သတိလစ္ေတာ့မယ္ဆို ခံစားလာရတတ္တဲ့ေရွ႕ေျပးလကၡဏာမ်ားနဲ႔ ျပန္ကုစားႏိုင္မယ့္ နည္းလမ္းမ်ား

မိနစ္ပိုင္းေလာက္ႀကိဳသိထားရင္ေတာင္ ေနာက္ဆက္တြြဲဆိုးက်ိဳးေတြကို ႀကိဳကာကြယ္ႏိုင္တာေပါ့

 ေသြးေပါင္ခ်ိန္ ရုတ္တရက္ ထိုးက်သြားတဲ့အေျခအေနမ်ဳိး၊ ဦးေႏွာက္ထဲ ေအာက္ဆီဂ်င္ဓာတ္ လံုလံုေလာက္ေလာက္ မေရာက္ေတာ့တဲ့ အခ်ိန္မ်ဳိးမွာ သတိလစ္ေမ့ေျမာတာေတြကို ၾကံဳေတြ႕ရတတ္ပါတယ္။ ေယာင္းတို႔လည္း တစ္ႀကိမ္တစ္ခါေတာ့ သတိလစ္သြားတာမ်ဳိး ခံစားရဖူးမွာပါ။ ဒီလိုျခစ္ျခစ္ေတာက္ပူတဲ့ ရာသီဥတုမ်ဳိးမွာ ေခၽြးထြက္လြန္ၿပီး ကိုယ္ခံစြမ္းအားက်ဆင္းသြားတာမ်ိဳး ၊ အရမ္းစိတ္လႈပ္ရွားသြားၿပီး ႏွလံုးခုန္မမွန္ေတာ့တဲ့အခါမ်ိဳးမွာ သတိလစ္ေမ့ေမ်ာမႈအမ်ားဆုံး ျဖစ္တတ္ပါတယ္။ ဒီေတာ့ မင္မင္ကေန ဒီလုိ သတိလစ္ေမ့ေျမာမႈ မတိုင္ခင္ႀကိဳတင္ခံစားရႏိုင္တဲ့ လကၡဏာေတြအေၾကာင္းနဲ႔ ဘယ္လိုျပန္ကုစားႏိုင္မလဲဆိုတာကုိ  ေဝမွ်ေပးသြားခ်င္ပါတယ္။

၁။ ေခါင္းထဲမိုက္ခနဲ ျဖစ္သြားမယ္၊ ရီေဝေဝျဖစ္ေနမယ္

ထိုင္ရာကေန ရုတ္တရက္ မတ္တပ္ရပ္လိုက္ရင္ ေခါင္းထဲမိုက္ခနဲျဖစ္ၿပီး ခ်ာခ်ာလည္သြားဖူးလား ေယာင္းေရ။ ဒီလိုျဖစ္တာဟာ သတိလစ္ႏုိင္တဲ့ ေရွ႕ေျပးလကၡဏာတစ္ခုျဖစ္ပါတယ္။ ရုတ္တရက္ မတ္တပ္ရပ္လိုက္တဲ့အခါ ဦးေႏွာက္ထဲက ေသြးပမာဏ ခ်က္ခ်င္းေလ်ာ့က်သြားသလို ေသြးေပါင္ခ်ိန္လည္း ထိုးက်သြားတာမို႔ သတိလစ္သြားတာ ျဖစ္ပါတယ္။ ဒီလိုမျဖစ္ေအာင္ ရုတ္တရက္ မတ္တပ္မရပ္ခင္ ေပါင္နဲ႔ေျခသလံုးႂကြက္သားေတြကို လက္နဲ႔ဖ်စ္ညွစ္ၿပီး ခႏၶာကိုယ္အေပၚကို ေသြးျပန္ေရာက္ေအာင္ ျပဳလုပ္ေပးႏုိင္ပါတယ္

