အသက္ (၃၅)ႏွစ္ဝန္းက်င္မွာ ကိုယ္ဝန္ေဆာင္ရင္ ဘာေတြ သတိထားသင့္လဲ?

ဟိုလူေျပာ ဟုတ္ႏိုး.. ဒီလူေျပာ ဟုတ္ႏိုးနဲ႔ တိုင္ပတ္မေနေစဖို႔… 

ေယာင္းတို႔ရဲ႕ ဘဝ အစီအစဥ္ေတြထဲမွာ အိမ္ေထာင္ျပဳဖို႔ ၊ ကေလးယူဖို႔ဆိုတာလည္း ေမ့ထားလို႔မရတဲ့အပိုင္းေလးပါပဲ။ အေရးႀကီးတာေတြလုပ္ရင္း ကိုင္ရင္း အိမ္ေထာင္ျပဳၿပီး ကေလးယူရမယ့္အခ်ိန္က အသက္၃၅ႏွစ္ ေရာက္လာၿပီဆိုပါစို႔… အသက္က ႀကီးေနၿပီ.. ကေလးမယူူနဲ႔ေတာ့လို႔ ေဘးလူေတြ ေျပာလာတဲ့အခါ အနည္းနဲ႔အမ်ားေတာ့ ဇေဝဇဝါေတြ ျဖစ္သြားၾကမွာပါပဲ။ ဒီလို အေတြးေတြနဲ႔ စစ္ခင္းေနရတယ္ဆိုရင္ေတာ့ ဒီေဆာင္းပါးေလးကို ဖတ္ၾကည့္ပါ ေယာင္းတို႔ေရ…

ေဒါက္တာစုရဲ႕ အလိုအရေတာ့ ေယာင္းတို႔ကို ေကာင္းက်ိဳးဆိုးက်ိဳးေလးေတြ ေျပာျပၿပီး ဒီေပၚမူတည္လို႔ ေရြးခ်ယ္တာ အေကာင္းဆံုးျဖစ္မယ္လို႔ ထင္ပါတယ္ေနာ္..

အရင္ဆံုးေတာ့ ေကာင္းတဲ့ဘက္က ၾကည့္ၾကရေအာင္ေနာ္..

အသက္ ၃၅ႏွစ္ရြယ္မွာ –

အလုပ္လုပ္တဲ့ မိန္းကေလးဆိုရင္

အလုပ္အကိုင္ အတည္တက်ျဖစ္ေနေလာက္ပါၿပီ။ လုပ္ငန္းအတြက္ ပူပင္စိတ္ဖိစီးမႈေတြကို ခံႏိုင္ရည္ရွိေနေလာက္ၿပီမို႔ ကေလးယူတဲ့အခါ တည္ၿငိမ္တဲ့ အေနအထားမွာ ရွိေနတယ္လို႔ ဆိုရမွာပါ။ အလုပ္အကိုင္ အေျခက်ေတာ့ ေငြေရးေၾကးေရးလည္း သိပ္ပူစရာမလိုေလာက္ဘူး ထင္ပါတယ္။ ဒီေတာ့ အပူတစ္ခု ေလ်ာ့တာေပါ့ေနာ္။

အမႊာရႏိုင္ေျခ မ်ားပါတယ္။

FSH လို႔ေခၚတဲ့ မမ်ိဳးဥေႂကြေစတဲ့ ေဟာ္မုန္းမ်ားေနတဲ့ အခ်ိန္မို႔ ဒီအရြယ္မွာ အမႊာကိုယ္ဝန္ေဆာင္ေတြ ျဖစ္ႏိုင္ေျခ မ်ားပါတယ္။

