Health

ဘယ္လိုအေျခအေနေတြမွာ အေရးေပၚခြဲေမြးရတတ္လဲ ?

အေရးေပၚ ခြဲမေမြးရဖို႔ အေကာင္းဆံုးနည္းကေတာ့….

ေယာင္းတို႔ေရ … ဘယ္သူကေတာ့ ကေလးမေမြးႏိုင္လို႔ အေရးေပၚခြဲေမြးလိုက္ရတယ္။ ဆိုတာမ်ိဳး ၾကာဖူးမွာေပါ့ေနာ္။ အေရးေပၚဆိုမွေတာ့ ႀကိဳတင္မစီစဥ္ထားဘဲနဲ႔ ရိုး႐ိုးေမြးရင္းကေန လိုအပ္ခ်က္အရ အေရးေပၚခြဲခန္းဝင္ၿပီး ေမြးလိုက္ရတာမ်ိဳးပါ။ ႐ိုး႐ိုးေမြးဖို႔ စိတ္ေရာလူပါ ျပင္ဆင္ထားၿပီးမွ ခြဲေမြးလိုက္ရတယ္ဆိုတာႀကီး ေတာ္ေတာ္မ်ားမ်ားမလိုခ်င္ၾကပါဘူး။

တခ်ိဳ႕ဆို ကိုယ့္မွ ဘာလို႔ခြဲေမြးလိုက္ရတာလဲ? တကယ္ေရာလိုအပ္လို႔လားလို႔ ေမးၾကပါတယ္။ ခု ဘယ္လိုအေနအထားေတြလဲ ဆိုတာ ေျပာျပခ်င္ပါတယ္။

၁) ကေလး ႏွလံုးခုန္သံမမွန္လို႔။

ကေလးႏွလံုးခုန္ႏႈန္း ျမန္ျခင္းေႏွးျခင္းကို ေမြးဖြားခါနီးအခ်ိန္မွာ ဆရာဝန္ေတြက အၿမဲ နားေထာင္ေပးစမ္းသပ္ေပးပါတယ္။ ႏွလံုးခုန္ႏႈန္း မူမမွန္တာ ေတြ႕ၿပီဆိုရင္ ဒါဟာ ကေလးငယ္ ဗိုက္ထဲမွာမြန္းေန ၊ က်ပ္ေနႏိုင္တယ္ဆိုတာကို ရည္ၫႊန္းေနတာမို႔ ကေလးငယ္ အသက္အႏၲရာယ္ကို စိတ္ပူလို႔ အေရးေပၚခြဲေမြးရတာပါ။

၂) အေမ ညႇပ္႐ိုးက်ဥ္းလို႔။

ေမြးဖြားေနတဲ့ အေမဟာ ေမြးဖြားတဲ့လမ္းေၾကာင္းမွာရွိတဲ့ ညႇပ္႐ိုးက်ဥ္းတာျဖစ္ျဖစ္၊ ကေလးက ထြားတာပဲျဖစ္ျဖစ္ေၾကာင့္ ေမြးဖြားတဲ့အခ်ိန္ဟာ လိုအပ္တာထက္ၾကာျမင့္ေနၿပီဆိုရင္ CEPHALOPELVIC disproportion လို႔သတ္မွတ္ၿပီး အေရးေပၚခြဲေမြးဖို႔ ျပင္ဆင္ၾကရပါတယ္။ ဒါကို ဗိုက္အပ္ထားမယ္ဆိုရင္ ႀကိဳသိၿပီး အတန္အသင့္ ေရွာင္ရွားႏိုင္မွာျဖစ္ပါတယ္။

Related article >>> ႏို႔တိုက္ ေမေမေတြ အားရွိေအာင္ စားသင့္တဲ့ အစားအစာ ၈ မ်ိဳး

၃) ေမြးဖြားခ်ိန္ တအားၾကာေနလို႔။

ကေလးေမြးဖြားဖို႔ ဆိုတာ ကေလးထြက္ဖို႔အေပါက္ဝ သားအိမ္ေခါင္းက လံုေလာက္ေအာင္က်ယ္ရမွာျဖစ္သလို သားအိမ္ကလည္း အားေကာင္းေကာင္းနဲ႔ ညႇစ္ခ်ရမွာပါ။ ဒီလိုျဖစ္စဥ္မွာ သားအိမ္က မညႇစ္လို႔ျဖစ္ျဖစ္ သားအိမ္ေခါင္းက မပြင့္လို႔ျဖစ္ျဖစ္ ေမြးဖြားခ်ိန္ၾကာၿပီဆိုရင္ အေရးေပၚခြဲေမြးရတတ္ပါတယ္။

