Health

မိန္းကေလးေတြေ မိန္းမကိုယ္နဲ႔ ပက္သက္ၿပီး လြဲမွားေနတဲ့ အျပဳအမူမ်ား 

လံုးဝ…. လံုးဝ…. မလုပ္သင့္တာပါေနာ္… 

ေယာင္းတို႔ေရ … မိန္းမကိုယ္ဆိုတာ အမ်ိဳးသမီးတစ္ေယာက္ရဲ႕ ကိုယ္ခႏၶာမွာ အႏူးညံ့ဆံုးအစိတ္အပိုင္းပါ။ မိန္းမကိုယ္သန္႔ရွင္းမႈမရွိရင္ ျပင္ပက ေရာဂါပိုးေတြဝင္လာႏိုင္သလို မိန္းမကိုယ္သန္႔ရွင္းတဲ့ နည္းလမ္းေတြမွားေနရင္လည္း ေရာဂါပိုးေတြ ဝင္ေရာက္ၿပီး မလိုလားအပ္တဲ့ျပႆနာေတြ ျဖစ္လာတတ္ပါတယ္။ ဒါေပမဲ့လည္း တခ်ိဳ႕ေသာ အမ်ိဳးသမီးေတြအေနနဲ႔ မွားယြင္းၿပီး ျပဳမူတတ္တဲ့ ကိစၥမ်ိဳးေတြ ရွိပါတယ္။

(၁) အနံ႔ပါတဲ့ ဆပ္ျပာေတြ ေရေမႊးေတြ အသံုးျပဳျခင္း

မိန္းမကိုယ္က အနံ႔ဆိုးကို ဖံုးကြယ္ဖို႔အတြက္ဆိုၿပီး ကိုယ္တိုက္ဆပ္ျပာခဲ၊ ဆပ္ျပာရည္နဲ႔ ေရေမႊးေတြသံုးတာမ်ိဳးေတြ ဒါေတြကို တစ္ကိုယ္ရည္သန္႔ရွင္းေရးအတြက္ အသံုးျပဳႏိုင္ေပမဲ့ မိန္းမကိုယ္ကို ေဆးတဲ့အခါမွာေတာ့ သာမန္ဆပ္ျပာေတြဟာ မိန္းမကိုယ္မွာ ရွိသင့္တဲ့ pH balance ကို ကေမာက္ကမျဖစ္ေစၿပီး ေရာဂါပိုးဝင္ေစပါတယ္။ အနံ႔ဆိုးေတြနဲ႔ ဘက္တီးရီးယားပိုးကာကြယ္မႈနဲ႔ မိန္းမကိုယ္ရဲ႕ လိုအပ္တဲ့ pH Level 5 ကိုထိန္းသိမ္းႏိုင္ဖို႔အတြက္ pH Care လိုမ်ိဳး က်န္းမာေရးအာမခံခ်က္ရွိတဲ့ မိန္းမကိုယ္ေဆးေၾကာဖို႔ သီးသန္႔ထုတ္လုပ္ထားတဲ့ ေဆးရည္မ်ိဳးကို သံုးသင့္ပါတယ္။

(၂) က်ပ္လြန္းသည့္ အတြင္းခံမ်ား ဝတ္ဆင္ျခင္း

အတြင္းခံေတြက ေယာင္းကို သက္ေတာင့္သက္သာျဖစ္ေစတာမ်ိဳးပဲ ျဖစ္သင့္ပါတယ္။ အရမ္းက်ပ္တဲ့အတြင္းခံေတြက မိန္းမကိုယ္နဲ႔ ပြတ္တိုက္မႈမ်ားတဲ့အခါ ေရာင္ရမ္းျခင္းေတြ ျဖစ္လာတတ္ပါတယ္။ က်ပ္လြန္းတဲ့အခါ အပူဓာတ္ေတြနဲ႔ ေခၽြးေတြလာစုၿပီး ဘက္တီးရီးယားေတြ ေပါက္ဖြားႏိုင္တာေၾကာင့္ ပိုးဝင္တာမ်ိဳးေတြလည္း ျဖစ္လာႏိုင္ပါတယ္ေနာ္။

Related Article >>> “ဓမၼတာလာတယ္ဆိုတာ လူတိုင္းမွာ မျဖစ္ဘဲ အမ်ိဳးသမီးေတြမွာမွ ျဖစ္တာမို႔ ဒါကို ဂုဏ္ယူသင့္တယ္” လို႔ ဆိုလာတဲ့ ပန္းကေလးရဲ႕ ပဲ့ကိုင္ရွင္ “Henriette Ceyrac”

(၃) ၾကားဖူးနားဝနည္းလမ္းမ်ိဳးျဖင့္ မိန္းမကိုယ္က်ဥ္းေအာင္လုပ္ျခင္း

ဒါကေတာ့ အိမ္ေထာင္သည္ေယာင္းေတြမွာ အျဖစ္မ်ားတတ္တဲ့ကိစၥပါ။ ခင္ပြန္းသည္ကို ကာမသုခခံစားႏိုင္ေအာင္ဆိုတဲ့ ရည္ရြယ္ခ်က္နဲ႔ မိန္းမကိုယ္ျပန္က်ဥ္းေအာင္ ေက်ာက္ခ်ဥ္စိမ္တာမ်ိဳးေတြ၊ ေဈးကြက္ထဲက မိန္းမကိုယ္က်ဥ္းတယ္ဆိုတဲ့ ပစၥည္းဝယ္ထည့္တာမ်ိဳးေတြ လုပ္တတ္ၾကပါတယ္။ မိန္းမကိုယ္လို ႏူးညံ့ၿပီး အေရးႀကီးတဲ့ ခႏၶာကုိယ္ အစိတ္အပိုင္းတစ္ခုအတြက္ အာမခံခ်က္မရွိတဲ့ ပစၥည္းမ်ိဳးေတြ အသံုးျပဳတာဟာ အႏၱရာယ္မ်ားလြန္းပါတယ္။ အသက္အႏၱရာယ္အထိပါ စိုးရိမ္ရတဲ့ ကိစၥမ်ိဳးမို႔ လံုးဝကို ေရွာင္က်ဥ္သင့္တဲ့ ကိစၥပါ။

(၄) ေဆးခန္းသြားရန္ ရွက္ေၾကာက္ျခင္း

မိန္းမကိုယ္က တစ္ခါတေလ အျဖဴဆင္းတာမ်ိဳးျဖစ္တတ္ပါတယ္။ ရိုးရိုးအျဖဴဆင္းတာဆိုကိစၥမရွိေပမဲ့ ယားယံတာ ေရာင္ရမ္းတာေတြနဲ႔ အျခားအေရာင္ေတြ ဆင္းရင္ေတာ့ မေပါ့ဆသင့္ေတာ့ဘဲ တတ္ကၽြမ္းတဲ့ဆရာဝန္နဲ႔ သြားျပသင့္ပါၿပီ။ ျမန္မာမိန္းကေလးအမ်ားစုက မိန္းမကိုယ္နဲ႔ ပတ္သက္ၿပီး ေဆးခန္းျပရမယ္ဆို တြန္႔သြားတတ္ပါတယ္။ ဒီအတြက္ Stella ေျပာခ်င္တာကေတာ့ က်န္းမာေရးအတြက္ ေဆးခန္းျပရတာရွက္စရာတစ္ခုမဟုတ္ဘူးဆိုတာပါပဲ။ ေဆးခန္းမျပဘဲ ဒီတိုင္းထားလိုက္ရင္ ေရာဂါပိုးဝင္ၿပီး ပိုဆိုးရံုပဲ ရွိမွာမို႔ ေယာင္းရဲ႕မိန္းမကိုယ္မွာ မူမမွန္တာ သတိထားမိတယ္ဆိုရင္ ေဆးခန္းသြားျပဖို႔ ဝန္မေလးပါနဲ႔။

Related Article >>> ညီမေလးတို႔ မျဖစ္မေန သိထားသင့္တဲ့ လိင္အဂၤါ ေရယုန္အေၾကာင္း

ဒီအခ်က္ေတြက အခုထက္ထိတိုင္ တခ်ိဳ႕အမ်ိဳးသမီးေတြ လုပ္မိေနဆဲမို႔ ထပ္မံ အသိေပးလိုက္ရျခင္းပါေနာ္။

မိန္းမကိုယ္က်န္းမာေရးဟာ အမ်ိဳးသမီးေတြရဲ႕ အရမ္းကိုအေရးႀကီးတဲ့ က႑မို႔ အထူးဂရုစိုက္ေစာင့္ေရွာက္ပါလို႔ တိုက္တြန္းရင္း…

Stella (For Her Myanmar)

လုံးဝ…. လုံးဝ…. မလုပ်သင့်တာပါနော်… 

ယောင်းတို့ရေ … မိန်းမကိုယ်ဆိုတာ အမျိုးသမီးတစ်ယောက်ရဲ့ ကိုယ်ခန္ဓာမှာ အနူးညံ့ဆုံးအစိတ်အပိုင်းပါ။ မိန်းမကိုယ်သန့်ရှင်းမှုမရှိရင် ပြင်ပက ရောဂါပိုးတွေဝင်လာနိုင်သလို မိန်းမကိုယ်သန့်ရှင်းတဲ့ နည်းလမ်းတွေမှားနေရင်လည်း ရောဂါပိုးတွေ ဝင်ရောက်ပြီး မလိုလားအပ်တဲ့ပြဿနာတွေ ဖြစ်လာတတ်ပါတယ်။ ဒါပေမဲ့လည်း တချို့သော အမျိုးသမီးတွေအနေနဲ့ မှားယွင်းပြီး ပြုမူတတ်တဲ့ ကိစ္စမျိုးတွေ ရှိပါတယ်။

(၁) အနံ့ပါတဲ့ ဆပ်ပြာတွေ ရေမွှေးတွေ အသုံးပြုခြင်း

မိန်းမကိုယ်က အနံ့ဆိုးကို ဖုံးကွယ်ဖို့အတွက်ဆိုပြီး ကိုယ်တိုက်ဆပ်ပြာခဲ၊ ဆပ်ပြာရည်နဲ့ ရေမွှေးတွေသုံးတာမျိုးတွေ ဒါတွေကို တစ်ကိုယ်ရည်သန့်ရှင်းရေးအတွက် အသုံးပြုနိုင်ပေမဲ့ မိန်းမကိုယ်ကို ဆေးတဲ့အခါမှာတော့ သာမန်ဆပ်ပြာတွေဟာ မိန်းမကိုယ်မှာ ရှိသင့်တဲ့ pH balance ကို ကမောက်ကမဖြစ်စေပြီး ရောဂါပိုးဝင်စေပါတယ်။ အနံ့ဆိုးတွေနဲ့ ဘက်တီးရီးယားပိုးကာကွယ်မှုနဲ့ မိန်းမကိုယ်ရဲ့ လိုအပ်တဲ့ pH Level 5 ကိုထိန်းသိမ်းနိုင်ဖို့အတွက် pH Care လိုမျိုး ကျန်းမာရေးအာမခံချက်ရှိတဲ့ မိန်းမကိုယ်ဆေးကြောဖို့ သီးသန့်ထုတ်လုပ်ထားတဲ့ ဆေးရည်မျိုးကို သုံးသင့်ပါတယ်။

(၂) ကျပ်လွန်းသည့် အတွင်းခံများ ဝတ်ဆင်ခြင်း

အတွင်းခံတွေက ယောင်းကို သက်တောင့်သက်သာဖြစ်စေတာမျိုးပဲ ဖြစ်သင့်ပါတယ်။ အရမ်းကျပ်တဲ့အတွင်းခံတွေက မိန်းမကိုယ်နဲ့ ပွတ်တိုက်မှုများတဲ့အခါ ရောင်ရမ်းခြင်းတွေ ဖြစ်လာတတ်ပါတယ်။ ကျပ်လွန်းတဲ့အခါ အပူဓာတ်တွေနဲ့ ချွေးတွေလာစုပြီး ဘက်တီးရီးယားတွေ ပေါက်ဖွားနိုင်တာကြောင့် ပိုးဝင်တာမျိုးတွေလည်း ဖြစ်လာနိုင်ပါတယ်နော်။

Related Article >>> “ဓမ္မတာလာတယ်ဆိုတာ လူတိုင်းမှာ မဖြစ်ဘဲ အမျိုးသမီးတွေမှာမှ ဖြစ်တာမို့ ဒါကို ဂုဏ်ယူသင့်တယ်” လို့ ဆိုလာတဲ့ ပန်းကလေးရဲ့ ပဲ့ကိုင်ရှင် “Henriette Ceyrac”

(၃) ကြားဖူးနားဝနည်းလမ်းမျိုးဖြင့် မိန်းမကိုယ်ကျဉ်းအောင်လုပ်ခြင်း

ဒါကတော့ အိမ်ထောင်သည်ယောင်းတွေမှာ အဖြစ်များတတ်တဲ့ကိစ္စပါ။ ခင်ပွန်းသည်ကို ကာမသုခခံစားနိုင်အောင်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ မိန်းမကိုယ်ပြန်ကျဉ်းအောင် ကျောက်ချဉ်စိမ်တာမျိုးတွေ၊ ဈေးကွက်ထဲက မိန်းမကိုယ်ကျဉ်းတယ်ဆိုတဲ့ ပစ္စည်းဝယ်ထည့်တာမျိုးတွေ လုပ်တတ်ကြပါတယ်။ မိန်းမကိုယ်လို နူးညံ့ပြီး အရေးကြီးတဲ့ ခန္ဓာကိုယ် အစိတ်အပိုင်းတစ်ခုအတွက် အာမခံချက်မရှိတဲ့ ပစ္စည်းမျိုးတွေ အသုံးပြုတာဟာ အန္တရာယ်များလွန်းပါတယ်။ အသက်အန္တရာယ်အထိပါ စိုးရိမ်ရတဲ့ ကိစ္စမျိုးမို့ လုံးဝကို ရှောင်ကျဉ်သင့်တဲ့ ကိစ္စပါ။

(၄) ဆေးခန်းသွားရန် ရှက်ကြောက်ခြင်း

မိန်းမကိုယ်က တစ်ခါတလေ အဖြူဆင်းတာမျိုးဖြစ်တတ်ပါတယ်။ ရိုးရိုးအဖြူဆင်းတာဆိုကိစ္စမရှိပေမဲ့ ယားယံတာ ရောင်ရမ်းတာတွေနဲ့ အခြားအရောင်တွေ ဆင်းရင်တော့ မပေါ့ဆသင့်တော့ဘဲ တတ်ကျွမ်းတဲ့ဆရာဝန်နဲ့ သွားပြသင့်ပါပြီ။ မြန်မာမိန်းကလေးအများစုက မိန်းမကိုယ်နဲ့ ပတ်သက်ပြီး ဆေးခန်းပြရမယ်ဆို တွန့်သွားတတ်ပါတယ်။ ဒီအတွက် Stella ပြောချင်တာကတော့ ကျန်းမာရေးအတွက် ဆေးခန်းပြရတာရှက်စရာတစ်ခုမဟုတ်ဘူးဆိုတာပါပဲ။ ဆေးခန်းမပြဘဲ ဒီတိုင်းထားလိုက်ရင် ရောဂါပိုးဝင်ပြီး ပိုဆိုးရုံပဲ ရှိမှာမို့ ယောင်းရဲ့မိန်းမကိုယ်မှာ မူမမှန်တာ သတိထားမိတယ်ဆိုရင် ဆေးခန်းသွားပြဖို့ ဝန်မလေးပါနဲ့။

Related Article >>> ညီမလေးတို့ မဖြစ်မနေ သိထားသင့်တဲ့ လိင်အင်္ဂါ ရေယုန်အကြောင်း

ဒီအချက်တွေက အခုထက်ထိတိုင် တချို့အမျိုးသမီးတွေ လုပ်မိနေဆဲမို့ ထပ်မံ အသိပေးလိုက်ရခြင်းပါနော်။

မိန်းမကိုယ်ကျန်းမာရေးဟာ အမျိုးသမီးတွေရဲ့ အရမ်းကိုအရေးကြီးတဲ့ ကဏ္ဍမို့ အထူးဂရုစိုက်စောင့်ရှောက်ပါလို့ တိုက်တွန်းရင်း…

Stella (For Her Myanmar)

 

Stella
Stella
Stella ကေတာ့ Fashion နဲ႕ Beauty ကို ဝါသနာပါလို႔ For Her Myanmar မွာ ေယာင္းေယာင္းတို႔အတြက္ beauty hacks ေတြ, fashion နဲ႕ပက္သက္တဲ့ အေၾကာင္းအရာမ်ိဳးစံုကို အဓိကေဝမွ်ေပးသြားမွာပါ။ သုတရသေတြကိုလည္း လက္လွမ္းမွီသေလာက္ ေရးေပးပါေသးတယ္။

Leave a Reply

Your email address will not be published. Required fields are marked *