တက္ႂကြတယ္ ။ က်န္းမာပါတယ္။

အသက္ ၃၅ဆိုတာ တက္ႂကြေနဆဲ အခ်ိန္ပါ။ က်န္းမာေရးဘက္ကၾကည့္မယ္ဆိုလည္း ကိုယ္ဝန္ေဆာင္ခ်ိန္ ခႏၶာကိုယ္ေျပာင္းလဲမႈေတြကို ေကာင္းေကာင္းရင္ဆိုင္ႏိုင္တဲ့ အသက္အရြယ္ေပါ့…

ကဲ.. ဒါေတြကေတာ့ ေကာင္းကြက္ေတြေပါ့ေနာ္.. မေကာင္းတာေတြကေတာ့…

Related Article >>> ကိုယ္ဝန္ရွိရင္ (၂) ေယာက္စာ စားရတယ္ဆိုုတာ တကယ္လား?

ကေလးယူမယ္ဆိုရင္ေလ အသက္ ၃၅ကို အရမ္းေတာ့ မေက်ာ္ေစခ်င္ပါဘူး။

အသက္ ၃၅ ေက်ာ္ရင္ –

ကေလးရႏိုင္ေျခ နည္းသြားမွာ ျဖစ္ပါတယ္။

မိန္းကေလးေတြဟာ အသက္ရလာတာနဲ႔အမွ် မမ်ိဳးဥ ထုတ္လုပ္မႈႏႈန္း အရည္အေသြး က်ဆင္းလာတာမို႔ ကေလးရႏိုင္ေျခ နည္းသြားႏိုင္ပါတယ္။ ဒါေၾကာင့္အိမ္ေထာင္က်ၿပီး ၆လေနလို႔မွ ဘာကိုယ္ဝန္တားနည္းမွ မသံုးဘဲကေလးမရဘူးဆိုရင္ ေပါ့ဆမေနသင့္ပါဘူး။ ဆရာဝန္နဲ႔ ေတြ႕ဆံုေဆြးေႏြးၿပီး ကေလးရဖို႔အတြက္ ႀကိဳးစားသင့္ပါတယ္။

ကလးငယ္မွာ ေမြးရာပါ ခ်ိဳ႕ယြင္းခ်က္ေတြ ပါလာႏိုင္ေျခ ရွိပါတယ္။ 

အသက္ ၃၅ အရြယ္ ကိုယ္ဝန္ေဆာင္ေတြမွာ ေမြးရာပါ ခ်ိဳ႕ယြင္းခ်က္ျဖစ္တဲ့ Chromosomal Disorder ျဖစ္ႏိုင္ေျခ အေယာက္၂၀၀ မွာ ၁ေယာက္၊ အသက္၃၉ေက်ာ္ရင္ အေယာက္ ၁၀၀မွာ ၁ေယာက္နီးပါးအထိ ႏႈန္းထား ျမင့္တက္လာတတ္ပါတယ္။

ကိုယ္ဝန္ေဆာင္ခ်ိန္ အႏၲရာယ္ေတြ အနည္းငယ္ျမင့္လာႏိုင္ပါတယ္။

ကိုယ္ဝန္ေဆာင္ခ်ိန္တိုင္းမွာ ကိုယ္ဝန္ေဆာင္ အႏၲရာယ္ေတြျဖစ္တဲ့ ကေလးပ်က္က်တာ၊ ကိုယ္ဝန္ဆာင္ခ်ိန္ ေသြးတိုးတာ၊ ကိုယ္ဝန္ေဆာင္ဆီးခ်ိဳ ၊ လမေစ့ဘဲေမြးတာ ။ ဒီလို အႏၲရာယ္ေတြဟာ အသက္ရလာတဲ့ အမွ် နည္းနည္းတက္လာႏိုင္ပါတယ္။ အသက္ ၃၅ႏွစ္ေက်ာ္ရင္ေတာ့ ပိုတက္လာႏိုင္ပါတယ္။

Related Article >>> မီးနီျဖတ္ရင္ ကိုယ္ဝန္ရႏိုင္လား?

