ေလာကဓံကို ေအာင္ျမင္ႏိုင္ဖို႔ ခါးသီးေပမဲ့ ရင္ဆိုင္ရမယ့္ အေျခခံ လိုအပ္ခ်က္မ်ား

ေလာကဓံကို ဒူးေထာက္ရရင္ေတာင္ မထီတရီေတာ့ ျပန္ေမာ့ၾကည့္ႏုိင္ပါေစ.. 

ငယ္ငယ္ရြယ္ရြယ္နဲ႔ ေအာင္ျမင္တဲ့သူ တစ္ေယာက္ကို ၾကည့္လိုက္ပါ။ ဘာေတြးမိလိုက္လဲ? ေၾသာ္.. သူမ်ားေတြမ်ား ကံေကာင္းလိုက္တာ.. ငယ္ငယ္ေလးနဲ႔.. မိဘေတြကလည္း အရေတာ္တယ္။ စသျဖင့္… လူူေတြက ေအာင္ျမင္ၿပီးတဲ့ သူ႕ဘဝရဲ႕ ပစၥဳပၸန္ကိုပဲ ျမင္ၾကပါတယ္။ ဒီေအာင္ျမင္မႈရလာဖို႔ သူရင္ဆုိင္ခဲ့ရတဲ့ အခက္အခဲေတြ၊ က်႐ံႈးမႈေတြကိုေတာ့ (သူကိုယ္တိုင္ မျပတာလည္း ပါပါလိမ့္မယ္) မ်က္စိယွန္းေနတတ္ၾကပါတယ္။ လူတိုင္းဟာ တူညီတဲ့ အခြင့္အေရးေတြ ပိုင္ဆိုင္ခြင့္ရွိပါတယ္။ ကိုယ္ရင္ဆိုင္ရတဲ့ အခက္အခဲေတြကို ဘယ္လို ေက်ာ္လႊားမွာလဲဆိုတဲ့ေပၚ မူတည္ၿပီး အေျခအေနေတြ ကြာျခားသြားၾကရတာပါ။

က်ရံႈးမႈကို ရင္ဆိုင္ႏုိင္တဲ့ သတၱိရွိေနပါေစ။

တစ္ခါတည္းနဲ႔ ေအာင္ျမင္တယ္ဆိုတာ မရွိပါဘူး။ အႀကိမ္ႀကိမ္အခါခါ ႀကိဳးစားၿပီးမွသာ ေအာင္ျမင္လာၾကတာပါ။ ပန္းတိုင္ကို ေရာက္ဖို႔ လမ္းကလည္း ဆူးခင္းတဲ့ ခေရာင္းလမ္းေတြခ်ည္းပါပဲ။ တစ္ခါ က်ရံႈးတဲ့အခါမွာ ဆက္ၿပီး မႀကိဳးစားခ်င္ေတာ့ဘူးလို႔ လက္ေလွ်ာ့လိုက္ရင္ ဘဝဟာ အဲဒီမွာ ၿပီးဆံုးသြားပါၿပီ။ အရံႈးကို ခံႏုိင္ရည္ရွိဖို႔ ႀကိဳးစားပါ။ တစ္ႀကိမ္၊ ႏွစ္ႀကိမ္၊ အႀကိမ္ေပါင္း ရာ၊ေထာင္မက က်ရံႈးရင္လည္း က်ရံႈးပါလိမ့္မယ္။ တစ္ခါ လဲက်တုိင္း တစ္ခါ ပန္းတိုင္နဲ႔ ပိုနီးလာတာပါပဲ။ ယံုၾကည္မႈတစ္ခုကို သည္းခံျခင္းနဲ႔ အားျဖည့္ၿပီး ေကာင္းမြန္တဲ့ ႀကိဳးစားမႈနဲ႔ ခ်ီတက္ပါ။

Related Article >>> လုပ္ငန္းခြင္မွာ ေအာင္ျမင္ဖို႔အတြက္ စြန္႔ဦးတီထြင္လုပ္ငန္းရွင္တစ္ေယာက္ရဲ႕ စိတ္ေနသေဘာထားကို ေမြးျမဴပါ။

