မီးနီျဖတ္ရင္ ကိုယ္ဝန္ရႏိုင္လား?

ညီမေလးတို႔ ဂ်င္းမမိၾကေစဖို႔.. 

<<< Zawgyi >>>

သို႔…ညီမေလး…

ဒီေခါင္းစဥ္ကို ဖတ္ၿပီး မီးပိြဳင့္မီးနီကို သြားမျမင္မိပါနဲ႔ေနာ္။ မီးနီျပတယ္ဆိုတာ မိန္းကေလးေတြ ရာသီလာတဲ့အခ်ိန္ကို ေျပာခ်င္တာပါ။ ဟုတ္ကဲ့ …. ဒီလို ရာသီလာေနတဲ့အခ်ိန္ အတူေနမိ၊ လိင္ဆက္ဆံမိရင္ ကိုယ္ဝန္မရႏိုင္ဘူးလို႔ ထင္ေနခဲ့ရင္…..

ဒီအထင္ဟာ မွားပါတယ္လို႔ေျပာခ်င္ပါတယ္။ “မလိုခ်င္တဲ့အခ်ိန္မွာ ကိုယ္ဝန္မရဖို႔ ” ကံစမ္းတဲ့ နည္းလမ္းေတြကို မသံုးသင့္ပါဘူး။ ဘာလို႔ ဒီလိုေျပာလဲဆိုေတာ့ ဒီလိုရာသီလာတဲ့အခ်ိန္မွာ လိင္ဆက္ဆံရင္ ကိုယ္ဝန္ရႏိုင္ေျခက အျခားရက္ေတြထက္ နည္းတယ္ဆိုေပမဲ့ လံုးဝ ကိုယ္ဝန္မရႏိုင္တာမ်ိဳး မဟုတ္လို႔ပါ။

Related Article >>> ရာသီ ဘာေၾကာင့္ နည္းရတယ္!!

အားလံုးၾကားဖူးၾကတဲ့အတိုင္းပါပဲ… ကိုယ္ဝန္ရဖို႔ဆိုတာ အမ်ိဳးသားသုတ္ပိုးနဲ႔ အမ်ိဳးသမီး မမ်ိဳးဥ တို႔ေပါင္းစည္းၿပီး သေႏၶသား ျဖစ္ေပၚလာတာပါ။ အမ်ိဳးသမီးတစ္ေယာက္က သူ႔ရဲ႕ရာသီစက္ဝန္းအလယ္ေလာက္မွာ မမ်ိဳးဥေႂကြတတ္တယ္ဆိုေပမဲ့ တခ်ိဳ႕ရာသီ တစ္ခုနဲ႔တစ္ခု အရမ္းနီးၿပီး ( ရာသီလာၿပီး ၃ပတ္အၾကာမွာ ေနာက္ရာသီလာတာမ်ိဳး) ဆိုရင္ ရာသီလာၿပီး တစ္ပတ္ဆိုတာနဲ႔ မမ်ိဳးဥေႂကြတတ္ပါတယ္။

အမ်ိဳးသားသုတ္ပိုးက ခႏၶာကိုယ္ထဲ ဝင္ၿပီး ၃ရက္ၾကာတဲ့အထိ အသက္ရွင္ႏိုင္တာမို႔ ဒီမမ်ိဳးဥေႂကြတဲ့အခ်ိန္မွာ အမ်ိဳးသားသုတ္ပိုးနဲ႔ ေတြ႕သြားႏိုင္တာမို႔ ရာသီလာခ်ိန္ လိင္ဆက္ဆံရင္ ကေလးရႏိုင္ေျခ ရာခိုင္ႏႈန္းတစ္ခုရွိတယ္လို႔ ဆိုခ်င္တာပါ။

Related Article >>> ေနရာလြဲကိုယ္ဝန္နဲ႔ ပတ္သက္လို႔သိသင့္သမွ်

ေနာက္တစ္ခုက အမ်ိဳးသမီးတခ်ိဳ႕က မမ်ိဳးဥေႂကြတဲ့အခ်ိန္မွာလည္း ေသြးနည္းနည္းဆင္းတတ္ပါတယ္။ ဒီလိုေသြးဆင္းတဲ့အခ်ိန္မွာ လိင္ဆက္ဆံမိမယ္ဆိုရင္ ကေလးရႏိုင္ေျခ အရမ္းမ်ားသြားျပန္ေရာ။

အားလံုးၿခံဳၾကည့္ၿပီးေျပာရမယ္ဆိုရင္ အျခား ဘာကိုယ္ဝန္တားတဲ့နည္းလမ္း( ဥပမာ… ေသာက္ေဆး၊ ထိုးေဆး) မသံုးဘဲနဲ႔ ရာသီလာခ်ိန္ လိင္ဆက္ဆံၿပီး ကိုယ္ဝန္မရေအာင္ေနမယ္ဆိုရင္ ဒီနည္းလမ္းကို စြန္႔လႊတ္လိုက္ပါ။ ကိုယ္ဝန္ကို စိတ္ခ်လက္ခ် တားႏိုင္တဲ့ တားေဆး သို႔ ထိုးေဆးကိုသာ အညႊန္းအတိုင္း ေသခ်ာေသာက္သံုးဖို႔ အႀကံေပးပါရေစ။

မယ္တင္( ေဆး ၁)

<<< Unicode >>>

ညီမလေးတို့ ဂျင်းမမိကြစေဖို့.. 

