Health

ညဘက္ေတြမွာ ဘာလို႔ ေခါင္း ခဏခဏ ကိုက္ရတာလဲ?

ညဘက္ေရာက္တဲ့အခါမွ ေခါင္း ကိုက္လာတာမ်ိဳး ၾကံဳဖူးၾကလား ေယာင္းတို႔ေရ?

တေန႔လံုးပင္ပန္းလာလို႔ နားမယ္ ၾကံကာ ရွိေသး၊ ေခါင္းထဲက ထိုးကိုက္လာတာမ်ိဳး၊ အိပ္ေနရင္း ေခါင္းကိုက္ၿပီး လန္႔ႏိုးလာမ်ိဳး က အေတာ္ေလး စိတ္ညစ္စရာေကာင္းပါတယ္။ တစ္ရက္ႏွစ္ရက္လည္း မဟုတ္ ေန႔စဥ္ရက္စက္ ညဘက္ေခါင္းကိုက္ေနရင္ေတာ့ ျပႆနာပါပဲ။ ဒါေၾကာင့္ ဘာလို႔ ညဘက္ေတြမွာ ေခါင္းကိုက္လဲ ဘယ္လို ကုသရမလဲဆိုတာ အတူတူ ၾကည့္ၾကည့္ရေအာင္ေနာ္..

ေယဘုယ်အားျဖင့္ ညဘက္ေခါင္းကိုက္တဲ့ ေဝဒနာကိုအမ်ိဳးအစား(၄)မ်ိဳး ခြဲႏိုင္ပါတယ္။Tension headache, Cluster headache, Migraines, နဲ႔ hypnic headache ပဲ ျဖစ္ပါတယ္။

1. Tension headache

ဒါကေတာ့ ေခါင္းတစ္ခုလံုးကို တင္းတင္းၾကပ္ၾကပ္ ဖိစီးထားသလိုမ်ိဳး ၊ ညွစ္ထားသလိုမ်ိဳး ကိုက္ခဲေနတဲ့ ေခါင္းကိုက္ေဝဒနာတစ္ခုပါ။ tension headache ဟာ အျဖစ္မ်ားဆံုး ေခါင္းကိုက္ေရာဂါေတြထဲက တစ္ခုျဖစ္ၿပီး အေပ်ာ့စား ေခါင္းကိုက္တာကေန အျပင္းစား ေခါင္းကိုက္တာထိ ပံုစံအမ်ိဳးမ်ိဳးရွိပါတယ္။

ျဖစ္ႏိုင္ေခ်ရွိတဲ့ အေၾကာင္းရင္းေတြကေတာ့ စိတ္ဖိစီးမႈမ်ားတာ၊ ဦးေခါင္းက ႂကြက္သား တင္းေနတာ၊ အလြန္အကၽြံပင္ပန္းရတာေတြေၾကာင့္ပါ။ တစ္ခါတေလမွာ သြားႀကိတ္ျခင္းကလည္း tension headache ကိုုျဖစ္ေစပါတယ္။

ဒါေၾကာင့္ စိတ္ဖိစီးမႈေတြ၊ ခနၶာကိုယ္ကို အလြန္အကၽြံ လုပ္ခိုင္းတာေတြကို ေရွာင္ရပါမယ္။ ဦးေခါင္းႂကြက္သားေတြကို ေဆးပူလိမ္းၿပီး မၾကာခဏ ႏွိပ္နယ္ေပးတာ၊ ေရပတ္ဝတ္ သို႔မဟုတ္ ေရေႏြးအိတ္ ကပ္ေပးတာတို႔ကို ျပဳလုပ္ႏိုင္ပါတယ္။

Related Article >>> နာတာရွည္ေရာဂါအထိျဖစ္နိုင္တဲ့ စိတ္ဖိစီးမႈနဲ႔ ေခါင္းကိုက္ေရာဂါ

2. Cluster headache

ဒါကေတာ့ အနာက်င္ရဆံုး ေခါင္းကိုက္ေဝဒနာတစ္ခုပါ။ Cluster headache ဟာ အျဖစ္နည္းတဲ့ ေခါင္းကိုက္ေဝဒနာျဖစ္ၿပီး တစ္ဖက္ထဲမွာပဲ ထပ္ခါထပ္ခါ ကိုက္ခဲေနတာမို႔ clusters headache လို႔ ေခၚပါတယ္။ ဒီေရာဂါဟာဆိုရင္ မ်က္လံုးထဲ သို႔မဟုတ္ မ်က္လံုးနား တစ္ဝိုက္မွာ အလြန္အကၽြံ ကိုက္ခဲတာ၊ ေခၽြးျပန္လာတာ၊ မ်က္ရည္က်လာတာမ်ိဳးနဲ႔ ေခါင္းတစ္ဖက္ျခမ္းမွာ အံုခဲဲၿပီး နာက်င္တဲ့ ေဝဒနာကို ခံစားရတာမ်ိဳး ျဖစ္ေစတတ္ပါတယ္။

Cluster headache

Cluster headache ဟာ ရက္သတၱပတ္ကေန လေတြအထိ ၾကာႏိုင္ၿပီး သူ႔ကို ျဖစ္ေစတဲ့ အဓိကအေၾကာင္းအရင္းရယ္လို႔ မရွိပါဘူး။

ျပင္းထန္တဲ့ ေခါင္းကိုက္ေရာဂါမို႔ ေဆးၿမီးတိုနဲ႔ ကုလို႔ မရပါဘူး။ ဒါေၾကာင့္လည္း ဆရာဝန္ဆီ ေသခ်ာသြားၿပီး ေဆးကုသမႈ ခံယူျခင္းအားျဖင့္ cluster headache ခံစားေနရတဲ့ ကာလ တိုေတာင္းသြားေအာင္ ျပဳလုပ္ဖို႔ လိုအပ္တာပါ ေယာင္းတို႔ေရ…

3. Migraine

ဒါကေတာ့ ေခါင္းတစ္ျခမ္းကိုက္ခဲတဲ့ ေဝဒနာတခုပါ။ သူကေတာ့ ေခါင္းကိုက္ရံုတင္မဟုတ္ဘဲအန္ခ်င္လာတာ၊ အလင္းေရာင္စူးစူးေတြ၊ အသံဆိုးေတြကို မခံႏိုင္တာ၊ အျမင္ေဝဝါးတာ စတဲ့ လကၡဏာေတြပါ လိုက္လာတတ္ပါတယ္။

ျဖစ္တတ္တဲ့ အေၾကာင္းရင္းေတြကေတာ့ MSG(အခ်ိဳမႈန္႔) လို အစားအေသာက္ထဲ ထည့္တဲ့ ဓာတုပစၥည္းေတြေၾကာင့္ အျပင္ ေသြးဆံုးတာ၊ ကိုယ္ဝန္ေဆာင္တာ၊ ရာသီကာလမွာ ေဟာ္မုန္းေျပာင္းလဲတာ၊ ရာသီဥတုေျပာင္းလဲတာ၊ အစားအစာတခ်ိဳ႕ေၾကာင့္နဲ႔ အိပ္ခ်ိန္ပံုစံ ေျပာင္းသြားတာေတြေၾကာင့္ ျဖစ္ႏုိင္ပါတယ္။

ဒါေၾကာင့္ Migraine ျဖစ္ခဲ့ၿပီဆိုရင္ ဒီတခုခုထဲက ဘယ္ဟာနဲ႔မ်ား ၿငိေနမလဲဆိုတာ ဆန္းစစ္ၿပီး ျဖစ္ႏိုင္ေခ်အခ်က္ေတြကို ေရွာင္ၾကဥ္ျခင္းအားျဖင့္ ကုသႏုိင္ပါတယ္။

Related Article >>> ေခါင္းကိုက္ေဝဒနာ ေဆးေသာက္စရာမလိုဘဲ သက္သာေစရဖို႔ရာ

4. Hypnic headache

သူကလည္း cluster headache လို အျဖစ္နည္းၿပီး အသက္၅၀ေနာက္ပိုင္းေတြမွာပဲ ျဖစ္တတ္ပါတယ္။ သူကေတာ့ အိပ္ေပ်ာ္သြားတဲ့အခ်ိန္မွ ကိုက္တတ္ၿပီး လူကို ႏိုးလာေစလို႔ “alarm clock headache” (ႏႈိးစက္နာရီလုိ ေခါင္းကိုက္ျခင္း)လို႔လည္း ေခၚၾကပါတယ္။ သူကေတာ့ ေခါင္းႏွစ္ျခမ္းလံုး နာက်င္ေနတတ္ၿပီး တစ္ခါတေလဆို အန္ပါအန္တတ္ပါတယ္။ တစ္လမွာ ညဘက္ ၁၀ရက္ေလာက္က ေခါင္းကိုက္ေနတဲ့အျပင္ အိပ္ရာထထခ်င္း ၁၅မိနစ္ကေန ေလးနာရီေလာက္ထိ ေခါင္းကိုက္ေနတာမ်ိဳးေပါ့။

Cluster headache လိုပဲ သူ႔မွာ အေၾကာင္းရင္း တိတိက်က် မရွိႏိုင္တာမို႔ ဆရာဝန္ဆီသြားၿပီး ေဆးကုသမႈ ခံယူတာက အေကာင္းဆံုးပါပဲ။

ေယဘုယ်အားျဖင့္ ေလ့လာခ်က္ေတြအရ ညဘက္ေခါင္းကိုက္တဲ့ ေဝဒနာကို အေကာင္းဆံုးကုသႏိုင္တဲ့ နည္းက တစ္ေန႔ အိပ္ခ်ိန္ ၈နာရီျပည့္ေအာင္ အိပ္ျခင္းပါ။ အိပ္တဲ့အခ်ိန္ကေန ည၂နာရီေလာက္မွ အိပ္ၿပီး မနက္ ၁၀နာရီမွ အိပ္တာမဟုတ္ဘဲ ညဘက္ ၁၁ခြဲေလာက္ဆို ပံုမွန္အိပ္ေပးတာမ်ိဳးကို ဆိုလိုတာပါေနာ္..

ဒါေပမဲ့ ေခါင္းကိုက္တဲ့ ပံုစံ တစ္ခုနဲ႔ တစ္ခုဟာ ပံုစံဆင္ေနတာမို႔ ေဆးၿမီးတို နည္းလမ္းေတြနဲ႔ ကုသလို႔ မေပ်ာက္ရင္ ဆရာဝန္ဆီသြားၿပီး ေရာဂါရွာေဖြတာက အထိေရာက္ဆံုးပါ ေယာင္းတို႔ေရ….

By
Mia (For Her Myanmar)
Reference links: mayoclinic healthline

<<< Unicode >>>

ညဘက်ရောက်တဲ့အခါမှ ခေါင်း ကိုက်လာတာမျိုး ကြုံဖူးကြလား ယောင်းတို့ရေ?

တနေ့လုံးပင်ပန်းလာလို့ နားမယ် ကြံကာ ရှိသေး၊ ခေါင်းထဲက ထိုးကိုက်လာတာမျိုး၊ အိပ်နေရင်း ခေါင်းကိုက်ပြီး လန့်နိုးလာမျိုး က အတော်လေး စိတ်ညစ်စရာကောင်းပါတယ်။ တစ်ရက်နှစ်ရက်လည်း မဟုတ် နေ့စဉ်ရက်စက် ညဘက်ခေါင်းကိုက်နေရင်တော့ ပြဿနာပါပဲ။ ဒါကြောင့် ဘာလို့ ညဘက်တွေမှာ ခေါင်းကိုက်လဲ ဘယ်လို ကုသရမလဲဆိုတာ အတူတူ ကြည့်ကြည့်ရအောင်နော်..

ယေဘုယျအားဖြင့် ညဘက်ခေါင်းကိုက်တဲ့ ဝေဒနာကိုအမျိုးအစား(၄)မျိုး ခွဲနိုင်ပါတယ်။Tension headache, Cluster headache, Migraines, နဲ့ hypnic headache ပဲ ဖြစ်ပါတယ်။

1. Tension headache

ဒါကတော့ ခေါင်းတစ်ခုလုံးကို တင်းတင်းကြပ်ကြပ် ဖိစီးထားသလိုမျိုး ၊ ညှစ်ထားသလိုမျိုး ကိုက်ခဲနေတဲ့ ခေါင်းကိုက်ဝေဒနာတစ်ခုပါ။ tension headache ဟာ အဖြစ်များဆုံး ခေါင်းကိုက်ရောဂါတွေထဲက တစ်ခုဖြစ်ပြီး အပျော့စား ခေါင်းကိုက်တာကနေ အပြင်းစား ခေါင်းကိုက်တာထိ ပုံစံအမျိုးမျိုးရှိပါတယ်။

ဖြစ်နိုင်ချေရှိတဲ့ အကြောင်းရင်းတွေကတော့ စိတ်ဖိစီးမှုများတာ၊ ဦးခေါင်းက ကြွက်သား တင်းနေတာ၊ အလွန်အကျွံပင်ပန်းရတာတွေကြောင့်ပါ။ တစ်ခါတလေမှာ သွားကြိတ်ခြင်းကလည်း tension headache ကိုဖြစ်စေပါတယ်။

ဒါကြောင့် စိတ်ဖိစီးမှုတွေ၊ ခန္ဓာကိုယ်ကို အလွန်အကျွံ လုပ်ခိုင်းတာတွေကို ရှောင်ရပါမယ်။ ဦးခေါင်းကြွက်သားတွေကို ဆေးပူလိမ်းပြီး မကြာခဏ နှိပ်နယ်ပေးတာ၊ ရေပတ်ဝတ် သို့မဟုတ် ရေနွေးအိတ် ကပ်ပေးတာတို့ကို ပြုလုပ်နိုင်ပါတယ်။

Related Article >>> နာတာရှည်ရောဂါအထိဖြစ်နိုင်တဲ့ စိတ်ဖိစီးမှုနဲ့ ခေါင်းကိုက်ရောဂါ

2. Cluster headache

ဒါကတော့ အနာကျင်ရဆုံး ခေါင်းကိုက်ဝေဒနာတစ်ခုပါ။ Cluster headache ဟာ အဖြစ်နည်းတဲ့ ခေါင်းကိုက်ဝေဒနာဖြစ်ပြီး တစ်ဖက်ထဲမှာပဲ ထပ်ခါထပ်ခါ ကိုက်ခဲနေတာမို့ clusters headache လို့ ခေါ်ပါတယ်။ ဒီရောဂါဟာဆိုရင် မျက်လုံးထဲ သို့မဟုတ် မျက်လုံးနား တစ်ဝိုက်မှာ အလွန်အကျွံ ကိုက်ခဲတာ၊ ချွေးပြန်လာတာ၊ မျက်ရည်ကျလာတာမျိုးနဲ့ ခေါင်းတစ်ဖက်ခြမ်းမှာ အုံခဲပြီး နာကျင်တဲ့ ဝေဒနာကို ခံစားရတာမျိုး ဖြစ်စေတတ်ပါတယ်။

Cluster headache

Cluster headache ဟာ ရက်သတ္တပတ်ကနေ လတွေအထိ ကြာနိုင်ပြီး သူ့ကို ဖြစ်စေတဲ့ အဓိကအကြောင်းအရင်းရယ်လို့ မရှိပါဘူး။

ပြင်းထန်တဲ့ ခေါင်းကိုက်ရောဂါမို့ ဆေးမြီးတိုနဲ့ ကုလို့ မရပါဘူး။ ဒါကြောင့်လည်း ဆရာဝန်ဆီ သေချာသွားပြီး ဆေးကုသမှု ခံယူခြင်းအားဖြင့် cluster headache ခံစားနေရတဲ့ ကာလ တိုတောင်းသွားအောင် ပြုလုပ်ဖို့ လိုအပ်တာပါ ယောင်းတို့ရေ…

3. Migraine

ဒါကတော့ ခေါင်းတစ်ခြမ်းကိုက်ခဲတဲ့ ဝေဒနာတခုပါ။ သူကတော့ ခေါင်းကိုက်ရုံတင်မဟုတ်ဘဲအန်ချင်လာတာ၊ အလင်းရောင်စူးစူးတွေ၊ အသံဆိုးတွေကို မခံနိုင်တာ၊ အမြင်ဝေဝါးတာ စတဲ့ လက္ခဏာတွေပါ လိုက်လာတတ်ပါတယ်။

ဖြစ်တတ်တဲ့ အကြောင်းရင်းတွေကတော့ MSG(အချိုမှုန့်) လို အစားအသောက်ထဲ ထည့်တဲ့ ဓာတုပစ္စည်းတွေကြောင့် အပြင် သွေးဆုံးတာ၊ ကိုယ်ဝန်ဆောင်တာ၊ ရာသီကာလမှာ ဟော်မုန်းပြောင်းလဲတာ၊ ရာသီဥတုပြောင်းလဲတာ၊ အစားအစာတချို့ကြောင့်နဲ့ အိပ်ချိန်ပုံစံ ပြောင်းသွားတာတွေကြောင့် ဖြစ်နိုင်ပါတယ်။

ဒါကြောင့် Migraine ဖြစ်ခဲ့ပြီဆိုရင် ဒီတခုခုထဲက ဘယ်ဟာနဲ့များ ငြိနေမလဲဆိုတာ ဆန်းစစ်ပြီး ဖြစ်နိုင်ချေအချက်တွေကို ရှောင်ကြဉ်ခြင်းအားဖြင့် ကုသနိုင်ပါတယ်။

Related Article >>> ခေါင်းကိုက်ဝေဒနာ ဆေးသောက်စရာမလိုဘဲ သက်သာစေရဖို့ရာ

4. Hypnic headache

သူကလည်း cluster headache လို အဖြစ်နည်းပြီး အသက်၅၀နောက်ပိုင်းတွေမှာပဲ ဖြစ်တတ်ပါတယ်။ သူကတော့ အိပ်ပျော်သွားတဲ့အချိန်မှ ကိုက်တတ်ပြီး လူကို နိုးလာစေလို့ “alarm clock headache” (နှိုးစက်နာရီလို ခေါင်းကိုက်ခြင်း)လို့လည်း ခေါ်ကြပါတယ်။ သူကတော့ ခေါင်းနှစ်ခြမ်းလုံး နာကျင်နေတတ်ပြီး တစ်ခါတလေဆို အန်ပါအန်တတ်ပါတယ်။ တစ်လမှာ ညဘက် ၁၀ရက်လောက်က ခေါင်းကိုက်နေတဲ့အပြင် အိပ်ရာထထချင်း ၁၅မိနစ်ကနေ လေးနာရီလောက်ထိ ခေါင်းကိုက်နေတာမျိုးပေါ့။

Cluster headache လိုပဲ သူ့မှာ အကြောင်းရင်း တိတိကျကျ မရှိနိုင်တာမို့ ဆရာဝန်ဆီသွားပြီး ဆေးကုသမှု ခံယူတာက အကောင်းဆုံးပါပဲ။

ယေဘုယျအားဖြင့် လေ့လာချက်တွေအရ ညဘက်ခေါင်းကိုက်တဲ့ ဝေဒနာကို အကောင်းဆုံးကုသနိုင်တဲ့ နည်းက တစ်နေ့ အိပ်ချိန် ၈နာရီပြည့်အောင် အိပ်ခြင်းပါ။ အိပ်တဲ့အချိန်ကနေ ည၂နာရီလောက်မှ အိပ်ပြီး မနက် ၁၀နာရီမှ အိပ်တာမဟုတ်ဘဲ ညဘက် ၁၁ခွဲလောက်ဆို ပုံမှန်အိပ်ပေးတာမျိုးကို ဆိုလိုတာပါနော်..

ဒါပေမဲ့ ခေါင်းကိုက်တဲ့ ပုံစံ တစ်ခုနဲ့ တစ်ခုဟာ ပုံစံဆင်နေတာမို့ ဆေးမြီးတို နည်းလမ်းတွေနဲ့ ကုသလို့ မပျောက်ရင် ဆရာဝန်ဆီသွားပြီး ရောဂါရှာဖွေတာက အထိရောက်ဆုံးပါ ယောင်းတို့ရေ….

By
Mia (For Her Myanmar)
Reference links: mayoclinic healthline

Aye Mon Kyaw
Aye Mon Kyaw
ကၽြန္မကေတာ့ Miaပါ။ အမ်ိဳးသမီးေတြအတြက္ စိတ္ပိုင္းဆိုင္ရာနဲ႔ ရုပ္ပိုင္းဆိုင္ရာဖြံ႕ၿဖိဳးတိုးတက္ေရး စာေတြ၊ က်န္းမာေရးေတြ ေရးေပးမယ့္သူပါ။ foodieျဖစ္တာမို႔ ဟင္းခ်က္နည္းေတြလည္း ေရးေပးမွာေနာ္။

One Reply to “ညဘက္ေတြမွာ ဘာလို႔ ေခါင္း ခဏခဏ ကိုက္ရတာလဲ?

Leave a Reply

Your email address will not be published. Required fields are marked *