ခဏခဏ ေသြးေပါင္က်တတ္ရင္ ဘာေတြကို သိထားဖို႔လိုမလဲ???

မျဖစ္မေန သိထားဖို႔ 😛 

သို႔… ညီမေလး..

ေခါင္းထဲ မူးခနဲ ၊ ရိပ္ခနဲျဖစ္လို႔ ေဆးခန္းသြားျပၾကည့္တဲ့အခါ ေသြးေပါင္က်ေနပါတယ္ဆိုတဲ့ အေနအထားတစ္ခုကို ညီမေလးတို႔ ၾကံဳဖူးၾကမယ္ ထင္ပါတယ္ေနာ္။ ေသြးေပါင္က်တယ္ဆိုတာ မိန္းကေလးေတြ ပိုၿပီးၾကံဳေတြ႕ရေလ့ရွိပါတယ္။ တစ္ခါတေလ ျဖစ္တတ္ေပမဲ့ ခဏခဏ ေသြးေပါင္က်တတ္တယ္ဆိုရင္ေတာ့ ဒါေလးေတြကို မျဖစ္မေန သိထားဖို႔ လိုလာပါၿပီ။

ေသြးေပါင္ ဘယ္ေလာက္ကို ေသြးေပါင္က်တယ္ေခၚလဲ?

အေပၚေသြး ေပါင္ခ်ိန္ ၉၀ ေအာက္နဲ႔ ေအာက္ေသြးေပါင္ခ်ိန္ ၆၀ ေအာက္ကိုေတာ့ ေသြးေပါင္က်တယ္လို႔ ေျပာရမွာပါ။

ဘယ္အေၾကာင္းေတြက ညီမေလးတို႔ကို ေသြးေပါင္က်ေစတာလဲ ?

တကယ္ေတာ့ ေသြးေပါင္က်တယ္ဆိုတာ

– ေသြးဆံု႐ံႈးတာမ်ားလို႔

အခန္႔မသင့္လို႔ ခိုက္မိလို႔ ေသြးအမ်ားႀကီးထြက္တာကေတာ့ သိသာတဲ့ ေသြးေပါင္က်ေစတဲ့အရာပါ။ ညီမေလးတို႔ သတိထားသင့္တာေလးက တစ္လတစ္ခါ လာတဲ့ ရာသီေသြးဟာ အရမ္းမ်ားတာ (သို႔) အတံုးအခဲေတြ ပါေနတာဆိုရင္ေတာ့ မေပါ့ဆပါနဲ႔။ ဒါဟာ တခ်ိဳ႕ေသာ ညီမေလးေတြအတြက္ ရာသီလာေနခ်ိန္၊ ရာသီလာၿပီးခ်ိန္ေတြမွာ ေသြးေပါင္က်ေစတဲ့ အေၾကာင္းရင္း ျဖစ္ေနတတ္ပါတယ္။

Women of Tomorrow 2
ပွဲအကြောင်း အသေးစိတ်သိလိုပါက >> http://bit.ly/2WK7oFQ

– ေရဓာတ္ဆံုး႐ံႈးတာ မ်ားလို႔

အမ်ားႀကီး အန္ၿပီးတဲ့အခ်ိန္ အမ်ားႀကီး ဝမ္းသြားၿပီးတဲ့အခ်ိန္မွာ ေသြးေပါင္က်တတ္ပါတယ္။ ဒါ့အျပင္ ညီမေလးတို႔ သတိမမူမိဘဲ ေသြးေပါင္က်ေစတဲ့ ေနာက္ထပ္ အေၾကာင္းရင္းဟာ ေနပူထဲသြားၿပီး ေခၽြးေတြ အမ်ားႀကီး ထြက္ၿပီးတဲ့အခါပါ။ တို႔ရဲ႕ ျမန္မာႏိုင္ငံဟာ အေတာ္ပူတာမို႔ Shopping ထြက္ၿပီးမ်ား ျပန္လာမယ္ဆိုရင္ အေတာ္ကို ေခၽြးထြက္မ်ားသြားမွာပါ။

– ဗီတာမင္ခ်ိဳ႕တဲ့လို႔

မိန္းကေလးသဘာဝ ခ်ဥ္ငန္စပ္ေတြကို ႀကိဳက္တာေတာ့ ပံုမွန္ပါပဲ။ ဒီခ်ဥ္ငန္စပ္ေတြမွာက ေသြးအားေကာင္းေစတဲ့ ေသြးနီဥျဖစ္ေစတဲ့ တစ္နည္းေသြးေပါင္တက္ေစတဲ့ B12, Folate ေတြ သိပ္မပါတတ္ပါဘူး။ ဒီေတာ့ ရာသီလာလိုက္ ဆံုး႐ံႈးလိုက္ အစားေရြးလိုက္နဲ႔မို႔ ေသြးေပါင္က်တာလည္းျဖစ္ႏိုင္ပါေသးတယ္..  ၾကက္ဥ၊ ပဲ၊ အစိမ္းရင့္ အသီးအရြက္ေတြ ေရြးစားဖို႔ လံုးဝမႀကိဳက္ပါဘူးဆိုရင္ေတာ့ အားေဆးေလး မွီဝဲဖို႔ အၾကံေပးခ်င္ပါတယ္။

Related Article >>> မ်က္ႏွာေလး ၾကည္လင္ေတာက္ပၿပီး လွေနေစဖို ့ လိုအပ္တဲ့ ဗီတာမင္ေလးမ်ား

အျခား ရန္ဖန္ရံခါ ေသြးေပါင္က်ေစတာကေတာ့

  • ေသာက္ေနတဲ့ေဆးဝါးထဲမွာေသြးက်ေစတာပါဝင္ေနတာ(ဥပမာ .. ဆီးေဆး၊ ေသြးက်ေဆး)
  • ဓာတ္မတည့္မႈတစ္ခုျဖစ္ေပၚခ်ိန္
  • ပိုးဆိပ္ပ်ံ႔ႏွံ့႔ခ်ိန္
  • ႏွလံုးေရာဂါတစ္ခုရွိေနခ်ိန္ နဲ႔
  • ကိုယ္ဝန္ေဆာင္ခ်ိန္ေတြမွာလည္း ေသြးေပါင္က်တတ္ပါတယ္။

ေသြးေပါင္က်ရင္ ဘာေတြျဖစ္တတ္လဲ?

သိပ္မဆိုးဝါးဘဲ နည္းနည္းပဲ က်တဲ့ ေသြးေပါင္ဆိုရင္

  • အထိုင္အထ မူးေဝတာ
  • ႏံုးၿပီးမလႈပ္ခ်င္တာ
  • အာရံုစိုက္လို႔မရတာ
  • ပ်ိဳ႕အန္တာေတြ ျဖစ္တတ္ပါတယ္။

ဆိုးရြားတဲ့ေသြးေပါင္က်ျခင္းဆိုရင္ေတာ့

  • ေျခလက္ေအးစက္သြားတာ
  • မူးၿပီးပစ္လဲတာ
  • အသက္႐ွဴ ျမန္လာတာစတဲ့ လကၡဏာေတြ ျပတတ္ပါတယ္။

Related Article >>> ကၽြန္မႏွင့္ ေသြးတိုးက်ေဆးအလြဲမ်ား

ဘာေတြသိထားသင့္လဲ?

ေသြးေပါင္က်တတ္သူေတြဟာ

  • ေကာ္ဖီ ၊ အရက္မဟုတ္တဲ့ အရည္မ်ားမ်ား ေသာက္သင့္ပါတယ္
  • ေခၽြးထြက္မ်ားရင္ ဓာတ္ဆား ေဆာင္ထားသင့္ပါတယ္။
  • အစားအစာ မွ်တေအာင္စားသင့္ပါတယ္။
  • အၾကာႀကီး မတ္တပ္ရပ္တာ ၊ အိမ္သာမွာ အၾကာႀကီးထိုင္တာ သတိထားသင့္ပါတယ္။
  • အေရးေပၚအေနနဲ႔ ေသြးေပါင္က်လို႔ မူးလဲတာမ်ိဳး ၾကံဳခဲ့ရင္ေတာ့ လူက ပက္လက္အေနအထားနဲ႔ေျခေထာက္ႏွစ္ေခ်ာင္းကို အတန္ငယ္ေျမႇာက္ထားၿပီး ေသြးေပါင္အျမန္တက္ေအာင္လုပ္သင့္ပါတယ္။

ေသြးေပါင္က်တယ္ဆိုတဲ့ ညီမေလးတို႔အတြက္ အက္ဒမင္ရဲ႕ အထူးေမတၱာလက္ေဆာင္ပါလို႔။

မယ္တင္(ေဆး ၁)

<<< Unicode >>>

မဖြစ်မနေ သိထားရမှာတွေက… 

သို့… ညီမလေး..

ခေါင်းထဲ မူးခနဲ ၊ ရိပ်ခနဲဖြစ်လို့ ဆေးခန်းသွားပြကြည့်တဲ့အခါ သွေးပေါင်ကျနေပါတယ်ဆိုတဲ့ အနေအထားတစ်ခုကို ညီမလေးတို့ ကြုံဖူးကြမယ် ထင်ပါတယ်နော်။ သွေးပေါင်ကျတယ်ဆိုတာ မိန်းကလေးတွေ ပိုပြီးကြုံတွေ့ရလေ့ရှိပါတယ်။ တစ်ခါတလေ ဖြစ်တတ်ပေမဲ့ ခဏခဏ သွေးပေါင်ကျတတ်တယ်ဆိုရင်တော့ ဒါလေးတွေကို မဖြစ်မနေ သိထားဖို့ လိုလာပါပြီ။

သွေးပေါင် ဘယ်လောက်ကို သွေးပေါင်ကျတယ်ခေါ်လဲ?

အပေါ်သွေး ပေါင်ချိန် ၉၀ အောက်နဲ့ အောက်သွေးပေါင်ချိန် ၆၀ အောက်ကိုတော့ သွေးပေါင်ကျတယ်လို့ ပြောရမှာပါ။

ဘယ်အကြောင်းတွေက ညီမလေးတို့ကို သွေးပေါင်ကျစေတာလဲ ? 

တကယ်တော့ သွေးပေါင်ကျတယ်ဆိုတာ

– သွေးဆုံရှုံးတာများလို့

အခန့်မသင့်လို့ ခိုက်မိလို့ သွေးအများကြီးထွက်တာကတော့ သိသာတဲ့ သွေးပေါင်ကျစေတဲ့အရာပါ။ ညီမလေးတို့ သတိထားသင့်တာလေးက တစ်လတစ်ခါ လာတဲ့ ရာသီသွေးဟာ အရမ်းများတာ (သို့) အတုံးအခဲတွေ ပါနေတာဆိုရင်တော့ မပေါ့ဆပါနဲ့။ ဒါကြောင့် တချို့သော ညီမလေးတွေမှာ ရာသီလာနေချိန်၊ ရာသီလာပြီးချိန်များမှာ သွေးပေါင်ကျတတ်တာပါ။

Women of Tomorrow 2
ပွဲအကြောင်း အသေးစိတ်သိလိုပါက >> http://bit.ly/2WK7oFQ

– ရေဓာတ်ဆုံးရှုံးတာ များလို့

အများကြီး အန်ပြီးတဲ့အချိန် အများကြီး ဝမ်းသွားပြီးတဲ့အချိန်မှာ သွေးပေါင်ကျတတ်ပါတယ်။ ဒါ့အပြင် ညီမလေးတို့ သတိမမူမိဘဲ သွေးပေါင်ကျစေတဲ့ နောက်ထပ် အကြောင်းရင်းဟာ နေပူထဲသွားပြီး ချွေးတွေ အများကြီး ထွက်ပြီးတဲ့အခါပါ။ တို့ရဲ့ မြန်မာနိုင်ငံဟာ အတော်ပူတာမို့ Shopping ထွက်ပြီးများ ပြန်လာမယ်ဆိုရင် အတော်ကို ချွေးထွက်များသွားမှာပါ။

– ဗီတာမင်ချို့တဲ့လို့

မိန်းကလေးသဘာဝ ချဉ်ငန်စပ်တွေကို ကြိုက်တာတော့ ပုံမှန်ပါပဲ။ ဒီချဉ်ငန်စပ်တွေမှာက သွေးအားကောင်းစေတဲ့ သွေးနီဥဖြစ်စေတဲ့ တစ်နည်းသွေးပေါင်တက်စေတဲ့ B12, Folate တွေ သိပ်မပါတတ်ပါဘူး။ ဒီတော့ ရာသီလာလိုက် ဆုံးရှုံးလိုက် အစားရွေးလိုက်နဲ့မို့ သွေးပေါင်ကျတာလည်းဖြစ်နိုင်ပါသေးတယ်..  ကြက်ဥ၊ ပဲ၊ အစိမ်းရင့် အသီးအရွက်တွေ ရွေးစားဖို့ လုံးဝမကြိုက်ပါဘူးဆိုရင်တော့ အားဆေးလေး မှီဝဲဖို့ အကြံပေးချင်ပါတယ်။

Related Article >>> မျက်နှာလေး ကြည်လင်တောက်ပပြီး လှနေစေဖို့ လိုအပ်တဲ့ ဗီတာမင်လေးများ

အခြား ရန်ဖန်ရံခါ သွေးပေါင်ကျစေတာကတော့

  • သောက်နေတဲ့ဆေးဝါးထဲမှာသွေးကျစေတာပါဝင်နေတာ(ဥပမာ .. ဆီးဆေး၊ သွေးကျဆေး)
  • ဓာတ်မတည့်မှုတစ်ခုဖြစ်ပေါ်ချိန်
  • ပိုးဆိပ်ပျံ့နှံ့ချိန်
  • နှလုံးရောဂါတစ်ခုရှိနေချိန် နဲ့
  • ကိုယ်ဝန်ဆောင်ချိန်တွေမှာလည်း သွေးပေါင်ကျတတ်ပါတယ်။

သွေးပေါင်ကျရင် ဘာတွေဖြစ်တတ်လဲ?

သိပ်မဆိုးဝါးဘဲ နည်းနည်းပဲ ကျတဲ့ သွေးပေါင်ဆိုရင်

  • အထိုင်အထ မူးဝေတာ
  • နုံးပြီးမလှုပ်ချင်တာ
  • အာရုံစိုက်လို့မရတာ
  • ပျို့အန်တာတွေ ဖြစ်တတ်ပါတယ်။

ဆိုးရွားတဲ့သွေးပေါင်ကျခြင်းဆိုရင်တော့

  • ခြေလက်အေးဆက်သွားတာ
  • မူးပြီးပစ်လဲတာ
  • အသက်ရှူ မြန်လာတာစတဲ့ လက္ခဏာတွေ ပြတတ်ပါတယ်။

Related Article >>> ကျွန်မနှင့် သွေးတိုးကျဆေးအလွဲများ

ဘာတွေသိထားသင့်လဲ?

သွေးပေါင်ကျတတ်သူတွေဟာ

  • ကော်ဖီ ၊ အရက်မဟုတ်တဲ့ အရည်များများ သောက်သင့်ပါတယ်။
  • ချွေးထွက်များရင် ဓာတ်ဆား ဆောင်ထားသင့်ပါတယ်။
  • အစားအစာ မျှတအောင်စားသင့်ပါတယ်။
  • အကြာကြီး မတ်တပ်ရပ်တာ ၊ အိမ်သာမှာ အကြာကြီးထိုင်တာ သတိထားသင့်ပါတယ်။
  • အရေးပေါ်အနေနဲ့ သွေးပေါင်ကျလို့ မူးလဲတာမျိုး ကြုံခဲ့ရင်တော့ လူက ပက်လက်အနေအထားနဲ့ခြေထောက်နှစ်ချောင်းကို အတန်ငယ်မြှောက်ထားပြီး သွေးပေါင်အမြန်တက်အောင်လုပ်သင့်ပါတယ်။

သွေးပေါင်ကျတယ်ဆိုတဲ့ ညီမလေးတို့အတွက် အက်ဒမင်ရဲ့ အထူးမေတ္တာလက်ဆောင်ပါလို့။

မယ်တင်(ဆေး ၁)း

No Comments Yet

Comments are closed