ပိုမိုလြယ္ကူအဆင္ေျပတဲ့ ဘဝေနထိုင္မႈဆီသို႔

ၿပိဳင္ဆိုင္မႈေတြ၊ အတၱေတြနဲ႔ ျပည့္ႏွက္ေနတဲ့ ေလာကႀကီးမွာ စိတ္ရဲ႕ ၿငိမ္သက္ျခင္းကို ခံစားဖို႔ေမ့ေနတတ္ၾကတယ္။

ကိုယ္လုပ္မွ ကိုယ္ရမယ္၊ ကိုယ္စိုက္တဲ့အသီး ကိုယ္ရိတ္သိမ္းရမယ္ဆိုတာ မွန္ေပမဲ့ စကၠန္႔ မိနစ္ ေန႔ရက္နဲ႔အမွ် ဒီဖိစီးမႈႀကီးက တျဖည္းျဖည္း ဝန္ပိလာတဲ့အခါ အသက္ရွဴရခက္လာတဲ့ ပင္ပန္းမႈမ်ိဳး ခံစားဖူးၾကမယ္ထင္ပါတယ္။ ဒါဟာ တကယ္ေတာ့ စိတ္ရွင္းရွင္းမထားတတ္လို႔လို႔ပဲ ေျပာရမယ္။ လုပ္စရာရွိတာေတြကို တာဝန္ေက်ေက်လုပ္ရင္းနဲ႔ စိတ္ေအးလက္ေအး အသက္ရွဴႏိုင္ဖို႔ အတြက္ နည္းလမ္းေတြ ရွိပါတယ္။ ဒါကို မသိၾကတာလည္း မဟုတ္၊ သိၿပီးသားပါ။ ဒါေပမဲ့ ကိုယ့္စိတ္နဲ႔ကိုယ္ ရႈပ္ၿပီး ေမ့ထားမိၾကတာမို႔ စိတ္ပင္ပန္းတဲ့အခါ သတိေလးကပ္ၿပီး ေျဖေလွ်ာ့ႏိုင္ရေအာင္ ဒီစာေလးနဲ႔ Remind လုပ္လိုက္ပါတယ္ေနာ္။

သူမ်ား ကိုယ့္အေပၚ ဘယ္လိုထင္မလဲဆိုတဲ့ အေတြးေတြ တတ္ႏိုင္သေလာက္ ေလွ်ာ့ပါ။ သူမ်ား မႀကိဳက္မွာ ေၾကာက္တယ္ဆိုတဲ့ အေတြးမ်ိဳး ဝင္လာတဲ့အခါ ကိုယ္ေရာ ကိုယ္နဲ႔ ေတြ႕ၾကံဳဆံုခဲ့သမွ် သူတိုင္းကို သေဘာက်ႏိုင္ခဲ့ရဲ႕လား ျပန္စဥ္းစားၾကည့္ပါ။ မျဖစ္ႏိုင္ဘူးေလ.. ေနာ္။ ဒီလိုပါပဲ ကိုယ့္ကိုေတြ႔သမွ် လူတိုင္းကလည္း ကိုယ့္ကို သေဘာက်မယ္လို႔ ေမွ်ာ္လင့္လို႔မရဘူးေပါ့။ ဒါေပမဲ့ အဆင္ေျပပါတယ္။ ဒါဟာ အသက္ရွင္ျခင္းက ေပးတဲ့ သင္ခန္းစာတစ္ခု ျဖစ္တာေၾကာင့္ ေက်ေက်နပ္နပ္သာ လက္ခံလိုက္ပါ။ ကိုယ့္ကိုယ္ကိုယ္ ေကာင္းေအာင္ႀကိဳးစား၊ ယဥ္ယဥ္ေက်းေက်းျပဳမူ၊ မွန္ကန္တဲ့အရာကို လုပ္မယ္ဆိုရင္ အျခားသူေတြ ကိုယ့္ကို သေဘာမက်ရင္ေတာင္ ကိုယ့္ကိုယ္ကိုယ္ေတာ့ အားရမႈ အျပည့္ ရွိေနမွာပါ။ တကယ္ေတာ့ ကိုယ့္ကိုယ္ကိုယ္ သေဘာက်ဖို႔က ပိုအေရးႀကီးတယ္ မဟုတ္လား။

