တစ္လတည္းမွာ (၂) ခါ ဘာလို႔ လာတာလဲ??

တခ်ိဳ႕က သူမလာတာ ၃၊၄၊၅ရက္ ၾကာၿပီရွင္လို႔ ဆိုေနရခ်ိန္မွာ ကိုယ္က သူလာလြန္းလို႔ စိတ္ညစ္ေနရေသာအခါ… ဒါ ေရာဂါမ်ားလား???

သို႔… ညီမေလး…

မိန္းကေလးေတြမွာ တစ္လတစ္ခါ သူ႔ကို ေမွ်ာ္ရပါတယ္။ သူလာရင္ ေသြးသားမွန္တယ္။ အသားအေရေလးလည္း ၾကည္သလို မိန္းကေလး မီးယပ္ေရာဂါလည္း မရွိဘူးလို႔ အၾကမ္းဖ်ဥ္း ယူဆလို႔ ရတာကိုး။ အဲ … ဒါေပမဲ့ သူက ရက္ေရာစြာနဲ႔ တစ္လတည္းမွာ ႏွစ္ခါ လာရင္ၾကေတာ့ေရာ ….? ? ခက္ပါၿပီေရာလား…  ဒီလို အေနအထားက က်န္းမာတာလား ၊ မီးယပ္လား ၊ ေဆးခန္းေျပးျပရေတာ့မလား ေဝခြဲရ ခက္တယ္ဟုတ္?? ဒါဆုိ သူ႕အေၾကာင္းေလး ေသခ်ာ သိရေအာင္ ၾကည့္ၾကည့္ရေအာင္ေနာ္…

ဘယ္လိုအေၾကာင္းေတြေၾကာင့္ တစ္လတည္း ႏွစ္ခါလာရလဲဆိုရင္ေတာ့ …

၁။ တစ္ခါတေလ ျဖစ္တတ္တာေၾကာင့္ပါ။

ရာသီေသြးဟာ ၂၄ ရက္ကေန ၃၈ ရက္ျခား တစ္ခါလာေနသမွ်ဟာ တစ္လမွာ တစ္ခါပဲ လာရမွာပါ။ ဒါေပမဲ့ တစ္ခါတေလ ရာသီစက္ဝန္းဟာ ရက္တိုသြားၿပီး တစ္လတည္းမွာ ႏွစ္ခါ လာတတ္ပါတယ္။ ၿပီးေတာ့ ေနာက္လေတြမွာေတာ့ ပံုမွန္ျပန္ျဖစ္သြားတတ္ပါတယ္။ တကယ္လို႔ လတိုင္း ၂ခါလာေနရင္ေတာ့ ေဆးခန္းျပသင့္ပါတယ္ေနာ္။

၂။ အပ်ိဳေဖာ္ဝင္ခါစမို႔ပါ။

အပ်ိဳျဖစ္ခါစ ရာသီလာခါစမွာ အမ်ိဳးသမီး ေဟာ္မုန္းဟာ စည္းခ်က္ညီမႈ မရွိေသးပါဘူး။ ဆိုလိုတာက အတက္အက်မမွန္ေသးဘူးေပါ့။ ဒီလို အခ်ိန္မွာ တစ္လတည္း ရာသီ ၂ခါလာတာမ်ိဳး အျဖစ္မ်ားပါတယ္။ သိပ္စိတ္ပူဖို႔မလိုသလို ရာသီစလာၿပီး (အပ်ိဳျဖစ္ၿပီး) ၆ႏွစ္အထိကို ရာသီမမွန္တတ္ေသးပါဘူး။