ရလဒ္ေကာင္းရဖို႔ အားထုတ္ပါ။

လူတိုင္းက တစ္ရက္ကို ၂၄ နာရီပဲ ရၾကတာပါ။ ဒီအခ်ိန္ေတြကို ဘယ္လိုအသံုးခ်တယ္ဆိုတဲ့ေပၚလိုက္ၿပီး ဘဝခ်င္းကလည္း ျခားနားသြားၾကတာပါပဲ။ အလုပ္ေတြ အမ်ားႀကီးလုပ္ေနတာေတြ၊ တစ္ေနကုန္လံုး အားခ်ိန္မရွိ ႀကိဳးစားေနတာေတြက အလုပ္ၿပီးေျမာက္တာနဲ႔ ထပ္တူမက်ပါဘူး။ အခ်ိန္ေတြအမ်ားႀကီး အကုန္ခံ၊ တစ္ေနကုန္လံုး အလုပ္ရႈပ္ၿပီး ေကာင္းမြန္တဲ့ ရလဒ္မထြက္လာဘူးဆိုရင္ အလကားပါပဲ။ ေနာက္ဆံုးရလာတဲ့ ရလဒ္ကသာ ကိုယ့္ကို တန္ဖိုးျဖတ္မယ့္ အဆံုးအျဖတ္ပါ။ ရလဒ္မရမခ်င္း ကိုယ္လုပ္ခဲ့ရတဲ့ ႀကိဳးစားမႈေတြကို ထည့္သြင္းစဥ္းစားေနမွာ မဟုတ္ပါဘူး။

ကိုယ့္ကို ဆြဲခ်မယ့္သူေတြကို ေမ့ပစ္ပါ။

လူဆိုတာ အမ်ိဳးမ်ိဳး ရွိတတ္ၾကပါတယ္။ ပတ္ဝန္းက်င္၊ အသိုင္းအဝိုင္းေကာင္းက ကိုယ့္ကို ေကာင္းတဲ့ေနရာကို ေခၚေဆာင္ေပးသြားတတ္ပါတယ္။ ကိုယ့္ပတ္ဝန္းက်င္မွာ ကိုယ္အားက်ရမယ့္သူေတြ၊ သင္ျပေပးမယ့္သူေတြ၊ လမ္းညႊန္မယ့္သူေတြရွိေနမယ္ဆိုရင္ ကိုယ္လည္း ႀကိဳးစားျဖစ္လာမွာ က်ိန္းေသပါပဲ။ ဒီလိုမွ မဟုတ္ဘဲ ကိုယ့္ကို တန္ဖိုးမရွိဘူးလို႔ ကိုယ္တိုင္ ျမင္လာေအာင္ လုပ္ေနတဲ့သူေတြ၊ အၿမဲတမ္း ေသာကေပးႏိုင္တဲ့သူေတြ၊ ဖိအားေတြနဲ႔ စိတ္ဖိစီးမႈေတြကို ဆိုးရြားေအာင္ လုပ္ေနတဲ့သူေတြဆိုရင္ေတာ့ ေမ့ပစ္ခ်ိန္တန္ပါၿပီ။ သူတို႔ေတြက ကိုယ့္ရဲ႕ တန္ဖိုးရွိတဲ့ အခ်ိန္ေတြနဲ႔ ထိုက္တန္တဲ့သူေတြ မဟုတ္ၾကပါဘူး။ ဘဝဆိုတာ တိုတိုေလးပါ။ ဒီလိုလူေတြနဲ႔ အခ်ိန္ကုန္မယ့္အစား ကိုယ့္အတြက္ တန္ဖိုးရွိမယ့္ အရာတစ္ခုခုကိုသာ ရွာေဖြပါ။

