Health

တကယ္မရွိတဲ့ အရာေတြကို ျမင္ေနရၿပီလား? ကိုယ္တစ္ေယာက္တည္း ေနတဲ့အခ်ိန္ စကားသံေတြ ၾကားေနရၿပီလား? ဒါေလးဖတ္ၾကည့္ပါ… 

ကိုယ့္ကိုယ္ကိုယ္ အၾကားအျမင္ေတြ ရေနတယ္လို႔ေတာ့ မထင္ေစလို… 

ရုပ္ရွင္ဇာတ္လမ္းေတြမွာ ျဖစ္ေစ၊ အျပင္ပတ္ဝန္းက်င္မွာ ျဖစ္ေစ၊ စိတ္ေပါ့သြပ္သူေတြကို ေတြ႕ရတတ္ပါတယ္။ မ်ားေသာအားျဖင့္ သူတို႔ေတြမွာ သူတို႔ စိတ္ထင္ရာ၊ အေတြးထဲျမင္ရာ အရာအားလံုးကို ထုတ္ေျပာေနတတ္ၾကပါတယ္။ ဒီလို စိတ္ေပါ့သြပ္ျခင္းအေၾကာင္းကို ေယာင္းတို႔ သိေစဖုိ႔အတြက္ ဒီေဆာင္းပါးေလးနဲ႔ ေဖာ္ျပေပးလိုက္ပါတယ္ေနာ္…

စိတ္ေပါ့သြပ္ျခင္း ေရာဂါဆိုတာ ျပင္ပပတ္ဝန္းက်င္ အမွန္ကို မသိျမင္ႏိုင္ဘဲ အတုအေယာင္ ပံုရိပ္နဲ႔ အသံေတြကို ၾကားေယာင္ ျမင္ေယာင္ ထင္ေယာင္ေနျခင္းကို ဆိုလိုတာပါ။ အထင္မွားျခင္း၊ မရွိတဲ့ အရာတို႔ကို ထင္ေယာင္ျမင္ေယာင္ျဖစ္ျခင္း စတဲ့ လကၡဏာတို႔ ပါဝင္ပါတယ္။

ဘယ္အခ်ိန္မွာ ျဖစ္ေပၚႏိုင္လဲ?

စိတ္ေရာဂါ သို႔မဟုတ္ ခႏၶာကိုယ္ေရာဂါ တစ္ခုခုရွိခ်ိန္
တားျမစ္ေဆးဝါးသံုးစြဲထားခ်ိန္
ျပင္းထန္ေသာ စိတ္ဖိစီးမႈျဖစ္ေစ စိတ္ဒဏ္ရာျဖစ္ေစရထားခ်ိန္ေတြမွာ ျဖစ္ေပၚႏိုင္ပါတယ္။

တကယ္ေတာ့ စိတ္ေပါ့သြပ္ျခင္းဆိုတာ ေရာဂါတစ္ခုမဟုတ္ဘဲ အေျခအေနတစ္ရပ္ကို ေခၚဆိုျခင္းသာျဖစ္ပါတယ္။

Related Article >>> စိတ္က်ေရာဂါနဲ႔ ပတ္သက္ၿပီး လြဲမွားေနတဲ့ အယူအဆမ်ား

ျဖစ္ပြားေစတဲ့ အေၾကာင္းရင္းမ်ား

ဒီအေျခအေနကို ျဖစ္ေပၚေစတဲ့ အေၾကာင္းရင္းေတြကေတာ့ အမ်ားႀကီးပါပဲ။ ဒီအေၾကာင္းရင္းေတြထဲမွာေတာ့