၃။ ေသြးဆံုးခါနီးမို႔လည္း ျဖစ္ႏိုင္ပါတယ္။

ေဟာ ေသြးဆံုးခါနီးအရြယ္ေတြျဖစ္တဲ့ အသက္ ၄၅ မွ ၅၀ ဝန္းက်င္ေတြမွာလည္း သူက ကေယာက္ကယက္ေတြ ျဖစ္ၿပီး တစ္လတည္းမွာ ၂ခါ လာတတ္ပါတယ္။ ဒါကေတာ့ ေဟာ္မုန္းလက္က်န္ေလးေၾကာင့္ျဖစ္တာပါ။ ဒီလို တစ္လ ၂ခါ လာၿပီး ၁ႏွစ္ေလာက္ေနမွ ေသြးဆံုးတာမ်ိဳးလည္း ရွိပါတယ္။ တစ္လ ၂ခါ လာရံုအျပင္ ေသြးအတံုးအခဲဆင္းတာ၊ အရမ္းကိုက္ခဲတာ ၊ အျဖဴဆင္းတာေတြရွိရင္ေတာ့ ေဆးခန္းျပဖို႔လိုပါတယ္။

Related Article >>> ရာသီလာေနခ်ိန္မွာ လက္ဖက္စားလို႔ရလား?

၄။ လည္ပင္းအက်ိတ္ေၾကာင့္ပါ။

လည္ပင္းကို မွန္ေရွ႕ၾကည့္ၿပီး တံေတြးမ်ိဳခ်ၾကည့္ပါ။ လံုးလံုးေလး တက္သြားတဲ့ လည္ဇလုပ္ေအာက္က လိပ္ျပာပံု အက်ိတ္ေလးက တစ္ကိုယ္လံုးရဲ႕ သိုင္း႐ြိဳက္ေဟာ္မုန္းေတြ ထိန္းခ်ဳပ္ထားတာပါ။ ဒီ အက်ိတ္ေလးက မူမမွန္လို႔ သိုင္း႐ိြဳက္ေဟာ္မုန္း နည္းတာျဖစ္ျဖစ္ မ်ားတာျဖစ္ျဖစ္ တစ္လတည္းမွာ ၂ခါ လာတာျဖစ္ႏ္ုိင္ပါတယ္။

သိုင္း႐ိြဳက္နည္းတယ္လို႔ သိႏိုင္မယ့္လကၡဏာေတြက ရာသီမမွန္တာအျပင္

  • ကိုယ္အေလးခ်ိန္တက္လာတာ
  • မ်က္ႏွာေဖာင္းၿပီးတင္းေနတာ
  • တစ္ခ်ိန္လံုးေမာၿပီး ႏံုးေနတာ
  • အသားအေရေတြေအးစက္ေနတာ
  • ႏွလံုးခုန္ႏႈန္းေႏွးတာေတြ ျဖစ္ႏိုင္ပါတယ္။

သိုင္း႐ြိဳက္ မ်ားေနတယ္လို႔ သိႏိုင္တဲ့လကၡဏာေတြက

  • အိပ္မေပ်ာ္တာ
  • ေခၽြးအရမ္းထြက္ၿပီး အပူဒဏ္ မခံႏုိင္တာ
  • ရင္တုန္တာနဲ႔
  • ကိုယ္အေလးခ်ိန္က်တာေတြ ခံစားရႏိုင္ပါတယ္။

၅။ သားအိမ္အလံုးရွိေနလို႔ပါ။

သားအိမ္မွာ အသားလံုးရွိေနတဲ့အခါမွာ တစ္လတည္း ရာသီ၂ခါ လာတတ္ပါတယ္။ အလံုးဟာ ကင္ဆာလံုးမဟုတ္ဘဲ သားအိမ္နံရံက ႂကြက္သားလံုးမို႔ ရာသီေသြးဟာ ရာသီလာရက္ မဟုတ္ဘဲ ဆင္းတာမ်ိဳး ရွိႏိုင္ပါတယ္။

သားအိမ္အလံုးရွိေနမယ္ဆိုရင္

  • ဆီးစပ္ေနရာမွာ တင္းၿပီး ေအာင့္တာ
  • ရာသီေသြး အတံုးအခဲဆင္းတာ
  • ဆီး မၾကာခဏသြားတာ
  • လိင္ဆက္ဆံခ်ိန္ နာက်င္တာေတြ ခံစားရႏိုင္ပါတယ္။

အေပၚက ေျပာသြားတဲ့ အခ်က္ေလးေတြနဲ႔ တုိက္ဆိုင္ စစ္ေဆးရင္း ညီမေလးတို႔ က်န္းမာလွပၾကပါေစကြယ္..

