အမ်ိဳးသမီးတိုင္းသိထားသင့္တဲ့ သိုင္း႐ိုက္ေဟာ္မုန္းအေၾကာင္း

အငတ္ခံဝိတ္ခ်ေနရက္နဲ႔ ဒုံရင္းက ဒုံရင္းျဖစ္ေနရတာ ဒင္းေလးေၾကာင့္ပါတဲ့

တစ္ပတ္တစ္ခါ ေယာင္းတို႔နဲ႔ ပတ္သက္တဲ့ တစ္ကိုယ္ေရ က်န္းမာေရး ဂ႐ုစိုက္ဖို႔ ေယာင္းတို႔ ခ်စ္ရတဲ့သူေတြကို က်န္းမာေအာင္ ေစာင့္ေရွာက္ေပးဖို႔  အခ်ိန္က်ေရာက္လာၿပီဆိုေတာ့ ဒီတစ္ပတ္မွာ လူေတြ စိတ္ဝင္စားမႈမ်ားျပားလာတဲ့ သိုင္း႐ိုက္ေဟာ္မုန္းေလးအေၾကာင္း မွ်ေဝခ်င္ပါတယ္။

” ဘာမွမစားပါဘဲ ဝတုတ္ၿပီး ကိုယ္အေလးခ်ိန္ခ်မရတာ ” ” သူမ်ားမိန္းကေလးေတြ ရာသီ မွန္ေနခ်ိန္ ကိုယ့္မွာေတာ့ တစ္ခါလာၿပီး သံုး ေလး လေလာက္ရာသီမလာတာ ” ဒါေတြဟာ သိုင္း႐ိုက္ေဟာ္မုန္းေၾကာင့္ ျဖစ္ႏိုင္တယ္ဆို အံ့ၾသသြားမလား ေယာင္းတို႔ေရ။

Related Article >>> က်န္းမာေရးနဲ႔ညီၫြတ္ေစတဲ့ အစားအစာ (Healthy meal) အေၾကာင္းတစ္ေစ့တေစာင္း

ကဲ ကဲ …သိုင္း႐ိုက္ေဟာ္မုန္းအေၾကာင္း နိဒါန္းပ်ိဳးပါရေစ။ သိုင္း႐ိုက္ေဟာ္မုန္းဆိုတာ လည္ပင္းအေရွ႕မွာရွိတဲ့ လိပ္ျပာပံုစံ ေဟာ္မုန္းထုတ္တဲ့ ဂလင္းေလးတစ္ခုပါ။ ေယာင္းတို႔ မွန္ေရွ႕သြား ၊ “ဂလု” ဆိုၿပီး တံေတြးမ်ိဳခ်ၾကည့္ ဒီ လိပ္ျပာပံုေလးက အေပၚတက္သြားေရာ ။ လည္ပင္းႀကီး ေရာဂါရွိေနရင္ေတာ့ ဒီဂလင္းေလးကို ပိုသိသိသာသာ ျမင္ေနရမွာပါ။

ဒီဂလင္းေလးရဲ႕ အစြမ္းကေတာ့ မေသးဘူးဆိုရမွာပါ။ သူကတဆင့္ သိုင္း႐ိုက္ေဟာ္မုန္းေတြထုတ္ၿပီး ေသြးထဲမွာ ဇီဝကမၼျဖစ္စဥ္ေတြကို ပံ့ပိုးေနတာပါ။ ဥပမာ… အဆီေလာင္ကၽြမ္းမႈႏႈန္း ၊ ႏွလံုးခုန္ႏႈန္းေတြေပါ့ ဒီဂလင္းေလးက ေဟာ္မုန္းထုတ္တာမ်ားတဲ့အခါ Hyperthyroid လို႔ေခၚတဲ့ သိုင္း႐ိုက္ေဟာ္မုန္းမ်ားတဲ့ ေရာဂါ ျဖစ္ႏိုင္ၿပီး ေဟာ္မုန္းထုတ္တာနည္းတဲ့အခါ Hypothyroid လို႔ေခၚတဲ့ သိုင္း႐ိုက္ေဟာ္မုန္းနည္းတဲ့ေရာဂါ ျဖစ္လာရပါတယ္။

ဒီေရာဂါေတြျဖစ္ေနမွန္းဘယ္လိုသိမလဲ?

Hyperthyroid ေဟာ္မုန္းမ်ားၿပီဆိုရင္

– အစားအမ်ားႀကီးစားၿပီး ကိုယ္အေလးခ်ိန္က်ေနတာ

– ရင္တုန္တာ ၊ႏွလံုးခုန္ႏႈန္းျမန္တာ

– စိတ္တိုေဒါသထြက္လြယ္တာ

– လက္တုန္တာ

– အိပ္မေပ်ာ္တာ

– အပူဒဏ္မခံႏိုင္တာ

– ဝမ္း ပိုသြားတာ

– ရာသီနညး္တာ (သို႔) လံုးဝမလာတာ စတဲ့ လကၡဏာေတြခံစားရႏိုင္ပါတယ္။

Related Article >>> ကေလးလိုခ်င္တယ္ဆိုရင္ ေရွာင္ရမယ့္ အစားအစာ (၇) မ်ိဳး

Hypothyroid ေဟာ္မုန္းနည္းတာဆိုရင္ေတာ့ – အေအးဒဏ္မခံႏိုင္တာ – ကိုယ္အေလးခ်ိန္တက္လာတာ – ရာသီမ်ားတာ – ဝမ္းခ်ဳပ္တာ – ႏွလံုးခုန္ႏႈန္းေႏွးတာ – အလြယ္တကူေမာပန္းလြယ္တာ – ဝမ္းနညး္လြယ္တာ – အေရျပားေတြ ေျခာက္ၿပီးၾကမ္းတာ စတဲ့လကၡဏာေတြ ခံစားရမွာျဖစ္ပါတယ္။ ေယာင္းတို႔ ကိုယ္တိုင္ (သို႔) ကိုယ္နဲ႔နီးစပ္သူေတြထဲ ဒီလို လကၡဏာေတြ႕ရင္ ေဆးခန္းျပဖို႔ တိုက္တြန္းခ်င္ပါတယ္။

သိုင္း႐ိုက္ရဲ႕ လကၡဏာေတြဟာ အရမ္း သိသာေနတာမ်ိဳးမဟုတ္လို႔ သတိမထားမိတာမ်ိဳး လည္း ရွိေနတတ္ပါတယ္။ သံသယရွိမယ္ဆိုရင္ ဆရာဝန္က Thyroid function Test ( T3,T4,Tsh ) လို႔ေခၚတဲ့ ေသြးထဲက ေဟာ္မုန္းဓာတ္ကို ေဖာက္စစ္ၿပီး လိုအပ္ရင္ ေဆးေပးတာမ်ိဳးနဲ႔ ကုသႏိုင္ပါတယ္။ ေဟာ္မုန္းကို မသိဘဲ မကုဘဲ ထားမယ္ဆိုရင္ လည္ပင္းႀကီးတာ(သို႔) လည္ပင္း အဆိပ္ထုတ္တယ္လို႔ လူသိမ်ားတဲ့ ႏွလုံးခုန္ႏႈန္းအရမ္းျမန္ၿပီး သတိလစ္တာေတြထိ ရွိႏိုင္ပါတယ္။ ေယာင္းတို႔လည္း ေဟာ္မုန္းအေၾကာင္း တစ္ေစ့တစ္ေစာင္းသိၿပီမို႔ ေနာက္တသ္ပတ္ဖတ္ခ်င္တာေလးမ်ားရွိရင္လည္း ေျပာေပးသြားခဲ့ပါဦး။

မယ္တင္(ေဆး ၁)

<<<Unicode>>>

အငတ်ခံဝိတ်ချနေရက်နဲ့ ဒုံရင်းက ဒုံရင်းဖြစ်နေရတာ ဒင်းလေးကြောင့်ပါတဲ့

တစ်ပတ်တစ်ခါ ယောင်းတို့နဲ့ ပတ်သက်တဲ့ တစ်ကိုယ်ရေ ကျန်းမာရေး ဂရုစိုက်ဖို့ ယောင်းတို့ ချစ်ရတဲ့သူတွေကို ကျန်းမာအောင် စောင့်ရှောက်ပေးဖို့  အချိန်ကျရောက်လာပြီဆိုတော့ ဒီတစ်ပတ်မှာ လူတွေ စိတ်ဝင်စားမှုများပြားလာတဲ့ သိုင်းရိုက်ဟော်မုန်းလေးအကြောင်း မျှဝေချင်ပါတယ်။

” ဘာမှမစားပါဘဲ ဝတုတ်ပြီး ကိုယ်အလေးချိန်ချမရတာ ” ” သူများမိန်းကလေးတွေ ရာသီ မှန်နေချိန် ကိုယ့်မှာတော့ တစ်ခါလာပြီး သုံး လေး လလောက်ရာသီမလာတာ ” ဒါတွေဟာ သိုင်းရိုက်ဟော်မုန်းကြောင့် ဖြစ်နိုင်တယ်ဆို အံ့သြသွားမလား ယောင်းတို့ရေ။

Related Article >>> ကျန်းမာရေးနဲ့ညီညွတ်စေတဲ့ အစားအစာ (Healthy meal) အကြောင်းတစ်စေ့တစောင်း

ကဲ ကဲ …သိုင်းရိုက်ဟော်မုန်းအကြောင်း နိဒါန်းပျိုးပါရစေ။ သိုင်းရိုက်ဟော်မုန်းဆိုတာ လည်ပင်းအရှေ့မှာရှိတဲ့ လိပ်ပြာပုံစံ ဟော်မုန်းထုတ်တဲ့ ဂလင်းလေးတစ်ခုပါ။ ယောင်းတို့ မှန်ရှေ့သွား ၊ “ဂလု” ဆိုပြီး တံတွေးမျိုချကြည့် ဒီ လိပ်ပြာပုံလေးက အပေါ်တက်သွားရော ။ လည်ပင်းကြီး ရောဂါရှိနေရင်တော့ ဒီဂလင်းလေးကို ပိုသိသိသာသာ မြင်နေရမှာပါ။

ဒီဂလင်းလေးရဲ့ အစွမ်းကတော့ မသေးဘူးဆိုရမှာပါ။ သူကတဆင့် သိုင်းရိုက်ဟော်မုန်းတွေထုတ်ပြီး သွေးထဲမှာ ဇီဝကမ္မဖြစ်စဉ်တွေကို ပံ့ပိုးနေတာပါ။ ဥပမာ… အဆီလောင်ကျွမ်းမှုနှုန်း ၊ နှလုံးခုန်နှုန်းတွေပေါ့ ဒီဂလင်းလေးက ဟော်မုန်းထုတ်တာများတဲ့အခါ Hyperthyroid လို့ခေါ်တဲ့ သိုင်းရိုက်ဟော်မုန်းများတဲ့ ရောဂါ ဖြစ်နိုင်ပြီး ဟော်မုန်းထုတ်တာနည်းတဲ့အခါ Hypothyroid လို့ခေါ်တဲ့ သိုင်းရိုက်ဟော်မုန်းနည်းတဲ့ရောဂါ ဖြစ်လာရပါတယ်။

ဒီရောဂါတွေဖြစ်နေမှန်းဘယ်လိုသိမလဲ?

Hyperthyroid ဟော်မုန်းများပြီဆိုရင်

– အစားအများကြီးစားပြီး ကိုယ်အလေးချိန်ကျနေတာ

– ရင်တုန်တာ ၊နှလုံးခုန်နှုန်းမြန်တာ

– စိတ်တိုဒေါသထွက်လွယ်တာ

– လက်တုန်တာ

– အိပ်မပျော်တာ

– အပူဒဏ်မခံနိုင်တာ

– ဝမ်း ပိုသွားတာ

– ရာသီနည်းတာ (သို့) လုံးဝမလာတာ စတဲ့ လက္ခဏာတွေခံစားရနိုင်ပါတယ်။

Related Article >>> ကလေးလိုချင်တယ်ဆိုရင် ရှောင်ရမယ့် အစားအစာ (၇) မျိုး

Hypothyroid ဟော်မုန်းနည်းတာဆိုရင်တော့ – အအေးဒဏ်မခံနိုင်တာ – ကိုယ်အလေးချိန်တက်လာတာ – ရာသီများတာ – ဝမ်းချုပ်တာ – နှလုံးခုန်နှုန်းနှေးတာ – အလွယ်တကူမောပန်းလွယ်တာ – ဝမ်းနည်းလွယ်တာ – အရေပြားတွေ ခြောက်ပြီးကြမ်းတာ စတဲ့လက္ခဏာတွေ ခံစားရမှာဖြစ်ပါတယ်။ ယောင်းတို့ ကိုယ်တိုင် (သို့) ကိုယ်နဲ့နီးစပ်သူတွေထဲ ဒီလို လက္ခဏာတွေ့ရင် ဆေးခန်းပြဖို့ တိုက်တွန်းချင်ပါတယ်။

သိုင်းရိုက်ရဲ့ လက္ခဏာတွေဟာ အရမ်း သိသာနေတာမျိုးမဟုတ်လို့ သတိမထားမိတာမျိုး လည်း ရှိနေတတ်ပါတယ်။ သံသယရှိမယ်ဆိုရင် ဆရာဝန်က Thyroid function Test ( T3,T4,Tsh ) လို့ခေါ်တဲ့ သွေးထဲက ဟော်မုန်းဓာတ်ကို ဖောက်စစ်ပြီး လိုအပ်ရင် ဆေးပေးတာမျိုးနဲ့ ကုသနိုင်ပါတယ်။ ဟော်မုန်းကို မသိဘဲ မကုဘဲ ထားမယ်ဆိုရင် လည်ပင်းကြီးတာ(သို့) လည်ပင်း အဆိပ်ထုတ်တယ်လို့ လူသိများတဲ့ နှလုံးခုန်နှုန်းအရမ်းမြန်ပြီး သတိလစ်တာတွေထိ ရှိနိုင်ပါတယ်။ ယောင်းတို့လည်း ဟော်မုန်းအကြောင်း တစ်စေ့တစ်စောင်းသိပြီမို့ နောက်တသ်ပတ်ဖတ်ချင်တာလေးများရှိရင်လည်း ပြောပေးသွားခဲ့ပါဦး။

မယ်တင်(ဆေး ၁)

No Comments Yet

Comments are closed