Related article >>> အ႐ံႈးေပးခ်င္လာတဲ့အခါ

မ်ားမ်ားျပံဳးပါ။ အေျခအေနေတြ ကေမာက္ကမ ျဖစ္ေနရင္ေတာင္မွ ႀကိဳးစားၿပီး ျပံဳးပါ။ ဒါဟာ အရာအားလံုး အဆင္ေျပသြားမွာပါဆိုတဲ့ အခ်က္ျပျခင္းျဖစ္သလို ခက္ခဲတဲ့ အခ်ိန္ေတြကို ရင္ဆိုင္ေက်ာ္ျဖတ္ႏိုင္ပါတယ္ဆိုတဲ့ ကိုယ့္ကိုယ္ကိုယ္ ယံုၾကည္မႈ၊ အာမခံမႈလည္း ျဖစ္ပါတယ္။ အျပံဳးတုဆိုရင္ေတာင္ ဖ်စ္ညွစ္ၿပီး ျပံဳးေပးပါ။ သိပၸံနည္းက် ေျပာမယ္ဆိုရင္ အျပံဳးစစ္ျဖစ္ျဖစ္၊ အျပံဳးတုျဖစ္ျဖစ္ ျပံဳးလိုက္ၿပီဆိုတာနဲ႔ တစ္ၿပိဳင္နက္ ဦးေႏွာက္ကေနၿပီးေတာ့ Happy hormone လို႔ သိၾကတဲ့ Endorphins ေဟာ္မုန္းေတြကို ထုတ္ေပးတာေၾကာင့္မို႔လို႔ အရင္ကထက္ေတာ့ ပိုၿပီး ခံစားသက္သာမွာပါ။

အေကာင္းျမင္ၾကည့္ပါ။ ဒါကလည္း အေျပာလြယ္ အလုပ္ခက္တဲ့ အမ်ိဳးဗ်။ ဒါေပမဲ့ စဥ္းစားၾကည့္မယ္ဆိုရင္ မေကာင္းတာေတြ ျဖစ္ေတာ့မယ္၊ မျဖစ္ခ်င္တာေတြ ျဖစ္ေနတယ္ဆိုၿပီး ေတြးလိုက္လို႔ ျပႆနာက ေျပလည္သြားဖူးလို႔လား။ မေျပလည္ဘူးေလ။ အဆိုးေတြး၊ အဆိုးျမင္ခ်င္းဟာ ပိုလို႔ေတာင္ ဦးေႏွာက္ကို ႏြမ္းလ်ေစၿပီး ေျဖရွင္းရမယ့္ နည္းလမ္းေတြ၊ ေျပလည္ေအာင္ စဥ္းစားႏုိင္မယ့္ အေတြးအေခၚေတြကို ပိတ္ပင္ပစ္ပါတယ္။ ဆိုေတာ့ ဘာမွမေျပလည္မယ့္အစား ေခါင္းကိုေအးေအးထားၿပီး ျဖည္းျဖည္းခ်င္းေျဖေလွ်ာ့ေတြးေပးလိုက္ပါ။

Related article >>> လက္လႊတ္ခ်ိန္တန္ၿပီ

ဆင္ေျခေလွ်ာ့ေပးပါ။ အေပါင္းအသင္းအေၾကာင္း၊ အလုပ္အေၾကာင္း၊ ဘဝအေၾကာင္း၊ ဘာအေၾကာင္း ညာအေၾကာင္းေတြ မ်ိဳးစံုဆင္ေျခေပးေနျခင္းဟာ ဘဝကို ပိုအျဖစ္ဆိုးသေယာင္ ခံစားရေစပါတယ္။ ဆင္ေျခေပးျခင္းဟာ လမ္းပိတ္ထားတဲ့ ေက်ာက္တံုးလိုပါပဲ။ ေရွ႕ဆက္သြားလို႔ မရေအာင္ ကန္႔လန္႔ခံေနတာပါ။ ဆင္ေျခေပးျခင္းအားျဖင့္ ကိုယ့္ရဲ႕စြမ္းေဆာင္ရည္အေပၚ ယံုၾကည္မႈက်ဆင္းေစၿပီး ျပႆနာေပၚပဲ အာရံုေရာက္ေနတာမို႔ ေျဖရွင္းဖို႔နည္းကို ေတြးေခၚႏိုင္စြမ္းနည္းသြားပါတယ္။ အမွန္တကယ္ လိုအပ္တဲ့ အေျခအေနမွသာ ဆင္ေျခေပးပါ။ ဒါေပမဲ့ အဲ့အဆင့္မွာတင္မရပ္သြားဘဲ ဒီျပႆနာကို ဘယ္လုိရွင္းႏိုင္မလဲဆိုတဲ့ အေျဖကို ထုတ္ႏိုင္ေအာင္ဆက္သြားပါ။ ဒါမွသာ အေျဖရွိတဲ့ ေမးခြန္းျဖစ္မွာပါ။

