Health Knowledge

ယောင်းမသိသေးတဲ့ ယောင်းရဲ့ ခန္ဓာကိုယ်အကြောင်း

လူတိုင်းကတော့ ကိုယ့်အကြောင်းကိုယ်ပဲသိတယ်ထင်ကြတာပါပဲ။ တကယ်ရော သေချာသိကြရဲ့လား…

တကယ်တော့ ကိုယ့်ဖာသာမို့သာ ကိုယ့်အကြောင်းသိနေပြီထင်ရတာ.. တကယ်တမ်း ဘာတွေက ယောင်းအတွက် အရေးကြီးတာလဲ ။ ဘာတွေကလိုအပ်နေတာလဲဆိုတာမသိကြဘူးဟုတ်..ဒါကြောင့် ကျန်းမာရေးအတွက်ရော အခြားအရာတွေအတွက်ပါ ယောင်းတို့ မသိနိုင်သေးတဲ့ အရာလေးတွေ မျှဝေပေးမယ်နော်..

တစ်ရေးအိပ်ခြင်း – တစ်နေ့မှာ မိနစ်နှစ်ဆယ်လောက် နေ့လည်ခင်းတစ်ရေးတစ်မောအိပ်ပေးတာက ကျန်းမာရေးအတွက်ကောင်းပါတယ်..။ အာရုံစူးစိုက်မှုပိုကောင်းစေသလို စိတ်ခံစားချက်လည်း ပိုကောင်းစေပါတယ်တဲ့.. ဒါပေမဲ့ ဒီထက်ကြာကြာအိပ်ပျော်သွားရင်တော့ ဆိုးကျိုးတွေရှိပါသတဲ့နော်..။

မှန်ကြည့်ခြင်း – အလှပြင်တဲ့အချိန် မှန်ကြည့်တာကိုပြောတာမဟုတ်ဘူးေ နာ် 😂 gym သွားတဲ့အခါ ပျင်းကလည်းပျင်း၊ မဆော့လို့ကလည်းမဖြစ်၊ အဲ့လိုအချိန်မျိုးဆို ကိုယ် gym ဆော့နေတုန်း ကိုယ့်ကိုယ်ကို မှန်ထဲမှာ ပြန်ကြည့်ပေးနေရင် ပိုပြီး မြန်မြန်နဲ့ လွယ်လွယ်ဆော့နိုင်ပါတယ်တဲ့..။

ဆေးလိပ် – ဆေးလိပ်သောက်တဲ့သူတွေရဲ့ ဆံပင်၊ အင်္ကျီအဝတ်အစားနဲ့ သူတို့ရှိခဲ့တဲ့နေရာတွေမှာ ကပ်ငြိကျန်နေတဲ့ အမှုန်အမွှားတွေက ကလေးငယ်တွေနဲ့ အိမ်မွေးတိရစ္ဆာန်လေးတွေကို ကင်ဆာဖြစ်စေတတ်ပါတယ်..

အရပ်အရှည်ဆုံး – အိပ်ရာထထချင်း နံနက်ခင်းမှာ ကိုယ့်ရဲ့ အရပ်က အရှည်ဆုံးဖြစ်ပါတယ်တဲ့.. ပုံမှန်အရပ်ရဲ့ လက်မဝက်လောက် ပိုရှည်တယ်လို့ ပြောတယ် ယောင်းရဲ့..။ အဲ.. အဲ့ဒီအချိန်ကို ကျော်သွားပြီဆိုရင်တော့ ပုံမှန်အရပ်အမြင့်ကိုပဲ ပြန်ရောက်သွားပါတယ်တဲ့..။

Related Article >>> ရေချိုးတိုင်းပြုလုပ်လေ့ရှိတဲ့ အမှား (၅)ခု

ဆီးအရောင် – အရောင်ရင့်နေရင်ဖြစ်ဖြစ်၊ အနံ့ပြင်းနေရင်ဖြစ်ဖြစ် အဲ့ဒါဟာ ခန္ဓာကိုယ်ထဲမှာ ရေဓာတ်လိုနေတာပါ ယောင်းရေ.. တစ်နေ့ကို ပျမ်းမျှ ရေရှစ်ခွက်သောက်သင့်ပါတယ်.. နောက်ပြီး ဘီပီအေပါတဲ့ ပလတ်စတစ်ဘူးထဲထည့်ထားတဲ့ ရေကို သောက်တာတော့ ရှောင်ရမယ်နော်..

