Health

အေရးေပၚတားေဆး မၾကာခဏေသာက္လွ်င္

တန္ေဆး လြန္ေဘးေပါ့ေအ…

ေဟာ လွ်က္စီးေတြလက္ မိုးႀကိဳးေတြပစ္ ပန္းအိုးေတြက်ကြဲ ေနာက္ေန႔က်ေတာ့ မင္းသမီး ဗိုက္ႀကီးတယ္ဆိုတာ အေရးေပၚတားေဆးေတြ အလြယ္တကူ ဝယ္မရခင္က၊ ေသာက္လို႔ရတယ္ဆိုတဲ့ ဗဟုသုတ မရွိခင္က အျဖစ္ေတြပါ ညီမေလးတို႔ေရ…

ခုက်ေတာ့ အေရးေပၚတားေဆးေတြ အလြယ္တကူဝယ္လို႔ရလာေနပါၿပီ။ အတူေနၿပီး ၇၂နာရီ၊ ၃ရက္ အတြင္းေသာက္ရင္ ကိုယ္ဝန္ရႏိုင္ေျခကို ၉၀%ေက်ာ္ ကာကြယ္ေပးတယ္ဆိုတာ သိလာၿပီးေနာက္မွာေတာ့ ပန္းအိုးက်ကြဲတဲ့ အျဖစ္ေတြ သိပ္မရွိေတာ့ဘူးဆိုရမွာပါ။

ဒါေပမဲ့ ” တန္ေဆး လြန္ေဘး ” မဟုတ္လား ညီမေလးတို႔ရဲ႕… အလြယ္တကူဝယ္လို႔ရျခင္းေနာက္မွာ ခဏ ခဏ ေသာက္ရင္ေရာ ဆိုတာေတြ ပါလာပါတယ္။ ခု ဒီအေၾကာင္းေလးကို မွ်ေဝေပးမယ္ေနာ္။

၁။ အေရးေပၚတားေဆးမၾကာခဏေသာက္ရင္ ရာသီ မွန္မွာမဟုတ္ေတာ့ပါဘူး။

အေရးေပၚတားေဆးရဲ႕ အာနိသင္ဟာ မမ်ိဳးဥေႂကြတာကို ေနာက္က်ေစၿပီးရာသီ စက္ဝန္း ေနာက္က်တာ ၊ ရာသီလာမယ့္ရက္မလာတာေတြျဖစ္ေစပါတယ္။ တစ္လတည္းမွာ မေတာ္တဆ ႏွစ္ခါျဖစ္လို႔ ၂ႀကိမ္ေသာက္လိုက္ရၿပီဆိုရင္ အဲ့လအတြက္ ရာသီလံုးဝ မလာတာမ်ိဳးျဖစ္ႏိုင္ပါတယ္။ ေနာက္လေတြလည္း ဒီလို ဆက္ျဖစ္ဦးမယ္ဆိုရင္ ရာသီေတြ လာခ်င္သလို လာေနမွာျဖစ္ပါတယ္။

၂။ အေရးေပၚတားေဆးကို အေရးေပၚမွေသာက္ေစခ်င္ပါတယ္။

ဟုတ္ပါတယ္ ။ တစ္လထဲမွာ ႏွစ္ခါ ၊သံုးခါ မေတာ္တဆ ဆိုရင္ေတာ့ အေရးေပၚမဟုတ္ေတာ့ဘူးလို႔ အၾကံျပဳပါရေစ။ အေရးေပၚတားေဆးရဲ႕ ကိုယ္ဝန္တားႏိုင္တဲ့ ရာခိုင္ႏႈန္းက ၉၀ ပဲ ရွိၿပီး က်န္တဲ့ ၁၀ ရာခိုင္ႏႈန္းက မလိုခ်င္တဲ့ ကိုယ္ဝန္ရသြားႏိုင္ပါတယ္ မေတာ္တဆမဟုတ္တဲ့ အေနအထားမ်ိဳးအတြက္ ပိုၿပီးစိတ္ခ်ရတဲ့ ေသာက္ေဆး ၊ ထိုးေဆး၊ လက္ေမာင္းထည့္သားဆက္ျခားနည္း၊ သားအိမ္ထည့္သားဆက္ျခားနည္း စတဲ့ နည္းလမ္းတြကိုသာ သံုးသင့္ပါတယ္ ညီမေလးတို႔ေရ။

Related Article >>> ဆိုးက်ိဳးအနည္းဆံုး သေႏၶတားေဆး ေရြးခ်ယ္နည္း

၃။ အေရးေပၚတားေဆးရဲ႕ေဘးထြက္ဆိုးက်ိဳးေတြ ပိုခံစားရႏိုင္ပါတယ္။

အေရးေပၚတားေဆး ေသာက္ၿပီးရင္ မူးေဝၿပီးအန္တာ ၊ ရင္သားနာတာ၊ ကိုယ္လက္ႏံုးခ်ိတာေတြ ခံစားရႏိုင္ပါတယ္။

၄။ အေရးေပၚတားေဆးဟာ လိင္ကတစ္ဆင့္ကူးတဲ့ပိုးေတြကို မကာကြယ္ပါဘူး။

အေရးေပၚတားေဆးမၾကာခဏ ေသာက္ေနတယ္ဆိုရင္ လိင္ဆက္ဆံတဲ့ အေရအတြက္လည္း မ်ားေနတာ က်ိန္းေသပဲမို႔ လိင္ကတဆင့္ ပိုးကူးစက္ႏိုင္ေျခလည္း မ်ားပါတယ္။ ဒါေၾကာင့္ လိင္က တစ္ဆင့္ ကူးစက္ပိုးေတြကို ကာကြယ္ႏိုင္တဲ့ ကြန္ဒံုးကို ေရြးခ်ယ္သံုးဖို႔အၾကံျပဳပါရေစ။

အားလံုးကို ျခံဳၿပီးျပန္ေျပာရမယ္ဆိုရင္တာ့ အေရးေပၚတားေဆးဟာ ခဏခဏ ေသာက္သင့္တဲ့ ေဆးမဟုတ္သလို အိမ္ေထာင္ရွင္ေတြ သံုးသင့္တဲ့ ေဆးမ်ိဳးလည္း မဟုတ္ပါဘူး။ တစ္လတည္းမွာ ၃ႀကိမ္၊ ၄ႀကိမ္ေလာက္ ေသာက္ေနရၿပီဆိုရင္ ပိုစိတ္ခ်ရတဲ့ ေဆးနည္းကိုသာ သံုးဖို႔ ဆရာဝန္နဲ႔ တိုင္ပင္ေဆြးေႏြးၾကပါ ညီမေလးတို႔ေရ…

မယ္တင္(ေဆး ၁)

<<< Unicode >>>

တန်ဆေး လွန်ဘေးပေါ့အေ…

ဟော လျှက်စီးတွေလက် မိုးကြိုးတွေပစ် ပန်းအိုးတွေကျကွဲ နောက်နေ့ကျတော့ မင်းသမီး ဗိုက်ကြီးတယ်ဆိုတာ အရေးပေါ်တားဆေးတွေ အလွယ်တကူ ဝယ်မရခင်က၊ သောက်လို့ရတယ်ဆိုတဲ့ ဗဟုသုတ မရှိခင်က အဖြစ်တွေပါ ညီမလေးတို့ရေ…

ခုကျတော့ အရေးပေါ်တားဆေးတွေ အလွယ်တကူဝယ်လို့ရလာနေပါပြီ။ အတူနေပြီး ၇၂နာရီ၊ ၃ရက် အတွင်းသောက်ရင် ကိုယ်ဝန်ရနိုင်ခြေကို ၉၀%ကျော် ကာကွယ်ပေးတယ်ဆိုတာ သိလာပြီးနောက်မှာတော့ ပန်းအိုးကျကွဲတဲ့ အဖြစ်တွေ သိပ်မရှိတော့ဘူးဆိုရမှာပါ။

ဒါပေမဲ့ ” တန်ဆေး လွန်ဘေး ” မဟုတ်လား ညီမလေးတို့ရဲ့… အလွယ်တကူဝယ်လို့ရခြင်းနောက်မှာ ခဏ ခဏ သောက်ရင်ရော ဆိုတာတွေ ပါလာပါတယ်။ ခု ဒီအကြောင်းလေးကို မျှဝေပေးမယ်နော်။

၁။ အရေးပေါ်တားဆေးမကြာခဏသောက်ရင် ရာသီ မှန်မှာမဟုတ်တော့ပါဘူး။

အရေးပေါ်တားဆေးရဲ့ အာနိသင်ဟာ မမျိုးဥကြွေတာကို နောက်ကျစေပြီးရာသီ စက်ဝန်း နောက်ကျတာ ၊ ရာသီလာမယ့်ရက်မလာတာတွေဖြစ်စေပါတယ်။ တစ်လတည်းမှာ မတော်တဆ နှစ်ခါဖြစ်လို့ ၂ကြိမ်သောက်လိုက်ရပြီဆိုရင် အဲ့လအတွက် ရာသီလုံးဝ မလာတာမျိုးဖြစ်နိုင်ပါတယ်။ နောက်လတွေလည်း ဒီလို ဆက်ဖြစ်ဦးမယ်ဆိုရင် ရာသီတွေ လာချင်သလို လာနေမှာဖြစ်ပါတယ်။

