Health

အေျခအေန၊ အခ်ိန္အခါမေရြး ဒုကၡေပးႏုိင္တဲ့ ႏွလံုးေသြးေၾကာက်ဥ္းေရာဂါအေၾကာင္း သိေကာင္းစရာ..

ဆိုးလာရင္ ႏွလံုးႂကြက္သားပုပ္တာထိ ျဖစ္တတ္သတဲ့…😱😱😱

ႏွလံုးေသြးေၾကာက်ဥ္းေရာဂါဆိုတာ ႏွလံုးဆီကို ေသြးပို႔လႊတ္တဲ့ ေသြးေၾကာေတြ တျဖည္းျဖည္း က်ဥ္းလာတဲ့အတြက္ ႏွလံုးဆီ ေသြး အလံုအေလာက္ မေရာက္ေတာ့ဘဲ ေနာက္ဆက္တြဲ ျပႆနာေတြ ျဖစ္ေပၚလာတာကို ေခၚပါတယ္။

ဘာေၾကာင့္ ျဖစ္ရတာလဲ?

အသက္ႀကီးလာတာနဲ႔အမ်ွ ေသြးေၾကာနံရံေတြ မာေၾကာလာတာ၊ ေသြးေၾကာနံရံမွာ အဆီေတြ စုပံုတာေတြ ျဖစ္လာပါတယ္။

ဒီေတာ့ ႏွလံုးေသြးေၾကာေတြက  က်ဥ္းလာၿပီး နွလံုးဆီကို ေသြးအလံုအေလာက္ မေရာက္ႏိုင္တာေၾကာင့္ နွလံုးရဲ႕ လုပ္ငန္းေဆာင္တာေတြကို ပံုမွန္မလုပ္ေဆာင္ႏိုင္ေတာ့ဘဲ ေရာဂါလကၡဏာေတြ ျဖစ္ေပၚလာပါတယ္။

သိသာထင္ရွားတဲ့ လကၡဏာမ်ား

  • ရင္ဘတ္ေအာင့္တာဟာ အမ်ားဆံုးေတြ႕ရတဲ့ ေရာဂါလကၡဏာျဖစ္ပါတယ္။ ရင္ညြန္႔အနီးတစ္ဝိုက္ ေအာင့္တတ္ၿပီး ရင္ဘတ္ကို ဆြဲဆုပ္ထားသလို ခံစားရႏိုင္ပါတယ္။
  • ခႏၶာကိုယ္ လႈပ္ရွားမႈမ်ားတဲ့အခါ ပိုေအာင့္တတ္ပါတယ္။ အနားယူလိုက္တဲ့အခါမ်ဳိးမွာေတာ့ ျပန္ၿပီးသက္သာသြားတာမ်ဳိး ျဖစ္တတ္ပါတယ္။
  • အစာမေၾကတာ၊ ရင္ပူတာ စတဲ့ လကၡဏာေတြနဲ႔ လည္းမွားနိုင္ပါတယ္။
  • ဘယ္ဘက္ပုခံုး၊ လည္ပင္း၊ ေမးရိုး စတဲ့ေနရာေတြမွာလည္း နာက်င္တာမ်ဳိး ျဖစ္တတ္ပါတယ္။
  • ပ်ိဳ႕တာ၊ အန္တာ၊ ေခၽြးေစးျပန္တာ၊ ပင္ပန္းႏြမ္းနယ္တာေတြ ခံစားရႏိုင္ပါတယ္။
  • ေနာက္ၿပီး  ေမာပန္းတာ၊ ရင္တုန္တာ၊ ႏွလံုးခုန္ျမန္တာေတြလည္း ျဖစ္ပြားႏိုင္ပါတယ္။
  • ေရာဂါအေျခအေနဆိုးရြားလာမယ္ဆိုရင္ ႏွလံုးႂကြက္သားပုပ္တာ၊ ရုတ္တရက္ေရွာ႔ခ္ရၿပီး သတိလစ္သြားတာမ်ဳိး ျဖစ္တတ္ပါတယ္။

ကုသမႈ ေပးတဲ့အခါ

အရင္ဆံုး ေရာဂါရာဇဝင္ကို အေသးစိတ္ ေမးျမန္းရပါမယ္။

ဘယ္ေနရာက ေအာင္႔ေနတာလဲ?
ဘယ္အခ်ိန္မွာ ပိုၿပီး ေအာင့္တတ္လဲ?
ဘယ္လိုေနရင္ ႏွလံုးက ပိုေအာင့္တာလဲ?
စတာေတြကို ေသေသခ်ာခ်ာ ေမးရပါမယ္။

Related Article >>> ျခင္ကိုက္ခံလို႔ ျဖစ္ႏိုင္တဲ့ ေရာဂါေတြကို သိၿပီးၿပီလား?

