွေကို မသိမ်းထားပါနဲ့။

အမုန်းတရားတွေကို ကြေအေးပေးလိုက်ပါ။ ဒီတိုင်း ပြီးပြီးရော လျှော်လိုက်တာ မဟုတ်ဘဲ ခွင့်လွှတ်ခြင်းနဲ့ မေ့ပစ်ပါ။

Related Article >>> ကိုယ့်ကိုယ်ကိုယ် ပျော်အောင်ထားတတ်ဖို့

အောင်မြင်မှုတွေအတွက် မုဒိတာ ပွားပေးနိုင်တဲ့ နှလုံးသား ရှိနေပါစေ။

အရာရာတိုင်းကို စိုးရိမ်ပူပန်မနေပါနဲ့။

မဖြစ်လာသေးတဲ့ အရာတွေကို တွေးပြီး စိုးရွံ့မနေပါနဲ့။

မိသားစုနဲ့အတူ၊ ကိုယ်ချစ်ရတဲ့သူတွေနဲ့အတူ အချိန်ကုန်ဆုံးကြည့်ပါ။

ခရီးထွက်ပြီး မိတ်ဆွေသစ်ထဲက မိတ်ဆွေစစ်တွေကို ရှာဖွေပါ။

ဝါသနာပါရာ ၊ စိတ်အားထက်သန်ရာကို ရှာဖွေပါ။

ဒီလိုသာဆို နောင်တတရားကင်းကင်းနဲ့ ဘဝရဲ့ အခိုက်အတန့်အားလုံးဟာ ငြိမ်းချမ်းတဲ့ ပျော်ရွှင်မှုတွေ ပြည့်နေလောက်ပြီပေါ့… စစ်မှန်တဲ့ ပျော်ရွှင်ခြင်းဆိုတာ ကိုယ့်ကိုယ်ကိုယ် အရှိအတိုင်း လက်ခံလိုက်ခြင်းနဲ့ မာန်မာန၊ ဒေါသတရားတွေ ခဝါချလိုက်ခြင်းက မြစ်ဖျားခံလာတာပါ။

Myat (For Her Myanmar)

No Comments Yet

Comments are closed