၄) ကေလးအေနအထား မမွန္လို႔။

႐ိုး႐ိုးေမြးဖို႔ဆိုရင္ ကေလးအေနအထားဟာ ေမြးလမ္းေၾကာင္းဘက္ကို ေခါင္းကဦးတည္တဲ့ေခါင္းပိုင္းျဖစ္ရမွာပါ။ ကေလးဟာ ကန္႔လန္႔ျဖစ္ျဖစ္ ၊ ဆံုပိုင္းျဖစ္ျဖစ္ဆို ႐ိုး႐ိုးေမြးဖို႔ ခက္ႏိုင္ပါတယ္။ ကေလးအေနအထား ပံုမွန္ဟုတ္မဟုတ္ကို ကိုယ္ဝန္ပံုမွန္အပ္ျခင္းျဖင့္ အေရးေပၚခြဲေမြးရျခင္းမွ ကာကြယ္ႏိုင္ပါတယ္။

Related article >>> ကေလးငယ္တို႔ အျမန္ဆံုး အိပ္ေပ်ာ္သြားေစဖို႔ နည္းလမ္းေကာင္းမ်ား

၅) အခ်င္းေစာကြာလို႔။

ကေလးအခ်င္းဟာ ကေလးေမြးၿပီးေနာက္မွ ကေလးအခ်င္းက်ရပါတယ္။ ကေလး ေမြးလမ္းေၾကာင္းက မဆင္းေသးဘဲ ေသြးေတြသြန္ၿပီး ကေလးအခ်င္းေစာကြာတဲ့လကၡဏာျပမယ္ဆိုရင္ ကေလးငယ္ ေအာက္ဆီဂ်င္ျပတ္ေတာက္မွာစိုးလို႔ ခ်က္ခ်င္း အေရးေပၚခြဲေမြးရႏိုင္ပါတယ္။

အေရးေပၚခြဲေမြးရႏိုင္တဲ့ အျခားအေၾကာင္းရင္းေတြလည္း ရွိေပမဲ့ အျဖစ္မ်ားတဲ့အေၾကာင္းေလးေတြကို ေဖာ္ျပေပးလိုက္ပါတယ္။ အေရးေပၚခြဲေမြးတာကို ေၾကာက္လို႔ အတတ္ႏိုင္ဆံုးေရွာင္ခ်င္တယ္ဆိုရင္ ကိုယ္ဝန္ကို အေစာဆံုးအပ္ၿပီး ေဆးရံုမွာ ေမြးတာအေကာင္းဆံုးပါပဲ။

ဗိုက္ဗိုက္တို႔ ေရွာေရွာ႐ွဴ႐ွဴေမြးႏိုင္ၾကပါေစ ဆုေတာင္းေပးရင္း

မယ္တင္(ေဆး ၁)

>> Unicode >>>

အရေးပေါ် ခွဲမမွေးရဖို့ အကောင်းဆုံးနည်းကတော့….

ယောင်းတို့ရေ … ဘယ်သူကတော့ ကလေးမမွေးနိုင်လို့ အရေးပေါ်ခွဲမွေးလိုက်ရတယ်။ ဆိုတာမျိုး ကြာဖူးမှာပေါ့နော်။ အရေးပေါ်ဆိုမှတော့ ကြိုတင်မစီစဉ်ထားဘဲနဲ့ ရိုးရိုးမွေးရင်းကနေ လိုအပ်ချက်အရ အရေးပေါ်ခွဲခန်းဝင်ပြီး မွေးလိုက်ရတာမျိုးပါ။ ရိုးရိုးမွေးဖို့ စိတ်ရောလူပါ ပြင်ဆင်ထားပြီးမှ ခွဲမွေးလိုက်ရတယ်ဆိုတာကြီး တော်တော်များများမလိုချင်ကြပါဘူး။

တချို့ဆို ကိုယ့်မှ ဘာလို့ခွဲမွေးလိုက်ရတာလဲ? တကယ်ရောလိုအပ်လို့လားလို့ မေးကြပါတယ်။ ခု ဘယ်လိုအနေအထားတွေလဲ ဆိုတာ ပြောပြချင်ပါတယ်။

၁) ကလေး နှလုံးခုန်သံမမှန်လို့။

ကလေးနှလုံးခုန်နှုန်း မြန်ခြင်းနှေးခြင်းကို မွေးဖွားခါနီးအချိန်မှာ ဆရာဝန်တွေက အမြဲ နားထောင်ပေးစမ်းသပ်ပေးပါတယ်။ နှလုံးခုန်နှုန်း မူမမှန်တာ တွေ့ပြီဆိုရင် ဒါဟာ ကလေးငယ် ဗိုက်ထဲမှာမွန်းနေ ၊ ကျပ်နေနိုင်တယ်ဆိုတာကို ရည်ညွှန်းနေတာမို့ ကလေးငယ် အသက်အန္တရာယ်ကို စိတ်ပူလို့ အရေးပေါ်ခွဲမွေးရတာပါ။

၂) အမေ ညှပ်ရိုးကျဉ်းလို့။

မွေးဖွားနေတဲ့ အမေဟာ မွေးဖွားတဲ့လမ်းကြောင်းမှာရှိတဲ့ ညှပ်ရိုးကျဉ်းတာဖြစ်ဖြစ်၊ ကလေးက ထွားတာပဲဖြစ်ဖြစ်ကြောင့် မွေးဖွားတဲ့အချိန်ဟာ လိုအပ်တာထက်ကြာမြင့်နေပြီဆိုရင် CEPHALOPELVIC disproportion လို့သတ်မှတ်ပြီး အရေးပေါ်ခွဲမွေးဖို့ ပြင်ဆင်ကြရပါတယ်။ ဒါကို ဗိုက်အပ်ထားမယ်ဆိုရင် ကြိုသိပြီး အတန်အသင့် ရှောင်ရှားနိုင်မှာဖြစ်ပါတယ်။