  • အိပ္ခ်ိန္အလြန္နည္းပါးျခင္း၊
  • အခ်ဳိ႕ေသာေဆးဝါးမ်ားအလြဲသံုးစားျပဳျခင္း၊
  • အရက္နဲ႔ မူးယစ္ေဆး တားျမစ္ေဆးေတြ သံုးစြဲျခင္း စတာေတြ ပါဝင္ေနသလို
  • အလြန္စိတ္ထိခိုက္စရာေကာင္းတဲ့ ျဖစ္ရပ္ေတြနဲ႔ ႀကံဳရျခင္း (ဥပမာ- မိမိခ်စ္ခင္ရသူ တစ္စံုတစ္ဦးအား မေမ်ွာ္လင့္ဘဲဆံုးရႈံးရျခင္း၊ လိင္ပိုင္းဆိုင္ရာ အၾကမ္းဖက္မႈခံရျခင္း) ၊
  • ဦးေခါင္းထိခိုက္ျခင္း၊
  • ဦးေႏွာက္အက်ိတ္မ်ား၊
  • ေလျဖတ္ေရာဂါ၊
  • Parkinson ေရာဂါ၊
  • အယ္ဇိုင္းမားေရာဂါ စတဲ့ ေရာဂါေတြမွာလည္း ေတြ႕ရႏုိင္ပါတယ္။
  • စိတ္ကစဥ့္ကလ်ားေရာဂါ (Schizophrenia) ႏွင့္ စိတ္အတက္အက်ျမန္ေရာဂါ (Bipolar disorders) တို႔၏ လကၡဏာ တစ္ခုအေနနဲ႔လည္း ျဖစ္ပြားႏုိင္ပါတယ္။

ေရာဂါစစ္ေဆးျခင္း

စိတ္ေရာဂါပညာရွင္မ်ား သို႔မဟုတ္ ဆရာဝန္ေတြ ေမးျမန္းစစ္ေဆးျခင္းအားျဖင့္ သိႏုိင္ပါတယ္။ ျဖစ္ပြားရတဲ့ အေၾကာင္းရင္းနဲ႔ အျခားဆက္ႏြယ္ေနတဲ့ အေၾကာင္းရင္းမ်ားကို ရွာေဖြစစ္ေဆးရပါမယ္။

Related Article >>> စိုးရိမ္လြန္ကဲ စိတ္ေရာဂါဆိုတာ

ကုသျခင္း

ေစာလ်င္စြာ ကုသျခင္း (ပထမဆံုး စိတ္ကေယာင္ေခ်ာက္ခ်ားျဖစ္ခ်ိန္မွာ ကုမယ္၊ သိသိခ်င္းကုမယ္ဆိုရင္) ျဖင့္ အလုပ္၊ ပညာေရး၊ လူမႈေရး ထိခိုက္ျခင္းေတြကေန ကာကြယ္ႏိုင္ပါလိမ့္မယ္။

ဆရာဝန္ အႀကံေပးခ်က္အတိုင္း ကုသသင့္ပါတယ္။

ကိုယ္ကိုယ္တိုင္ျဖစ္ေစ၊ တစ္ပါးသူကိုျဖစ္ေစ အႏၲရာယ္ျပဳႏိုင္မယ့္ အေျခအေနမ်ိဳးရွိေနခဲ့ရင္ ဒါမွမဟုတ္ ကိုယ္ကိုယ္တိုင္ ကိုယ့္စိတ္ကို မထိန္းခ်ဳပ္ႏုိင္ေတာ့ဘူးဆိုရင္ေတာ့ ေဆးရံုတက္ဖုိ႔ လိုအပ္ပါတယ္။

ႏွစ္သိမ့္ေဆြးေႏြးျခင္း (Counseling) နဲ႔ အတူ Cognitive Behavioural Therapy ၊ Supportive Psychotherapy ၊ Cognitive Enhancement Therapy ၊ Family Psychoeducation and Support အစရွိတဲ့ ေဆြးေႏြးတိုင္ပင္ ကုသျခင္းေတြကို ကၽြမ္းက်င္ပညာရွင္ေတြနဲ႔ ကုသသင့္ပါတယ္။ မိသားစုရဲ႕ ေႏြးေထြးမႈ၊ အကူညီေပးမႈ၊ ေထာက္ပံ႔မႈေတြကလည္း တကယ္ကို လိုအပ္ပါတယ္။

