အရိုးပွရောဂါ ကြိုတင်ကာကွယ်ဖို့ ခရမ်းချဉ်သီးဖျော်ရည်သောက်ကြစို့

အမျိုးသမီးထုကို ခြိမ်းခြောက်နေတဲ့ အရိုးပွရောဂါကို ခရမ်းချဉ်သီးက တကယ်ပဲ ဖြေရှင်းပေးနိုင်မလား?????

ပျိုမေတို့ရေ…အခုချိန်မှာတော့ လွှားကနဲ လွှားကနဲ သွားလာနိုင်ပေမယ့် အာဂျီးမားအရွယ်ရောက်ရင် အရိုးတွေကနေ ညည်းညူသံတွေ ကြားရပါတော့မယ်။ ဒူးနာ ခါးနာ စသဖြင့်ပေါ့..။ ဒါတွေကို ဇရာလို့ သတ်မှတ်လို့ ရပေမယ့် ကိုယ်သာစွမ်းရင် အတတ်နိုင်ဆုံး ကာကွယ်လျှော့ချနိုင်ပါတယ်။ကာကွယ်လျှော့ချဖို့အတွက်လည်း ဆေးပညာရှင် ဆရာဝန်တွေက နည်းမှန်လမ်းမှန် နည်းလမ်း အသစ်အသစ်တွေကို ရှာဖွေနေကြပါတယ်။ အခုတော့ တွေ့ရှိခဲ့တဲ့ နည်းလမ်းက
“တစ်နေ့ကို ခရမ်းချဉ်သီးဖျော်ရည် တစ်နေ့(၂)ခွက် သောက်သုံးခြင်းဟာ အရိုးပွရောဂါကို ကာကွယ်နိုင်တယ်” ဆိုတာပါပဲ။ဘာကြောင့်ဆိုတာကတော့….
အရိုးပွရောဂါဟာ ဟော်မုန်းပြောင်းလဲတဲ့အခါ ၊ ကယ်လ်စီယမ်နဲ့ ဗီတာမင် ဒီချို့တဲ့တဲ့အခါ မှာ ဖြစ်ပွားတတ်ပါတယ်။ နောက်ပြီး အမျိုးသမီးတွေမှာ ပိုအဖြစ်များပါတယ်။ အမျိုးသမီးတွေက အမျိုးသားတွေထက် အရိုးအဆစ်သေးငယ်ပါတယ်။ ပြီးတော့ အရိုးတွေကို ကာကွယ်ပေးတဲ့ အက်စ်တရိုဂျင်(estrogen)ဆိုတဲ့ ဟော်မုန်းဟာ အမျိုးသမီးတွေ အသက်အရွယ်ကြီးလာတဲ့အခါမှာ လျော့နည်းသွားတတ်ပါတယ်။ခရမ်းချဉ်သီးဖျော်ရည်ကတော့ လျော့နည်းသွားတဲ့ estrogen ဟော်မုန်းကို ပြန်လည် ဖြည့်တင်းပေးပါတယ်။ခရမ်းချဉ်သီးဖျော်ရည်ကို နေ့စဉ်ပုံမှန် သောက်တဲ့ အမျိုးသမီးတွေကို လေ့လာကြည့်တဲ့ အခါ အရိုးပွရောဂါ ဖြစ်ပွားမှုနည်းတာကို တွေ့ရပါတယ်။သောက်သုံးသင့်တဲ့ ပမာဏကတော့ တစ်နေ့ (၂)ခွက် ပုံမှန်ဆို လုံလောက်ပြီလို့ ဆိုထားပါတယ်။
အသားအရေလှစေတဲ့ ဆရာတစ်ဆူ ခရမ်းချဉ်သီးဟာ အရိုးပွပါ ကာကွယ်နိုင်တယ်ဆိုတော့ ပျိုမေတို့အတွက် တစ်ချက်ခုတ် နှစ်ချက်ပြတ်ပါပဲ။ ဒီထက်ကောင်းတဲ့သတင်းတောင် ဒီလောက်မကောင်းပါဘူး။
ဟယ်…ဘာကြည့်နေတာလဲ..ခုပဲ ခရမ်းချဉ်သီးတွေ သွားဝယ်တော့လေ။?

Resource: http://www.ihafs.org/2015/01/drinking-tomato-juice-may-reduce-risk-of-osteoporosis/

No Comments Yet

Comments are closed