Interview အတွက် အကြံဉာဏ်တွေကိုရယူလိုက်ပါ! (၁)

အင်တာဗျူးမှာ ဘယ်အချက်တွေက အလုပ်ခန့်တဲ့သူ သဘောကျစေသလဲဆိုတော့…

ယောင်းတို့ရေ… အင်တာဗျူးတစ်ခုဖြေ၊ အလုပ်တစ်ခု ချက်ချင်းရဖို့ဆိုတာ အတော် မလွယ်တဲ့ အလုပ်နော်.. အင်တာဗျူးဖြေတဲ့အခါမှာ ကိုယ့်ဘက်က ဘယ်လိုတွေ ပြင်ဆင်သွားရင် မေးတဲ့သူတွေ၊ အလုပ်ခန့်အပ်တဲ့သူတွေက သဘောကျနိုင်မလဲဆိုတာ သိထားရင် ကိုယ့်အတွက် ကောင်းကျိုးတွေချည်းပဲ မဟုတ်လား.. ဆိုတော့ ဒါတွေ သိရအောင် အက်ဒ်မင်တို့က “ဝိုင်း” ရဲ့ အင်တာဗျူးအတွက် အကြံဉာဏ်တွေ ရယူလိုက်ပါဆိုတဲ့ ဆောင်းပါးလေးကို ယောင်းတို့အတွက် တင်ဆက်ပေးလိုက်ပါတယ်နော်..

ကုမ္ပဏီတစ်ခုမှာ အလုပ်လျှောက်တဲ့အခါ ကုမ္ပဏီအကြောင်းကို လေ့လာထားဖို့ ကျိန်းသေလိုအပ်ပါတယ်။ လူတွေ့စစ်ဆေးတဲ့အခါမှာ ကုမ္ပဏီအကြောင်း မလေ့လာထားခြင်းက အင်တာဗျူးတဲ့သူ သဘောမကျတဲ့ ထိပ်ဆုံးအချက်တစ်ခုပါပဲ။

လုပ်ရိုးလုပ်စဉ်အတိုင်း အလုပ်ခေါ်စာကို ကြေညာတယ်။ ပေးပို့လာတဲ့ resume/ကိုယ်ရေးအချက်အလက် တွေထဲကမှ အကောင်းဆုံး resume တွေကိုရွေးချယ်ပြီး သင့်လျော်မယ်ထင်တဲ့သူနဲ့ လူတွေ့စစ်ဆေးတဲ့အခါတွေမှာတောင် ဒီပြဿနာ ရှိနေတတ်ပါတယ်။ အတော်များများက ကုမ္ပဏီနဲ့ပတ်သက်ပြီး ရှာဖွေလေ့လာထားတာ မရှိတာပါဘူး။ အနည်းဆုံးတော့ အလုပ်လျှောက်တဲ့သူဟာ ကုမ္ပဏီရဲ့ website နဲ့ Facebook စာမျက်နှာကိုကြိုပြီး လေ့လာထားသင့်ပါတယ်။

ဥပမာ ကုမ္ပဏီ website ရဲ့ပုံစံကိုသဘောကျတယ်။ ဘယ် link ကတော့ဖြင့် ၀င်ကြည့်လို့မရဖြစ်နေတယ် စသည်ဖြင့် ဝေဖန်အကြံပြုပါ။ အဲဒီလိုဝေဖန်အကြံပြုရာမှာ အပြုသဘောဆောင်တဲ့ဝေဖန်ချက်တွေသာမက အားနည်းချက်တွေကို ချက်ကျလက်ကျ ထောက်ပြနိုင်မယ်ဆိုရင် လူတွေ့စစ်ဆေးတဲ့သူတွေက ကျိန်းသေ အထင်ကြီးလာတော့မှာပါပဲ။

တစ်ခါတလေမှာ ယောင်းဆီဆက်သွယ်ပြီး နောက်တစ်ရက်မှာတင် လူတွေ့စစ်ဆေးဖို့ခေါ်တာမျိုးတွေလည်း ရှိတတ်ပါတယ်။ အဲဒီလိုသာ ဆိုရင် ပြင်ဆင်ဖို့အချိန်တော့ နည်းပေမဲ့ ကုမ္ပဏီဘက်ကလည်း အမြန်ဆုံးအလုပ်ခန့်ဖို့ လိုနေတဲ့ အနေအထားပါပဲ…