သို့…ညီမလေး…

ဒီခေါင်းစဉ်ကို ဖတ်ပြီး မီးပွိုင့်မီးနီကို သွားမမြင်မိပါနဲ့နော်။ မီးနီပြတယ်ဆိုတာ မိန်းကလေးတွေ ရာသီလာတဲ့အချိန်ကို ပြောချင်တာပါ။ ဟုတ်ကဲ့ …. ဒီလို ရာသီလာနေတဲ့အချိန် အတူနေမိ၊ လိင်ဆက်ဆံမိရင် ကိုယ်ဝန်မရနိုင်ဘူးလို့ ထင်နေခဲ့ရင်…..

ဒီအထင်ဟာ မှားပါတယ်လို့ပြောချင်ပါတယ်။ “မလိုချင်တဲ့အချိန်မှာ ကိုယ်ဝန်မရဖို့ ” ကံစမ်းတဲ့ နည်းလမ်းတွေကို မသုံးသင့်ပါဘူး။ ဘာလို့ ဒီလိုပြောလဲဆိုတော့ ဒီလိုရာသီလာတဲ့အချိန်မှာ လိင်ဆက်ဆံရင် ကိုယ်ဝန်ရနိုင်ခြေက အခြားရက်တွေထက် နည်းတယ်ဆိုပေမဲ့ လုံးဝ ကိုယ်ဝန်မရနိုင်တာမျိုး မဟုတ်လို့ပါ။

Related Article >>> ရာသီ ဘာကြောင့် နည်းရတယ်!!

အားလုံးကြားဖူးကြတဲ့အတိုင်းပါပဲ… ကိုယ်ဝန်ရဖို့ဆိုတာ အမျိုးသားသုတ်ပိုးနဲ့ အမျိုးသမီး မမျိုးဥ တို့ပေါင်းစည်းပြီး သန္ဓေသား ဖြစ်ပေါ်လာတာပါ။ အမျိုးသမီးတစ်ယောက်က သူ့ရဲ့ရာသီစက်ဝန်းအလယ်လောက်မှာ မမျိုးဥကြွေတတ်တယ်ဆိုပေမဲ့ တချို့ရာသီ တစ်ခုနဲ့တစ်ခု အရမ်းနီးပြီး ( ရာသီလာပြီး ၃ပတ်အကြာမှာ နောက်ရာသီလာတာမျိုး) ဆိုရင် ရာသီလာပြီး တစ်ပတ်ဆိုတာနဲ့ မမျိုးဥကြွေတတ်ပါတယ်။

အမျိုးသားသုတ်ပိုးက ခန္ဓာကိုယ်ထဲ ဝင်ပြီး ၃ရက်ကြာတဲ့အထိ အသက်ရှင်နိုင်တာမို့ ဒီမမျိုးဥကြွေတဲ့အချိန်မှာ အမျိုးသားသုတ်ပိုးနဲ့ တွေ့သွားနိုင်တာမို့ ရာသီလာချိန် လိင်ဆက်ဆံရင် ကလေးရနိုင်ခြေ ရာခိုင်နှုန်းတစ်ခုရှိတယ်လို့ ဆိုချင်တာပါ။

Related Article >>> နေရာလွဲကိုယ်ဝန်နဲ့ ပတ်သက်လို့သိသင့်သမျှ

နောက်တစ်ခုက အမျိုးသမီးတချို့က မမျိုးဥကြွေတဲ့အချိန်မှာလည်း သွေးနည်းနည်းဆင်းတတ်ပါတယ်။ ဒီလိုသွေးဆင်းတဲ့အချိန်မှာ လိင်ဆက်ဆံမိမယ်ဆိုရင် ကလေးရနိုင်ခြေ အရမ်းများသွားပြန်ရော။

အားလုံးခြုံကြည့်ပြီးပြောရမယ်ဆိုရင် အခြား ဘာကိုယ်ဝန်တားတဲ့နည်းလမ်း( ဥပမာ… သောက်ဆေး၊ ထိုးဆေး) မသုံးဘဲနဲ့ ရာသီလာချိန် လိင်ဆက်ဆံပြီး ကိုယ်ဝန်မရအောင်နေမယ်ဆိုရင် ဒီနည်းလမ်းကို စွန့်လွှတ်လိုက်ပါ။ ကိုယ်ဝန်ကို စိတ်ချလက်ချ တားနိုင်တဲ့ တားဆေး သို့ ထိုးဆေးကိုသာ အညွှန်းအတိုင်း သေချာသောက်သုံးဖို့ အကြံပေးပါရစေ။

မယ်တင်( ဆေး ၁)

No Comments Yet

Comments are closed