သားသားလေးလား မီးမီးလေးလားသိစေဖို့ပဲ အာထရာဆောင်းက အသုံးဝင်တာလား?

တကယ်တော့ Ultrasound ဆိုတာ… 

ဆေးပညာနဲ့ပတ်သက်ပြီး ခေတ်မှီတဲ့နည်းစနစ်တွေမပေါ်ထွန်းခင်က မမဗိုက်တို့မှာ ဗိုက်ထဲက ရွှေရင်သွေးလေး
သားသားလေးလား၊ မီးမီးလေးလား သိဖို့ဆိုရင် မွေးတဲ့အချိန်ထိ စိတ်ရှည်လက်ရှည် ထိုင်စောင့်နေရုံပေါ့နော်။
နောက်ပိုင်း လွန်ခဲ့တဲ့ ၁၀နှစ်လောက်ကစပြီး ကွန်ပျူတာ ဓာတ်မှန်( Ultrasound) လေးပေါ်လာတဲ့အခါကျ…သားသားလား မီးမီးလားဆိုတာ ကိုယ်ဝန်ဆောင်ချိန်ကာလတည်းက သိလာရောပေါ့။

ဒီတော့ မေမေဗိုက်တို့က မေးလာကြပါတယ်။

“သားသားမီးမီးသိဖို့ ဘယ်အချိန်က Ultrasound ရိုက်သင့်ဆုံးပါလဲတဲ့?”

ကလေးငယ် သားသားလား မီးမီးလားသိနိုင်ဖို့ Ultrasound ရိုက်သင့်ဆုံးကာလကတော့ ကိုယ်ဝန် ” ၁၈ပတ်မှ ၂၂ပတ်” ထိ ဖြစ်ပါတယ်။ တကယ်တော့ ဆရာဝန်တွေ Ultrasound ရိုက်ခိုင်းတယ်ဆိုတာ သားသားမီးမီးသိနိုင်တာထက် ပိုပါတယ်။

ဆရာဝန်တွေသိချင်တာက

၁)ကလေးအနေအထား ( ကလေး လွယ်လွယ်ကူကူမွေးဖို့ဆိုတာ ကလေးခေါင်းပိုင်းက စထွက်ရမှာလေ)
၂)အချင်းအနေအထား( ကလေးအချင်းက ပုံမှန် သားအိမ်အပေါ်မှာ ရှိရပါတယ်)
၃)ရေမွှာရေ ပုံမှန်ပမာဏရှိသလား၊
၎)ကလေး နှလုံးခုန်လား၊
၅)ကလေး ပုံမှန်ကြီးထွားရဲ့လား
၆) သားအိမ်မှာ အသားလုံးတွေရှိသလား( သားအိမ်မှာ အသားလုံးရှိတဲ့အခါ မွေးရခက်ပါတယ်) စသဖြင့်ပေါ့…  မေမေဗိုက်တို့ကျတော့ သားသားလားမီးမီးလားသိရတယ်ပေါ့။

Related Article >>> ကိုယ်ဝန်ဆောင်ယောင်းတို့အတွက် ယောဂကျင့်စဉ်များ

Ultrasound ရိုက်တယ်ဆိုတာ အသံလှိုင်းကို ထုတ်လွှတ်လိုက်ပြီးကလေးငယ်လေးကို တန်ပြန်ပုံဖော်ပေးတာပါ။ ရေမွှာရေကနေ တစ်ဆင့်ခံပေးတာမို့ ကလေးထိခိုက်မှာတော့ သိပ်ပူစရာမလိုဘူးပေါ့နော်။ ဒီလိုအသံလှိုင်းပုံရိပ်ဖော်တဲ့အခါ မှားယွင်းတာလေးတွေ ရှိနိုင်ပါတယ်။
ကလေးငယ်ရဲ့လိင်အင်္ဂါလေးကို ပုံဖော်ရတာမို့ “ကလေးသေးသေး လိင်အဂါင်္သေးသေးလေး”ကို မှားယွင်းဖော်ပြမှုတွေရှိနိုင်ပါတယ်။ ဖြစ်ခဲလှတဲ့ အဖြစ်အပျက်ဆိုပေမဲ့ ကလေးငယ်လေးဟာ မိန်းကလေးဖြစ်နေပေမယ့် ကလေးအချင်းလေးကို ပတ်ပြီးထိုင်နေတာမို့ ယောကျာ်းလေးလို့ မှားယွင်းဖော်ပြတာတွေလည်းရှိပါတယ်။

မှားနိုင်တဲ့အနေအထားတွေကတော့

  • အရမ်းစောပြီးရိုက်တဲ့အခါ( ကလေးရဲ့လိင်အင်္ဂါ မဖွံ့ဖြိုးသေးတော့ မပေါ်နိုင်ဘူးပေါ့နော်)
  • ကလေးက မပြချင်တဲ့အခါ
    (ပြောရတာတော့ ထူးဆန်းသား။ တစ်ချို့ကလေးတွေကတော့ မပြချင်ကြပါဘူးတဲ့။
    Ultrasound ရိုက်တဲ့အချိန်မှာ ကလေးငယ်က ပေါင်စေ့ထားလို့ပဲဖြစ်ဖြစ် ဆုံပိုင်းဖြစ်နေလို့ပဲဖြစ်ဖြစ်ဆိုရင် ဓာတ်မှန်ဆရာဝန်အနေနဲ့မတွေ့နိုင်ပါဘူး။)
  • မေမေ ဗိုက်က ဗိုက်ခေါက်ထူနေလို့
    (Ultrasound အသံလှိုင်းဟာ ဗိုက်အဆီထုကို ဖြတ်သွားရတာမို့
    အဆီများတဲ့မေမတေို့မှာ မှားယွင်းမှုလေးတွေဖြစ်နိုင်တာပေါ့နော်။)

ဘယ်လိုပဲဖြစ်ဖြစ်ပါ မေမေယောင်းတို့ရေ… သားသားလေးဖြစ်ဖြစ် မီးမီးလေးဖြစ်ဖြစ် အကုန်လုံး ကိုယ့်ရင်သွေးလေးဆ်ု ချစ်ကြမှာပဲ ဟုတ်? ဒီတော့ ဒီတစ်ခါ Ultrasound များရိုက်ရရင် သားလေးလား၊ မီးလေးလားဆိုတာလည်း နားစွင့်.. ကလေးအနေအထား၊ အချင်း၊ ရေမွှာလေးတွေကိုလည်း သတိပြု မေးမြန်းကြပါလို့ အကြံပေးရင်း။

မယ်တင်( ဆေး ၁)

No Comments Yet

Comments are closed