ေနာက္တစ္ဆင့္အေနနဲ႔ ထပ္ၿပီး ျပဳလုပ္သင့္တဲ့ စမ္းသပ္စစ္ေဆးမႈေတြကေတာ့

နွလံုးခုန္သံ နားေထာင္ၿပီး ႏွလံုးခုန္သံ မွန္၊ မမွန္၊
နွလံုးခုန္နႈန္းကို ေရတြက္ၿပီး ႏွလံုး ခုန္ႏႈန္း ျမန္၊ မျမန္၊
ေသြးဖိအားကို ပံုမွန္တိုင္းတာၿပီး ေသြးဖိအား အတက္၊အက် စတာေတြကို အဓိက စစ္ေဆးရပါမယ္။

တျခားေရာဂါလကၡဏာေတြကေတာ့

ျဖဴေဖ်ာ့ႏြမ္းနယ္တာ၊
မ်က္လံုးတစ္ဝိုက္ ဒါမွမဟုတ္ တစ္ကိုယ္လံုး ေဖာေရာင္လာတာ၊
ေမာပန္းေနတာ၊
ညဘက္ေမာၿပီး ထထိုင္ေနရတာ၊
ခဏခဏ ရင္တုန္တာ၊
မူးေမ့လဲတာေတြ ခံစားရႏိုင္ပါတယ္။

စစ္ေဆး ကုသတဲ့အခါ

စစ္ေဆးမႈေတြ အေနနဲ႔

  • ဓာတ္မွန္ရိုက္တာ၊
  • Echo (ႏွလံုးဓာတ္မွန္) ရိုက္တာ၊
  • ECG ဆြဲတာ၊
  • စီတီ၊ MRI ရိုက္တာ၊
  • ေသြးတြင္း အင္ဇိုင္းဓာတ္တစ္မ်ဳိးကို စစ္တာ၊
  • ေသြးတြင္းအဆီဓာတ္စစ္ေဆးတာ ေတြကို ဆရာ၀န္ႀကီးတဲ့ ညႊန္ၾကားခ်က္အတုိင္း ျပဳလုပ္နိုင္ပါတယ္။

ကုသျခင္းအပိုင္းမွာလည္း ခြဲစိတ္ကုသတာ၊ ေသာက္ေဆးေပးၿပီး ကုသတာမ်ဳိး ျပဳလုပ္ေလ့ရွိပါတယ္။

Related Article >>> အမ်ိဳးသမီးတိုင္း သိထားသင့္သည့္ ေအာ္တိုအင္ျမဴးေရာဂါ (၇)မ်ဳိး

ေရာဂါမျဖစ္ေအာင္ ကာကြယ္ႏိုင္ဖို႔

နွလံုးေသြးေၾကာက်ဥ္းေရာဂါ မျဖစ္ေအာင္ ကာကြယ္တဲ့ေနရာမွာ ေန႔စဥ္ ေနထိုင္မႈဘဝပံုစံက အရမ္းကို အေရးပါ ပါတယ္။

  • ေဆးလိပ္ေသာက္တာဟာ ႏွလံုး ေသြးေၾကာက်ဥ္းေရာဂါ ျဖစ္ေစႏိုင္တဲ့ အဓိက အေၾကာင္းအရင္းတစ္ခုျဖစ္တဲ့အတြက္ ေဆးလိပ္ျဖတ္ႏိုင္ေအာင္ မျဖစ္မေန ႀကိဳးစားရပါမယ္။
  • အစားအေသာက္အေနနဲ႔ကေတာ့  အဆီမ်ားတဲ့ အစားအစာေတြ၊ အငန္ပိုတဲ့ အစားအစာေတြ၊ အခ်ိဳကဲတဲ့ အစားအစာေတြကို အတတ္ႏိုင္ဆံုး ေလ်ွာ႔စားရပါမယ္။