ဘယ်လိုပဲဖြစ်ဖြစ် ဒီအချက်တွေကိုတော့ စိတ်ထဲ အမြဲထည့်ထားပါ။ 

၁။ အလုပ်ခေါ်စာမှာ လုပ်ငန်းခွင်တာဝန်တွေ မဖော်ပြထားခဲ့ရင် လူတွေ့စစ်ဆေးဖို့ ချိန်းဆိုတဲ့အခါ ကုမ္ပဏီ သို့မဟုတ် အလုပ်ခေါ်တဲ့အဖွဲ့အစည်းကို လုပ်ရမယ့် တာဝန်တွေအကြောင်း ပို့ပေးဖို့ တောင်းဆိုပါ။ မေးပါ။ ဒီနည်းဟာ ကုမ္ပဏီရဲ့ email လိပ်စာကို ရစေသလို အင်တာဗျူးပြီးတဲ့နောက်မှာလည်း လိုအပ်လာရင် လိုအပ်သလို သုံးနိုင်ပါတယ်။

၂။ ပေးထားတဲ့အလုပ်တာဝန်တွေနဲ့ကိုက်ညီတဲ့ လုပ်ငန်းအတွေ့အကြုံ တစ်ခုခုကို ဥပမာပေးပြောပြနိုင်ဖို့ ကြိုတင်ပြင်ဆင်သွားပါ။ လုပ်ငန်းအတွေ့အကြုံမရှိရင် ဘဝအတွေ့အကြုံတွေထဲက ကိုက်ညီတာကို စဉ်းစားထားပါ။

၃။ ‘ဒီမှာဘာလို့အလုပ်လုပ်ချင်ရတာလဲ’ ဆိုတဲ့ မေးခွန်းကို အမေးများပါတယ်။ အဖြေကိုဖြေတဲ့အခါ အစာငတ်ပြီး သေမသွားအောင်လို့ အိမ်ငှားခပေးစရာရှိလို့ စသည်ဖြင့် တည့်တိုးမဖြေပါနဲ့။

ရိုးရိုးသားသားဖြေတာကောင်းပေမဲ့ အဖွဲ့အစည်းမှာဖြစ်ဖြစ် အလုပ်တာဝန်တွေမှာဖြစ်ဖြစ် ကိုယ်စိတ်ဝင်စားတဲ့အရာ တစ်ခုခုရှိကြောင်း ပြောပြရပါမယ်။

၎။ ကုမ္ပဏီအကြောင်းကို လေ့လာရင် ဝတ်သင့်တဲ့ အဝတ်အစားကို သိနိုင်ပါတယ်။ Facebook စာမျက်နှာကိုကြည့်ပြီး ကုမ္ပဏီရဲ့ဝန်ထမ်းတွေ ဘယ်လိုအဝတ်အစားမျိုးဝတ်လဲဆိုတာကိုကြည့်ပါ။ သူတို့ ရုံးမှာဝတ်တာထက် နည်းနည်းပိုပြီးformal ဖြစ်အောင်ဝတ်ပါ။

၅။ ကုမ္ပဏီနေရာကိုမသိရင် အတတ်နိုင်ဆုံးလမ်းကြောင်းကြိုရှာထားပါ။ Google map ကိုအသုံးပြုနိုင်ပါတယ်။

၆။ စောစောရောက်အောင်သွားပါ။ ဒီအချက်က ဘာမှထွေထွေထူးထူးမဟုတ်ပေမဲ့ ရန်ကုန်မှာဆို တော်တော်များများက နောက်ကျတတ်ပါတယ်။ ကိုယ်က အချိန်မီရောက်နိုင်ရင်တော့ အမှတ်ပိုရမှာပေါ့နော်..