ေရးသားသူ- Dr. Louis

Reference link: https://www.webmd.com/schizophrenia/guide/what-is-psychosis#2

ဤေဆာင္းပါးအတြက္ ပံ့ပိုးကူညီေပးပါေသာ က်န္းက်န္းမာမာ by Alinker အား အထူးပင္ ေက်းဇူးတင္ရွိပါသည္။

<<< Unicode >>>

ကိုယ့်ကိုယ်ကိုယ် အကြားအမြင်တွေ ရနေတယ်လို့တော့ မထင်စေလို… 

ရုပ်ရှင်ဇာတ်လမ်းတွေမှာ ဖြစ်စေ၊ အပြင်ပတ်ဝန်းကျင်မှာ ဖြစ်စေ၊ စိတ်ပေါ့သွပ်သူတွေကို တွေ့ရတတ်ပါတယ်။ များသောအားဖြင့် သူတို့တွေမှာ သူတို့ စိတ်ထင်ရာ၊ အတွေးထဲမြင်ရာ အရာအားလုံးကို ထုတ်ပြောနေတတ်ကြပါတယ်။ ဒီလို စိတ်ပေါ့သွပ်ခြင်းအကြောင်းကို ယောင်းတို့ သိစေဖို့အတွက် ဒီဆောင်းပါးလေးနဲ့ ဖော်ပြပေးလိုက်ပါတယ်နော်…

စိတ်ပေါ့သွပ်ခြင်း ရောဂါဆိုတာ ပြင်ပပတ်ဝန်းကျင် အမှန်ကို မသိမြင်နိုင်ဘဲ အတုအယောင် ပုံရိပ်နဲ့ အသံတွေကို ကြားယောင် မြင်ယောင် ထင်ယောင်နေခြင်းကို ဆိုလိုတာပါ။ အထင်မှားခြင်း၊ မရှိတဲ့ အရာတို့ကို ထင်ယောင်မြင်ယောင်ဖြစ်ခြင်း စတဲ့ လက္ခဏာတို့ ပါဝင်ပါတယ်။

ဘယ်အချိန်မှာ ဖြစ်ပေါ်နိုင်လဲ?

စိတ်ရောဂါ သို့မဟုတ် ခန္ဓာကိုယ်ရောဂါ တစ်ခုခုရှိချိန်
တားမြစ်ဆေးဝါးသုံးစွဲထားချိန်
ပြင်းထန်သော စိတ်ဖိစီးမှုဖြစ်စေ စိတ်ဒဏ်ရာဖြစ်စေရထားချိန်တွေမှာ ဖြစ်ပေါ်နိုင်ပါတယ်။

တကယ်တော့ စိတ်ပေါ့သွပ်ခြင်းဆိုတာ ရောဂါတစ်ခုမဟုတ်ဘဲ အခြေအနေတစ်ရပ်ကို ခေါ်ဆိုခြင်းသာဖြစ်ပါတယ်။

Related Article >>> စိတ်ကျရောဂါနဲ့ ပတ်သက်ပြီး လွဲမှားနေတဲ့ အယူအဆများ

ဖြစ်ပွားစေတဲ့ အကြောင်းရင်းများ

ဒီအခြေအနေကို ဖြစ်ပေါ်စေတဲ့ အကြောင်းရင်းတွေကတော့ အများကြီးပါပဲ။ ဒီအကြောင်းရင်းတွေထဲမှာတော့