၂။ အရေးပေါ်တားဆေးကို အရေးပေါ်မှသောက်စေချင်ပါတယ်။

ဟုတ်ပါတယ် ။ တစ်လထဲမှာ နှစ်ခါ ၊သုံးခါ မတော်တဆ ဆိုရင်တော့ အရေးပေါ်မဟုတ်တော့ဘူးလို့ အကြံပြုပါရစေ။ အရေးပေါ်တားဆေးရဲ့ ကိုယ်ဝန်တားနိုင်တဲ့ ရာခိုင်နှုန်းက ၉၀ ပဲ ရှိပြီး ကျန်တဲ့ ၁၀ ရာခိုင်နှုန်းက မလိုချင်တဲ့ ကိုယ်ဝန်ရသွားနိုင်ပါတယ် မတော်တဆမဟုတ်တဲ့ အနေအထားမျိုးအတွက် ပိုပြီးစိတ်ချရတဲ့ သောက်ဆေး ၊ ထိုးဆေး၊ လက်မောင်းထည့်သားဆက်ခြားနည်း၊ သားအိမ်ထည့်သားဆက်ခြားနည်း စတဲ့ နည်းလမ်းတွကိုသာ သုံးသင့်ပါတယ် ညီမလေးတို့ရေ။

Related Article >>> ဆိုးကျိုးအနည်းဆုံး သန္ဓေတားဆေး ရွေးချယ်နည်း

၃။ အရေးပေါ်တားဆေးရဲ့ဘေးထွက်ဆိုးကျိုးတွေ ပိုခံစားရနိုင်ပါတယ်။

အရေးပေါ်တားဆေး သောက်ပြီးရင် မူးဝေပြီးအန်တာ ၊ ရင်သားနာတာ၊ ကိုယ်လက်နုံးချိတာတွေ ခံစားရနိုင်ပါတယ်။

၄။ အရေးပေါ်တားဆေးဟာ လိင်ကတစ်ဆင့်ကူးတဲ့ပိုးတွေကို မကာကွယ်ပါဘူး။

အရေးပေါ်တားဆေးမကြာခဏ သောက်နေတယ်ဆိုရင် လိင်ဆက်ဆံတဲ့ အရေအတွက်လည်း များနေတာ ကျိန်းသေပဲမို့ လိင်ကတဆင့် ပိုးကူးစက်နိုင်ခြေလည်း များပါတယ်။ ဒါကြောင့် လိင်က တစ်ဆင့် ကူးစက်ပိုးတွေကို ကာကွယ်နိုင်တဲ့ ကွန်ဒုံးကို ရွေးချယ်သုံးဖို့အကြံပြုပါရစေ။

အားလုံးကို ခြုံပြီးပြန်ပြောရမယ်ဆိုရင်တာ့ အရေးပေါ်တားဆေးဟာ ခဏခဏ သောက်သင့်တဲ့ ဆေးမဟုတ်သလို အိမ်ထောင်ရှင်တွေ သုံးသင့်တဲ့ ဆေးမျိုးလည်း မဟုတ်ပါဘူး။ တစ်လတည်းမှာ ၃ကြိမ်၊ ၄ကြိမ်လောက် သောက်နေရပြီဆိုရင် ပိုစိတ်ချရတဲ့ ဆေးနည်းကိုသာ သုံးဖို့ ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးကြပါ ညီမလေးတို့ရေ…

မယ်တင်(ဆေး ၁)

မယ္တင္ (ေဆး-၁)
မယ္တင္ (ေဆး-၁)
ေယာင္းတို႔ေရ ေဟာဒီက က်ြန္မကေတာ့ Dr.တင္စုလြင္ပါရွင့္။ မိသားစုက်န္းမာေရးဆရာဝန္အျဖစ္ေဆးခန္းထိုင္ေနၿပီး အားလပ္ခ်ိန္မွာ စာေရးရတာကို သေဘာက်လြန္းလို႔ မယ္တင္( ေဆး ၁) ကေလာင္နာမည္နဲ႔က်န္းမာေရးဗဟုသုတနဲ႔ပတ္သက္ၿပီးေဆာင္းပါးေလးေတြေရးျဖစ္ပါတယ္။ အခုလည္း For Her Myanmar မွာ မိန္းကေလးဆရာဝန္အေနနဲ႔ အမ်ိဳးသမီးက်န္းမာေရးပိုင္းကို အဓိကထားေရးသားသြားမို႔လို႔ ေစာင့္ဖတ္ေပးၾကပါဦးေနာ္ ။

Leave a Reply

Your email address will not be published. Required fields are marked *