အိပ္ခ်ိန္မွန္မွန္ အိပ္ပါ။ ဒါကေတာ့ ရုပ္ပိုင္းဆိုင္ရာကို ဂရုစိုက္ရတဲ့ က႑မို႔ ရိုးရွင္းပါတယ္။ ဒါေပမဲ့ လိုက္လုပ္ဖို႔ေတာ့ ခက္ေနပါေသးတယ္။ အလုပ္ေတြ၊ ေက်ာင္းေတြနဲ႔ လံုးပန္းေနရတဲ့ဘဝမွာ အားလပ္ခ်ိန္ရွိရင္ေတာင္ ဘယ္မွမလည္ပတ္ႏိုင္ေအာင္ ပင္ပန္းေနၿပီျဖစ္တဲ့အတြက္ အပန္းေျဖဖို႔ရာ အနီးဆံုးအရာက မိုဘိုင္းဖုန္းနဲ႔ ကြန္ပ်ဴတာပဲ ျဖစ္ေနပါတယ္။ ဒီအရာေတြေၾကာင့္ပဲ အိပ္ခ်ိန္ေတြ ကေမာက္ကမ ျဖစ္ေနၾကတာမလား။ သတိထားရမွာက တစ္ေန႔တာလံုး အားအင္ျပည့္ျပည့္နဲ႔ တာဝန္ဝတၱရားေတြကို ထမ္းေဆာင္ႏိုင္ဖို႔ တစ္ေနကုန္ mood ေကာင္းေကာင္းေလး ျဖစ္ေနဖို႔လိုပါတယ္။ ဒီလို Mood ေကာင္းေနဖို႔ဆိုရင္ အိပ္ခ်ိန္မွန္မွန္အိပ္ဖို႔ လိုတာေၾကာင့္ တစ္ေန႔ကို အိပ္ခ်ိန္ ၇ နာရီကေန ၈ နာရီအတြင္း ထားႏိုင္ေအာင္ ႀကိဳးစားပါ။

ကဲ ဒါေလးေတြကေတာ့ ကိုယ့္ရဲ႕ တစ္ေန႔တာေတြကို အင္အားအျပည့္နဲ႔ လန္းလန္းဆန္းဆန္း ေက်ာ္ျဖတ္ႏိုင္မယ့္ Short cut ေလးေတြေပါ့။ ေယာင္းတို႔ေရာ ေခါင္းရွင္းေအာင္ ဘယ္လိုနည္းေလးေတြ သံုးျဖစ္လဲဆိုတာ ေဝမွ်သြားဦးေနာ္။

Myat (For Her Myanmar)

<<< Unicode >>>

ပြိုင်ဆိုင်မှုတွေ၊ အတ္တတွေနဲ့ ပြည့်နှက်နေတဲ့ လောကကြီးမှာ စိတ်ရဲ့ ငြိမ်သက်ခြင်းကို ခံစားဖို့မေ့နေတတ်ကြတယ်။

ကိုယ်လုပ်မှ ကိုယ်ရမယ်၊ ကိုယ်စိုက်တဲ့အသီး ကိုယ်ရိတ်သိမ်းရမယ်ဆိုတာ မှန်ပေမဲ့ စက္ကန့် မိနစ် နေ့ရက်နဲ့အမျှ ဒီဖိစီးမှုကြီးက တဖြည်းဖြည်း ဝန်ပိလာတဲ့အခါ အသက်ရှူရခက်လာတဲ့ ပင်ပန်းမှုမျိုး ခံစားဖူးကြမယ်ထင်ပါတယ်။ ဒါဟာ တကယ်တော့ စိတ်ရှင်းရှင်းမထားတတ်လို့လို့ပဲ ပြောရမယ်။ လုပ်စရာရှိတာတွေကို တာဝန်ကျေကျေလုပ်ရင်းနဲ့ စိတ်အေးလက်အေး အသက်ရှူနိုင်ဖို့ အတွက် နည်းလမ်းတွေ ရှိပါတယ်။ ဒါကို မသိကြတာလည်း မဟုတ်၊ သိပြီးသားပါ။ ဒါပေမဲ့ ကိုယ့်စိတ်နဲ့ကိုယ် ရှုပ်ပြီး မေ့ထားမိကြတာမို့ စိတ်ပင်ပန်းတဲ့အခါ သတိလေးကပ်ပြီး ဖြေလျှော့နိုင်ရအောင် ဒီစာလေးနဲ့ Remind လုပ်လိုက်ပါတယ်နော်။