၂။ မ်က္လံုးထဲမွာ အစက္အေျပာက္ေလးေတြ ျမင္ေနၿပီ

မ်က္လံုးထဲမွာ အစက္အေျပာက္ေတြျမင္ရတာကလည္း သတိလစ္ေတာ့မယ့္ ေရွ႕ေျပးလကၡဏာ တစ္ခုပါပဲ။ တကယ္ေတာ့ မ်က္လံုးအတြင္းပိုင္းမွာ ဖိအားသတ္သတ္မွတ္မွတ္ ရွိေနပါတယ္။ ကိုယ္ခႏၶာအထက္ပိုင္းက ေသြးေတြရုတ္တရက္ ထိုးက်သြားတဲ့အခါ မ်က္လံုးထဲက ေသြးေၾကာမွ်င္ေလးေတြ ေပါက္ထြက္သြားတတ္ၿပီး ေယာင္းတို႔အျမင္အာရံုမွာ အစက္အေျပာက္ေတြ ျမင္လာရပါေတာ့တယ္။ ဒီလိုျဖစ္ခဲ့ရင္ ထိုင္ခ်လိုက္ၿပီး ဒူးေခါင္းႏွစ္လံုးၾကားမွာ ေခါင္းတင္ထားလိုက္ပါ။ ဒါဆို ဦးေႏွာက္ထဲ ေသြးျပန္ဝင္လာမွာပါ။

Related article>>> ဒီအေၾကာင္းရင္း (၁၂)ခု ရွိေနရင္ ေသြး မလွဴပါနဲ႔။

၃။ အသက္ရွဴ ျမန္လာမယ္

လူအေတာ္မ်ားမ်ားက သတိလစ္ေမ့ေျမာမသြားခင္ အသက္ရွဴတာ ပံုမွန္ထက္ ျမန္လာတတ္ပါတယ္။ ဘာေၾကာင့္လဲဆိုရင္ ဦးေႏွာက္ထဲမွာ ေအာက္ဆီဂ်င္ဓာတ္ ပံုမွန္ထပ္နည္းလာတဲ့အခါ လိုအပ္တဲ့ေလရရွိေအာင္ ခႏၶာကိုယ္ကို အသက္ျမန္ျမန္ရွဴဖို႔ အားေပးသလိုျဖစ္ေစပါတယ္။ အသက္ရွဴ ျမန္လာတယ္လို႔ သတိထားမိရင္ တစ္ေနရာရာမွာ ထိုင္ခ်၊ လဲွခ်လိုက္ပါ။ ၿပီးရင္ မ်က္လံုးမွိတ္လိုက္ၿပီး ဗိုက္ေပၚလက္တင္ထားလိုက္ပါ။ အသက္ကို ျဖည္းျဖည္းနဲ႔မွန္မွန္ရွဴေပးပါ။ ႏွာေခါင္းက အသက္ရွဴသြင္းၿပီး ပါးစပ္က ျပန္မႈတ္ထုတ္ေပးပါ။ ဒီလိုလုပ္ေပးရင္ ေအာက္ဆီဂ်င္ဓာတ္က ဆဲလ္ေတြထဲကို လံုလံုေလာက္ေလာက္ ဝင္ေရာက္သြားၿပီး ဦးေႏွာက္ကို ပံုမွန္ျပန္ျဖစ္ေစမွာပါ။

၄။ လက္ဖ်ားထိပ္၊ ေျခဖ်ားထိပ္ေတြ ထံုက်ဥ္လာမယ္

ဦးေႏွာက္ထဲကို ေသြးလံုလံုေလာက္ေလာက္ မေရာက္ရင္ ေသြးထဲက ကယ္လ္စီယမ္ဓာတ္ေတြ ထိုးက်သြားပါတယ္။ ဒီလိုျဖစ္ရင္ လက္ဖ်ား၊ ေျခဖ်ားေတြနဲ႔ ႏႈတ္ခမ္းေတြပါ ထံုက်ဥ္လာတတ္ပါတယ္။ ဘာေၾကာင့္လဲဆိုရင္ ခႏၶာကိုယ္အတြက္ လုိအပ္တဲ့ဓာတ္ေတြကို ဒီေနရာေတြကေန ဆဲြယူ သံုးစဲြလိုက္လို႔ပါ။ အက်ႌက်ပ္က်ပ္၊ ခါးပတ္က်ပ္က်ပ္ ဝတ္ထားရင္ ခ်က္ခ်င္း ေလွ်ာ့လိုက္ၿပီး နားနားေနေနထိုင္ေနလိုက္ပါ။ ေသြးလည္ပတ္မႈျပန္ေကာင္းလာၿပီး ထုံက်ဥ္တာေတြ သက္သာသြားမွာပါ။