မယ္တင္(ေဆး ၁)

<<< Unicode >>>

တချို့က သူမလာတာ ၃၊၄၊၅ရက် ကြာပြီရှင်လို့ ဆိုနေရချိန်မှာ ကိုယ်က သူလာလွန်းလို့ စိတ်ညစ်နေရသောအခါ… ဒါ ရောဂါများလား???

သို့… ညီမလေး…

မိန်းကလေးတွေမှာ တစ်လတစ်ခါ သူ့ကို မျှော်ရပါတယ်။ သူလာရင် သွေးသားမှန်တယ်။ အသားအရေလေးလည်း ကြည်သလို မိန်းကလေး မီးယပ်ရောဂါလည်း မရှိဘူးလို့ အကြမ်းဖျဉ်း ယူဆလို့ ရတာကိုး။ အဲ … ဒါပေမဲ့ သူက ရက်ရောစွာနဲ့ တစ်လတည်းမှာ နှစ်ခါ လာရင်ကြတော့ရော ….? ? ခက်ပါပြီရောလား…  ဒီလို အနေအထားက ကျန်းမာတာလား ၊ မီးယပ်လား ၊ ဆေးခန်းပြေးပြရတော့မလား ဝေခွဲရ ခက်တယ်ဟုတ်?? ဒါဆို သူ့အကြောင်းလေး သေချာ သိရအောင် ကြည့်ကြည့်ရအောင်နော်…

ဘယ်လိုအကြောင်းတွေကြောင့် တစ်လတည်း နှစ်ခါလာရလဲဆိုရင်တော့ …

၁။ တစ်ခါတလေ ဖြစ်တတ်တာကြောင့်ပါ။

ရာသီသွေးဟာ ၂၄ ရက်ကနေ ၃၈ ရက်ခြား တစ်ခါလာနေသမျှဟာ တစ်လမှာ တစ်ခါပဲ လာရမှာပါ။ ဒါပေမဲ့ တစ်ခါတလေ ရာသီစက်ဝန်းဟာ ရက်တိုသွားပြီး တစ်လတည်းမှာ နှစ်ခါ လာတတ်ပါတယ်။ ပြီးတော့ နောက်လတွေမှာတော့ ပုံမှန်ပြန်ဖြစ်သွားတတ်ပါတယ်။ တကယ်လို့ လတိုင်း ၂ခါလာနေရင်တော့ ဆေးခန်းပြသင့်ပါတယ်နော်။

၂။ အပျိုဖော်ဝင်ခါစမို့ပါ။

အပျိုဖြစ်ခါစ ရာသီလာခါစမှာ အမျိုးသမီး ဟော်မုန်းဟာ စည်းချက်ညီမှု မရှိသေးပါဘူး။ ဆိုလိုတာက အတက်အကျမမှန်သေးဘူးပေါ့။ ဒီလို အချိန်မှာ တစ်လတည်း ရာသီ ၂ခါလာတာမျိုး အဖြစ်များပါတယ်။ သိပ်စိတ်ပူဖို့မလိုသလို ရာသီစလာပြီး (အပျိုဖြစ်ပြီး) ၆နှစ်အထိကို ရာသီမမှန်တတ်သေးပါဘူး။

၃။ သွေးဆုံးခါနီးမို့လည်း ဖြစ်နိုင်ပါတယ်။

ဟော သွေးဆုံးခါနီးအရွယ်တွေဖြစ်တဲ့ အသက် ၄၅ မှ ၅၀ ဝန်းကျင်တွေမှာလည်း သူက ကယောက်ကယက်တွေ ဖြစ်ပြီး တစ်လတည်းမှာ ၂ခါ လာတတ်ပါတယ်။ ဒါကတော့ ဟော်မုန်းလက်ကျန်လေးကြောင့်ဖြစ်တာပါ။ ဒီလို တစ်လ ၂ခါ လာပြီး ၁နှစ်လောက်နေမှ သွေးဆုံးတာမျိုးလည်း ရှိပါတယ်။ တစ်လ ၂ခါ လာရုံအပြင် သွေးအတုံးအခဲဆင်းတာ၊ အရမ်းကိုက်ခဲတာ ၊ အဖြူဆင်းတာတွေရှိရင်တော့ ဆေးခန်းပြဖို့လိုပါတယ်။

Related Article >>> ရာသီလာနေချိန်မှာ လက်ဖက်စားလို့ရလား?

၄။ လည်ပင်းအကျိတ်ကြောင့်ပါ။

လည်ပင်းကို မှန်ရှေ့ကြည့်ပြီး တံတွေးမျိုချကြည့်ပါ။ လုံးလုံးလေး တက်သွားတဲ့ လည်ဇလုပ်အောက်က လိပ်ပြာပုံ အကျိတ်လေးက တစ်ကိုယ်လုံးရဲ့ သိုင်းရွိုက်ဟော်မုန်းတွေ ထိန်းချုပ်ထားတာပါ။ ဒီ အကျိတ်လေးက မူမမှန်လို့ သိုင်းရွိုက်ဟော်မုန်း နည်းတာဖြစ်ဖြစ် များတာဖြစ်ဖြစ် တစ်လတည်းမှာ ၂ခါ လာတာဖြစ်နိုင်ပါတယ်။

သိုင်းရွိုက်နည်းတယ်လို့ သိနိုင်မယ့်လက္ခဏာတွေက ရာသီမမှန်တာအပြင်

ကိုယ်အလေးချိန်တက်လာတာ
မျက်နှာဖောင်းပြီးတင်းနေတာ
တစ်ချိန်လုံးမောပြီး နုံးနေတာ
အသားအရေတွေအေးစက်နေတာ
နှလုံးခုန်နှုန်းနှေးတာတွေ ဖြစ်နိုင်ပါတယ်။

သိုင်းရွိုက် များနေတယ်လို့ သိနိုင်တဲ့လက္ခဏာတွေက

အိပ်မပျော်တာ
ချွေးအရမ်းထွက်ပြီး အပူဒဏ် မခံနိုင်တာ
ရင်တုန်တာနဲ့
ကိုယ်အလေးချိန်ကျတာတွေ ခံစားရနိုင်ပါတယ်။

၅။ သားအိမ်အလုံးရှိနေလို့ပါ။

သားအိမ်မှာ အသားလုံးရှိနေတဲ့အခါမှာ တစ်လတည်း ရာသီ၂ခါ လာတတ်ပါတယ်။ အလုံးဟာ ကင်ဆာလုံးမဟုတ်ဘဲ သားအိမ်နံရံက ကြွက်သားလုံးမို့ ရာသီသွေးဟာ ရာသီလာရက် မဟုတ်ဘဲ ဆင်းတာမျိုး ရှိနိုင်ပါတယ်။

သားအိမ်အလုံးရှိနေမယ်ဆိုရင်

ဆီးစပ်နေရာမှာ တင်းပြီး အောင့်တာ
ရာသီသွေး အတုံးအခဲဆင်းတာ
ဆီး မကြာခဏသွားတာ
လိင်ဆက်ဆံချိန် နာကျင်တာတွေ ခံစားရနိုင်ပါတယ်။
အပေါ်က ပြောသွားတဲ့ အချက်လေးတွေနဲ့ တိုက်ဆိုင် စစ်ဆေးရင်း ညီမလေးတို့ ကျန်းမာလှပကြပါစေကွယ်..

မယ်တင်(ဆေး ၁)

No Comments Yet

Comments are closed