ဒါေတြအတြက္ ႀကိဳတင္ျပင္ဆင္ထားခ်င္တယ္ဆိုရင္ေတာ့

– ကိုယ္ဝန္မေဆာင္ခင္အားေဆးႀကိဳေသာက္ထားပါ။

ကိုယ္ဝန္မေဆာင္ခင္မွာလိုအပ္တဲ့ ဗီတာမင္အားေဆး ျဖစ္တဲ့ Folic Acid 400 mg ေသာက္သံုးေပးျခင္းျဖင့္ ကေလးငယ္ ဦးေခါင္းခြံေက်ာ႐ိုး ခ်ိဳ႕ယြင္းခ်က္မပါဘဲ ေမြးဖြားေအာင္ ေထာက္ပံ့ေပးပါတယ္။

– ေရာဂါရွိရင္ႀကိဳတင္ကုသထားပါ။

ကိုယ္ဝန္မေဆာင္ခင္မွာ အသက္အရြယ္အရ ျဖစ္လာႏိုင္တဲ့ ဆီးခ်ိဳေသြးတိုးေတြကို ႀကိဳတင္စစ္ေဆးထားေပးပါ။ ရွိတယ္ဆိုရင္လည္း ကိုယ္ဝန္မေဆာင္ခင္တည္းက ေရာဂါအေျခအေနတည္ၿငိမ္ေအာင္ ကုသထားသင့္ပါတယ္။

– အိပ္ခ်ိန္နားခ်ိန္ ေသခ်ာထားသင့္ပါတယ္။

ဒီအရြယ္ဟာ အလုပ္မ်ားတတ္တဲ့ အရြယ္ ျဖစ္ေပမဲ့ အိပ္ခ်ိန္နားခ်ိန္ျပည့္ဝမွသာ က်န္းမာတဲ့ ဗိုက္ဗိုက္ျဖစ္မွာပါ။

– ကိုယ္အေလးခ်ိန္ သတိထားပါ။

ကိုယ္ဝန္မေဆာင္ခင္ကတည္းက ကိုယ္အေလးခ်ိန္ကို မပိုရေလေအာင္ အၿမဲ သတိထားသင့္ပါတယ္။ မဟုတ္ရင္ ကိုယ္ဝန္ေဆာင္ခ်ိန္ ဆီးခ်ိဳေသြးတိုး ျဖစ္ႏိုင္ေျခ တက္လာပါလိမ့္မယ္။

အဆင္ေျပၾကပါေစ ေယာင္းတို႔ေရ…

မယ္တင္(ေဆး ၁)

<<< Unicode >>>

ဟိုလူပြော ဟုတ်နိုး.. ဒီလူပြော ဟုတ်နိုးနဲ့ တိုင်ပတ်မနေစေဖို့… 

ယောင်းတို့ရဲ့ ဘဝ အစီအစဉ်တွေထဲမှာ အိမ်ထောင်ပြုဖို့ ၊ ကလေးယူဖို့ဆိုတာလည်း မေ့ထားလို့မရတဲ့အပိုင်းလေးပါပဲ။ အရေးကြီးတာတွေလုပ်ရင်း ကိုင်ရင်း အိမ်ထောင်ပြုပြီး ကလေးယူရမယ့်အချိန်က အသက်၃၅နှစ် ရောက်လာပြီဆိုပါစို့… အသက်က ကြီးနေပြီ.. ကလေးမယူူနဲ့တော့လို့ ဘေးလူတွေ ပြောလာတဲ့အခါ အနည်းနဲ့အများတော့ ဇဝေဇဝါတွေ ဖြစ်သွားကြမှာပါပဲ။ ဒီလို အတွေးတွေနဲ့ စစ်ခင်းနေရတယ်ဆိုရင်တော့ ဒီဆောင်းပါးလေးကို ဖတ်ကြည့်ပါ ယောင်းတို့ရေ…

ဒေါက်တာစုရဲ့ အလိုအရတော့ ယောင်းတို့ကို ကောင်းကျိုးဆိုးကျိုးလေးတွေ ပြောပြပြီး ဒီပေါ်မူတည်လို့ ရွေးချယ်တာ အကောင်းဆုံးဖြစ်မယ်လို့ ထင်ပါတယ်နော်..

အရင်ဆုံးတော့ ကောင်းတဲ့ဘက်က ကြည့်ကြရအောင်နော်..

အသက် ၃၅နှစ်ရွယ်မှာ – 

အလုပ်လုပ်တဲ့ မိန်းကလေးဆိုရင်

အလုပ်အကိုင် အတည်တကျဖြစ်နေလောက်ပါပြီ။ လုပ်ငန်းအတွက် ပူပင်စိတ်ဖိစီးမှုတွေကို ခံနိုင်ရည်ရှိနေလောက်ပြီမို့ ကလေးယူတဲ့အခါ တည်ငြိမ်တဲ့ အနေအထားမှာ ရှိနေတယ်လို့ ဆိုရမှာပါ။အလုပ်အကိုင် အခြေကျတော့ ငွေရေးကြေးရေးလည်း သိပ်ပူစရာမလိုလောက်ဘူး ထင်ပါတယ်။ ဒီတော့ အပူတစ်ခု လျော့တာပေါ့နော်။

အမွှာရနိုင်ခြေ များပါတယ်။

FSH လို့ခေါ်တဲ့ မမျိုးဥကြွေစေတဲ့ ဟော်မုန်းများနေတဲ့ အချိန်မို့ ဒီအရွယ်မှာ အမွှာကိုယ်ဝန်ဆောင်တွေ ဖြစ်နိုင်ခြေ များပါတယ်။

တက်ကြွတယ် ။ ကျန်းမာပါတယ်။

အသက် ၃၅ဆိုတာ တက်ကြွနေဆဲ အချိန်ပါ။ ကျန်းမာရေးဘက်ကကြည့်မယ်ဆိုလည်း ကိုယ်ဝန်ဆောင်ချိန် ခန္ဓာကိုယ်ပြောင်းလဲမှုတွေကို ကောင်းကောင်းရင်ဆိုင်နိုင်တဲ့ အသက်အရွယ်ပေါ့…

ကဲ.. ဒါတွေကတော့ ကောင်းကွက်တွေပေါ့နော်.. မကောင်းတာတွေကတော့…

Related Article >>> ကိုယ်ဝန်ရှိရင် (၂) ယောက်စာ စားရတယ်ဆိုတာ တကယ်လား?

ကလေးယူမယ်ဆိုရင်လေ အသက် ၃၅ကို အရမ်းတော့ မကျော်စေချင်ပါဘူး။

အသက် ၃၅ ကျော်ရင် –

ကလေးရနိုင်ခြေ နည်းသွားမှာ ဖြစ်ပါတယ်။

မိန်းကလေးတွေဟာ အသက်ရလာတာနဲ့အမျှ မမျိုးဥ ထုတ်လုပ်မှုနှုန်း အရည်အသွေး ကျဆင်းလာတာမို့ ကလေးရနိုင်ခြေ နည်းသွားနိုင်ပါတယ်။ ဒါကြောင့်အိမ်ထောင်ကျပြီး ၆လနေလို့မှ ဘာကိုယ်ဝန်တားနည်းမှ မသုံးဘဲကလေးမရဘူးဆိုရင် ပေါ့ဆမနေသင့်ပါဘူး။ ဆရာဝန်နဲ့ တွေ့ဆုံဆွေးနွေးပြီး ကလေးရဖို့အတွက် ကြိုးစားသင့်ပါတယ်။