အေနအထိုင္အေနနဲ႔ ကိုယ္လက္လႈပ္ရွားမႈကို ေန႔စဥ္ပံုမွန္ျပဳလုပ္ဖို႔ လိုပါတယ္။

ေန႔စဥ္လမ္းေလ်ွာက္တာ၊ ေအရိုးဗစ္လို ႏွလံုး က်န္းမာေစတဲ့ ေလ႔က်င့္ခန္းေတြ ျပဳလုပ္တာ၊ ကိုယ္စိတ္ဝင္စားတဲ့ အားကစားတစ္မ်ိဳးမ်ိဳးကို ပံုမွန္ျပဳလုပ္တာမ်ဳိး ရွိသင့္ပါတယ္။

တစ္ေန႔ကို ၁၅မိနစ္ကေန နာရီဝက္ေလာက္ထိ ပံုမွန္ကိုယ္လက္လႈပ္ရွားမႈ လုပ္ရပါမယ္။ ကိုယ္အေလးခ်ိန္ထိန္းၿပီး အဝမလြန္ေအာင္ ဂရုျပဳပါ။

ေနာက္ၿပီး ေသြးဖိအားနဲ႔ ေသြးတြင္းသၾကားဓာတ္တို႔ကို ေသေသခ်ာခ်ာ ထိန္းထားသင့္ပါတယ္။ ပံုမွန္ ေသြးခ်ိဳေဖာက္စစ္တာ၊ ေသြးေပါင္ပံုမွန္တိုင္းတာတို႔ကို ျပဳလုပ္ၿပီး ေသာက္ေဆး၊ ထိုးေဆးစတာေတြကို ပံုမွန္ေသာက္တာ၊ ထိုးတာေတြ ျပဳလုပ္သင့္ပါတယ္။

တကယ္ေတာ့ ကိုယ့္ရဲ႕ အစားအေသာက္ အေနအထိုင္ ပံုစံကိုထိန္းသိမ္းၿပီး ကိုယ္လက္ လႈပ္ရွားမႈ ပံုမွန္ျပဳလုပ္မယ္ဆိုရင္ နွလံုးေသြးေၾကာက်ဥ္းေရာဂါကို ႀကိဳတင္ကာကြယ္ႏုိင္တာမို႔ ဆင္ျခင္သတိျပဳၾကပါလို႔ ဆႏၵျပဳရင္း…

စာေရးသူ- ေဒါက္တာ ေအာင္ျပည့္ၿဖိဳးဦး (က်န္းက်န္းမာမာ by Alinker)

Reference : Wedmd

ဤေဆာင္းပါးအတြက္ ပံ့ပိုးကူညီေပးပါေသာ က်န္းက်န္းမာမာ by Alinker အား အထူးပင္ ေက်းဇူးတင္ရွိပါသည္။

<<< Unicode >>>

ဆိုးလာရင် နှလုံးကြွက်သားပုပ်တာထိ ဖြစ်တတ်သတဲ့…😱😱😱

နှလုံးသွေးကြောကျဉ်းရောဂါဆိုတာ နှလုံးဆီကို သွေးပို့လွှတ်တဲ့ သွေးကြောတွေ တဖြည်းဖြည်း ကျဉ်းလာတဲ့အတွက် နှလုံးဆီ သွေး အလုံအလောက် မရောက်တော့ဘဲ နောက်ဆက်တွဲ ပြႆနာတွေ ဖြစ်ပေါ်လာတာကို ခေါ်ပါတယ်။

ဘာကြောင့် ဖြစ်ရတာလဲ?

အသက်ကြီးလာတာနဲ့အမျှ သွေးကြောနံရံတွေ မာကြောလာတာ၊ သွေးကြောနံရံမှာ အဆီတွေ စုပုံတာတွေ ဖြစ်လာပါတယ်။

ဒီတော့ နှလုံးသွေးကြောတွေက  ကျဉ်းလာပြီး နှလုံးဆီကို သွေးအလုံအလောက် မရောက်နိုင်တာကြောင့် နှလုံးရဲ့ လုပ်ငန်းဆောင်တာတွေကို ပုံမှန်မလုပ်ဆောင်နိုင်တော့ဘဲ ရောဂါလက္ခဏာတွေ ဖြစ်ပေါ်လာပါတယ်။

