မ်က္လံုးတစ္ဘက္တည္းမွ မ်က္ရည္ပူက်ျခင္း အေၾကာင္းရင္း

တစ္ခ်ိန္လံုးျဖစ္ေနတာ ခုေတာ့ အေျဖေတြ႕ၿပီေလ… 

မ်က္ရည္က်တယ္ဆိုတာ မ်က္လံုးအစိုဓာတ္ ထိန္းသိမ္းေပးၿပီး ကာကြယ္မႈေပးတဲ့ သဘာဝျဖစ္စဥ္တစ္ခု ျဖစ္ပါတယ္။ မ်က္လံုးကို ထိခိုက္ဒဏ္ရာေပးႏိုင္တဲ့ အရာဝတၳဳေတြ၊ ပိုးမႊားေတြ ဝင္ေရာက္လာရင္ အျပင္ကို ျပန္ထုတ္တဲ့ စနစ္တစ္မ်ဳိးလည္း ျဖစ္ပါတယ္။

အမ်ားအားျဖင့္ မ်က္ရည္အက်မ်ားတာဟာ ျပႆနာမဟုတ္ပါဘူး။ ခဏတာအတြင္းမွာပဲ ေပ်ာက္သြားတတ္ပါတယ္။ သာမန္အေျခေနမွာ မ်က္လံုး အရမ္းေျခာက္ေသြ႔မေနေအာင္နဲ႔ အရမ္းစိုစြတ္မေနေစဖို႔ မ်က္ရည္ဂလင္းနဲ႔ မ်က္ရည္ျပြန္တို႔က ဟန္ခ်က္ညီညီ ထိိန္းေပးထားေပးေပမဲ့ တစ္ခါတစ္ရံ မ်က္ရည္စစ္ထုတ္တာ မလံုေလာက္ေတာ့တဲ့အခါမ်ဳိးမွာ မ်က္ရည္အလြန္အကၽြံက်တာမ်ဳိး ျဖစ္လာႏိုင္ပါတယ္။

မ်က္လံုးတစ္ဘက္တည္း မ်က္ရည္က်ျခင္းက ေတြ႔ရခဲတဲ့ လကၡဏာေတာ့ မဟုတ္ပါဘူး။ တခ်ဳိ႕ေရာဂါနဲ႔ အေျခအေနေတြဟာ မ်က္လံုးတစ္ဘက္တည္းမွာ ျဖစ္ေပၚတတ္ေပမဲ့ တစ္ခါတေလမွာေတာ့ ရွားရွားပါးပါး ႏွစ္ဘက္လံုး တစ္ၿပိဳင္နက္တည္း ျဖစ္ေပၚတာမ်ဳိးလည္း ရိွႏုိင္ပါတယ္။

ဘာေၾကာင့္ ျဖစ္ရတာလဲ?

မ်က္လံုးတစ္ဘက္တည္း မ်က္ရည္က်ျခင္းကို ျဖစ္ေစတတ္တဲ့ အေၾကာင္းအရင္းေတြကေတာ့-

၁။ ျပင္ပမွ အရာမ်ား မ်က္လံုးထဲ ဝင္ျခင္း

ဒါဟာ မ်က္လံုးတစ္ဘက္တည္း မ်က္ရည္က်ျခင္းရဲ႕ အျဖစ္အမ်ားဆံုး အေၾကာင္းအရင္းတစ္ခု ျဖစ္ပါတယ္။ ျပင္ပကေန ဖံုမႈန္႔ေတြ၊ အမႈန္ေတြ မ်က္လံုးထဲကို ဝင္ၿပီး မ်က္ခြံၾကားထဲ ညွပ္ေနတဲ့အခါမ်ိဳးေတြမွာ ျဖစ္ပြားပါတယ္။

၂။ မ်က္ၾကည္လႊာ ဒဏ္ရာရျခင္း

မ်က္လံုး အေရွ႕ဘက္ကို ကာကြယ္ေပးထားတဲ့ ၾကည္လင္တဲ့ အလႊာေလး ျဖစ္ပါတယ္။ မွန္ကြဲစေလးေတြ ဝင္ရင္ျဖစ္ေစ၊ တစ္ခါတေလမွာ တံုးတဲ့ အရာဝတၳဳနဲ႔ ထိခိုက္မိရင္ျဖစ္ေစ ဒဏ္ရာရရိွႏိုင္ပါတယ္။

၃။ မ်က္ၾကည္လႊာ အနာျဖစ္ျခင္း

ဓာတုပစၥည္းေတြဝင္ၿပီး ထိခိုက္မိတာ၊ ဘက္တီးရီးယားနဲ႔ ဗိုင္းရပ္စ္ပိုးေတြ ဝင္တာေတြေၾကာင့္ မ်က္ၾကည္လႊာအနာ ျဖစ္ႏိုင္ပါတယ္။

Related Article >>> ေယာင္းရဲ႕ တစ္ေန႔တာ လႈပ္ရွားမႈေတြက က်န္းမာေရးနဲ႔ ဘယ္ေလာက္ ညီညြတ္လဲ?

၄။ မ်က္လံုးထဲ ပိုးဝင္ျခင္း

ဘက္တီးရီးယားပိုး၊ ဗိုင္းရပ္စ္ပိုးနဲ႔ မိႈေတြ ကူးစက္ခံရတာေၾကာင့္ မ်က္စိအတြင္းသားေရာင္ျခင္း(Conjuntivitis)၊ မ်က္ၾကည္လႊာေရာင္ျခင္း(Keratitis)၊ မ်က္ခြံေရာင္ျခင္း(Blepharitis) စတာေတြကို ျဖစ္ေစႏိုင္ပါတယ္။

၅။ မ်က္ကပ္မွန္ တပ္ရျခင္း

မ်က္လံုးနဲ႔ အဆင္မေျပတဲ့ မ်က္ကပ္မွန္ေတြေၾကာင့္ မ်က္လံုးနီျမန္းေရာင္ရမ္းၿပီး မ်က္ရည္ပူက်တာေတြ ျဖစ္ေပၚႏိုင္ပါတယ္။

၆။ မ်က္ရည္ျပြန္ပိတ္ျခင္း (Dacryocystitis)

မ်က္ရည္ျပြန္ပိတ္တယ္ဆိုတာ ပိုလွ်ံေနတဲ့ မ်က္ရည္ေတြကို ႏွာေခါင္းထဲကို စစ္ထုတ္တဲ့ ျပြန္ပိတ္တာ ျဖစ္ပါတယ္။ အမ်ားအားျဖင့္ ဘက္တီးရီးယားပိုးေၾကာင့္ ျဖစ္ေပမဲ့ ကေလးေတြမွာ ေမြးရာပါခ်ဳိ႕ယြင္းမႈေၾကာင့္ေတြ႕ရႏုိင္သလို သက္ႀကီးရြယ္အိုေတြမွာလည္း အသက္အရြယ္ႀကီးရင့္လာတာေၾကာင့္လည္း ျဖစ္ပြားႏိုင္ပါတယ္။

၇။ မ်က္စိစြန္ျခင္း (Stye)

မ်က္ခြံအစြန္က ျပည္ရိွတဲ့ အလံုးကေလး ျဖစ္ပါတယ္။ ပိုးဝင္တာ၊ သန္႔ရွင္းမႈ မရိွတာေတြေၾကာင့္ ျဖစ္ပြားတတ္ပါတယ္။

၈။ မ်က္ႏွာတစ္ျခမ္းေလျဖတ္ျခင္း(Facial Palsy or Bell’s Palsy)

မ်က္ႏွာ အာရံုေၾကာ လုပ္ေဆာင္ခ်က္ခ်ဳိ႕ယြင္းတာေၾကာင့္ ယာယီျဖစ္ေပၚတတ္တဲ့ မ်က္ႏွာတစ္ျခမ္းေလျဖတ္တာမ်ဳိးမွာလည္း မ်က္လံုးတစ္ဘက္တည္း မ်က္ရည္က်တာမ်ဳိး ျဖစ္ပြားႏိုင္ပါတယ္။

Related Article >>> အားေဆးေတြ မွားယြင္းစြာ ေသာက္မိေနၿပီလား?

ဘယ္လို ကုသႏိုင္ပါသလဲ

ကုသမႈကေတာ့ စမ္းသပ္စစ္ေဆးၿပီးမွ ျဖစ္ရျခင္းအေၾကာင္းအရင္းေပၚမူတည္ၿပီး ကုသရပါတယ္။
မ်က္လံုးတစ္ဘက္တည္း မ်က္ရည္က်ေနတဲ့အခါ ျပဳလုပ္သင့္တာေတြကေတာ့

  • ေရေအးေအးနဲ႔ ေဆးေၾကာေပးပါ။ ေရေႏြးနဲ႔ ေရခဲေရကိုေတာ့ မသံုးသင့္ပါဘူး။
  • မ်က္လံုးကို အနားေပးပါ။ မ်က္လံုးပြတ္သပ္တာမ်ဳိး ေရွာင္ၾကဥ္ပါ။
  • ေရခဲအိတ္ကပ္ေပးလို႔ ရေပမဲ့ မ်က္ခြံေပၚမွာ တိုက္ရိုက္မကပ္သင့့္ပါဘူး။ ပုဝါခံၿပီးမွ ကပ္သင့္ပါတယ္။
  • ဆရာဝန္ မညႊန္ဘဲ မ်က္စဥ္းေဆး မသံုးသင့္ပါဘူး။
  • သန္႔ရွင္းတဲ့ပဝါ၊ တစ္ရွဴးစကၠဴစတာေတြနဲ႕ မ်က္ရည္က်လာရင္ သုတ္ေပးႏိုင္ပါတယ္။
  • ကုသမႈ မခံယူခင္အခ်ိန္မွာ ေနကာမ်က္မွန္ ဒါမွမဟုတ္ ပိုးသတ္ထားတဲ့ မ်က္လံုးအကာ သံုးပါ။ အလင္းေရာင္စူးစူးကို မၾကည့္ပါနဲ႔။
  • မ်က္ရည္ပူက်ျခင္း ေပ်ာက္ကင္းတဲ့အထိ မ်က္ကပ္မွန္ မတပ္ပါနဲ႔။

Dr.MTA (က်န္းက်န္းမာမာ by Alinker)

Reference : healthhype.com

ဤေဆာင္းပါးအတြက္ ပံ့ပိုးကူညီေပးပါေသာ က်န္းက်န္းမာမာ by Alinker  အား အထူးပင္ေက်းဇူးတင္ရွိပါသည္။

Unicode ျဖင့္လည္း ေအာက္တြင္ ဖတ္ရႈႏိုင္ပါသည္။

တစ်ချိန်လုံးဖြစ်နေတာ ခုတော့ အဖြေတွေ့ပြီလေ…

မျက်ရည်ကျတယ်ဆိုတာ မျက်လုံးအစိုဓာတ် ထိန်းသိမ်းပေးပြီး ကာကွယ်မှုပေးတဲ့ သဘာဝဖြစ်စဉ်တစ်ခု ဖြစ်ပါတယ်။ မျက်လုံးကို ထိခိုက်ဒဏ်ရာပေးနိုင်တဲ့ အရာဝတ္ထုတွေ၊ ပိုးမွှားတွေ ဝင်ရောက်လာရင် အပြင်ကို ပြန်ထုတ်တဲ့ စနစ်တစ်မျိုးလည်း ဖြစ်ပါတယ်။

အများအားဖြင့် မျက်ရည်အကျများတာဟာ ပြဿနာမဟုတ်ပါဘူး။ ခဏတာအတွင်းမှာပဲ ပျောက်သွားတတ်ပါတယ်။ သာမန်အခြေနေမှာ မျက်လုံး အရမ်းခြောက်သွေ့မနေအောင်နဲ့ အရမ်းစိုစွတ်မနေစေဖို့ မျက်ရည်ဂလင်းနဲ့ မျက်ရည်ပြွန်တို့က ဟန်ချက်ညီညီ ထိန်းပေးထားပေးပေမဲ့ တစ်ခါတစ်ရံ မျက်ရည်စစ်ထုတ်တာ မလုံလောက်တော့တဲ့အခါမျိုးမှာ မျက်ရည်အလွန်အကျွံကျတာမျိုး ဖြစ်လာနိုင်ပါတယ်။

မျက်လုံးတစ်ဘက်တည်း မျက်ရည်ကျခြင်းက တွေ့ရခဲတဲ့ လက္ခဏာတော့ မဟုတ်ပါဘူး။ တချို့ရောဂါနဲ့ အခြေအနေတွေဟာ မျက်လုံးတစ်ဘက်တည်းမှာ ဖြစ်ပေါ်တတ်ပေမဲ့ တစ်ခါတလေမှာတော့ ရှားရှားပါးပါး နှစ်ဘက်လုံး တစ်ပြိုင်နက်တည်း ဖြစ်ပေါ်တာမျိုးလည်း ရှိနိုင်ပါတယ်။

ဘာကြောင့် ဖြစ်ရတာလဲ?

မျက်လုံးတစ်ဘက်တည်း မျက်ရည်ကျခြင်းကို ဖြစ်စေတတ်တဲ့ အကြောင်းအရင်းတွေကတော့-

၁။ ပြင်ပမှ အရာများ မျက်လုံးထဲ ဝင်ခြင်း

ဒါဟာ မျက်လုံးတစ်ဘက်တည်း မျက်ရည်ကျခြင်းရဲ့ အဖြစ်အများဆုံး အကြောင်းအရင်းတစ်ခု ဖြစ်ပါတယ်။ ပြင်ပကနေ ဖုံမှုန့်တွေ၊ အမှုန်တွေ မျက်လုံးထဲကို ဝင်ပြီး မျက်ခွံကြားထဲ ညှပ်နေတဲ့အခါမျိုးတွေမှာ ဖြစ်ပွားပါတယ်။

၂။ မျက်ကြည်လွှာ ဒဏ်ရာရခြင်း

မျက်လုံး အရှေ့ဘက်ကို ကာကွယ်ပေးထားတဲ့ ကြည်လင်တဲ့ အလွှာလေး ဖြစ်ပါတယ်။ မှန်ကွဲစလေးတွေ ဝင်ရင်ဖြစ်စေ၊ တစ်ခါတလေမှာ တုံးတဲ့ အရာဝတ္ထုနဲ့ ထိခိုက်မိရင်ဖြစ်စေ ဒဏ်ရာရရှိနိုင်ပါတယ်။

၃။ မျက်ကြည်လွှာ အနာဖြစ်ခြင်း

ဓာတုပစ္စည်းတွေဝင်ပြီး ထိခိုက်မိတာ၊ ဘက်တီးရီးယားနဲ့ ဗိုင်းရပ်စ်ပိုးတွေ ဝင်တာတွေကြောင့် မျက်ကြည်လွှာအနာ ဖြစ်နိုင်ပါတယ်။

Related Article >>> ယောင်းရဲ့ တစ်နေ့တာ လှုပ်ရှားမှုတွေက ကျန်းမာရေးနဲ့ ဘယ်လောက် ညီညွတ်လဲ?

၄။ မျက်လုံးထဲ ပိုးဝင်ခြင်း

ဘက်တီးရီးယားပိုး၊ ဗိုင်းရပ်စ်ပိုးနဲ့ မှိုတွေ ကူးစက်ခံရတာကြောင့် မျက်စိအတွင်းသားရောင်ခြင်း(Conjuntivitis)၊ မျက်ကြည်လွှာရောင်ခြင်း(Keratitis)၊ မျက်ခွံရောင်ခြင်း(Blepharitis) စတာတွေကို ဖြစ်စေနိုင်ပါတယ်။

၅။ မျက်ကပ်မှန် တပ်ရခြင်း

မျက်လုံးနဲ့ အဆင်မပြေတဲ့ မျက်ကပ်မှန်တွေကြောင့် မျက်လုံးနီမြန်းရောင်ရမ်းပြီး မျက်ရည်ပူကျတာတွေ ဖြစ်ပေါ်နိုင်ပါတယ်။

၆။ မျက်ရည်ပြွန်ပိတ်ခြင်း (Dacryocystitis)

မျက်ရည်ပြွန်ပိတ်တယ်ဆိုတာ ပိုလျှံနေတဲ့ မျက်ရည်တွေကို နှာခေါင်းထဲကို စစ်ထုတ်တဲ့ ပြွန်ပိတ်တာ ဖြစ်ပါတယ်။ အများအားဖြင့် ဘက်တီးရီးယားပိုးကြောင့် ဖြစ်ပေမဲ့ ကလေးတွေမှာ မွေးရာပါချို့ယွင်းမှုကြောင့်တွေ့ရနိုင်သလို သက်ကြီးရွယ်အိုတွေမှာလည်း အသက်အရွယ်ကြီးရင့်လာတာကြောင့်လည်း ဖြစ်ပွားနိုင်ပါတယ်။

၇။ မျက်စိစွန်ခြင်း (Stye)

မျက်ခွံအစွန်က ပြည်ရှိတဲ့ အလုံးကလေး ဖြစ်ပါတယ်။ ပိုးဝင်တာ၊ သန့်ရှင်းမှု မရှိတာတွေကြောင့် ဖြစ်ပွားတတ်ပါတယ်။

၈။ မျက်နှာတစ်ခြမ်းလေဖြတ်ခြင်း(Facial Palsy or Bell’s Palsy)

မျက်နှာ အာရုံကြော လုပ်ဆောင်ချက်ချို့ယွင်းတာကြောင့် ယာယီဖြစ်ပေါ်တတ်တဲ့ မျက်နှာတစ်ခြမ်းလေဖြတ်တာမျိုးမှာလည်း မျက်လုံးတစ်ဘက်တည်း မျက်ရည်ကျတာမျိုး ဖြစ်ပွားနိုင်ပါတယ်။

Related Article >>> အားဆေးတွေ မှားယွင်းစွာ သောက်မိနေပြီလား?

ဘယ်လို ကုသနိုင်ပါသလဲ

ကုသမှုကတော့ စမ်းသပ်စစ်ဆေးပြီးမှ ဖြစ်ရခြင်းအကြောင်းအရင်းပေါ်မူတည်ပြီး ကုသရပါတယ်။
မျက်လုံးတစ်ဘက်တည်း မျက်ရည်ကျနေတဲ့အခါ ပြုလုပ်သင့်တာတွေကတော့

  • ရေအေးအေးနဲ့ ဆေးကြောပေးပါ။ ရေနွေးနဲ့ ရေခဲရေကိုတော့ မသုံးသင့်ပါဘူး။
  • မျက်လုံးကို အနားပေးပါ။ မျက်လုံးပွတ်သပ်တာမျိုး ရှောင်ကြဉ်ပါ။
  • ရေခဲအိတ်ကပ်ပေးလို့ ရပေမဲ့ မျက်ခွံပေါ်မှာ တိုက်ရိုက်မကပ်သင့်ပါဘူး။ ပုဝါခံပြီးမှ ကပ်သင့်ပါတယ်။
  • ဆရာဝန် မညွှန်ဘဲ မျက်စဉ်းဆေး မသုံးသင့်ပါဘူး။
  • သန့်ရှင်းတဲ့ပဝါ၊ တစ်ရှူးစက္ကူစတာတွေနဲ့ မျက်ရည်ကျလာရင် သုတ်ပေးနိုင်ပါတယ်။
  • ကုသမှု မခံယူခင်အချိန်မှာ နေကာမျက်မှန် ဒါမှမဟုတ် ပိုးသတ်ထားတဲ့ မျက်လုံးအကာ သုံးပါ။
  • အလင်းရောင်စူးစူးကို မကြည့်ပါနဲ့။
  • မျက်ရည်ပူကျခြင်း ပျောက်ကင်းတဲ့အထိ မျက်ကပ်မှန် မတပ်ပါနဲ့။

Dr.MTA (ကျန်းကျန်းမာမာ by Alinker)

Reference : healthhype.com

ဤဆောင်းပါးအတွက် ပံ့ပိုးကူညီပေးပါသော ကျန်းကျန်းမာမာ by Alinker  အား အထူးပင်ကျေးဇူးတင်ရှိပါသည်။

No Comments Yet

Comments are closed