၅။ ေျခလက္ေတြ ရုတ္တရက္ ေႏြးသြားမယ္

ဦးေႏွာက္ထဲ ေအာက္စီဂ်င္နည္းတဲ့ အေျခအေနကို တုန္႔ျပန္ဖို႔ ေယာင္းတို႔ႏွလံုးက အခ်ိန္တိုအတြင္း အလုပ္အရမ္းလုပ္ေပးလိုက္ရပါတယ္။ ဒီလိုလုပ္ေပးလိုက္တဲ့အခါ ေသြးေတြက ေျခေထာက္နဲ႔လက္လို ခႏၶာကိုယ္ထဲက မလိုအပ္တဲ့ေနရာေတြကို မွားေရာက္ကုန္ပါတယ္။ ဒီလို ေျခလက္ေတြ ေႏြးကုန္တာနဲ႔ ေအးျမၿပီး ေလဝင္ေလထြက္ေကင္းတဲ့ ေနရာကိုရွာပါ။ ၿပီးရင္ ထိုင္ခ်လိုက္ၿပီး ေရေသာက္ေပးပါ။

Related article>>> ေသြးတုိးနဲ႔ဆီးခ်ဳိေရာဂါ ယွဥ္တြဲခံစားေနရသူမ်ားအတြက္ က်န္းမာေအာင္ေနထိုင္နည္း

၆။ အၾကာႀကီး မတ္တပ္ရပ္ေနမိတယ္

မတ္တပ္ရပ္ေနတဲ့အခါ ေယာင္းတို႔ႏွလံုးကခႏၶာကိုယ္ထဲက ေသြးေတြကို ေျမဆဲြအားနဲ႔ ဆန္႔က်င္ၿပီး ဦးေႏွာက္ဆီ ပို႔ေပးေနရပါတယ္။ ခဏတာရပ္တာ ကိစၥမရွိေပမဲ့ ရပ္တာအခ်ိန္ၾကာလာတာနဲ႔ သတိလစ္ႏုိင္ေျခ ပိုမ်ားလာမွာပါ။ အခ်ိန္အၾကာႀကီး မတ္တပ္ရပ္ေနရင္းနဲ႔ သတိလစ္တာကို ကာကြယ္ဖို႔ ေျခေထာက္ႏွစ္ဖက္ကို X ပံုသ႑ာန္ရပ္တာ၊ ေျခေထာက္ႂကြက္သားေတြကို ညွစ္ထားတာေတြလုပ္ရင္ ဒီလုိေမ့ေျမာမွာကို မိနစ္အနည္းငယ္ ေႏွာင့္ေႏွးေစပါတယ္ ၊ ဒါမွမဟုတ္ လံုးဝသတိမလစ္ေအာင္ ကာကြယ္ႏုိင္ပါတယ္ေနာ္။

၇။ မ်က္လံုးေရွ႕ အလယ္တည့္တည့္ကအရာေတြကိုပဲ ျမင္ေတာ့တယ္

ေယာင္းတို႔အျမင္အာရံုထဲမွာ အလယ္တည့္တည့္က ျမင္ကြင္းပဲ ျမင္ရေတာ့တယ္၊ ေဘးပတ္လည္က အရာေတြက မည္းေနၿပီးမျမင္ရရင္ေတာ့ ေသြးေပါင္ခ်ိန္ အရမ္းထိုးက်ေနပါၿပီ။ ဒီလိုျဖစ္ၿပီး မၾကာခင္ သတိလစ္ေမ့ေျမာေတာ့မွာပါ။ ထိုင္ခံုမွာ၊ ဒါမွမဟုတ္ ၾကမ္းျပင္ေပၚမွာ ထိုင္ခ်လိုက္ၿပီး နားနားေနေန ေနလိုက္ပါေနာ္။