သူများ ကိုယ့်အပေါ် ဘယ်လိုထင်မလဲဆိုတဲ့ အတွေးတွေ တတ်နိုင်သလောက် လျှော့ပါ။ သူများ မကြိုက်မှာ ကြောက်တယ်ဆိုတဲ့ အတွေးမျိုး ဝင်လာတဲ့အခါ ကိုယ်ရော ကိုယ်နဲ့ တွေ့ကြုံဆုံခဲ့သမျှ သူတိုင်းကို သဘောကျနိုင်ခဲ့ရဲ့လား ပြန်စဉ်းစားကြည့်ပါ။ မဖြစ်နိုင်ဘူးလေ.. နော်။ ဒီလိုပါပဲ ကိုယ့်ကိုတွေ့သမျှ လူတိုင်းကလည်း ကိုယ့်ကို သဘောကျမယ်လို့ မျှော်လင့်လို့မရဘူးပေါ့။ ဒါပေမဲ့ အဆင်ပြေပါတယ်။ ဒါဟာ အသက်ရှင်ခြင်းက ပေးတဲ့ သင်ခန်းစာတစ်ခု ဖြစ်တာကြောင့် ကျေကျေနပ်နပ်သာ လက်ခံလိုက်ပါ။ ကိုယ့်ကိုယ်ကိုယ် ကောင်းအောင်ကြိုးစား၊ ယဉ်ယဉ်ကျေးကျေးပြုမူ၊ မှန်ကန်တဲ့အရာကို လုပ်မယ်ဆိုရင် အခြားသူတွေ ကိုယ့်ကို သဘောမကျရင်တောင် ကိုယ့်ကိုယ်ကိုယ်တော့ အားရမှု အပြည့် ရှိနေမှာပါ။ တကယ်တော့ ကိုယ့်ကိုယ်ကိုယ် သဘောကျဖို့က ပိုအရေးကြီးတယ် မဟုတ်လား။

Related article >>> အရှုံးပေးချင်လာတဲ့အခါ

များများပြုံးပါ။ အခြေအနေတွေ ကမောက်ကမ ဖြစ်နေရင်တောင်မှ ကြိုးစားပြီး ပြုံးပါ။ ဒါဟာ အရာအားလုံး အဆင်ပြေသွားမှာပါဆိုတဲ့ အချက်ပြခြင်းဖြစ်သလို ခက်ခဲတဲ့ အချိန်တွေကို ရင်ဆိုင်ကျော်ဖြတ်နိုင်ပါတယ်ဆိုတဲ့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု၊ အာမခံမှုလည်း ဖြစ်ပါတယ်။ အပြုံးတုဆိုရင်တောင် ဖျစ်ညှစ်ပြီး ပြုံးပေးပါ။ သိပ္ပံနည်းကျ ပြောမယ်ဆိုရင် အပြုံးစစ်ဖြစ်ဖြစ်၊ အပြုံးတုဖြစ်ဖြစ် ပြုံးလိုက်ပြီဆိုတာနဲ့ တစ်ပြိုင်နက် ဦးနှောက်ကနေပြီးတော့ Happy hormone လို့ သိကြတဲ့ Endorphins ဟော်မုန်းတွေကို ထုတ်ပေးတာကြောင့်မို့လို့ အရင်ကထက်တော့ ပိုပြီး ခံစားသက်သာမှာပါ။

အကောင်းမြင်ကြည့်ပါ။ ဒါကလည်း အပြောလွယ် အလုပ်ခက်တဲ့ အမျိုးဗျ။ ဒါပေမဲ့ စဉ်းစားကြည့်မယ်ဆိုရင် မကောင်းတာတွေ ဖြစ်တော့မယ်၊ မဖြစ်ချင်တာတွေ ဖြစ်နေတယ်ဆိုပြီး တွေးလိုက်လို့ ပြဿနာက ပြေလည်သွားဖူးလို့လား။ မပြေလည်ဘူးလေ။ အဆိုးတွေး၊ အဆိုးမြင်ချင်းဟာ ပိုလို့တောင် ဦးနှောက်ကို နွမ်းလျစေပြီး ဖြေရှင်းရမယ့် နည်းလမ်းတွေ၊ ပြေလည်အောင် စဉ်းစားနိုင်မယ့် အတွေးအခေါ်တွေကို ပိတ်ပင်ပစ်ပါတယ်။ ဆိုတော့ ဘာမှမပြေလည်မယ့်အစား ခေါင်းကိုအေးအေးထားပြီး ဖြည်းဖြည်းချင်းဖြေလျှော့တွေးပေးလိုက်ပါ။