Related Article >>> အရံႈးေတြကို အႏိုင္မေပးမိပါေစနဲ႔

ကိုယ့္ကံၾကမၼာကို ကိုယ္တိုင္ ဖန္တီးယူပါ။

အခြင့္အေရးတိုင္းကို လက္လႊတ္မခံပါနဲ႔။ ကံေကာင္းျခင္းဆိုတာ ေနာက္တစ္ႀကိမ္ ျပန္လာဖို႔ ခဲယဥ္းပါတယ္။ ကံၾကမၼာကို ကိုယ္တိုင္ ဖန္တီးပါ။ ကိုယ့္အားကိုယ္ကိုးၿပီး မားမားမတ္မတ္ရပ္တဲ့သူေတြကို ေလာကဓံက မ်က္ႏွာသာေပးေလ့ရွိပါတယ္။ ဘယ္သူမွ ကိုယ့္ရဲ႕ ဆံုးျဖတ္ခ်က္ေတြကို ဝင္ေရာက္စြက္ဖက္ပိုင္ခြင့္မရွိပါဘူး။ ကိုယ့္တန္ဖိုးကိုလည္း ကိုယ္ကိုယ္တိုင္ကလြဲၿပီး ဘယ္သူမွ ရာျဖတ္ၾကည့္လို႔ မရပါဘူး။ ထပ္ေျပာပါမယ္။ ကိုယ့္ဘဝ၊ ကိုယ့္ကံၾကမၼာကို ကိုယ္တိုင္ ဖန္တီးယူတာပါ။ ဖန္တီးယူရမွာပါ။ တကယ္လို႔မ်ား မလူးသာမလြန္႔သာ အေျခအေနကို ေရာက္ေနတယ္ဆိုဦးေတာ့… Risk ယူရဲတဲ့ သတၱိရွိေနရင္ ဒီအေျခအေနက လြတ္ေျမာက္ႏုိင္ပါတယ္။ ကိုယ္တက္ခ်င္တဲ့ ေလွကားတစ္ခုရဲ႕ ေအာက္ေျခကို ေရာက္ေနတာက ကိုယ္နဲ႔ မဆိုင္တဲ့ ေလွကားထစ္ေတြရဲ႕ အေပၚဆံုးကို ေရာက္ေနတာထက္ေတာ့ သာလြန္ပါေသးတယ္။

အေၾကာက္တရားကို တြန္းလွန္ပါ။ အမ်ားအျမင္ေတြနဲ႔ ကိုယ့္ဘဝလမ္းကို ပိတ္ဆို႔မခံပါနဲ႔။ အိပ္မက္ေတြကို ကိုယ္တိုင္ ပံုေဖာ္ထုဆစ္ပါ။ ေလာကဓံကို ဒူးေထာက္လ်က္သား အရံႈးေပးရတယ္ ဆိုဦးေတာ့.. ဘာမထီမ်က္ဝန္းေတြနဲ႔ ျပန္ၾကည့္ႏုိင္မယ္ဆိုရင္ အိပ္မက္နဲ႔ ပန္းတိုင္ဟာ လက္တစ္ကမ္းမွာပါ။

Myat (For Her Myanmar)

<<< Unicode >>>

လောကဓံကို ဒူးထောက်ရရင်တောင် မထီတရီတော့ ပြန်မော့ကြည့်နိုင်ပါစေ.. 

ငယ်ငယ်ရွယ်ရွယ်နဲ့ အောင်မြင်တဲ့သူ တစ်ယောက်ကို ကြည့်လိုက်ပါ။ ဘာတွေးမိလိုက်လဲ? သြော်.. သူများတွေများ ကံကောင်းလိုက်တာ.. ငယ်ငယ်လေးနဲ့.. မိဘတွေကလည်း အရတော်တယ်။ စသဖြင့်… လူူတွေက အောင်မြင်ပြီးတဲ့ သူ့ဘဝရဲ့ ပစ္စုပ္ပန်ကိုပဲ မြင်ကြပါတယ်။ ဒီအောင်မြင်မှုရလာဖို့ သူရင်ဆိုင်ခဲ့ရတဲ့ အခက်အခဲတွေ၊ ကျရှုံးမှုတွေကိုတော့ (သူကိုယ်တိုင် မပြတာလည်း ပါပါလိမ့်မယ်) မျက်စိယှန်းနေတတ်ကြပါတယ်။ လူတိုင်းဟာ တူညီတဲ့ အခွင့်အရေးတွေ ပိုင်ဆိုင်ခွင့်ရှိပါတယ်။ ကိုယ်ရင်ဆိုင်ရတဲ့ အခက်အခဲတွေကို ဘယ်လို ကျော်လွှားမှာလဲဆိုတဲ့ပေါ် မူတည်ပြီး အခြေအနေတွေ ကွာခြားသွားကြရတာပါ။

