Health

ကိုယ္ဝန္ေဆာင္ခ်ိန္ ေလယာဥ္စီးလို႔ရလား?

ကိုယ္ဝန္ယူမယ္လို႔ စိတ္ကူးထားတဲ့သူတိုင္း သိထားသင့္တယ္ေနာ္!!!! 

သို႔ ညီမေလး…

ညီမေလးတို႔ကို သတိရလို႔ ညီမေလးတို႔ စိတ္ဝင္စားေလာက္မယ့္ ေခါင္းစဥ္ေလးနဲ႔ အတူ ျပန္လာပါၿပီေနာ္။ ဒီတစ္ခါေတာ့ ကိုယ္ဝန္ေဆာင္ ညီမေလးတို႔ အတြက္နဲ႔ ကိုယ္ဝန္ေဆာင္ေလးေတြနဲ႔ ရင္းႏွီးတဲ့ ညီမေလးေတြအတြက္ အဓိကေပါ့ေလ.. ဒါဆို ၾကည့္ၾကည့္ၾကရေအာင္… .

ကိုယ္ဝန္ေဆာင္တဲ့အခ်ိန္မွာ ကိုယ့္အတြက္ေရာ ကေလးအတြက္ေရာ သတိထားရမွာေတြ အမ်ားႀကီးပါ။ အေနအထိုင္အစားအေသာက္ကစလို႔ ေနာက္ဆံုး ခရီးသြားတာအဆံုး ကေလးကိုမ်ားထိခိုက္ႏိုင္မလားဆိုၿပီး ပူပင္ၾကရတာ ညီမေလးတို႔လည္း သိၿပီးျဖစ္မွာပါ။ “ကိုယ္ဝန္ေဆာင္တဲ့အခ်ိန္ ေလယာဥ္စီးလို႔မရဘူး.. အျမင့္ႀကီးကို ေရာက္မွာဆိုေတာ့ ေလဖိအားနဲ႔ဘာနဲ႔ ကေလးကို ထိခိုက္ႏိုင္တယ္၊ ကေလးေစာေမြးႏိုင္တယ္” ဆိုတာမ်ိဳးကလည္း လူေျပာမ်ားၾကတယ္မလား…

Related Article >>> အသက္ (၃၅)ႏွစ္ဝန္းက်င္မွာ ကိုယ္ဝန္ေဆာင္ရင္ ဘာေတြ သတိထားသင့္လဲ?

ဒါဆို ကိုယ္ဝန္ေဆာင္ေနတဲ့အခ်ိန္ အိမ္မွာပဲ ေနရေတာ့မွာလား? အထူးသျဖင့္ ေလယာဥ္နဲ႔ ခရီးသြားလို႔ အဆင္မေျပဘူးလား? ဆိုၿပီးေတြးေနၿပီလား.. မပူပါနဲ႔။ ဒီေမးခြန္းေလးအတြက္ တစ္ေၾကာင္းထဲ႐ိုး႐ိုးေျဖရမယ္ဆိုရင္ “ကိုယ္ဝန္ဟာ ပံုမွန္အတိုင္းပဲဆိုရင္ စိတ္ခ်လက္ခ်ေလယာဥ္စီးလို႔ရပါတယ္ ” လို႔ ေျဖရမွာပါပဲ။ ဆိုလိုတာက ေလယာဥ္စီးလို႔ ကေလးေစာေမြးတာ ၊ ေရမႊာေရ ေစာေပါက္တာမ်ိဳး မရွိပါဘူးေနာ္

ဒါကိုမွ ျပန္ရွင္းရရင္ ပံုမွန္ကိုယ္ဝန္ဆိုတာ ကိုယ္ဝန္ေဆာင္ခ်ိန္ တစ္ေလွ်ာက္လံုး ဗိုက္နာတာ ေရဆင္းတာ၊ ေသြးဆင္းတာမ်ိဳး ၊ ကိုယ္ဝန္ဆိပ္တက္တာမ်ိဳးမရွိတဲ့ ကိုယ္ဝန္ကို ဆိုလိုတာပါ။