၇။ အဝတ်အစား ဆံပင်ပုံစံ စသည်ဖြင့် သပ်သပ်ရပ်ရပ်ဖြစ်လား။ မဖြစ်လား။ ပြန်ကြည့်ဖို့အချိန်ရအောင် စောစောသွားပါ။

၈။ မိမိကိုယ်ကို ယုံကြည်မှုရှိပါ။ လူတွေ့စစ်ဆေးတဲ့အချိန်ကျရင် ဖိနပ်၊ကုတ်အင်္ကျီနဲ့လက်ဆွဲအိတ်တို့ကိုနေရာတကျထားပါ။

ရေတိုက်ခဲ့ရင် ရေသောက်ရင်း စိတ်တည်ငြိမ်သွားအောင် အချိန်ယူနိုင်ပါတယ်။

၉။ တချို့ယဉ်ကျေးမှုထုံးတမ်းတွေ ဥပမာ လူကြီးသူမတွေကို အရိုအသေပေးတာတွေကိုခဏမေ့ထားပြီး ကိုယ့်အမြင်၊ ကိုယ်ပြောချင်တဲ့ အချက်တွေကို ရဲရဲတင်းတင်း ပွင့်ပွင့်လင်းလင်းပြောပါ။

လူတွေစစ်ဆေးတယ်ဆိုတာ ကုမ္ပဏီက ကိုယ့်အကြောင်း သိချင်လို့ပါ။

ရုံးကလူတွေထက်တောင် သူဌေးဖြစ်သူနဲ့ တွေ့ချိန် ပိုရသေးတာနော်…  အဲ.. အရယ်အပြုံးလုပ်ဖို့လည်း မမေ့ပါနဲ့။

အင်္ဂလိပ်ဘာသာဖြင့် အောက်တွင် ဖတ်ရှုနိုင်ပါသည်။

ဤဆောင်းပါးအတွက် ပံ့ပိုးကူညီပေးပါသော Wynee Myanmar Organisation အား အထူးပင် ကျေးဇူးတင်ရှိပါသည်။

Related Article >>> အင်တာဗျူးဖြေပြီးတိုင်း အဆင်ပြေ ၊ မပြေသိရဖို့ လုပ်ဆောင်သင့်တဲ့ အချက် (၅) ချက်

Tips From a Recruiter for Your Next Interview (Part 1 of 2)

A recruiter’s insight into a recruitment drive that you can learn from for your next interview!

I recently ran a recruitment process for a certain position, and  found a dissapointingly common trait among applicants – few knew anything about the company in question. As is convention, we put out an advertisement and collected the best resumes from the recruitment drive and set up interviews. Eight resumes matched the criteria, we arranged six interviews. When interviewing I realised something important – virtually all candidates had not researched the organisation. Candidates should review the company’s website and Facebook page before an interview.  Have a comment about the website, perhaps you liked the layout, or inform them if a link does not work. A positive comment will work in your favour as will a constructive negative one. Let them know you tried to read their annual report but couldn’t find it on the website. This will impress them. Sometimes a recruiter will schedule an interview for you the day after contacting you –  while this gives you less time to prepare, it is often a sign that the company is desperate hire and wants to fill the role quickly.

Keep the following in mind:

Ask them to send through the job description when they call to arrange an interview if it was not attached to the job ad – this way you also might also get a more personal email address that you can use to follow up with after the interview!
Prepare an example of how you meet each of the criteria in the job description, and if you don’t have an example from work history, find one from your personal life.
The most common question you will get is ‘why do you want to work here?’ – ‘Because I don’t want to starve to death and I have rent to pay’. Yes, true. Honesty is good, but they are looking for cultural fit. There has to be something in the organisation or job that interests you.
Research the company and get an idea for their dress code: The Facebook page might have pictures of staff, what are they wearing? Dress a slightly more formal than those in the office. Indeed, if it’s a private company or big business, expect to wear your best suit or business longyi and jacket.
Plan your journey, use Google Maps if possible – I know all of Myanmar has not been mapped yet but do the best you can.
Arrive early – sounds simple but everyone is late in Yangon and the applicants who arrived early or on time were already impressing me.
Arrive with enough time to check yourself in the bathroom – sounds simple, but there is always a restaurant nearby that you can use.
Act confident and take your time setting yourself up for the interview, take off your shoes, your bag and your coat. If you are offered a glass of water, take it. You can take a sip of water in order to resettle, gather your thoughts and allow more time to consider your response.
Now, I understand there are cultural norms, societal respects to elders and so forth, but in an interview, forget it. Be respectful when you meet someone but get down to business. An interview is when the company wants to know about you, you are the star. You are probably getting more one on one time with a boss than the people in the office have all day! Smile!

No Comments Yet

Comments are closed