ကျရှုံးမှုကို ရင်ဆိုင်နိုင်တဲ့ သတ္တိရှိနေပါစေ။

တစ်ခါတည်းနဲ့ အောင်မြင်တယ်ဆိုတာ မရှိပါဘူး။ အကြိမ်ကြိမ်အခါခါ ကြိုးစားပြီးမှသာ အောင်မြင်လာကြတာပါ။ ပန်းတိုင်ကို ရောက်ဖို့ လမ်းကလည်း ဆူးခင်းတဲ့ ခရောင်းလမ်းတွေချည်းပါပဲ။ တစ်ခါ ကျရှုံးတဲ့အခါမှာ ဆက်ပြီး မကြိုးစားချင်တော့ဘူးလို့ လက်လျှော့လိုက်ရင် ဘဝဟာ အဲဒီမှာ ပြီးဆုံးသွားပါပြီ။ အရှုံးကို ခံနိုင်ရည်ရှိဖို့ ကြိုးစားပါ။ တစ်ကြိမ်၊ နှစ်ကြိမ်၊ အကြိမ်ပေါင်း ရာ၊ထောင်မက ကျရှုံးရင်လည်း ကျရှုံးပါလိမ့်မယ်။ တစ်ခါ လဲကျတိုင်း တစ်ခါ ပန်းတိုင်နဲ့ ပိုနီးလာတာပါပဲ။ ယုံကြည်မှုတစ်ခုကို သည်းခံခြင်းနဲ့ အားဖြည့်ပြီး ကောင်းမွန်တဲ့ ကြိုးစားမှုနဲ့ ချီတက်ပါ။

Related Article >>> လုပ်ငန်းခွင်မှာ အောင်မြင်ဖို့အတွက် စွန့်ဦးတီထွင်လုပ်ငန်းရှင်တစ်ယောက်ရဲ့ စိတ်နေသဘောထားကို မွေးမြူပါ။

ရလဒ်ကောင်းရဖို့ အားထုတ်ပါ။

လူတိုင်းက တစ်ရက်ကို ၂၄ နာရီပဲ ရကြတာပါ။ ဒီအချိန်တွေကို ဘယ်လိုအသုံးချတယ်ဆိုတဲ့ပေါ်လိုက်ပြီး ဘဝချင်းကလည်း ခြားနားသွားကြတာပါပဲ။ အလုပ်တွေ အများကြီးလုပ်နေတာတွေ၊ တစ်နေကုန်လုံး အားချိန်မရှိ ကြိုးစားနေတာတွေက အလုပ်ပြီးမြောက်တာနဲ့ ထပ်တူမကျပါဘူး။ အချိန်တွေအများကြီး အကုန်ခံ၊ တစ်နေကုန်လုံး အလုပ်ရှုပ်ပြီး ကောင်းမွန်တဲ့ ရလဒ်မထွက်လာဘူးဆိုရင် အလကားပါပဲ။ နောက်ဆုံးရလာတဲ့ ရလဒ်ကသာ ကိုယ့်ကို တန်ဖိုးဖြတ်မယ့် အဆုံးအဖြတ်ပါ။ ရလဒ်မရမချင်း ကိုယ်လုပ်ခဲ့ရတဲ့ ကြိုးစားမှုတွေကို ထည့်သွင်းစဉ်းစားနေမှာ မဟုတ်ပါဘူး။

ကိုယ့်ကို ဆွဲချမယ့်သူတွေကို မေ့ပစ်ပါ။

လူဆိုတာ အမျိုးမျိုး ရှိတတ်ကြပါတယ်။ ပတ်ဝန်းကျင်၊ အသိုင်းအဝိုင်းကောင်းက ကိုယ့်ကို ကောင်းတဲ့နေရာကို ခေါ်ဆောင်ပေးသွားတတ်ပါတယ်။ ကိုယ့်ပတ်ဝန်းကျင်မှာ ကိုယ်အားကျရမယ့်သူတွေ၊ သင်ပြပေးမယ့်သူတွေ၊ လမ်းညွှန်မယ့်သူတွေရှိနေမယ်ဆိုရင် ကိုယ်လည်း ကြိုးစားဖြစ်လာမှာ ကျိန်းသေပါပဲ။ ဒီလိုမှ မဟုတ်ဘဲ ကိုယ့်ကို တန်ဖိုးမရှိဘူးလို့ ကိုယ်တိုင် မြင်လာအောင် လုပ်နေတဲ့သူတွေ၊ အမြဲတမ်း သောကပေးနိုင်တဲ့သူတွေ၊ ဖိအားတွေနဲ့ စိတ်ဖိစီးမှုတွေကို ဆိုးရွားအောင် လုပ်နေတဲ့သူတွေဆိုရင်တော့ မေ့ပစ်ချိန်တန်ပါပြီ။ သူတို့တွေက ကိုယ့်ရဲ့ တန်ဖိုးရှိတဲ့ အချိန်တွေနဲ့ ထိုက်တန်တဲ့သူတွေ မဟုတ်ကြပါဘူး။ ဘဝဆိုတာ တိုတိုလေးပါ။ ဒီလိုလူတွေနဲ့ အချိန်ကုန်မယ့်အစား ကိုယ့်အတွက် တန်ဖိုးရှိမယ့် အရာတစ်ခုခုကိုသာ ရှာဖွေပါ။

Related Article >>> အရှုံးတွေကို အနိုင်မပေးမိပါစေနဲ့

ကိုယ့်ကံကြမ္မာကို ကိုယ်တိုင် ဖန်တီးယူပါ။

အခွင့်အရေးတိုင်းကို လက်လွှတ်မခံပါနဲ့။ ကံကောင်းခြင်းဆိုတာ နောက်တစ်ကြိမ် ပြန်လာဖို့ ခဲယဉ်းပါတယ်။ ကံကြမ္မာကို ကိုယ်တိုင် ဖန်တီးပါ။ ကိုယ့်အားကိုယ်ကိုးပြီး မားမားမတ်မတ်ရပ်တဲ့သူတွေကို လောကဓံက မျက်နှာသာပေးလေ့ရှိပါတယ်။ ဘယ်သူမှ ကိုယ့်ရဲ့ ဆုံးဖြတ်ချက်တွေကို ဝင်ရောက်စွက်ဖက်ပိုင်ခွင့်မရှိပါဘူး။ ကိုယ့်တန်ဖိုးကိုလည်း ကိုယ်ကိုယ်တိုင်ကလွဲပြီး ဘယ်သူမှ ရာဖြတ်ကြည့်လို့ မရပါဘူး။ ထပ်ပြောပါမယ်။ ကိုယ့်ဘဝ၊ ကိုယ့်ကံကြမ္မာကို ကိုယ်တိုင် ဖန်တီးယူတာပါ။ ဖန်တီးယူရမှာပါ။ တကယ်လို့များ မလူးသာမလွန့်သာ အခြေအနေကို ရောက်နေတယ်ဆိုဦးတော့… Risk ယူရဲတဲ့ သတ္တိရှိနေရင် ဒီအခြေအနေက လွတ်မြောက်နိုင်ပါတယ်။ ကိုယ်တက်ချင်တဲ့ လှေကားတစ်ခုရဲ့ အောက်ခြေကို ရောက်နေတာက ကိုယ်နဲ့ မဆိုင်တဲ့ လှေကားထစ်တွေရဲ့ အပေါ်ဆုံးကို ရောက်နေတာထက်တော့ သာလွန်ပါသေးတယ်။

အကြောက်တရားကို တွန်းလှန်ပါ။ အများအမြင်တွေနဲ့ ကိုယ့်ဘဝလမ်းကို ပိတ်ဆို့မခံပါနဲ့။ အိပ်မက်တွေကို ကိုယ်တိုင် ပုံဖော်ထုဆစ်ပါ။ လောကဓံကို ဒူးထောက်လျက်သား အရှုံးပေးရတယ် ဆိုဦးတော့.. ဘာမထီမျက်ဝန်းတွေနဲ့ ပြန်ကြည့်နိုင်မယ်ဆိုရင် အိပ်မက်နဲ့ ပန်းတိုင်ဟာ လက်တစ်ကမ်းမှာပါ။

Myat (For Her Myanmar)

No Comments Yet

Comments are closed