ဘယ္ႏွစ္လအထိ စိတ္ခ်လက္ခ် စီးလို႔ရလဲဆိုရင္…

ကိုယ္ဝန္ ၂၈ပတ္ေနာက္ပိုင္းမွာေတာ့ ဆရာဝန္ခြင့္ျပဳခ်က္ပါမွ ေလယဥ္စီးခြင့္ရမွာျဖစ္ပါတယ္။ စိတ္ခ်ရဖို႔ဆိုရင္ မစီးခင္ ဆရာဝန္နဲ႔ စိတ္ခ်ရေအာင္ တိုင္ပင္သင့္ပါတယ္။

တကယ္တမ္းေတာ့ ၃၇ပတ္မတိုင္ခင္အထိ စိတ္ခ်လက္ခ်စီးလို႔ရတယ္ဆိုရမွာပါ။ အမႊာကိုယ္ဝန္ဆိုရင္ေတာ့ ၃၂ပတ္ျဖစ္မွာပါ။ ဒီထက္ေက်ာ္ရင္ေတာ့ အခ်ိန္မေရြး ကေလးေမြးသြားႏိုင္ေျခရွိလို႔ ေလယာဥ္ေပၚ မေမြးခ်င္ရင္ေတာ့ မစီးသင့္ေတာ့ပါဘူး။

Related Article >>> မီးနီျဖတ္ရင္ ကိုယ္ဝန္ရႏိုင္လား?

ကိုယ္ဝန္ဘယ္ႏွလက စစီးလို႔ရလဲ?

အဲ့လိုသတ္မွတ္ခ်က္မရွိေပမဲ့ တခ်ိဳ႕ကလည္း လႏုခ်ိန္ ပထမ သံုးလပတ္မွာ မူးေဝပ်ိဳ႕အန္မွာစိုးလို႔ ေလယာဥ္စီးေလ့ မရွိၾကပါဘူး။ မူးေဝတာ ဗိုက္ႀကီးနာစြဲတာ မရွိရင္ေတာ့ စီးလို႔ရပါတယ္။

ကိုယ္ဝန္ေဆာင္ခ်ိန္ ေလယာဥ္စီးရင္ ဘာေတြဂ႐ုစိုက္ရမလဲ?

ကိုယ္ဝန္ေဆာင္ခ်ိန္မွာ ေလယာဥ္ “၄”နာရီထက္ေက်ာ္ေအာင္ စီးမယ္ဆိုရင္ေတာ့ ေျခသလံုးေသြးေၾကာပိတ္တဲ့ Deep Vein Thrombosis ျဖစ္ႏိုင္ေျခရွိပါတယ္။ ဒါကို ကာကြယ္ဖို႔ဆိုရင္ ခရီးသြားခ်ိန္ ေျခသလံုးေလ့က်င့္ခန္းလုပ္တာ၊ ေလယာဥ္ေပၚမွာ တတ္ႏိုင္သေလာက္ လမ္းေလွ်ာက္တာေတြ လုပ္ႏိုင္ပါတယ္။

ကိုယ္ဝန္ေဆာင္ေယာင္းတို႔လည္း ခရီးသြားဖို႔ ျပင္ဆင္ၿပီး ဇေဝဇဝါျဖစ္ေနရင္ စိတ္မပူပါနဲ႔လို႔။ ေပါ့ေပါ့ပါးပါးေလး ဝတ္စားၿပီး မူးတတ္ရင္ ေသာက္ဖို႔ ေဆးေလးေတြ ေဆာင္သြားဖို႔ေတာ့ မေမ့နဲ႔ေနာ္။

မယ္တင္(ေဆး ၁)

<<< Unicode >>>

ကိုယ်ဝန်ယူမယ်လို့ စိတ်ကူးထားတဲ့သူတိုင်း သိထားသင့်တယ်နော်!!!! 

သို့ ညီမလေး…

ညီမလေးတို့ကို သတိရလို့ ညီမလေးတို့ စိတ်ဝင်စားလောက်မယ့် ခေါင်းစဉ်လေးနဲ့ အတူ ပြန်လာပါပြီနော်။ ဒီတစ်ခါတော့ ကိုယ်ဝန်ဆောင် ညီမလေးတို့ အတွက်နဲ့ ကိုယ်ဝန်ဆောင်လေးတွေနဲ့ ရင်းနှီးတဲ့ ညီမလေးတွေအတွက် အဓိကပေါ့လေ.. ဒါဆို ကြည့်ကြည့်ကြရအောင်… .

ကိုယ်ဝန်ဆောင်တဲ့အချိန်မှာ ကိုယ့်အတွက်ရော ကလေးအတွက်ရော သတိထားရမှာတွေ အများကြီးပါ။ အနေအထိုင်အစားအသောက်ကစလို့ နောက်ဆုံး ခရီးသွားတာအဆုံး ကလေးကိုများထိခိုက်နိုင်မလားဆိုပြီး ပူပင်ကြရတာ ညီမလေးတို့လည်း သိပြီးဖြစ်မှာပါ။ “ကိုယ်ဝန်ဆောင်တဲ့အချိန် လေယာဉ်စီးလို့မရဘူး.. အမြင့်ကြီးကို ရောက်မှာဆိုတော့ လေဖိအားနဲ့ဘာနဲ့ ကလေးကို ထိခိုက်နိုင်တယ်၊ ကလေးစောမွေးနိုင်တယ်” ဆိုတာမျိုးကလည်း လူပြောများကြတယ်မလား…

Related Article >>> အသက် (၃၅)နှစ်ဝန်းကျင်မှာ ကိုယ်ဝန်ဆောင်ရင် ဘာတွေ သတိထားသင့်လဲ?

ဒါဆို ကိုယ်ဝန်ဆောင်နေတဲ့အချိန် အိမ်မှာပဲ နေရတော့မှာလား? အထူးသဖြင့် လေယာဉ်နဲ့ ခရီးသွားလို့ အဆင်မပြေဘူးလား? ဆိုပြီးတွေးနေပြီလား.. မပူပါနဲ့။ ဒီမေးခွန်းလေးအတွက် တစ်ကြောင်းထဲရိုးရိုးဖြေရမယ်ဆိုရင် “ကိုယ်ဝန်ဟာ ပုံမှန်အတိုင်းပဲဆိုရင် စိတ်ချလက်ချလေယာဉ်စီးလို့ရပါတယ် ” လို့ ဖြေရမှာပါပဲ။ ဆိုလိုတာက လေယာဉ်စီးလို့ ကလေးစောမွေးတာ ၊ ရေမွှာရေ စောပေါက်တာမျိုး မရှိပါဘူးနော်

ဒါကိုမှ ပြန်ရှင်းရရင် ပုံမှန်ကိုယ်ဝန်ဆိုတာ ကိုယ်ဝန်ဆောင်ချိန် တစ်လျှောက်လုံး ဗိုက်နာတာ ရေဆင်းတာ၊ သွေးဆင်းတာမျိုး ၊ ကိုယ်ဝန်ဆိပ်တက်တာမျိုးမရှိတဲ့ ကိုယ်ဝန်ကို ဆိုလိုတာပါ။

ဘယ်နှစ်လအထိ စိတ်ချလက်ချ စီးလို့ရလဲဆိုရင်…

ကိုယ်ဝန် ၂၈ပတ်နောက်ပိုင်းမှာတော့ ဆရာဝန်ခွင့်ပြုချက်ပါမှ လေယဉ်စီးခွင့်ရမှာဖြစ်ပါတယ်။ စိတ်ချရဖို့ဆိုရင် မစီးခင် ဆရာဝန်နဲ့ စိတ်ချရအောင် တိုင်ပင်သင့်ပါတယ်။