Related article >>> နို့တိုက် မေမေတွေ အားရှိအောင် စားသင့်တဲ့ အစားအစာ ၈ မျိုး

၃) မွေးဖွားချိန် တအားကြာနေလို့။

ကလေးမွေးဖွားဖို့ ဆိုတာ ကလေးထွက်ဖို့အပေါက်ဝ သားအိမ်ခေါင်းက လုံလောက်အောင်ကျယ်ရမှာဖြစ်သလို သားအိမ်ကလည်း အားကောင်းကောင်းနဲ့ ညှစ်ချရမှာပါ။ ဒီလိုဖြစ်စဉ်မှာ သားအိမ်က မညှစ်လို့ဖြစ်ဖြစ် သားအိမ်ခေါင်းက မပွင့်လို့ဖြစ်ဖြစ် မွေးဖွားချိန်ကြာပြီဆိုရင် အရေးပေါ်ခွဲမွေးရတတ်ပါတယ်။

၄) ကလေးအနေအထား မမှန်လို့။

ရိုးရိုးမွေးဖို့ဆိုရင် ကလေးအနေအထားဟာ မွေးလမ်းကြောင်းဘက်ကို ခေါင်းကဦးတည်တဲ့ခေါင်းပိုင်းဖြစ်ရမှာပါ။ ကလေးဟာ ကန့်လန့်ဖြစ်ဖြစ် ၊ ဆုံပိုင်းဖြစ်ဖြစ်ဆို ရိုးရိုးမွေးဖို့ ခက်နိုင်ပါတယ်။ ကလေးအနေအထား ပုံမှန်ဟုတ်မဟုတ်ကို ကိုယ်ဝန်ပုံမှန်အပ်ခြင်းဖြင့် အရေးပေါ်ခွဲမွေးရခြင်းမှ ကာကွယ်နိုင်ပါတယ်။

Related article >>> ကလေးငယ်တို့ အမြန်ဆုံး အိပ်ပျော်သွားစေဖို့ နည်းလမ်းကောင်းများ

၅) အချင်းစောကွာလို့။

ကလေးအချင်းဟာ ကလေးမွေးပြီးနောက်မှ ကလေးအချင်းကျရပါတယ်။ ကလေး မွေးလမ်းကြောင်းက မဆင်းသေးဘဲ သွေးတွေသွန်ပြီး ကလေးအချင်းစောကွာတဲ့လက္ခဏာပြမယ်ဆိုရင် ကလေးငယ် အောက်ဆီဂျင်ပြတ်တောက်မှာစိုးလို့ ချက်ချင်း အရေးပေါ်ခွဲမွေးရနိုင်ပါတယ်။

အရေးပေါ်ခွဲမွေးရနိုင်တဲ့ အခြားအကြောင်းရင်းတွေလည်း ရှိပေမဲ့ အဖြစ်များတဲ့အကြောင်းလေးတွေကို ဖော်ပြပေးလိုက်ပါတယ်။ အရေးပေါ်ခွဲမွေးတာကို ကြောက်လို့ အတတ်နိုင်ဆုံးရှောင်ချင်တယ်ဆိုရင် ကိုယ်ဝန်ကို အစောဆုံးအပ်ပြီး ဆေးရုံမှာ မွေးတာအကောင်းဆုံးပါပဲ။

ဗိုက်ဗိုက်တို့ ရှောရှောရှူရှူမွေးနိုင်ကြပါစေ ဆုတောင်းပေးရင်း

မယ်တင်(ဆေး ၁)

မယ္တင္ (ေဆး-၁)
မယ္တင္ (ေဆး-၁)
ေယာင္းတို႔ေရ ေဟာဒီက က်ြန္မကေတာ့ Dr.တင္စုလြင္ပါရွင့္။ မိသားစုက်န္းမာေရးဆရာဝန္အျဖစ္ေဆးခန္းထိုင္ေနၿပီး အားလပ္ခ်ိန္မွာ စာေရးရတာကို သေဘာက်လြန္းလို႔ မယ္တင္( ေဆး ၁) ကေလာင္နာမည္နဲ႔က်န္းမာေရးဗဟုသုတနဲ႔ပတ္သက္ၿပီးေဆာင္းပါးေလးေတြေရးျဖစ္ပါတယ္။ အခုလည္း For Her Myanmar မွာ မိန္းကေလးဆရာဝန္အေနနဲ႔ အမ်ိဳးသမီးက်န္းမာေရးပိုင္းကို အဓိကထားေရးသားသြားမို႔လို႔ ေစာင့္ဖတ္ေပးၾကပါဦးေနာ္ ။

Leave a Reply

Your email address will not be published. Required fields are marked *