သိသာထင်ရှားတဲ့ လက္ခဏာများ

  • ရင်ဘတ်အောင့်တာဟာ အများဆုံးတွေ့ရတဲ့ ရောဂါလက္ခဏာဖြစ်ပါတယ်။ ရင်ညွန့်အနီးတစ်ဝိုက် အောင့်တတ်ပြီး ရင်ဘတ်ကို ဆွဲဆုပ်ထားသလို ခံစားရနိုင်ပါတယ်။
  • ခန္ဓာကိုယ် လှုပ်ရှားမှုများတဲ့အခါ ပိုအောင့်တတ်ပါတယ်။ အနားယူလိုက်တဲ့အခါမျိုးမှာတော့ ပြန်ပြီးသက်သာသွားတာမျိုး ဖြစ်တတ်ပါတယ်။
  • အစာမကြေတာ၊ ရင်ပူတာ စတဲ့ လက္ခဏာတွေနဲ့ လည်းမှားနိုင်ပါတယ်။
  • ဘယ်ဘက်ပုခုံး၊ လည်ပင်း၊ မေးရိုး စတဲ့နေရာတွေမှာလည်း နာကျင်တာမျိုး ဖြစ်တတ်ပါတယ်။
  • ပျို့တာ၊ အန်တာ၊ ချွေးစေးပြန်တာ၊ ပင်ပန်းနွမ်းနယ်တာတွေ ခံစားရနိုင်ပါတယ်။
  • နောက်ပြီး  မောပန်းတာ၊ ရင်တုန်တာ၊ နှလုံးခုန်မြန်တာတွေလည်း ဖြစ်ပွားနိုင်ပါတယ်။
  • ရောဂါအခြေအနေဆိုးရွားလာမယ်ဆိုရင် နှလုံးကြွက်သားပုပ်တာ၊ ရုတ်တရက်ရှော့ခ်ရပြီး သတိလစ်သွားတာမျိုး ဖြစ်တတ်ပါတယ်။

ကုသမှု ပေးတဲ့အခါ

အရင်ဆုံး ရောဂါရာဇဝင်ကို အသေးစိတ် မေးမြန်းရပါမယ်။

ဘယ်နေရာက အောင့်နေတာလဲ?
ဘယ်အချိန်မှာ ပိုပြီး အောင့်တတ်လဲ?
ဘယ်လိုနေရင် နှလုံးက ပိုအောင့်တာလဲ?
စတာတွေကို သေသေချာချာ မေးရပါမယ်။

Related Article >>> ခြင်ကိုက်ခံလို့ ဖြစ်နိုင်တဲ့ ရောဂါတွေကို သိပြီးပြီလား?

နောက်တစ်ဆင့်အနေနဲ့ ထပ်ပြီး ပြုလုပ်သင့်တဲ့ စမ်းသပ်စစ်ဆေးမှုတွေကတော့

နှလုံးခုန်သံ နားထောင်ပြီး နှလုံးခုန်သံ မှန်၊ မမှန်၊
နှလုံးခုန်နှုန်းကို ရေတွက်ပြီး နှလုံး ခုန်နှုန်း မြန်၊ မမြန်၊
သွေးဖိအားကို ပုံမှန်တိုင်းတာပြီး သွေးဖိအား အတက်၊အကျ စတာတွေကို အဓိက စစ်ဆေးရပါမယ်။

တခြားရောဂါလက္ခဏာတွေကတော့

ဖြူဖျော့နွမ်းနယ်တာ၊
မျက်လုံးတစ်ဝိုက် ဒါမှမဟုတ် တစ်ကိုယ်လုံး ဖောရောင်လာတာ၊
မောပန်းနေတာ၊
ညဘက်မောပြီး ထထိုင်နေရတာ၊
ခဏခဏ ရင်တုန်တာ၊
မူးမေ့လဲတာတွေ ခံစားရနိုင်ပါတယ်။

စစ်ဆေး ကုသတဲ့အခါ

စစ်ဆေးမှုတွေ အနေနဲ့

  • ဓာတ်မှန်ရိုက်တာ၊
  • Echo (နှလုံးဓာတ်မှန်) ရိုက်တာ၊
  • ECG ဆွဲတာ၊
  • စီတီ၊ MRI ရိုက်တာ၊
  • သွေးတွင်း အင်ဇိုင်းဓာတ်တစ်မျိုးကို စစ်တာ၊
  • သွေးတွင်းအဆီဓာတ်စစ်ဆေးတာ တွေကို ဆရာဝန်ကြီးတဲ့ ညွှန်ကြားချက်အတိုင်း ပြုလုပ်နိုင်ပါတယ်။

ကုသခြင်းအပိုင်းမှာလည်း ခွဲစိတ်ကုသတာ၊ သောက်ဆေးပေးပြီး ကုသတာမျိုး ပြုလုပ်လေ့ရှိပါတယ်။

Related Article >>> အမျိုးသမီးတိုင်း သိထားသင့်သည့် အော်တိုအင်မြူးရောဂါ (၇)မျိုး

ရောဂါမဖြစ်အောင် ကာကွယ်နိုင်ဖို့

နှလုံးသွေးကြောကျဉ်းရောဂါ မဖြစ်အောင် ကာကွယ်တဲ့နေရာမှာ နေ့စဉ် နေထိုင်မှုဘဝပုံစံက အရမ်းကို အရေးပါ ပါတယ်။

ဆေးလိပ်သောက်တာဟာ နှလုံး သွေးကြောကျဉ်းရောဂါ ဖြစ်စေနိုင်တဲ့ အဓိက အကြောင်းအရင်းတစ်ခုဖြစ်တဲ့အတွက် ဆေးလိပ်ဖြတ်နိုင်အောင် မဖြစ်မနေ ကြိုးစားရပါမယ်။
အစားအသောက်အနေနဲ့ကတော့  အဆီများတဲ့ အစားအစာတွေ၊ အငန်ပိုတဲ့ အစားအစာတွေ၊ အချိုကဲတဲ့ အစားအစာတွေကို အတတ်နိုင်ဆုံး လျှော့စားရပါမယ်။
အနေအထိုင်အနေနဲ့ ကိုယ်လက်လှုပ်ရှားမှုကို နေ့စဉ်ပုံမှန်ပြုလုပ်ဖို့ လိုပါတယ်။

နေ့စဉ်လမ်းလျှောက်တာ၊ အေရိုးဗစ်လို နှလုံး ကျန်းမာစေတဲ့ လေ့ကျင့်ခန်းတွေ ပြုလုပ်တာ၊ ကိုယ်စိတ်ဝင်စားတဲ့ အားကစားတစ်မျိုးမျိုးကို ပုံမှန်ပြုလုပ်တာမျိုး ရှိသင့်ပါတယ်။

တစ်နေ့ကို ၁၅မိနစ်ကနေ နာရီဝက်လောက်ထိ ပုံမှန်ကိုယ်လက်လှုပ်ရှားမှု လုပ်ရပါမယ်။ ကိုယ်အလေးချိန်ထိန်းပြီး အဝမလွန်အောင် ဂရုပြုပါ။

နောက်ပြီး သွေးဖိအားနဲ့ သွေးတွင်းသကြားဓာတ်တို့ကို သေသေချာချာ ထိန်းထားသင့်ပါတယ်။ ပုံမှန် သွေးချိုဖောက်စစ်တာ၊ သွေးပေါင်ပုံမှန်တိုင်းတာတို့ကို ပြုလုပ်ပြီး သောက်ဆေး၊ ထိုးဆေးစတာတွေကို ပုံမှန်သောက်တာ၊ ထိုးတာတွေ ပြုလုပ်သင့်ပါတယ်။

တကယ်တော့ ကိုယ့်ရဲ့ အစားအသောက် အနေအထိုင် ပုံစံကိုထိန်းသိမ်းပြီး ကိုယ်လက် လှုပ်ရှားမှု ပုံမှန်ပြုလုပ်မယ်ဆိုရင် နှလုံးသွေးကြောကျဉ်းရောဂါကို ကြိုတင်ကာကွယ်နိုင်တာမို့ ဆင်ခြင်သတိပြုကြပါလို့ ဆန္ဒပြုရင်း…

စာရေးသူ- ဒေါက်တာ အောင်ပြည့်ဖြိုးဦး (ကျန်းကျန်းမာမာ by Alinker)

Reference : Wedmd

ဤဆောင်းပါးအတွက် ပံ့ပိုးကူညီပေးပါသော ကျန်းကျန်းမာမာ by Alinker အား အထူးပင် ကျေးဇူးတင်ရှိပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *