အိမ်မပြန်တတ်တော့တဲ့ မေမေ

ဒေါက်တာစုဆေးခန်းကိုလာနေကျ သားအမိ နှစ်ယောက်ရှိသည်။
သားအမိ ၂ယောက်စလိုက်ကြ၊နောက်လိုက်ကြမို့ စိတ်ထဲက ချစ်စရာကောင်းတဲ့သားအမိလို့မှတ်ထားဖြစ်သည်။
ပိုထူးတာက သမီးလေးက ဆေးကျောင်း ဒုတိယနှစ်။နာမည်လေးက ပိုးပိုး။
ဆေးခန်းလာတိုင်းလည်း သူမသိတာတွေမေးနေကြ။
ဒီနေ့တော့ပိုးပိုးတစ်ယောက်တည်း ဆေးခန်းကိုရောက်လာသည်။

” မမကို တိုင်ပင်စရာလေးရှိလို့ပါ။ ”
” ပြောပါ ညီမလေး”
” မေမေရယ်လေ ခုတလော အရမ်းထူဆန်းနေတယ်။ အရင်တစ်လောက
သွားလေရာမှာ ထီးကျန်ခဲ့တာ ၊ ပိုက်ဆံအိတ်ကျန်ခဲ့တာ။ သူ့အမျိုးနာမည်တွေရုတ်တရက် မမှတ်မိတာ၊ သူတွေ့ဖို့ ချိန်းထားတာတွေ လုံးလုံး မေ့သွားတာတွေ ရှိပေမယ့် သမီးလည်း
အသက်ကြီးလာလို့ ဖြစ်မှာပါလို့တွေးမိနေတာ။ ခုတစ်ခေါက်က တော်တော်ကြီး သိသာထူးဆန်းနေလို့”
” ဟုတ်လား ပြောပါဦး ညီမလေးရဲ့။ အရမ်းမေ့တတ်တာမျိုးက Alziemers ( အယ်လ်ဇိုင်းမား) လို့ခေါ်တဲ့ သတိမေ့ရောဂါရဲ့ လက္ခဏာ လည်းဖြစ်နေတတ်တယ်”
ပိုးပိုးလည်း ဆက်ပြီး ” မေမေရယ်လေ တစ်နေ့က မြို့ထဲကို ကားမောင်းသွားရင်း သမီးကို ဖုန်းလှမ်းဆက်တယ်။ သမီးရေ…လုပ်ပါဦး” မေမေ အိမ်ပြန်တဲ့လမ်းကို မမှတ်မိတော့လို့ဆိုပြီးလေ။
မေမေက အရင်ထဲက ဖြတ်ဖြတ်လတ်လတ် တက်တက်ကြွကြွ၊ သမီးငယ်ငယ်ထဲက
ကားမောင်းပြီးနေရာအနှံ့ လိုက်ပို့ပေးနေကြ။ ဒီမြို့ထဲကနေ အိမ်ပြန်တဲ့ လမ်းကိုတောင် မမှတ်မိတော့ဘူးဆိုတော့ မမရယ်” ပိုးပိုးလေး ပြောပြီး မျက်ရည်ဝိုင်းနေသည်။

Related article >>> စိုးရိမ်လွန်ကဲ စိတ်ရောဂါဆိုတာ
ဒေါက်တာစုလည်း စိတ်မကောင်းအတော်ဖြစ်ပြီးဘယ်လိုနှစ်သိမ့်ရမယ် စကားရှာမရဖြစ်သွားသည်။
” ညီမလေးပြောသလိုဆိုရင်တော့ အစ်မပြောတဲ့ အယ်လ်ဇိုင်းမားနဲ့ တော်တော်တူနေပြီ။ အယ်လ်ဇိုင်းမားဆိုတာ ဦးနှောက်က မှတ်ဉာဏ်တွေ တဖြည်းဖြည်းလျော့နည်းလာတာမျိုးပါ။ စိတ်မကောင်းစရာက ကုသလို့ မရနိုင်တဲ့ ရောဂါမျိုးပါ။ အရင်ဆုံးတော့ သေချာအောင် ဆရာဝန်နဲ့ ပြဖို့တော့လိုမယ် ညီမလေး။

ဒါပေမဲ့ ညီမလေးကို ဆက်ပြီးဖြစ်လာတတ်တဲ့ လက္ခဏာလေးတွေပြောပြထားပေးမယ်။ အယ်လ်ဇိုင်းမားရောဂါရှင်တွေဟာ အစပိုင်းမှာ ညီမလေးပြောသလိုမေ့တာလေးတွေဖြစ်တတ်တယ်။ နောက်ပိုင်းကျရင်လတ်တလောဖြစ်နေတာတွေ၊ အရင်က မိသားစုအဖြစ်အပျက်တွေပါမေ့လာတတ်တယ်။ လူအများနဲ့မနေချင်တော့တာတွေ၊ စိတ်ပိုတိုလာတာတွေ၊ စိတ်ဓာတ်ကျလာတာတွေပါဖြစ်လာတတ်တယ်။ နောက်တစ်ဆင့်အနေနဲ့ဆိုရင် အယ်လ်ဇိုင်းမားခံစားနေရတဲ့လူဟာ နေရပ်လိပ်စာတွေ… ဖုန်းနံပါတ်တွေ မေ့တာ… နေ့ရက်တွေ… ကိုမေ့တာ၊ ပုံမှန်ဈေးသွားရင် တွက်ချက်တာမျိုးမလုပ်နှင့်တော့တာတွေဖြစ်တတ်တယ်။ နောက်တစ်ဆင့်အနေနဲ့အိပ်ချိန်မှားတာ… ည၊မနက်မှားတာ… ထင်ယောင်ထင်မှားဖြစ်တာ အကျီင်္ကိုယ့်ဘာသာကိုယ်မဝတ်နိုင်တာတွေဖြစ်လာတတ်တယ်။

Related article >>> ကြောက်တတ်တယ်ဆိုတာကို စိတ်ရောဂါလို့ သတ်မှတ်နိုင်လား

နောက်ဆုံးအဆင့်အနေနဲ့ဆိုရင်တော့ စကားမပြောနိုင်တော့တာ၊ အစားအစာမြိုချရခက်တာ၊ တွေထိဖြစ်လာတတ်တယ်။ ညီမအနေနဲ့ ဒီလိုတွေဖြစ်လာခဲ့ရင် မေမေ့ကို ပိုဂရုစိုက်ပေးဖို့လိုလိမ့်မယ်”
ပိုးပိုးလည်း ” မမရယ် သမီးတော့ မေမေ့ကိုသနားလိုက်တာ၊ မေမေ့ကို ဂရုမစိုက်မိတဲ့အချိန်တွေကိုလည်း နှမြောမိတယ်။ ”
” ပိုးပိုး… ညီမလေးရယ်၊ ခုသိတဲ့အချိန်မှာ ကိုဂရုစိုက်ပေး၊ ပိုပြီး ချစ်ပေးပေါ့ ညီမလေးရယ်”
” ညီမလေး အနေနဲ့ မေမေဖြစ်နေတာတွေကို နားလည်ပေးလိုက်ပါ။ မေမေက တဖြည်းဖြည်းနဲ့ မှတ်ဥာဏ်တွေပျောက်ဆုံးလာတဲ့အခါ ပိုပြီးစိတ်ရှည်ပေးလိုက်ပါ။
ကိစ္စတစ်ခုကို မမှတ်မိတဲ့အခါ အော်ဟစ်တာမျိုး၊ မာမာထန်ထန်ပြောတမျိုးမလုပ်ဘဲ အစကပြန်ပြောပြပေးပါ။
သူ့အနေနဲ့ ဆုံးသွားတဲ့သူ့မေမေ ညီမလေးဘွားဘွားကို ရှာတာမျိုး လုပ်လာနိုင်ပါတယ်။ အဲဒီ့အခါကျရင်လည်း ဆုံးသွားပြီတို့ မရှိတော့ဘူးတို့ဆိုတဲ့ သတင်းဆိုးကို ပြောရင် လက်မခံတတ်ကြပါဘူး။
အဲ့ဒါမျိုးဆိုရင် ” ဘွားဘွားကို ဒီနေ့ တစ်နေ့လုံးမတွေ့မိဘူး” ဆိုပြီး လက်ခံအောင်ပြောပြပေးပါ ညီမလေးရေ။
အိမ်မှာ နေရဲ့သားနဲ့ အိမ်ပြန်ချင်တယ်ဆိုတာမျိုးလည်းပြောတတ်ပါတယ်။ အဲ့အခါကျရင်လည်း အတင်းငြင်းမနေဘဲ
“ပြီးမှ တူတူပြန်မယ်”ဆိုတာမျိုးက သူနဲ့စိတ်ချင်းနီးစပ်စေပါတယ်။ ဒီလိုလေးတွေ ကူညီမယ်ဆိုရင် ဒီရောဂါကလည်း အမေနဲ့သမီးကို မဝေးကွာစေပါဘူး ညီမလေးရေ”

တစ်နေ့တည်းအတူတူ ဇီဝိန်ချုပ်ငြိမ်းဖို့ ဆုံးဖြတ်ခဲ့ကြတဲ့ ဇနီးမောင်နှံ နှစ်ဦး
ပိုးပိုးပြန်သွားပြီးနောက် ဒေါက်တာစုတစ်ယောက်တော့ ဒီသားအမိအဖြစ်ကိုတွေးရင်း မေမေ့ကို
သတိကောင်းတုန်း၊ ကျန်းမာတုန်းကာလမှာ ပိုချစ်၊ပိုဂရုစိုက်ဖို့ ဆုံးဖြတ်လိုက်တော့သည်။
မယ်တင်( ဆေး ၁)

No Comments Yet

Comments are closed