Related article >>> လက်လွှတ်ချိန်တန်ပြီ

ဆင်ခြေလျှော့ပေးပါ။ အပေါင်းအသင်းအကြောင်း၊ အလုပ်အကြောင်း၊ ဘဝအကြောင်း၊ ဘာအကြောင်း ညာအကြောင်းတွေ မျိုးစုံဆင်ခြေပေးနေခြင်းဟာ ဘဝကို ပိုအဖြစ်ဆိုးသယောင် ခံစားရစေပါတယ်။ ဆင်ခြေပေးခြင်းဟာ လမ်းပိတ်ထားတဲ့ ကျောက်တုံးလိုပါပဲ။ ရှေ့ဆက်သွားလို့ မရအောင် ကန့်လန့်ခံနေတာပါ။ ဆင်ခြေပေးခြင်းအားဖြင့် ကိုယ့်ရဲ့စွမ်းဆောင်ရည်အပေါ် ယုံကြည်မှုကျဆင်းစေပြီး ပြဿနာပေါ်ပဲ အာရုံရောက်နေတာမို့ ဖြေရှင်းဖို့နည်းကို တွေးခေါ်နိုင်စွမ်းနည်းသွားပါတယ်။ အမှန်တကယ် လိုအပ်တဲ့ အခြေအနေမှသာ ဆင်ခြေပေးပါ။ ဒါပေမဲ့ အဲ့အဆင့်မှာတင်မရပ်သွားဘဲ ဒီပြဿနာကို ဘယ်လိုရှင်းနိုင်မလဲဆိုတဲ့ အဖြေကို ထုတ်နိုင်အောင်ဆက်သွားပါ။ ဒါမှသာ အဖြေရှိတဲ့ မေးခွန်းဖြစ်မှာပါ။

အိပ်ချိန်မှန်မှန် အိပ်ပါ။ ဒါကတော့ ရုပ်ပိုင်းဆိုင်ရာကို ဂရုစိုက်ရတဲ့ ကဏ္ဍမို့ ရိုးရှင်းပါတယ်။ ဒါပေမဲ့ လိုက်လုပ်ဖို့တော့ ခက်နေပါသေးတယ်။ အလုပ်တွေ၊ ကျောင်းတွေနဲ့ လုံးပန်းနေရတဲ့ဘဝမှာ အားလပ်ချိန်ရှိရင်တောင် ဘယ်မှမလည်ပတ်နိုင်အောင် ပင်ပန်းနေပြီဖြစ်တဲ့အတွက် အပန်းဖြေဖို့ရာ အနီးဆုံးအရာက မိုဘိုင်းဖုန်းနဲ့ ကွန်ပျူတာပဲ ဖြစ်နေပါတယ်။ ဒီအရာတွေကြောင့်ပဲ အိပ်ချိန်တွေ ကမောက်ကမ ဖြစ်နေကြတာမလား။ သတိထားရမှာက တစ်နေ့တာလုံး အားအင်ပြည့်ပြည့်နဲ့ တာဝန်ဝတ္တရားတွေကို ထမ်းဆောင်နိုင်ဖို့ တစ်နေကုန် mood ကောင်းကောင်းလေး ဖြစ်နေဖို့လိုပါတယ်။ ဒီလို Mood ကောင်းနေဖို့ဆိုရင် အိပ်ချိန်မှန်မှန်အိပ်ဖို့ လိုတာကြောင့် တစ်နေ့ကို အိပ်ချိန် ၇ နာရီကနေ ၈ နာရီအတွင်း ထားနိုင်အောင် ကြိုးစားပါ။

ကဲ ဒါလေးတွေကတော့ ကိုယ့်ရဲ့ တစ်နေ့တာတွေကို အင်အားအပြည့်နဲ့ လန်းလန်းဆန်းဆန်း ကျော်ဖြတ်နိုင်မယ့် Short cut လေးတွေပေါ့။ ယောင်းတို့ရော ခေါင်းရှင်းအောင် ဘယ်လိုနည်းလေးတွေ သုံးဖြစ်လဲဆိုတာ ဝေမျှသွားဦးနော်။

Myat (For Her Myanmar)

No Comments Yet

Comments are closed