နေရောင် – တစ်ပတ်မှာ သုံးကြိမ်လောက် ဆယ်မိနစ်ကနေ မိနစ်သုံးဆယ်အထိ နေ့ခင်းနေရောင်ကို ခံသင့်တယ်လို့ ပြောကြတယ် ယောင်းရဲ့.. အသားဖြူတဲ့သူတွေက အချိန်နည်းနည်းပဲ နေပူခံလည်းဖြစ်ပေမဲ့ အသားညိုတဲ့သူတွေက အချိန်ပိုကြာကြာ နေရောင်ပိုခံသင့်ပါတယ်တဲ့.. (ကိုယ်တွေကတော့ အလိုလိုနေရင်း အပြင်ထွက်တာနဲ့ကို နေရောင်ထိနေတာပဲကို နော့်) နေရောင်ခြည်မှာရှိတဲ့ UV တွေက အန္တရာယ်များတာမှန်ပေမယ့် နေရောင်ကို လုံးဝကြီး ရှောင်ကြဉ်နေတာလည်း မကောင်းဘူးပေါ့ ယောင်းတို့ရယ်.. တန်ဆေး လွန်ဘေးပေါ့နော်..

အိပ်စက်ချိန် – လူလတ်ပိုင်းတွေအနေနဲ့ တစ်ညကို ရှစ်နာရီလောက် အိပ်သင့်တာတော့ သိတာပေါ့နော်.. အိပ်တဲ့အခါကျရင် အမှောင်ချအိပ်တာကတော့ အကောင်းဆုံးပါပဲ.. အစိမ်းရောင်နဲ့ အပြာရောင် ညမီးလုံးတွေက အိပ်စက်တာကို အနှောင့်အယှက်အဖြစ်ဆုံးတွေမို့ ဒါလေးတွေတော့ ရှောင်ကြဉ်သင့်ပါတယ်..

Related Article >>> ၀က်ခြံပျောက်ကင်းစေတဲ့ အစားအစာတွေနဲ့ ၀က်ခြံဖြစ်စေနိုင်တဲ့ အစားအစာများ

သွေးလှူခြင်း – လေးလတစ်ခါ သွေးလှူခြင်းက တခြားသူအတွက်တင်မကပဲ ကိုယ့်အတွက်ပါ ကောင်းပါတယ်တဲ့.. ကိုယ်ထဲက သွေးတွေက အချိန်ကြာလာတဲ့အခါမှာ လိုအပ်တဲ့ အာဟာရတွေကို လိုအပ်တဲ့နေရာကို မပို့ပေးနိုင်တော့တာကြောင့်ပါ.. သွေးလှူပေးလိုက်ရင် လိုအပ်တဲ့သူအတွက်လည်း အဆင်ပြေ၊ ကိုယ့်အတွက်လည်း သွေးဆဲလ်အသစ်တွေ ထုတ်လုပ်လိုက်တာမို့ အဆင်ပြေပါတယ်..အများအကျိုးဆောင် ကိုယ့်အကျိုးအောင် ပေါ့နော့်…

အပြင်ထွက်ပြီး လှုပ်လှုပ်ရှားရှားနေပါ။ – ကဲ.. အိမ်တွင်းပဲအောင်းမနေပါနဲ့ ယောင်းရေ.. တစ်ပတ်နှစ်ခါလောက် အပြင်ထွက်ပြီး လျှောက်လည်၊ ရေကူး၊ ကြက်တောင်ရိုက်၊သူငယ်ချင်းတွေနဲ့  လျှောက်သွားတာက အားကစားလုပ်တာရဲ့ တချို့တစိတ်နဲ့ ညီမျှပါတယ်တဲ့..

လက်ဝတ်လက်စား – မယုံနိုင်စရာကောင်းတဲ့ တစ်ချက်ကတော့ လက်ဝတ်လက်စား ဝတ်တာက ကိုယ်ခန္ဓာတွင်း သတင်းပို့ဆောင်မှုတွေကို အနှောင့်အယှက်ဖြစ်စေပါတယ်တဲ့..

ကဲ.. ယောင်းရဲ့ ခန္ဓာကိုယ်ကြီးကတော့ ဒီလိုပါပဲ ယောင်းရေ.. မသိသေးတာလေးတွေတွေ့ရင်လည်း ကျော်မသွားပဲ ဖော်စားလိုက်ပေါ့နော်.. ကျန်းမာရေး ဂရုစိုက်ကြပါ ယောင်းတို့ရေ^^

Su Myat ( For Her Myanmar )

Reference Link : steptohealth.com

newhealthbasics.com

breakingmuscle.com

Su Myat
ညီမနာမည်ကတော့ ဆုမြတ်ပါ။ အသက်ကတော့ဆယ့်ခုနစ်နှစ်ပါ။ စာဖတ်နေရရင်ကို ပျော်နေတာပဲ..အခုလက်ရှိကတော့ FHMမှာ ဆောင်းပါးလေးတွေရေးနေပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *