အပျိုရှုံးလောက်တဲ့ ခန္ဓာကိုယ်ပိုင်ရှင် ဆယ်လီ မေမေများ

WOW ပါပဲ မမတို့ရယ် !!!!!

ဆယ်လီ Kylie Jenner တစ်ယောက် သူမရဲ့ သမီးလေး Stormi ရဲ့ တစ်လပြည့်မွေးနေ့မှာပဲ သူမရဲ့ တစ်သားမွေးတစ်သွေးလှ ခန္ဓာကိုယ်ကို Snap Chat ပေါ်တင်ပြီးကြွားခဲ့ပါတယ်။ သူမရဲ့ ခန္ဓာကိုယ်ဟာ မကြာခင်ကမှ မီးဖွားထားတဲ့ မိခင်တစ်ယောက်လို့တောင် မထင်ရဘဲ ချပ်ရပ်တဲ့ဗိုက်သားနဲ့ တောင့်တင်းလှပနေဆဲပါ။

သူမလိုပဲ တစ်သားမွေးပြီး တစ်သွေးလှနေဆဲ အပျိုရှုံးတဲ့ ခန္ဓာကိုယ်တွေကို ပိုင်ဆိုင်ထားတဲ့ တခြား နာမည်ကျော်အနုပညာရှင်တွေရှိပါသေးတယ်။

Kylie Jenner

သူတို့တွေကတော့ ….

၁။ Jessica Alba

Jessica တစ်ယောက် သူမရဲ့ သုံးယောက်မြောက်ရင်သွေးကို ၂၀၁၇ သြဂုတ်လကမွေးဖွားခဲ့ပြီး သူမရဲ့အပျိုရှုံးတဲ့ ခန္ဓာကိုယ်ကတော့ ပုံထဲကအတိုင်းပါပဲ။

Related Article >>> အောင်မြင်ကျော်ကြား အိမ်ထောင်ရှင်အမျိုးသမီးများ

Jessica Alba

၂။ Jennifer Lopez

J-Lo ကတော့ အမိုက်စားခန္ဓာကိုယ်ပိုင်ရှင်တွေထဲမှာ စံထားရတဲ့အမျိုးသမီးပါပဲ။ သူမဟာ အသက်လေးဆယ်ကျော်ပြီး ကလေးနှစ်ယောက်မွေးထားတာတောင် လုံးဝမိုက်တဲ့ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားတာပါ။

J-Lo

၃။ Naomi Watts

King Kong ဇာတ်လမ်းနဲ့ နာမည်ကျော်ခဲ့တဲ့ မင်းသမီး နာအိုမီဝပ်ဟာလည်း ကလေးအမေဖြစ်ပေမဲ့ လှပတဲ့ ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားဆဲပါ။

Naomi Watt

သူမတို့ဒီလိုကိုယ်ခန္ဓာကိုယ်ကို ပိုင်ဆိုင်ခဲ့ရတာ ပါရမီထူးလို့သက်သက်မဟုတ်ပါဘူး။ အစားအသောက်ကို အလွန်အကျွံမစားတာ၊ အားကစားလုပ်တာတွေကြောင့်လည်း ပါပါတယ်။

မေမေဖြစ်နေတဲ့ယောင်းတွေ၊ ဖြစ်တော့မဲ့ ယောင်းတွေ၊ ဖြစ်ချင်တဲ့ ယောင်းတွေလည်း သူတို့လို မဟုတ်တောင် မေမေဖြစ်ပြီးတဲ့နောက်မှာ အစားအသောက်ကို အဟာရမျှတရုံစားမယ်၊ ကိုယ်လက်လှုပ်ရှားပုံမှန်လုပ်ပေးမယ်ဆိုရင် ကျန်းမာရေးနဲ့ညီညွတ်ပြီး ကြည့်ကောင်းတဲ့ ခန္ဓာကိုယ်ကိုပိုင်ဆိုင်ကြမှာပါ။

ယောင်းတို့ လှပကြပါစေ… ။

Sugar Cane ( For Her Myanmar )

Reference – Glamour, Working Mother

No Comments Yet

Leave a Reply

Your email address will not be published.