ကလးငယ်မှာ မွေးရာပါ ချို့ယွင်းချက်တွေ ပါလာနိုင်ခြေ ရှိပါတယ်။ 

အသက် ၃၅ အရွယ် ကိုယ်ဝန်ဆောင်တွေမှာ မွေးရာပါ ချို့ယွင်းချက်ဖြစ်တဲ့ Chromosomal Disorder ဖြစ်နိုင်ခြေ အယောက်၂၀၀ မှာ ၁ယောက်၊ အသက်၃၉ကျော်ရင် အယောက် ၁၀၀မှာ ၁ယောက်နီးပါးအထိ နှုန်းထား မြင့်တက်လာတတ်ပါတယ်။

ကိုယ်ဝန်ဆောင်ချိန် အန္တရာယ်တွေ အနည်းငယ်မြင့်လာနိုင်ပါတယ်။

ကိုယ်ဝန်ဆောင်ချိန်တိုင်းမှာ ကိုယ်ဝန်ဆောင် အန္တရာယ်တွေဖြစ်တဲ့ ကလေးပျက်ကျတာ၊ ကိုယ်ဝန်ဆာင်ချိန် သွေးတိုးတာ၊ ကိုယ်ဝန်ဆောင်ဆီးချို ၊ လမစေ့ဘဲမွေးတာ ။ ဒီလို အန္တရာယ်တွေဟာ အသက်ရလာတဲ့ အမျှ နည်းနည်းတက်လာနိုင်ပါတယ်။ အသက် ၃၅နှစ်ကျော်ရင်တော့ ပိုတက်လာနိုင်ပါတယ်။

Related Article >>> မီးနီဖြတ်ရင် ကိုယ်ဝန်ရနိုင်လား?

ဒါတွေအတွက် ကြိုတင်ပြင်ဆင်ထားချင်တယ်ဆိုရင်တော့

– ကိုယ်ဝန်မဆောင်ခင်အားဆေးကြိုသောက်ထားပါ။

ကိုယ်ဝန်မဆောင်ခင်မှာလိုအပ်တဲ့ ဗီတာမင်အားဆေး ဖြစ်တဲ့ Folic Acid 400 mg သောက်သုံးပေးခြင်းဖြင့် ကလေးငယ် ဦးခေါင်းခွံကျောရိုး ချို့ယွင်းချက်မပါဘဲ မွေးဖွားအောင် ထောက်ပံ့ပေးပါတယ်။

– ရောဂါရှိရင်ကြိုတင်ကုသထားပါ။

ကိုယ်ဝန်မဆောင်ခင်မှာ အသက်အရွယ်အရ ဖြစ်လာနိုင်တဲ့ ဆီးချိုသွေးတိုးတွေကို ကြိုတင်စစ်ဆေးထားပေးပါ။ ရှိတယ်ဆိုရင်လည်း ကိုယ်ဝန်မဆောင်ခင်တည်းက ရောဂါအခြေအနေတည်ငြိမ်အောင် ကုသထားသင့်ပါတယ်။

– အိပ်ချိန်နားချိန် သေချာထားသင့်ပါတယ်။

ဒီအရွယ်ဟာ အလုပ်များတတ်တဲ့ အရွယ် ဖြစ်ပေမဲ့ အိပ်ချိန်နားချိန်ပြည့်ဝမှသာ ကျန်းမာတဲ့ ဗိုက်ဗိုက်ဖြစ်မှာပါ။

– ကိုယ်အလေးချိန် သတိထားပါ။

ကိုယ်ဝန်မဆောင်ခင်ကတည်းက ကိုယ်အလေးချိန်ကို မပိုရလေအောင် အမြဲ သတိထားသင့်ပါတယ်။ မဟုတ်ရင် ကိုယ်ဝန်ဆောင်ချိန် ဆီးချိုသွေးတိုး ဖြစ်နိုင်ခြေ တက်လာပါလိမ့်မယ်။

အဆင်ပြေကြပါစေ ယောင်းတို့ရေ…

မယ်တင်(ဆေး ၁)

No Comments Yet

Comments are closed