၈။ ပ်ဳိ႕အန္ခ်င္သလို ျဖစ္ေနမယ္

ပ်ဳိ႕အန္ခ်င္တယ္ဆိုတာ အေျခအေနအမ်ဳိးမ်ဳိးေၾကာင့္ ျဖစ္ႏုိင္ပါတယ္၊ ကိုယ္ဝန္ရွိတာ၊ အစာအဆိပ္သင့္တာ၊ အရက္အဆိပ္သင့္တာ စသျဖင့္ေပါ့ေလ။ ဒါေပမဲ့ ပ်ဳိ႕အန္ခ်င္တာနဲ႔ အသက္ရွဴျမန္တာလို တျခားသတိလစ္ေတာ့မယ့္ လကၡဏာတစ္ခုခုနဲ႔ တဲြျဖစ္ေနၿပီဆို သတိထားရပါေတာ့မယ္။ တစ္ေနရာရာမွာ ထိုင္ခ်လုိက္ၿပီး နားပါ။ ေရကိုျဖည္းျဖည္းခ်င္း ေသာက္ေပးပါ ။ေရဓာတ္ခန္းေျခာက္ရင္လည္း ပ်ဳိ႕အန္ခ်င္ၿပီး သတိလစ္တတ္ပါတယ္။

၉။ ျဖဴေဖ်ာ့လာမယ္

လက္ကေသြးခုန္ႏႈန္းက အားေလ်ာ့လာၿပီး ေႏွးလာရင္ ကိုယ္တြင္းမွာ ေသြးေကာင္းေကာင္း မလည္ပတ္ႏုိင္ဘူးဆိုတဲ့ လကၡဏာပါ။ အက်ဳိးဆက္အေနနဲ႔ အသားအေရာင္ ျဖဴေဖ်ာ့ၿပီး ပိုဆိုးရင္ ျပာႏွမ္းတဲ့အထိ ျဖစ္သြားႏိုင္ပါတယ္။ ဒီလိုခံစားရရင္ ထိုင္ခ်လိုက္ၿပီး ေျခလက္ ၊ ႂကြက္သားေတြကို စက္ဝိုင္းပံု ႏွိပ္နယ္ေပးပါ။ ဒါမွေသြးလည္ပတ္မႈျပန္ေကာင္းလာၿပီး သတိမလစ္ေအာင္ ကာကြယ္ေပးမွာ ျဖစ္ပါတယ္။

ဒီလို သတိလစ္ခါနီး ခံစားရႏိုင္တဲ့ အေျခအေနေတြ ခံစားရလာတယ္ဆိုရင္ေတာ့ ျပန္ကုစားႏိုင္မယ့္နည္းလမ္းေတြ အသုံးခ်သင့္သလို ေယာင္းတို႔အနီးအနားမွာရွိတဲ့သူ တစ္ေယာက္ေယာက္ကို သတိေပးတာမ်ိဳး ၊ နီးစပ္ရာ ေဆးရံု  ေဆးခန္းတစ္ခုခုကို သြားေရာက္ၿပီး ေဆးကုသမႈ ခံယူတာမ်ိဳး လုပ္သင့္ပါတယ္ေနာ္။

ဤေဆာင္းပါးအတြက္ ပံ့ပိုးကူညီေပးပါေသာ က်န္းက်န္းမာမာ by Alinker အား အထူးပင္ ေက်းဇူးတင္ရွိပါသည္။

<<<Unicode>>>

မိနစ်ပိုင်းလောက်ကြိုသိထားရင်တောင် နောက်ဆက်တွဲဆိုးကျိုးတွေကို ကြိုကာကွယ်နိုင်တာပေါ့

 သွေးပေါင်ချိန် ရုတ်တရက် ထိုးကျသွားတဲ့အခြေအနေမျိုး၊ ဦးနှောက်ထဲ အောက်ဆီဂျင်ဓာတ် လုံလုံလောက်လောက် မရောက်တော့တဲ့ အချိန်မျိုးမှာ သတိလစ်မေ့မြောတာတွေကို ကြုံတွေ့ရတတ်ပါတယ်။ ယောင်းတို့လည်း တစ်ကြိမ်တစ်ခါတော့ သတိလစ်သွားတာမျိုး ခံစားရဖူးမှာပါ။ ဒီလိုခြစ်ခြစ်တောက်ပူတဲ့ ရာသီဥတုမျိုးမှာ ချွေးထွက်လွန်ပြီး ကိုယ်ခံစွမ်းအားကျဆင်းသွားတာမျိုး ၊ အရမ်းစိတ်လှုပ်ရှားသွားပြီး နှလုံးခုန်မမှန်တော့တဲ့အခါမျိုးမှာ သတိလစ်မေ့မျောမှုအများဆုံး ဖြစ်တတ်ပါတယ်။ ဒီတော့ မင်မင်ကနေ ဒီလို သတိလစ်မေ့မြောမှု မတိုင်ခင်ကြိုတင်ခံစားရနိုင်တဲ့ လက္ခဏာတွေအကြောင်းနဲ့ ဘယ်လိုပြန်ကုစားနိုင်မလဲဆိုတာကို  ဝေမျှပေးသွားချင်ပါတယ်။

၁။ ခေါင်းထဲမိုက်ခနဲ ဖြစ်သွားမယ်၊ ရီဝေဝေဖြစ်နေမယ်

ထိုင်ရာကနေ ရုတ်တရက် မတ်တပ်ရပ်လိုက်ရင် ခေါင်းထဲမိုက်ခနဲဖြစ်ပြီး ချာချာလည်သွားဖူးလား ယောင်းရေ။ ဒီလိုဖြစ်တာဟာ သတိလစ်နိုင်တဲ့ ရှေ့ပြေးလက္ခဏာတစ်ခုဖြစ်ပါတယ်။ ရုတ်တရက် မတ်တပ်ရပ်လိုက်တဲ့အခါ ဦးနှောက်ထဲက သွေးပမာဏ ချက်ချင်းလျော့ကျသွားသလို သွေးပေါင်ချိန်လည်း ထိုးကျသွားတာမို့ သတိလစ်သွားတာ ဖြစ်ပါတယ်။ ဒီလိုမဖြစ်အောင် ရုတ်တရက် မတ်တပ်မရပ်ခင် ပေါင်နဲ့ခြေသလုံးကြွက်သားတွေကို လက်နဲ့ဖျစ်ညှစ်ပြီး ခန္ဓာကိုယ်အပေါ်ကို သွေးပြန်ရောက်အောင် ပြုလုပ်ပေးနိုင်ပါတယ်

၂။ မျက်လုံးထဲမှာ အစက်အပြောက်လေးတွေ မြင်နေပြီ

မျက်လုံးထဲမှာ အစက်အပြောက်တွေမြင်ရတာကလည်း သတိလစ်တော့မယ့် ရှေ့ပြေးလက္ခဏာ တစ်ခုပါပဲ။ တကယ်တော့ မျက်လုံးအတွင်းပိုင်းမှာ ဖိအားသတ်သတ်မှတ်မှတ် ရှိနေပါတယ်။ ကိုယ်ခန္ဓာအထက်ပိုင်းက သွေးတွေရုတ်တရက် ထိုးကျသွားတဲ့အခါ မျက်လုံးထဲက သွေးကြောမျှင်လေးတွေ ပေါက်ထွက်သွားတတ်ပြီး ယောင်းတို့အမြင်အာရုံမှာ အစက်အပြောက်တွေ မြင်လာရပါတော့တယ်။ ဒီလိုဖြစ်ခဲ့ရင် ထိုင်ချလိုက်ပြီး ဒူးခေါင်းနှစ်လုံးကြားမှာ ခေါင်းတင်ထားလိုက်ပါ။ ဒါဆို ဦးနှောက်ထဲ သွေးပြန်ဝင်လာမှာပါ။

Related article>>> ဒီအကြောင်းရင်း (၁၂)ခု ရှိနေရင် သွေး မလှူပါနဲ့။

၃။ အသက်ရှူ မြန်လာမယ်

လူအတော်များများက သတိလစ်မေ့မြောမသွားခင် အသက်ရှူတာ ပုံမှန်ထက် မြန်လာတတ်ပါတယ်။ ဘာကြောင့်လဲဆိုရင် ဦးနှောက်ထဲမှာ အောက်ဆီဂျင်ဓာတ် ပုံမှန်ထပ်နည်းလာတဲ့အခါ လိုအပ်တဲ့လေရရှိအောင် ခန္ဓာကိုယ်ကို အသက်မြန်မြန်ရှူဖို့ အားပေးသလိုဖြစ်စေပါတယ်။ အသက်ရှူ မြန်လာတယ်လို့ သတိထားမိရင် တစ်နေရာရာမှာ ထိုင်ချ၊ လဲှချလိုက်ပါ။ ပြီးရင် မျက်လုံးမှိတ်လိုက်ပြီး ဗိုက်ပေါ်လက်တင်ထားလိုက်ပါ။ အသက်ကို ဖြည်းဖြည်းနဲ့မှန်မှန်ရှူပေးပါ။ နှာခေါင်းက အသက်ရှူသွင်းပြီး ပါးစပ်က ပြန်မှုတ်ထုတ်ပေးပါ။ ဒီလိုလုပ်ပေးရင် အောက်ဆီဂျင်ဓာတ်က ဆဲလ်တွေထဲကို လုံလုံလောက်လောက် ဝင်ရောက်သွားပြီး ဦးနှောက်ကို ပုံမှန်ပြန်ဖြစ်စေမှာပါ။

၄။ လက်ဖျားထိပ်၊ ခြေဖျားထိပ်တွေ ထုံကျဉ်လာမယ်

ဦးနှောက်ထဲကို သွေးလုံလုံလောက်လောက် မရောက်ရင် သွေးထဲက ကယ်လ်စီယမ်ဓာတ်တွေ ထိုးကျသွားပါတယ်။ ဒီလိုဖြစ်ရင် လက်ဖျား၊ ခြေဖျားတွေနဲ့ နှုတ်ခမ်းတွေပါ ထုံကျဉ်လာတတ်ပါတယ်။ ဘာကြောင့်လဲဆိုရင် ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ဓာတ်တွေကို ဒီနေရာတွေကနေ ဆွဲယူ သုံးစွဲလိုက်လို့ပါ။ အင်္ကျီကျပ်ကျပ်၊ ခါးပတ်ကျပ်ကျပ် ဝတ်ထားရင် ချက်ချင်း လျှော့လိုက်ပြီး နားနားနေနေထိုင်နေလိုက်ပါ။ သွေးလည်ပတ်မှုပြန်ကောင်းလာပြီး ထုံကျဉ်တာတွေ သက်သာသွားမှာပါ။

၅။ ခြေလက်တွေ ရုတ်တရက် နွေးသွားမယ်

ဦးနှောက်ထဲ အောက်စီဂျင်နည်းတဲ့ အခြေအနေကို တုန့်ပြန်ဖို့ ယောင်းတို့နှလုံးက အချိန်တိုအတွင်း အလုပ်အရမ်းလုပ်ပေးလိုက်ရပါတယ်။ ဒီလိုလုပ်ပေးလိုက်တဲ့အခါ သွေးတွေက ခြေထောက်နဲ့လက်လို ခန္ဓာကိုယ်ထဲက မလိုအပ်တဲ့နေရာတွေကို မှားရောက်ကုန်ပါတယ်။ ဒီလို ခြေလက်တွေ နွေးကုန်တာနဲ့ အေးမြပြီး လေဝင်လေထွက်ကေင်းတဲ့ နေရာကိုရှာပါ။ ပြီးရင် ထိုင်ချလိုက်ပြီး ရေသောက်ပေးပါ။

Related article>>> သွေးတိုးနဲ့ဆီးချိုရောဂါ ယှဉ်တွဲခံစားနေရသူများအတွက် ကျန်းမာအောင်နေထိုင်နည်း

၆။ အကြာကြီး မတ်တပ်ရပ်နေမိတယ်

မတ်တပ်ရပ်နေတဲ့အခါ ယောင်းတို့နှလုံးကခန္ဓာကိုယ်ထဲက သွေးတွေကို မြေဆွဲအားနဲ့ ဆန့်ကျင်ပြီး ဦးနှောက်ဆီ ပို့ပေးနေရပါတယ်။ ခဏတာရပ်တာ ကိစ္စမရှိပေမဲ့ ရပ်တာအချိန်ကြာလာတာနဲ့ သတိလစ်နိုင်ခြေ ပိုများလာမှာပါ။ အချိန်အကြာကြီး မတ်တပ်ရပ်နေရင်းနဲ့ သတိလစ်တာကို ကာကွယ်ဖို့ ခြေထောက်နှစ်ဖက်ကို X ပုံသဏ္ဍာန်ရပ်တာ၊ ခြေထောက်ကြွက်သားတွေကို ညှစ်ထားတာတွေလုပ်ရင် ဒီလိုမေ့မြောမှာကို မိနစ်အနည်းငယ် နှောင့်နှေးစေပါတယ် ၊ ဒါမှမဟုတ် လုံးဝသတိမလစ်အောင် ကာကွယ်နိုင်ပါတယ်နော်။

၇။ မျက်လုံးရှေ့ အလယ်တည့်တည့်ကအရာတွေကိုပဲ မြင်တော့တယ်

ယောင်းတို့အမြင်အာရုံထဲမှာ အလယ်တည့်တည့်က မြင်ကွင်းပဲ မြင်ရတော့တယ်၊ ဘေးပတ်လည်က အရာတွေက မည်းနေပြီးမမြင်ရရင်တော့ သွေးပေါင်ချိန် အရမ်းထိုးကျနေပါပြီ။ ဒီလိုဖြစ်ပြီး မကြာခင် သတိလစ်မေ့မြောတော့မှာပါ။ ထိုင်ခုံမှာ၊ ဒါမှမဟုတ် ကြမ်းပြင်ပေါ်မှာ ထိုင်ချလိုက်ပြီး နားနားနေနေ နေလိုက်ပါနော်။

၈။ ပျို့အန်ချင်သလို ဖြစ်နေမယ်

ပျို့အန်ချင်တယ်ဆိုတာ အခြေအနေအမျိုးမျိုးကြောင့် ဖြစ်နိုင်ပါတယ်၊ ကိုယ်ဝန်ရှိတာ၊ အစာအဆိပ်သင့်တာ၊ အရက်အဆိပ်သင့်တာ စသဖြင့်ပေါ့လေ။ ဒါပေမဲ့ ပျို့အန်ချင်တာနဲ့ အသက်ရှူမြန်တာလို တခြားသတိလစ်တော့မယ့် လက္ခဏာတစ်ခုခုနဲ့ တွဲဖြစ်နေပြီဆို သတိထားရပါတော့မယ်။ တစ်နေရာရာမှာ ထိုင်ချလိုက်ပြီး နားပါ။ ရေကိုဖြည်းဖြည်းချင်း သောက်ပေးပါ ။ရေဓာတ်ခန်းခြောက်ရင်လည်း ပျို့အန်ချင်ပြီး သတိလစ်တတ်ပါတယ်။

၉။ ဖြူဖျော့လာမယ်

လက်ကသွေးခုန်နှုန်းက အားလျော့လာပြီး နှေးလာရင် ကိုယ်တွင်းမှာ သွေးကောင်းကောင်း မလည်ပတ်နိုင်ဘူးဆိုတဲ့ လက္ခဏာပါ။ အကျိုးဆက်အနေနဲ့ အသားအရောင် ဖြူဖျော့ပြီး ပိုဆိုးရင် ပြာနှမ်းတဲ့အထိ ဖြစ်သွားနိုင်ပါတယ်။ ဒီလိုခံစားရရင် ထိုင်ချလိုက်ပြီး ခြေလက် ၊ ကြွက်သားတွေကို စက်ဝိုင်းပုံ နှိပ်နယ်ပေးပါ။ ဒါမှသွေးလည်ပတ်မှုပြန်ကောင်းလာပြီး သတိမလစ်အောင် ကာကွယ်ပေးမှာ ဖြစ်ပါတယ်။

ဒီလို သတိလစ်ခါနီး ခံစားရနိုင်တဲ့ အခြေအနေတွေ ခံစားရလာတယ်ဆိုရင်တော့ ပြန်ကုစားနိုင်မယ့်နည်းလမ်းတွေ အသုံးချသင့်သလို ယောင်းတို့အနီးအနားမှာရှိတဲ့သူ တစ်ယောက်ယောက်ကို သတိပေးတာမျိုး ၊ နီးစပ်ရာ ဆေးရုံ  ဆေးခန်းတစ်ခုခုကို သွားရောက်ပြီး ဆေးကုသမှု ခံယူတာမျိုး လုပ်သင့်ပါတယ်နော်။

ဤဆောင်းပါးအတွက် ပံ့ပိုးကူညီပေးပါသော ကျန်းကျန်းမာမာ by Alinker အား အထူးပင် ကျေးဇူးတင်ရှိပါသည်။

No Comments Yet

Comments are closed