တကယ်တမ်းတော့ ၃၇ပတ်မတိုင်ခင်အထိ စိတ်ချလက်ချစီးလို့ရတယ်ဆိုရမှာပါ။ အမွှာကိုယ်ဝန်ဆိုရင်တော့ ၃၂ပတ်ဖြစ်မှာပါ။ ဒီထက်ကျော်ရင်တော့ အချိန်မရွေး ကလေးမွေးသွားနိုင်ခြေရှိလို့ လေယာဉ်ပေါ် မမွေးချင်ရင်တော့ မစီးသင့်တော့ပါဘူး။

Related Article >>> မီးနီဖြတ်ရင် ကိုယ်ဝန်ရနိုင်လား?

ကိုယ်ဝန်ဘယ်နှလက စစီးလို့ရလဲ?

အဲ့လိုသတ်မှတ်ချက်မရှိပေမဲ့ တချို့ကလည်း လနုချိန် ပထမ သုံးလပတ်မှာ မူးဝေပျို့အန်မှာစိုးလို့ လေယာဉ်စီးလေ့ မရှိကြပါဘူး။ မူးဝေတာ ဗိုက်ကြီးနာစွဲတာ မရှိရင်တော့ စီးလို့ရပါတယ်။

ကိုယ်ဝန်ဆောင်ချိန် လေယာဉ်စီးရင် ဘာတွေဂရုစိုက်ရမလဲ?

ကိုယ်ဝန်ဆောင်ချိန်မှာ လေယာဉ် “၄”နာရီထက်ကျော်အောင် စီးမယ်ဆိုရင်တော့ ခြေသလုံးသွေးကြောပိတ်တဲ့ Deep Vein Thrombosis ဖြစ်နိုင်ခြေရှိပါတယ်။ ဒါကို ကာကွယ်ဖို့ဆိုရင် ခရီးသွားချိန် ခြေသလုံးလေ့ကျင့်ခန်းလုပ်တာ၊ လေယာဉ်ပေါ်မှာ တတ်နိုင်သလောက် လမ်းလျှောက်တာတွေ လုပ်နိုင်ပါတယ်။

ကိုယ်ဝန်ဆောင်ယောင်းတို့လည်း ခရီးသွားဖို့ ပြင်ဆင်ပြီး ဇဝေဇဝါဖြစ်နေရင် စိတ်မပူပါနဲ့လို့။ ပေါ့ပေါ့ပါးပါးလေး ဝတ်စားပြီး မူးတတ်ရင် သောက်ဖို့ ဆေးလေးတွေ ဆောင်သွားဖို့တော့ မမေ့နဲ့နော်။

မယ်တင်(ဆေး ၁)

မယ္တင္ (ေဆး-၁)
မယ္တင္ (ေဆး-၁)
ေယာင္းတို႔ေရ ေဟာဒီက က်ြန္မကေတာ့ Dr.တင္စုလြင္ပါရွင့္။ မိသားစုက်န္းမာေရးဆရာဝန္အျဖစ္ေဆးခန္းထိုင္ေနၿပီး အားလပ္ခ်ိန္မွာ စာေရးရတာကို သေဘာက်လြန္းလို႔ မယ္တင္( ေဆး ၁) ကေလာင္နာမည္နဲ႔က်န္းမာေရးဗဟုသုတနဲ႔ပတ္သက္ၿပီးေဆာင္းပါးေလးေတြေရးျဖစ္ပါတယ္။ အခုလည္း For Her Myanmar မွာ မိန္းကေလးဆရာဝန္အေနနဲ႔ အမ်ိဳးသမီးက်န္းမာေရးပိုင္းကို အဓိကထားေရးသားသြားမို႔လို႔ ေစာင့္ဖတ္ေပးၾကပါဦးေနာ္ ။

Leave a Reply

Your email address will not be published. Required fields are marked *