  • အိပ်ချိန်အလွန်နည်းပါးခြင်း၊
  • အချို့သောဆေးဝါးများအလွဲသုံးစားပြုခြင်း၊
  • အရက်နဲ့ မူးယစ်ဆေး တားမြစ်ဆေးတွေ သုံးစွဲခြင်း စတာတွေ ပါဝင်နေသလို
  • အလွန်စိတ်ထိခိုက်စရာကောင်းတဲ့ ဖြစ်ရပ်တွေနဲ့ ကြုံရခြင်း (ဥပမာ- မိမိချစ်ခင်ရသူ တစ်စုံတစ်ဦးအား မမျှော်လင့်ဘဲဆုံးရှုံးရခြင်း၊ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုခံရခြင်း) ၊
  • ဦးခေါင်းထိခိုက်ခြင်း၊
  • ဦးနှောက်အကျိတ်များ၊
  • လေဖြတ်ရောဂါ၊
  • Parkinson ရောဂါ၊
  • အယ်ဇိုင်းမားရောဂါ စတဲ့ ရောဂါတွေမှာလည်း တွေ့ရနိုင်ပါတယ်။
  • စိတ်ကစဉ့်ကလျားရောဂါ (Schizophrenia) နှင့် စိတ်အတက်အကျမြန်ရောဂါ (Bipolar disorders) တို့၏ လက္ခဏာ တစ်ခုအနေနဲ့လည်း ဖြစ်ပွားနိုင်ပါတယ်။

ရောဂါစစ်ဆေးခြင်း

စိတ်ရောဂါပညာရှင်များ သို့မဟုတ် ဆရာဝန်တွေ မေးမြန်းစစ်ဆေးခြင်းအားဖြင့် သိနိုင်ပါတယ်။ ဖြစ်ပွားရတဲ့ အကြောင်းရင်းနဲ့ အခြားဆက်နွယ်နေတဲ့ အကြောင်းရင်းများကို ရှာဖွေစစ်ဆေးရပါမယ်။

Related Article >>> စိုးရိမ်လွန်ကဲ စိတ်ရောဂါဆိုတာ

ကုသခြင်း

စောလျင်စွာ ကုသခြင်း (ပထမဆုံး စိတ်ကယောင်ချောက်ချားဖြစ်ချိန်မှာ ကုမယ်၊ သိသိချင်းကုမယ်ဆိုရင်) ဖြင့် အလုပ်၊ ပညာရေး၊ လူမှုရေး ထိခိုက်ခြင်းတွေကနေ ကာကွယ်နိုင်ပါလိမ့်မယ်။

ဆရာဝန် အကြံပေးချက်အတိုင်း ကုသသင့်ပါတယ်။

ကိုယ်ကိုယ်တိုင်ဖြစ်စေ၊ တစ်ပါးသူကိုဖြစ်စေ အန္တရာယ်ပြုနိုင်မယ့် အခြေအနေမျိုးရှိနေခဲ့ရင် ဒါမှမဟုတ် ကိုယ်ကိုယ်တိုင် ကိုယ့်စိတ်ကို မထိန်းချုပ်နိုင်တော့ဘူးဆိုရင်တော့ ဆေးရုံတက်ဖို့ လိုအပ်ပါတယ်။

နှစ်သိမ့်ဆွေးနွေးခြင်း (Counseling) နဲ့ အတူ Cognitive Behavioural Therapy ၊ Supportive Psychotherapy ၊ Cognitive Enhancement Therapy ၊ Family Psychoeducation and Support အစရှိတဲ့ ဆွေးနွေးတိုင်ပင် ကုသခြင်းတွေကို ကျွမ်းကျင်ပညာရှင်တွေနဲ့ ကုသသင့်ပါတယ်။ မိသားစုရဲ့ နွေးထွေးမှု၊ အကူညီပေးမှု၊ ထောက်ပံ့မှုတွေကလည်း တကယ်ကို လိုအပ်ပါတယ်။

ရေးသားသူ- Dr. Louis

Reference link: https://www.webmd.com/schizophrenia/guide/what-is-psychosis#2

ဤဆောင်းပါးအတွက် ပံ့ပိုးကူညီပေးပါသော ကျန်းကျန်းမာမာ by Alinker အား အထူးပင် ကျေးဇူးတင်ရှိပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *